• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

by ဧရာဝတီ
30 October 2024
in သတင်း
A A
အမေရိကန် ကျန်းမာရေးသတိပေးချက်တွင် တရားမဝင် သွင်းသည့် မြန်မာဘဲသွေးလည်း ပါဝင်

BEST မြန်မာဘဲသွေး / USDA

740
VIEWS
Share on FacebookShare on Twitter

ဘဲသွေး အပါအဝင် တရားမဝင်တင်သွင်းသော ပြည်ပအစားအသောက်များကို အမေရိကန် ပြည်ထောင်စုမှ ကုန်စုံဆိုင် စင်များတွင် ဖော်ထုတ်တွေ့ရှိခဲ့သည်။

အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ အစားအစာဘေးကင်းလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်း (FSIS) သည် အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံမှ စားသုံးရန် အရည်အသွေး မပြည့်မီသည့် အသားများ၊ ကြက်ဘဲထုတ်ကုန်များနှင့် ပတ်သက်သည့် သတိပေးချက်ကို လွန်ခဲ့သောအပတ်က ထုတ်ပြန်ခဲ့သည်။

ထိုသတိပေးချက်တွင် သံဘူး သို့မဟုတ် ပလပ်စတစ်အကြည်ဖြင့် ထုတ်ပိုးထားသည့် ကုန်အမှတ်တံဆိပ် အမျိုးမျိုးရှိသော ထုတ်ကုန် ၇ မျိုးနှင့် ဘဲသွေး၊ ငါးခြောက်၊ အမဲသားဟင်း၊ ကြက်သားဒံပေါက်၊ ငါးပိနှစ်မျိုးနှင့် အုန်းနို့ခေါက်ဆွဲအနှစ်များ ပါဝင်သည်။

ထိုထုတ်ကုန်များကို အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ အိုင်အိုဝါ၊ ကန်းဆပ်၊ မယ်ရီလန်း၊ မင်နီဆိုးတား၊ နီဘရားစကား၊ အိုကလာဟိုးမားနှင့် တက္ကဆက်တို့မှ လက်လီရောင်းသူများထံ တင်ပို့ခဲ့ကြောင်း FSIS က ပြောသည်။

အမေရိကန်သို့ အသားနှင့် နို့ထွက်ပစ္စည်း တင်ပို့ရန် မြန်မာကို ခွင့်ပြုထားခြင်းမရှိဘဲ ထိုတရားမဝင်ပစ္စည်းများ အမေရိကန်သို့ မည်သို့ ရောက်လာသည်ကို အထက်ပါဌာနက စုံစမ်းစစ်ဆေးနေသည်။

FSIS က လက်လီအရောင်းဆိုင်များကို စစ်ဆေးစဉ် ယခု အောက်ဆုံးတွင် ဖော်ပြထားသည့် ထိုထုတ်ကုန်များကို စင်များတွင် ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ထိုထုတ်ကုန်များကို မရောင်းရန် အထက်ပါဌာနက လက်လီအရောင်းဆိုင်များကို တိုက်တွန်းထားပြီး အခြား လက်လီအရောင်းသမားများ မသိဘဲ ရောင်းချနေမည်နှင့် စားသုံးသူများလက်တွင် ထိုထုတ်ကုန်များ ရှိနေမည်ကို စိုးရိမ်နေသည်။

ထိုကုန်ပစ္စည်းများကို စားသုံးသောကြောင့် ဆိုးကျိုးသက်ရောက်သည့်သတင်း မရသေးကြောင်း FSIS က ပြောသည်။

အများပြည်သူကျန်းမာရေး သတိပေးချက်တွင် ပါဝင်သည့် ထိုထုတ်ကုန်များတွင် USDA က စစ်ဆေးထားသည့် နံပါတ်နှင့် အမှတ်တံဆိပ် မပါဝင်ကြောင်းလည်း FSIS က ပြောသည်။

“မြန်မာက အသားနဲ့ ကြက်ဘဲထုတ်ကုန်တွေကို အမေရိကန် ပြည်ထောင်စုဆီ တင်ပို့တာ တရားဝင် ခွင့်ပြုမထားဘူး” ဟု FSIS ပြောခွင့်ရသူတဦးက နယူးစ်ဝိခ်သို့ ပြောသည်။

ထုတ်ကုန်ကို ဖော်ထုတ်ပြီး ရောင်းချမှုမှ ဖယ်ရှားနေသောကြောင့် အများပြည်သူကျန်းမာရေး အန္တရာယ် လျှော့နည်းသွားသည်ဟု ယူဆသည်။

အသား၊ ကြက်၊ ဘဲ သို့မဟုတ် ကြက်ဥ၊ ဘဲဥများကို အမေရိကန်သို့ တင်ပို့ရန်အတွက် ထုတ်ကုန်များသည် အသိအမှတ်ပြုနိုင်ငံများမှ ထုတ်ကုန်ဖြစ်ရန်လိုပြီး အမေရိကန် ပြည်ထောင်စုသို့ပို့ရန် အသိအမှတ်ပြုမှု လိုအပ်သည်။

