• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ

by ဧရာဝတီ
9 October 2023
in ဆောင်းပါး
A A
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ

အကျဉ်းစံ အီရန် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂတ်စ် မိုဟမ္မဒီသည် သောကြာနေ့တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရလိုက်သည်

982
VIEWS
Share on FacebookShare on Twitter

တီဟီရန်မှ ဘာသာရေးခေါင်းဆောင်များကို ပြစ်တင်ရှုတ်ချပြီး အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို အားပေးသည့်အနေဖြင့် အကျဉ်းစံ အီရန် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂတ်စ် မိုဟမ္မဒီသည် သောကြာနေ့တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရလိုက်သည်။

ဆုရွေးချယ်ရေးကော်မတီက ထိုဆုသည် မကြာသေးမီက မကြုံစဖူး အီရန် ဆန္ဒပြပွဲနောက်ကွယ်မှ ခေါင်းဆောင်များကို ဂုဏ်ပြုခြင်းဖြစ်ကြောင်းပြောကြားပြီး အမျိုးသမီးအခွင့်အရေးနှင့် သေဒဏ်ပယ်ဖျက်ရေး လှုပ်ရှားသူ အသက် ၅၁ နှစ်အရွယ် မိုဟမ္မဒီကို လွှတ်ပေးရန် တောင်းဆိုသည်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588

“စနစ်တကျ ခွဲခြားဆက်ဆံခံနေရတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေကို ‘သတ္တိရှိပါ၊ ဆက်လုပ်ပါ’ ဆိုတဲ့ သတင်းစကား ပေးပို့နိုင်မယ်လို့ မျှော်လင့်တယ်” ဟု နော်ဝေး နိုဘယ်ကော်မတီက အကြီးအကဲ ဘားရစ် ရီးစ် အန်ဒါဆန်က ပြောသည်။

“ကျမတို့က နာဂက်စ် မိုဟမ္မဒီနဲ့ အီရန်က ‘အမျိုသမီး၊ ဘဝ၊ လွတ်လပ်မှု’ အတွက် တိုက်ပွဲဝင်နေသူ သိန်းပေါင်းများစွာကို အားပေးဖို့ ဒီဆုကို ပေးချင်တာ” ဟု အီရန်မှ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၏ အဓိက ကြွေးကြော်သံကို ရည်ညွှန်းပြီး သူ ပြောသည်။

တီဟီရန်ကမူ နိုဘယ်ကော်မတီသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး လူ့အခွင့်အရေး ပြဿနာကို နိုင်ငံရေးအရ အသုံးချသည်ဟု စွပ်စွဲသည်။ အီရန်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများသည် အနောက်နိုင်ငံများက ဦးဆောင်သည့် အစိုးရ ဆန့်ကျင်မှု ဖြစ်သည်ဟု ပြောသည်။

“နိုဘယ် ငြိမ်းချမ်းရေးကော်မတီရဲ့လုပ်ရပ်ဟာ ဥရောပအစိုးရအချို့ရဲ့ ဝင်ရောက်စွက်ဖက်ရေး အီရန်ဆန့်ကျင်ရေး နိုင်ငံရေးလုပ်ဆောင်မှုဖြစ်တယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဆာကန်နာနီ ပြောသည်။

“နိုဘယ် ငြိမ်းချမ်းရေးကော်မတီက အကြိမ်ကြိမ် ဥပဒေ ချိုးဖေါက်ရာဇဝတ်မှု ကျူးလွန်လို့ပြစ်ဒဏ်ချမှတ်ခံထားရသူ တဦးကို ဆုပေးတယ်။ ဒါဟာ ဘက်လိုက်ပြီး နိုင်ငံရေး ပယောဂ မကင်းဘူးလို့ ကျနော်တို့ ရှုတ်ချတယ်” ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည့် ကြေညာချက်တွင် သူပြောသည်။

နာဂတ်စ် မိုဟမ္မဒီ ၂၀၂၁ ခုနှစ် ထောင်ချခံထားရစဉ် တီဟီရန် အိမ်ပြန် ဆေးကုသမှုခံယူနေစဉ်/ Reihane Taravati

မိုဟမ္မဒီက ထောင်တွင်းတွင် ဆက်လက်နေထိုင်ရလျှင်ပင် ဒီမိုကရေစီနှင့် တန်းတူညီမျှရေးအတွက် ဆက်လက် တိုက်ပွဲဝင်မည်ဟုပြောကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖေါ်ပြသည်။

“ဖိနှိပ်တဲ့ ဘာသာရေးအစိုးရရဲ့ အညှာတာကင်းမဲ့တဲ့ ခွဲခြားဆက်ဆံမှု၊ အာဏာရှင်ဆန်မှု၊ လိင်အခြေပြုဖိနှိပ်မှုကို အမျိုးသမီးတွေ မလွတ်မြောက်မခြင်း ကျမ ဆန့်ကျင်တယ်” ဟု နိုဘယ်ဆုကော်မတီ၏ ကြေညာချက်ထုတ်ပြန်ပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်တွင် သူပြောသည်ဟု အထက်ပါ သတင်းစာက ကိုးကားဖေါ်ပြသည်။

မိုဟမ္မဒီသည် အကြိမ်ကြိမ်အကျဉ်းချခံရပြီး တီဟီရန်မှ အီဗင်အကျဉ်းထောင်တွင် အမှုပေါင်းများစွာဖြင့် ထောင် ၁၂ နှစ်ချခံထားရသည်ဟု Front Line Defenders လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

ထိုစွဲချက်များတွင် “နိုင်ငံတော်ဆန့်ကျင်သည့် ဝါဒဖြန့်မှု”လည်း ပါဝင်သည်။

သူသည် ပြည်ပတွင်နေထိုင်သည့် ၂၀၀၃ ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှာရင်အဘာဒီ ဦးဆောင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း Defenders of Human Rights Center လူ့အခွင့်အရေးကာကွယ်ရေးစင်တာ ဒုတိယ ခေါင်းဆောင်လည်းဖြစ်သည်။

“နာဂက်စ် မိုဟမ္မဒီနဲ့ အီရန်အမျိုးသမီးအားလုံးကို ကျမဂုဏ်ပြုတယ်” ဟု အဘာဒီက Reuters သတင်းဌာနသို့ ပြောသည်။ “ဒီဆုက အစ္စလမ်မစ် သမ္မတနိုင်ငံက အမျိုသမီးအခွင့်အရေး ချိုးဖေါက်မှုတွေကို မီးမောင်းထိုးပြတာ ဖြစ်တယ်။ အဲဒီနိုင်ငံက ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘူးဆိုတာ သက်သေပြနေတယ်” ဟု လည်း သူပြောသည်။

နာဂက်စ်၏တိုက်ပွဲကို အားတက်စေ

မိုဟမ္မဒီသည် နိုဘယ်ဆု၏ ၁၂၂ နှစ်သမိုင်းတွင် ၁၉ ယောက်မြောက်ဆုရသူဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ရုရှားမှ ဒီမီထရီ မူရာတော့နှင်တွဲဖက် နိုဘယ်ဆုရသူ ဖိလစ်ပိုင်မှ မာရီယာရက်ဆာနောက်ပိုင်း ပထမဆုံး နိုဘယ်ဆုရသည့် အမျိုးသမီးဖြစ်သည်။

မိုဟမ္မဒီ၏ခင်ပွန်း ပါရီတွင်နေထိုင်သူက နိုဘယ်ဆုရသည့် သတင်းကို ရုပ်သံမှကြည့်ပြီး ချီးကျူးဂုဏ်ပြုသည်။ “ဒီနိုဘယ်ဆုက နားဂက်ရဲ့ လူ့အခွင့်အရေးတိုက်ပွဲကို အားတက်စေပေမယ့် ပိုအရေးကြီးတဲ့အချက်က ဒီဆုဟာ ‘အမျိုးသမီး၊ ဘဝနဲ့လွတ်လပ်ရေး’ လှုပ်ရှားမှုကို ပေးတဲ့ဆုပဲ” ဟု Reuters သတင်းဌာနသို့ပြောသည်။

အသက် ၂၂ နှစ်အရွယ် မာရှာ အမ်မနီကို အီရန်ဘာသာရေး ရဲများက အမျိုးသမီးများ ဝတ်စားဆင်မှုစည်းကမ်းချိုးဖေါက်ခြင်းဖြင့် ဖမ်းဆီးထားစဉ် သေဆုံးရသည်

သူနှင့်မောင်နှမတော်စပ်သည့် ဟမ်မီဒရီဇာ မိုဟမ္မဒီကလည်း နိုဘယ်ဆုကြေညာချက်ကို ကြည့်ရင်း လွန်စွာ ဝမ်းမြောက်ကြောင်းနှင့် ထိုဆုသည် နားဂက်နှင့် အခြားတက်ကြွလှုပ်ရှားသူများ၏ ဆောင်ရွက်ချက်များကို ပိုမို ခိုင်မာစေမည်ဖြစ်ကြောင်း ပြောသည်။

“အီရန်က သူ့ရဲ့ လူ့အခွင့်အရေး အားထုတ်မှုတွေ၊ အီရန်မှာပိုမိုအခြေအနေကောင်းတာကို မျှော်လင့်တဲ့ လူတိုင်းအတွက် ပိုမိုအင်အားကောင်းလာတယ်လို့ သူခံစားရလိမ့်မယ်” ဟု အော်စလိုမှ Reuters သတင်းဌာနသို့ သူပြောသည်။

ဘဝတလျှောက်လုံးတွင် အကြိမ် တဒါဇင်ကျော်အဖမ်းခံရပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အီဗင်အကျဉ်းထောင်တွင် ၃ ကြိမ်ချုပ်နှောင်ခံရသည့် မိုဟမ္မဒီသည် သူ၏ခင်ပွန်းနှင့် မတွေ့ရသည်မှာ ၁၅ နှစ်ကြာပြီဖြစ်ပြီး ကလေးများနှင့် မတွေ့ရသည်မှာ ၇ နှစ်ကြာပြီဖြစ်သည်။

ဆွီဒင်ကရောင် ၁၁ သန်း သို့မဟုတ် အမေရိကန် ဒေါ်လာ တသန်းခန့် ရရှိမည့် ထိုဆုကို ၁၈၉၅ ခုနှစ်က သေတမ်းစာတွင် တည်ထောင်ခဲ့သူ ဆွီဒင် လုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ် သေဆုံးသည့် နှစ်ပတ်လည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အော်စလိုတွင် ပေးအပ်မည်ဖြစ်သည်။

ခေါင်းစည်း ဝတ်ဆင်ခြင်းမရှိသောကြောင့် တီဟီရန်အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ပြီး အီရန်ဆယ်ကျော်သက် အရွယ် မိန်းခလေးတဦး ကိုမာသတိလစ်နေပြီး ဆေးရုံတင်ထားရသည် ဆိုသည့် သတင်းများကို လူ့အခွင့်အရေးအဖွဲ့များက ပြောကြားနေစဉ် မိုဟမ္မဒီကို နိုဘယ်ဆုပေးခြင်းဖြစ်သည်။ အီရန်အာဏာပိုင်များက ထိုသတင်းကို ငြင်းဆန်သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မိုဟမ္မဒီ ကို ချီးကျူးပြီး ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုသလို ဆေးရုံတင်ထားရသည့် ဆယ်ကျော်သက်အရွက် မိန်းခလေးငယ်ကို တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်း ပြောသည်။

“အမေရိကန် ပြည်ထောင်စုသည် အီရန်ပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရရေးနှင့် ကျားမတန်းတူရေး၊ ကမ္ဘာတဝှမ်းမှ အမျိုးသမီးများနှင့် မိန်းခလေးများကို လိင်အခြေပြုအကြမ်းဖက်မှု အဆုံးသတ်ရေးကို ဆက်လက်ထောက်ခံမည်” ဟု ဘိုင်ဒင်က ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

ကမ္ဘာ့လေးစားဂုဏ်ယူမှု

မိုဟမ္မဒီကို နိုဘယ်ကော်မတီက ဂုဏ်ပြုခြင်းသည် အသက် ၂၂ နှစ်အရွယ် မာရှာ အမ်မနီကို အီရန်ဘာသာရေး ရဲများက အမျိုးသမီးများ ဝတ်စားဆင်မှုစည်းကမ်းချိုးဖေါက်ခြင်းဖြင့် ဖမ်းဆီးထားစဉ် သေဆုံးရသည့် ဖြစ်ရပ် တနှစ်ကျော်အကြာတွင် ဂုဏ်ပြုခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် တနိုင်ငံလုံးတွက် ဆန္ဒပြပွဲများဖြစ်ပေါ်ပြီး နှစ်ပေါင်းများစွာအတွင်း ရှီအိုက်ဘာသာရေး အုပ်ချုပ်မှုကို အကြီးမားဆုံး စိန်ခေါ်မှုဖြစ်စေကာ အသက်ရာပေါင်းများစွာသေဆုံးစေသည့် ဖြိုခွဲမှုများ ဖြစ်စေသည်။

တကမ္ဘာလုံးမှ ဂုဏ်ပြုမှုများတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က ထိုသို့ နိုဘယ်ဆု ချီးမြှင့် ခြင်းသည် လွတ်လပ်မှု၊ ကျန်းမာရေးနှင့် အသက်များကိုပင် အဆုံးရှုံးခံပြီး အမျိုးသမီးအခွင့်အရေးတွက် တိုက်ပွဲဝင်နေသည့် အမျိုးသမီးအားလုံးကို ဂုဏ်ပြုခြင်းဖြစ်သည်။

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု အကြီးအကဲ ဒန်စမစ်က ထိုဆုသည် အီရန် အတိုက်အခံများအပေါ် ဖိအားကို ကူညီလျှော့ချပေးသော်လည်း မိုဟမ္မဒီကို လွတ်မြောက်စေမည် မဟုတ်ကြောင်း ပြောသည်။

ကိုးကား။ ။ Reuter သတင်း Jailed Iranian activist Narges Mohammadi wins Nobel Peace Prize

You may also like these stories:

အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

မိခင်သောကနှင့် တော်လှန်ရေး ဆုတောင်း

Your Thoughts …
Tags: Sliderငြိမ်းချမ်းရေးနိုဘယ်ဆုနာဂက်စ် မိုဟမ္မဒီအကျဉ်းစံ အီရန်အမျိုးသမီးအခွင့်အရေးဘဝနဲ့ လွတ်လပ်ရေးအမျိုးသမီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ

မြန်မာစစ်ဘေးရှောင်များ တရုတ်နယ်စပ်တွင် ပိတ်မိနေ

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate