ဖြစ်စဉ်
ဂယက်မျိုး စုံလင်လှသော ယခုနှစ် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် အိုလံပစ်ပွဲတွင် ‘လိင်ကိစ္စ’ ဂယက်တခုကလည်း ပွက်လောရိုက်လာခဲ့သေးသည်။
အမျိုးသမီးလက်ဝှေ့ပွဲစဉ်တခု၌ အီတလီ လက်ဝှေ့မယ် အန်ဂျယ်လာ ကရီနီက ပြိုင်ဘက် အယ်လ်ဂျီးရီးယား လက်ဝှေ့သမ အီမာနေ ခါလစ်ဖ်ကို ပထမအချီ၏ ၄၆ စက္ကန့်အရောက်တွင်ပင် ဆက်လက် မထိုးသတ်တော့ဘဲ အရှုံးပေးသွားခဲ့သည်။
ပြိုင်ဘက် အယ်လ်ဂျီးရီးယား အားကစားသမားသည် အမျိုးသမီးစင်စစ် မဟုတ်ဟု ယူဆခြင်းနှင့် လက်တွေ့ ကြိုးဝိုင်းထဲ၌လည်း သူမအနေဖြင့် မိန်းမချင်း ထိုးသတ်မှုများတွင် မကြုံခဲ့စဖူး ပြင်းထန်လှသော လက်သီးချက်များကို ခံစားလိုက်ရ၍ အသက်အန္တရာယ် ကျရောက်မည့် အရေးကို ကာကွယ်ရန် အလျင်အမြန် လက်လျှော့လိုက်ရခြင်းတို့ကြောင့် ဖြစ်သည်ဟု အီတလီ လက်ဝှေ့မယ်က ဆိုသည်။
အကြောင်းမှာ ပြိုင်ဘက် အယ်လ်ဂျီးရီးယား အားကစားသမားသည် အမျိုးသမီးစင်စစ် မဟုတ်ဟု ယူဆခြင်းနှင့် လက်တွေ့ ကြိုးဝိုင်းထဲ၌လည်း သူမအနေဖြင့် မိန်းမချင်း ထိုးသတ်မှုများတွင် မကြုံခဲ့စဖူး ပြင်းထန်လှသော လက်သီးချက်များကို ခံစားလိုက်ရ၍ အသက်အန္တရာယ် ကျရောက်မည့် အရေးကို ကာကွယ်ရန် အလျင်အမြန် လက်လျှော့လိုက်ရခြင်းတို့ကြောင့် ဖြစ်သည်ဟု အီတလီ လက်ဝှေ့မယ်က ဆိုသည်။
ဂယက်များ
သာမန် အားကစားစည်းမျဉ်း အငြင်းပွားမှုမျိုး မဟုတ်သော ဤအဖြစ်က ဇီဝဆေးပညာ၊ ဓလေ့ထုံးစံ၊ လူမှုရေး၊ လူမျိုးရေး၊ နိုင်ငံရေးကြီး နိုင်ငံရေးငယ် စသည့် ဆင့်ပွားဂယက်များ အဖြာဖြာ ထရလေအောင် တွန်းအားပေးလိုက်တော့သည်။ လူမှုကွန်ရက်တွင် ပွက်လောရိုက်သွားသည်။
“ယောကျ်ားတယောက်က မိန်းကလေးများကို ယခုကဲ့သို့ မတရားအနိုင်ယူရန် ယှဉ်ပြိုင်ခွင့် အဘယ်ပုံများ ရသွားပါလိမ့်။” သတင်းများတွင် ကျယ်လောင်စွာ ကြားရသည်။ မည်သို့ဖြစ်ရသနည်း။
လူအများ ပထမဦးဆုံး အထင်မှားပြီး တွေးမိလိုက်ကြသည်မှာ “ဤပြဿနာသည် ယခုခေတ် ပွဲအဆူဆုံး ကိစ္စတခုဖြစ်သည့် LGBTQIA2S+ အရေးပင် ဖြစ်လိမ့်မည်။ LGBT တို့ကို လက်ခံ အသိအမှတ်ပြုရန် အရေးဆိုကြသူများ၏ ဖိအားကို သဘောထားကြီး လစ်ဘရယ်ဝါဒီများက ခွင့်ပြုခဲ့ခြင်းများကြောင့် အမျိုးသမီးအဖြစ် ခံယူလိုသည့် အမျိုးသားတဦး (trans woman) ကို သဘာဝ ပုံမှန် အမျိုးသမီးများနှင့် ယှဉ်ပြိုင်ခွင့် ပေးခဲ့ကြခြင်း၏ ရလဒ်ဖြစ်မည်” ဟူ၍ပင်။
“တောင်းဆိုသူများက ကဲလွန်းသလို၊ ခွင့်ပြုသူများကလည်း ရူးသွပ်လွန်းကြပြီ” ဟု ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဝါဒီများက ချက်ချင်းပင် ကောက်ချက်ချ စွပ်စွဲကြတော့သည်။ အများပတ်ဝန်းကျင်က အလွယ် သတ်မှတ်သည့် ကျား-မ စံနှင့် ကိုက်အောင် မနေကြသူများကို မုန်းတီးမှု (homophobia သို့မဟုတ် anti-LGBT prejudice) သည် လူဘောင်အတွင်း ကျယ်ပြန့်စွာရှိနေပြီး အမျိုးသမီးအဖြစ် ခံယူနေထိုင်ကြသည့် အဖိုဗီဇခန္ဓာကိုယ်နှင့် ပုဂ္ဂိုလ်များကို မုန်းတီးကြောက်ရွံ့မှုမှာ အထူးအားဖြင့် ပြင်းထန်လှသည်။
စာရေးဆရာမ ဂျေကေရိုးလင်း၊ ဘီလျံနာ အီလွန်မတ်၊ သမ္မတလောင်း ဒေါ်နယ် ထရမ့် စသော ဟဲဗီးဝိတ်များကပါ ယခုဖြစ်ရပ်အပေါ် ဝင်ရောက် ဆွမ်းကြီးလောင်းကြသဖြင့် ပို၍ပင် ဂယက်ထသွားခဲ့သည်။ အားကစား အဖွဲ့အစည်းများ၊ ဆေးသိပ္ပံပညာရှင်များ၊ လူမှုရေးပညာရှင်များက ပြန်လည်ဖြေရှင်း မီးငြိမ်းသတ်နေကြရသည်။
ဤသို့ဖြင့် စာရေးဆရာမ ဂျေကေရိုးလင်း၊ ဘီလျံနာ အီလွန်မတ်၊ သမ္မတလောင်း ဒေါ်နယ် ထရမ့် စသော ဟဲဗီးဝိတ်များကပါ ယခုဖြစ်ရပ်အပေါ် ဝင်ရောက် ဆွမ်းကြီးလောင်းကြသဖြင့် ပို၍ပင် ဂယက်ထသွားခဲ့သည်။ အားကစား အဖွဲ့အစည်းများ၊ ဆေးသိပ္ပံပညာရှင်များ၊ လူမှုရေးပညာရှင်များက ပြန်လည်ဖြေရှင်း မီးငြိမ်းသတ်နေကြရသည်။
နောက်ခံ အကြောင်းရင်း
သို့သော် အမှန်က ဤလိင်ကိစ္စသည် LGBT မဟုတ်သည့် အခြား ရှုပ်ထွေးနက်နဲသော ကိစ္စရပ်တခု ဖြစ်နေသည်။ ဆေးပညာရှင်တိုင်းသော်မှ အကျွမ်းတဝင် မရှိလှသော ဘာသာရပ်ခွဲတခု၊ ‘DSD’ ဟု ခြုံငုံခေါ်ဆိုထားသော ဇီဝဆေးပညာရပ်ဆိုင်ရာ ကိစ္စ၊ ဆေးပညာအရ ‘လိင်ဖွံ့ဖြိုးမှု မူမမှန်ခြင်းများ’ (Disorders of Sex Development) ဟုခေါ်သည်။
ဆေးပညာဘက်ကမူ ထုံးစံအတိုင်း ရောဂါအုပ်စုတခုသဖွယ် သတ်မှတ်ထားသည်။ သို့သော် အသုံးအနှုန်း ရင့်သီးနေသဖြင့် ‘လိင်ဖွံ့ဖြိုးပုံ ကွဲလွဲခြင်းများ’ (Differences of Sex Development) ဟု ခေါ်ဆိုသည်က ပို၍ အသုံးတွင်သည်။
ထိုသို့ မူမမှန်ခြင်း၊ ကွဲလွဲခြင်းများသည် မွေးရာပါ ဖြစ်ကြပြီး ကွဲလွဲမှုအခြေအနေပုံစံ အမျိုးမျိုး ဖြစ်နိုင်သည်။ လိင်ဆိုသည့်ကိစ္စက ရှက်စရာသဖွယ်ဖြစ်နေ၍ များစွာ မပြောဆို မဆွေးနွေးကြ။ DSD က ရှုပ်ထွေးခက်ခဲသော အကြောင်းအရာ ဖြစ်သောကြောင့် ပို၍ပင် မပြောကြ၊ မသိကြပေ။
လိင် အကြောင်း
ဤနေရာတွင် ‘လိင်’ ဆိုသည့် စကားလုံးကို ရှင်းလင်းဖို့လိုပါမည်။ ဖို-မ နှစ်မျိုး ကွဲပြားခြင်းဟု အလွယ် နားလည်ထားတတ်ကြသော ‘လိင်’ ဆိုသည့် အကြောင်းတွင် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်သလို စိတ်ပိုင်း လူမှုဆက်ဆံရေးဘဝ အပိုင်းများလည်း ပါဝင်နေသည်။
အတိအကျ မဟုတ်သော်လည်း အလွယ်ပြောရလျှင် လိင်ဟုဆိုပါက ရုပ်ပိုင်းလိင်နှင့် စိတ်ပိုင်းလိင်ဟူ၍ ခွဲခြားနိုင်ပါမည်။ ယခုလက်ဝှေ့သမ ဖြစ်ရပ်၏ အကြောင်းအရင်း လိင်ကိစ္စ အရှုပ်အထွေးမှာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာ အဓိက ဖြစ်သည်။
မြန်မာဘာသာဖြင့် ‘လိင်’ ဟူ၍ ရောပြွန်းသုံးကြသော်လည်း မျက်မှောက်ခေတ် အင်္ဂလိပ်ဘာသာတွင် ခွဲခြမ်းသလို Sex ဆိုသည့် ခန္ဓာကိုယ်ရှိ လိင်အင်္ဂါဇာတ်၊ ဘာဝ၊ ဇီဝကမ္မကိစ္စများနှင့် Gender ဆိုသည့် လိင်စိတ်ခံယူ ပြုမူနေထိုင်ပုံ လူမှုအခြေအနေဘဝများဆိုသည့် အဓိပ္ပာယ်နှစ်မျိုးစလုံး ပါဝင်နေနိုင်သည်။
အတိအကျ မဟုတ်သော်လည်း အလွယ်ပြောရလျှင် လိင်ဟုဆိုပါက ရုပ်ပိုင်းလိင်နှင့် စိတ်ပိုင်းလိင်ဟူ၍ ခွဲခြားနိုင်ပါမည်။ ယခုလက်ဝှေ့သမ ဖြစ်ရပ်၏ အကြောင်းအရင်း လိင်ကိစ္စ အရှုပ်အထွေးမှာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာ အဓိက ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ လိင်
လူတို့တွင် ‘ရုပ်ပိုင်းဆိုင်ရာလိင်’ ဟုဆိုလျှင် အပိုင်း သုံးပိုင်းရှိနေသည်။
၁။ ဗီဇအပိုင်း။ လူ့ခန္ဓာကိုယ် ကလာပ်စည်း (cell) တခုချင်းစီတိုင်းအထဲတွင် ရှိနေသော ဗီဇကြိုး ခရိုမိုဆုမ်း (chromosomes) ၄၆ ချောင်းကို ထိုသူ၏ ‘ဗီဇ’ မူရင်းပေါင်းချုပ်ဟု နားလည်ကြသည်။ ထို ၄၆ ချောင်းအထဲမှ နှစ်ချောင်းက လူတယောက် ယောကျ်ား-မိန်းမ ဘာဖြစ်လာမည် ဆိုသည်ကို ဆုံးဖြတ်ပေးသည်။ ထို လိင်ဆိုင်ရာ ဗီဇကြိုးများကို ရောမ အက္ခရာနှစ်လုံးဖြင့် X နှင့် Y ဟူ၍ အမှတ်အသားပြုကြသည်။ ကျား ဆိုလျှင် ဗီဇသည် XY ဖြစ်၍ X ကြိုးတချောင်းနှင့် Y ကြိုးတချောင်း ပါရှိသည်ကို ဆိုလိုသည်။ မ ဆိုလျှင်တော့ XX ဖြစ်ပြီး X ကြိုး နှစ်ချောင်းပါကြောင်း သင်္ကေတ။
၂။ အဓိက မျိုးပွားအင်္ဂါအပိုင်း။ ကျားဆိုလျှင် ဝှေးစေ့ (testes)၊ မ ဆိုလျှင် သားဥအိမ် (ovaries) တို့ ဖြစ်သည်။ လိင်အင်္ဂါဖွဲ့စည်းပုံစနစ်တွင် ထိုအစိတ်အပိုင်းများက ဦးစီးချုပ်ပင်ဖြစ်သည်။ ဝှေးမှ ထွက်သော ယောကျ်ားဟော်မုန်းဓာတ်ကြောင့် ယောကျ်ား ပြင်ပ လိင်အင်္ဂါများ ဖြစ်ပေါ်ဖွံ့ဖြိုးလာသည်၊ ယောကျ်ားသွင်ပြင် လက္ခဏာများ ရှိလာသည်။ သားဥအိမ်မှ ထွက်သော ဟော်မုန်းများကြောင့် မိန်းမ ပြင်ပလိင်အင်္ဂါများ ဖြစ်ပေါ်လာပြီး မိန်းကလေးသွင်ပြင်များလည်း ရှိလာရသည်။
၃။ ပြင်ပလိင်အင်္ဂါအပိုင်း။ ကျားတွင် လိင်တံပါရှိပြီး၊ မ တွင် မိန်းမကိုယ်၊ သားအိမ် စသည်ဖြင့် ပါရှိကြသည်။ ကလေးငယ်တဦး မွေးဖွားလာပြီဆိုသည်နှင့် ဤအပိုင်းကို အဓိကထားကြည့်ကာ ယောကျ်ားလေး၊ မိန်းကလေး အလွယ်သတ်မှတ် ခွဲခြားကြသည်။
လူအများစုတွင် ထိုအပိုင်း သုံးပိုင်းစလုံး ကွက်တိ ကိုက်ညီမှုရှိကြသည်။ ဥပမာ မိန်းမဆိုလျှင် ဗီဇက XX ဖြစ်ပြီး ကိုယ်တွင်း၌ သားဥအိမ် ဖြစ်ထွန်းကာ ပြင်ပတွင် မိန်းမကိုယ် စသည်များ ပါရှိမည်။ ယောကျ်ားဆိုလျှင်မူ ဗီဇက XY ဖြစ်ပြီး ဝှေးနှင့် လိင်တံ ပါရှိမည်။ သို့သော် လူတဦးတွင် ထိုအပိုင်းသုံးခု မကိုက်ညီဘဲ မွေးရာပါ ကွဲလွဲနေခဲ့ပါက သူ့တွင် DSD ဖြစ်ပေါ် ခံစားနေရသည်ဟု သတ်မှတ်သည်။
ကွဲလွဲခြင်းများ အမျိုးမျိုးရှိနိုင်ပြီး အားလုံးကို စုပေါင်းကာ DSD ဟု ခေါ်ဆိုသတ်မှတ်ထားခြင်း ဖြစ်သည်။ ကွဲလွဲမှုကို ယောကျ်ားလေးတွင်ရော၊ မိန်းကလေးတွင်ပါ တွေ့ရနိုင်သည်။
ထိုသို့ ကွဲလွဲခြင်းများ အမျိုးမျိုးရှိနိုင်ပြီး အားလုံးကို စုပေါင်းကာ DSD ဟု ခေါ်ဆိုသတ်မှတ်ထားခြင်း ဖြစ်သည်။ ကွဲလွဲမှုကို ယောကျ်ားလေးတွင်ရော၊ မိန်းကလေးတွင်ပါ တွေ့ရနိုင်သည်။ ကျား-မ ခွဲခြားရ ခက်ခဲသော လိင်အင်္ဂါ ရှိနေခြင်း၊ မိန်းကလေးသွင်ပြင် သို့မဟုတ် ယောကျ်ားလေးသဏ္ဌာန်ရှိနေပြီး ဗီဇ စစ်ဆေးကြည့်မှ မကိုက်ညီခြင်း၊ ပြင်ပလိင်အင်္ဂါနှင့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ထူးခြားကွဲလွဲနေခြင်း၊ ပြင်ပလိင်အင်္ဂါက မိန်းကလေး ဖြစ်သော်လည်း ဝမ်းဗိုက်ထဲ၌ ဝှေး ပါရှိနေခြင်း၊ ယောကျ်ား ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု အားနည်းခြင်း၊ လိင်အင်္ဂါဖွဲ့စည်းမှု ပုံစံ မူမမှန်ခြင်းများသည် DSD ဟု သတ်မှတ် နိုင်သည့် ဥပမာ တချို့ဖြစ်သည်။
DSD ဟု သတ်မှတ်ခေါ်ဝေါ်ခြင်းသည် ၂၀၀၆ ကမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ခေတ် ဆေးပညာဝေါဟာရ အမျိုးမျိုး (ဥပမာ hermaphrodite, pseudohermaphrodite, intersex စသည်) များကို ဖျက်သိမ်းပြီး အစားထိုးခဲ့သည်။ မြန်မာမှုပြုထားသော ဝေါဟာရများဖြစ်သည့် နပုလ္လိင်၊ ကြားလိင် ဆိုသည်များလည်း ဤအုပ်စုထဲတွင် ပါဝင်ပေလိမ့်မည်။
အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်
ယခု အယ်လ်ဂျီးရီးယား လက်ဝှေ့မယ်၏ ဖြစ်စဉ်သည် လူ့အခွင့်အရေး၊ ကျင့်ဝတ်၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေးများပါ ရှုပ်ထွေးပါဝင်လာပြီဖြစ်၍ အတိအကျသိရရန် ခက်ခဲသွားခဲ့ပါပြီ။ ဖြစ်တန်သလောက် မှန်းဆကြည့်ရလျှင် အယ်လ်ဂျီးရီးယားမှ လက်ဝှေ့မယ်သည် DSD တမျိုး ရှိကောင်းရှိနေသူ ဖြစ်နိုင်သည်ဟု ယူဆရသည်။ မိန်းကလေးဖြစ်သော်လည်း ယောကျ်ားခန္ဓာကိုယ်ပုံစံနှင့် ဆင်နေသည်။
မနှစ်က သူပါဝင် ယှဉ်ပြိုင်ခဲ့သော လက်ဝှေ့ပွဲတခုတွင် ကျား-မ ဖြစ်တည်မှုကို ဆေးစစ်ရာ မအောင်မြင်ဟုဆိုကာ ထုတ်ပယ်ခံခဲ့ရဖူးသည်။ ဆေးစစ်သည်ဟု ဆိုရာတွင် ဗီဇကို စစ်သလော၊ ယောကျ်ားဟော်မုန်းပမာဏကို စစ်ဆေးခဲ့ခြင်းလော အတိအကျ မသိရပါ။
စစ်ဆေး ထုတ်ပယ်ခဲ့သည်မှာ ရုရှားလူမျိုး ဦးဆောင်သည့် နိုင်ငံတကာ လက်ဝှေ့အသင်း (IBA) ဖြစ်ပြီး ထိုအဖွဲ့မှာ ကျင့်ဝတ်ဆိုင်ရာ ကိစ္စများကြောင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ကမ္ဘာ့အပျော်တမ်း လက်ဝှေ့ရေးရာများကို စီမံခွင့်ရှိသော အနေအထားမှ ပယ်ဖျက်ခြင်းကို ခံထားရသည့် အဖွဲ့အစည်းဖြစ်၍ အဖွဲ့ နိုင်ငံရေးများကလည်း ပြင်းထန်လှ၏။
DSD ရှိစေဦးတော့ လက်ဝှေ့မယ်သည် မွေးဖွားစဉ်ကပင် ပြင်ပလိင်အင်္ဂါက မိန်းမ ဘာဝ ဖြစ်မည်။ ထို့ကြောင့်ပင် ဘဝတလျှောက်လုံး မိန်းကလေးအဖြစ် နေထိုင်ကြီးပြင်းခဲ့သည်။ မိန်းမ လက်ဝှေ့မယ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ထိုးခဲ့၊ ရှုံးခဲ့၊ နိုင်ခဲ့ပြီးဖြစ်သည်။ မိန်းကလေးဖြစ်ကြောင်း သတ်မှတ်ရန် IOC ၏ လိုအပ်ချက်အရဆိုလျှင်လည်း နိုင်ငံကူးလက်မှတ်ပေါ်တွင် မိန်းမအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။
DSD ရှိစေဦးတော့ လက်ဝှေ့မယ်သည် မွေးဖွားစဉ်ကပင် ပြင်ပလိင်အင်္ဂါက မိန်းမ ဘာဝ ဖြစ်မည်။ ထို့ကြောင့်ပင် ဘဝတလျှောက်လုံး မိန်းကလေးအဖြစ် နေထိုင်ကြီးပြင်းခဲ့သည်။ မိန်းမ လက်ဝှေ့မယ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ထိုးခဲ့၊ ရှုံးခဲ့၊ နိုင်ခဲ့ပြီးဖြစ်သည်။ မိန်းကလေးဖြစ်ကြောင်း သတ်မှတ်ရန် IOC ၏ လိုအပ်ချက်အရဆိုလျှင်လည်း နိုင်ငံကူးလက်မှတ်ပေါ်တွင် မိန်းမအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။
အားကစားနှင့် ကျား-မ ပြဿနာ
အမျိုးသမီး အားကစားပွဲများတွင် အမျိုးသားများကို လက်မခံရခြင်း၏ အကြောင်းက ရိုးရှင်းပါသည်။ အများအားဖြင့် မိန်းကလေးများထက် ယောကျ်ားလေးများက ကြွက်သားများ ပိုကြီးထွားနိုင်သည်၊ အရိုးများ ပိုခိုင်မာနိုင်သည်၊ ကြွက်သားကြုံ့ဆွဲမှု ပိုမြန်ဆန်နိုင်သည်။ ထို့ကြောင့်လည်း ယောကျ်ားလေးများကို မိန်းကလေးများနှင့် ယှဉ်ပြိုင်ခွင့် မပြုထားခြင်းဖြစ်သည်။
ဤသို့ ပိုမို သန်မာ မြန်ဆန်စေသော သဘာဝသည် ယောကျ်ားဟော်မုန်း (testosterone) ၏ အစွမ်းသတ္တိ ဖြစ်သည်။ သို့သော် ယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးပင်ဖြစ်စေ လူငယ်တဦး ကြီးကောင်ဝင်ချိန် (puberty) ၌ ခန္ဓာကိုယ်တွင် ယောကျ်ားဟော်မုန်း လုံလောက်များပြားစွာ ရှိနေခဲ့ပါက ခန္ဓာကိုယ်သည် ယောကျ်ားလေးဆန်သော ပုံသဏ္ဌာန် ဖြစ်သွားနိုင်သည်။
ထို ကျားဟော်မုန်း ဆက်လက် ရရှိနေပါက မြန်ဆန် သန်စွမ်းမှု ပို၍ပင် အားကောင်းနိုင်သည်။ အားကစားရှုထောင့်မှ ကြည့်လျှင် အပျိုဖော်ဝင်ချိန်တွင် ကျားဟော်မုန်းဓာတ် များပြားစွာ ရှိနေခဲ့သည့် အမျိုးသမီးတယောက်သည် သာမန် မိန်းမများထက် ပို၍ ကြံ့ခိုင်သန်မာနေမည်။ မိန်းကလေးတဦးသည် DSD ကြောင့်ဖြစ်စေ၊ အခြားကြောင့်ဖြစ်စေ ကျားဟော်မုန်း ဓာတ်များများ ဆက်လက်ရရှိနေလျှင် သာမန် မိန်းကလေးများထက် ပိုမိုသွက်လက် မြန်ဆန်နိုင်သည်။
ထို့ကြောင့် တရားမျှတမှုရှိစေရန် ရည်ရွယ်လျက် အချို့အားကစားမျိုးများတွင် အမျိုးသမီး အားကစားမယ်တို့၏ သွေးတွင်းရှိ ကျားဟော်မုန်း ပါဝင်မှုနှုန်းကို ဆေးစစ်ကြရသည်။ များနေလျှင် တားမြစ်ခံရသည်။ ယခုပွဲတွင်တော့ ယခင် အိုလံပစ်များကဲ့သို့ပင် IOC ၏ မူအရ မည်သို့မှ စစ်ဆေးခြင်းမပြု။ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ကာ လူ့ဂုဏ်သိက္ခာနှင့် ပုဂ္ဂလိက ကိုယ်ရေးကိစ္စအဖြစ် သတ်မှတ်ပြီး အမျိုးသမီးဖြစ်၊ မဖြစ် ဆေးစစ်ခြင်းများ မပြုကြ။
စိတ်လူမှုဘဝပိုင်းဆိုင်ရာ လိင်
ဆိုခဲ့သည့် ရုပ်ပိုင်းဆိုင်ရာလိင် (sex) နှင့် ဆက်စပ်သော်လည်း၊ ထပ်တူ မဟုတ်သည့်ကိစ္စက စိတ်ပိုင်း၊ လူမှုဘဝပိုင်းဆိုင်ရာလိင် (gender) ဖြစ်သည်။ အမျိုးသား-အမျိုးသမီး စိတ်လူမှုဘဝပိုင်းနှင့် လိင်ကိစ္စ ပြုမူဆောင်ရွက်ပုံများ (gender and sexuality) ဟုလည်း ကျယ်ပြန့်စွာရှုမြင်နိုင်သည်။
ဤကိစ္စများထဲမှ အများသတ်မှတ်သည့် ကျား-မ စံနှုန်းများအတိုင်း မနေထိုင်ကြသူ LGBT တို့၏အရေးမှာ နိုင်ငံရေးအရ အလွန်ပြဿနာတက်လွယ်သော ကိစ္စဖြစ်လာနေသည်။ ယခုလက်ဝှေ့ပွဲကိုလည်း LGBT အရေးဟု ရုတ်တရက် ထင်မြင်ပြီး အားလုံး ပါဝင်ပြောဆို ဝေဖန်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အမုန်းစိတ်၏ အားပြင်းစွာ စေ့ဆော်မှုကို ခံစားနေရ၊ တွေ့မြင်နေရပေသည်။
ဤကိစ္စများထဲမှ အများသတ်မှတ်သည့် ကျား-မ စံနှုန်းများအတိုင်း မနေထိုင်ကြသူ LGBT တို့၏အရေးမှာ နိုင်ငံရေးအရ အလွန်ပြဿနာတက်လွယ်သော ကိစ္စဖြစ်လာနေသည်။ ယခုလက်ဝှေ့ပွဲကိုလည်း LGBT အရေးဟု ရုတ်တရက် ထင်မြင်ပြီး အားလုံး ပါဝင်ပြောဆို ဝေဖန်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ အမုန်းစိတ်၏ အားပြင်းစွာ စေ့ဆော်မှုကို ခံစားနေရ၊ တွေ့မြင်နေရပေသည်။
လူတဦး၏ ‘စိတ်လူမှုဘဝပိုင်းဆိုင်ရာလိင်’ (gender) ကို အလွယ်ဆိုရလျှင် အချက် လေးချက်ဖြင့် သုံးသပ်နိုင်သည်။
၁။ မိမိကိုယ်မိမိ ကျား-မ (သို့မဟုတ် အခြား) မည်သည်အဖြစ် ခံယူထားသနည်း။ (gender identity)
၂။ မိမိသည် ကျား-မ (သို့မဟုတ် အခြား) မည်သည့်ပုံစံဖြင့် ဝတ်စား၊ ပြောဆို၊ ပြုမူ၊ နေထိုင်သနည်း။ (gender expression)
၃။ ကျား-မ (သို့မဟုတ် အခြား) တွင် မည်သည့်အမျိုးအစားကို သဘောကျ နှစ်သက် စုံမက်သနည်း။ (sexual orientation)
၄။ ကျား-မ (သို့မဟုတ် အခြား) တွင် မည်သည့်အမျိုးအစားနှင့် မည်သို့ လိင်ဆက်ဆံဖြစ်သနည်း။ (sexual behavior)
ထိုမေးခွန်းများပေါ် အခြေတည်၍လည်းကောင်း၊ အခြားအချက်များဖြင့်လည်းကောင်း ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် LGBTQIA2S+ ဆိုသော ပုဂ္ဂိုလ် အမျိုးမျိုးအကြောင်း သိမြင်လာကြရသည်။ သို့သော် ထိုသို့ကွဲပြားရခြင်းသည် သဘာဝမဟုတ်၊ ပတ်ဝန်းကျင်က ဖျက်ဆီး ဇာတ်သွင်းသောကြောင့်သာ ဖြစ်ရသည်ဟူသော ယူဆချက်ဖြင့် ထိုပုဂ္ဂိုလ်များကို မုန်းတီး ဒုက္ခပေးခြင်းများ ပြုတတ်ကြသည်။
ထိုသို့သော မုန်းတီးမှု၊ မတရားမှုများ ပပျောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရာ အတိုင်းအတာတခုအထိ အောင်မြင်လာခဲ့သည်။ ဤသို့ အများ၏ အနှိမ်ခံ၊ အစော်ကားခံဖြစ်ရသူများက မိမိတို့အခွင့်အရေးကို ထိရောက်စွာ တောင်းဆိုသည့် လှုပ်ရှားမှုများ အားကောင်းလာခြင်းကို တဖန်ပြန်၍ စိုးရိမ်စိတ်၊ မုန်းတီးစိတ်များဖြင့် တုန့်ပြန်ကြခြင်းများလည်း ရှိလာသည်။
အမုန်းတရားများဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရသော အယ်လ်ဂျီးရီးယား လက်ဝှေ့မယ် အီမာနေ ခါလစ်ဖ်သည် မည်သို့ဆိုစေ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည်။ သောကြာနေ့ ဖိုင်နယ်ပွဲတွင် တရုတ်လက်ဝှေ့မယ် ယန်လျူနှင့် ယှဉ်ပြိုင်ထိုးကာ အနိုင်ရပြီး ယခုအခါ ၂၀၂၄ ခုနှစ် ပြင်သစ်အိုလံပစ်ပွဲ ဝဲလ်တာဝိတ်တန်းအတွက် ရွှေတံဆိပ် ဆွတ်ခူးသွားပြီ ဖြစ်သည်။
ထိုအမုန်းတရားများဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုဒဏ်ကို ခံစားခဲ့ရသော အယ်လ်ဂျီးရီးယား လက်ဝှေ့မယ် အီမာနေ ခါလစ်ဖ်သည် မည်သို့ဆိုစေ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည်။ သောကြာနေ့ ဖိုင်နယ်ပွဲတွင် တရုတ်လက်ဝှေ့မယ် ယန်လျူနှင့် ယှဉ်ပြိုင်ထိုးကာ အနိုင်ရပြီး ယခုအခါ ၂၀၂၄ ခုနှစ် ပြင်သစ်အိုလံပစ်ပွဲ ဝဲလ်တာဝိတ်တန်းအတွက် ရွှေတံဆိပ် ဆွတ်ခူးသွားပြီ ဖြစ်သည်။
လက်ဝှေ့ပွဲ ပြီးခဲ့သော်လည်း ကျား-မ လိင်ကိစ္စ ကွဲပြားမှု နိုင်ငံရေးများက မပြီးနိုင်သေးပါ။ ဤ အိုလံပစ်ပွဲမှ လိင်ကိစ္စအကြောင်း လိုက်လံ စူးစမ်းကြည့်မည်ဆိုလျှင်လည်း လျှို့ဝှက်သည်းဖို သူလျှိုဝတ္ထု တပုဒ်သဖွယ် ရေးသားနိုင်လောက်အောင် ရှုပ်ထွေးလှသော သမိုင်းကြောင်း၊ ပထဝီနိုင်ငံရေး၊ ဒေါသအမုန်းတရား၊ ကျား-မ တန်းတူညီမျှမှု၊ နိုင်ငံရေး၊ အဖွဲ့အစည်းချင်း တိုက်ခိုက် အားပြိုင်မှုများ၊ ကျင့်ဝတ်၏ နက်နဲသောသဘော စသည် များစွာပင် ထပ်မံ ပါဝင်ဆက်နွယ်နေသေးကြောင်းကိုပါ တွေ့ရှိရပေလိမ့်မည်။
ကိုးကား
-Ambiguous Genitalia and Disorders of Sexual Differentiation by Mehmood KT, Rentea RM
-Misinformation, abuse and injustice: breaking down the Olympic boxing firestorm –The Conversation
(ညိုလတ်သည် မြန်မာဆရာဝန်တဦး ဖြစ်သည်။)
You may also like these stories:
ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်
အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့
ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုပါဆိုတဲ့ ဥက္ကာမင်းမောင်
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