မင်းသားကြီး ငါးခြောက်

ယခုထုတ်ကုန်များအတွက် FSIS သည် အများပြည်သူကျန်းမာရေး သတိပေးချက် ထုတ်ပြန်ခြင်းမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ် မဟုတ်ပေ။ သြဂုတ်လတွင် အထက်ပါဌာနသည် မြန်မာမှ တင်သွင်းသည့် ထုတ်ကုန် ၁၇ မျိုးအတွက်လည်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ကုန်များကို Grandma ကုန်အမှတ်တံဆိပ်ဖြင့် ထုတ်ဝေပြီး ဟင်းအမျိုးအမယ်များ၊ ကြက်သားဟင်း၊ ငါးပိ၊ ပဲငပိနှင့် ငါးများ ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုသည် တရားမဝင် ရောင်းချသည့် အလေ့အထ သို့ဟုတ် မလုံလောက်သော စစ်ဆေးမှု လုပ်ငန်းစဉ်များကြောင့် အစားအသောက်၊ လယ်ယာထုတ်ကုန်၊ ကျောက်မျက်ရတနာနှင့် ဆောက်လုပ်ရေး ပစ္စည်းအချို့ အပါအဝင် မြန်မာမှ လုပ်ငန်းအမျိုးမျိုးနှင့် ပတ်သက်သည့် ပို့ကုန်များကို အရေးယူ ပိတ်ဆို့ထားသည်။

အမေရိကန်၏ အစားအစာဖြန့်ချိရေး ကွင်းဆက်နှင့် ပတ်သက်သည့် စိုးရိမ်မှုများ မြင့်မားနေစဉ် အဆိုပါ အများပြည်သူ ကျန်းမာရေး သတိပေးချက် ထွက်လာခြင်းဖြစ်သည်။

ရောဂါစစ်ဆေးရေးဌာနက ထုတ်ပြန်သည့် အခြား အများပြည်သူကျန်းမာရေး သတိပေးချက်တခုတွင် မက်ဒေါ်နယ်လ်ကြောင့် တနိုင်ငံလုံးတွင် အီကိုလီဖြစ်ပွားခြင်းကို ထိုဌာနက ခြေရာခံလိုက်နေပြီး ထိုသို့ ဖြစ်ပွားသောကြောင့် ကျောက်ကပ် ပျက်ဆီးနိုင်သည့် ပြင်းထန်သော အခြေအနေဖြင့် ဆေးရုံတင်ရသူ နှစ်ဦး အပါအဝင် လူပေါင်း ၇၅ ဦး ရောဂါကူးစက်ခံရသည်။

လူတဦး သေဆုံးပြီးဖြစ်သည်။

ထိုသို့ ဖြစ်ပွားခြင်းသည် မက်ဒေါ်နယ်လ်၏ Quarter Pounder ဘာဂါတွင် သုံးသည့် ကြက်သွန်နီများမှ စတင်သည်ဟု ယူဆရသည်။

ထိုစားသောက်ကုန် လုပ်ငန်းကြီးသည် အလားအလာရှိသော အစားအသောက် ဘေးကင်းလုံခြုံရေး ပြဿနာများကြောင့် ပြည်နယ်အချို့တွင် Quarter Pounder ဘာဂါများကို အစားအသောက်စာရင်းမှ ပယ်ဖျက်ခဲ့သည်။

FSIS ပြည်သူ့ကျန်းမာရေး သတိပေးချက်ပါ မြန်မာ ထုတ်ကုန်များမှာ

– BEST အမဲသားဟင်း ပါဝင်သည့် ၁၈၀ ဂရမ် သံဘူးများ

– BEST ကြက်သားဒံပေါက် ပါဝင်သည့် ၄၂၅ ဂရမ် သံဘူးများ

– အိမ်ချက် မုန့်ဟင်းခါးအနှစ် ပါဝင်သည့် ၄၀၀ ဂရမ် သံဘူးများ

– BEST မြန်မာဘဲသွေး ပါဝင်သည့် ၄၂၅ ဂရမ် သံဘူးများ

– အိမ်ချက် အုန်းနို့ခေါက်ဆွဲအနှစ် ပါဝင်သည့် ၄၀၀ ဂရမ် သံဘူးများ

– ထိမိဂွိ မုန်ဟင်းခါးအနှစ်ခြောက် ပါဝင်သည့် ၃၆၀ ဂရမ် သံဘူးများ

– မင်းသားကြီး ငါးခြောက်ပါဝင်သည့် ၁၆၀ ဂရမ် လေစုပ်ပိတ်ထားသော ပလပ်စတစ်အိတ်များတို့ ပါဝင်သည်။

ကိုးကား ။ ။ Daily Mail သတင်း Health alert issued across US after illegal import of duck blood from Myanmar

You may also like these stories:

စစ်ပွဲပဋိပက္ခကြား ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး ပြဿနာများ

ဆေးဝါးပြတ်နေချိန် တင်သွင်းခွင့် စစ်ကောင်စီ ကန့်သတ်၍ ပိုမိုရှားပါးနိုင်

အိုလံပစ် အမျိုးသမီးလက်ဝှေ့ပွဲမှ လိင်သံသယကိစ္စ

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ

Your Thoughts …
Tags: FSISUSDAကျန်းမာရေးအစားအသောက်အမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

Next Post
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်

တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်

ဦးတေဇခေတ် ကုန်သွားပြီလား (ရုပ်/သံ)

ဦးတေဇခေတ် ကုန်သွားပြီလား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved