• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

by ဧရာဝတီ
3 October 2023
in ဆောင်းပါး
A A
အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား

အမျိုးသမီးတွေဟာ ပဋိပက္ခနယ်မြေတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရရုံမကဘဲ လူမှုကွန်ရက်တွေမှာလည်း ကြုံတွေ့နေကြရပါတယ်။

1.7k
VIEWS
Share on FacebookShare on Twitter

“မြန်မာပြည် အမွှေတော်။ မတင်ရွှေက သေရမယ့်အရွယ် ရောက်နေပြီ။ တော်ကြာသေသွားရင် NUG နတ်မကြီးဆိုပြီး ကိုးကွယ်မလား မသိဘူး”

အဲဒီစာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပုံကို အခြားသူတဦးရဲ့ ခန္ဓာကိုယ်ပုံနဲ့ ရောနှောကာ “ဘညွန့်” ဆိုတဲ့ စစ်ကောင်စီ လော်ဘီချန်နယ်မှာ မကြာသေးခင်ရက်ပိုင်းကပဲ တင်ထားပြီး အခြားလော်ဘီချန်နယ်တွေမှာပါ မျှဝေထားပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီရေးလမ်းပြသူ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စတဲ့ ဂုဏ်ပုဒ်အမျိုးမျိုးနဲ့ မြန်မာပြည်သူလူထုသာမက နိုင်ငံတကာမှာပါ ထင်ပေါ်ကျော်ကြား ဩဇာကြီးမားသူ အမျိုးသမီး တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောက်ခံတဲ့ လော်ဘီချန်နယ်တွေမှာ ဆိုးဆိုးရွားရွား ပုံဖော်ပြီး အသရေဖျက်နေကြတာ ဖြစ်ပါတယ်။

Beautifier of Diversity Network ရဲ့ ယခုနှစ် ဇွန်လကနေ ဩဂုတ်ထိ ၃ လတာကာလ အဲဒီတယ်လီဂရမ်ချန်နယ်တွေ ကို စောင့်ကြည့်လေ့လာမှု မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက် ခိုက်တဲ့ အမုန်းစကားပြောဆိုမှုတွေ ဩဂုတ်လအတွင်းမှာ အမြင့်ဆုံး ဖြစ်လာပါတယ်။

“အမြဲတမ်းတော့ အမျိုးသမီးက Target (ပစ်မှတ်) ထားခံရတဲ့အထဲ ပါနေတာပဲ” လို့ Beautifier of Diversity Network ရဲ့ တယ်လီဂရမ်စောင့်ကြည့်လေ့လာသူက ဆိုပါတယ်။

Beautifier of Diversity Network ဟာ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေ အပါအဝင် အမုန်းစကား ပြန့်ပွားရာ ဆိုရှယ်မီဒီယာ ၁၃ ခုကို စောင့်ကြည့်လေ့လာမှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
99
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
366
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမုန်းစကားပျံ့နှံ့မှုဟာ အဆမတန်မြင့်တက်လာခဲ့ပြီး ဆိုရှယ်မီဒီယာပလက် ဖောင်းတွေဟာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးရာနေရာတွေ ဖြစ်ရုံတင်မကဘဲ လိင်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ စတင်ရာ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေ၊ ဘာသာရေးစော်ကားမှုတွေကို သွေးထိုးပေးနေတဲ့ အမုန်းစကားမျိုးစုံ ပေါက်ဖွားနေရာလည်း ဖြစ်နေပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို အမျိုးသမီးငယ်လေးတဦးက စော်ကားပြောတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့တဲ့ “ဘာမှ မမျှော်လင့်ပါနဲ့” ရုပ်သံဇာတ်လမ်းတိုကို အကြောင်းပြုလို့ အမျိုးသမီးတွေ အပေါ် ရည်ရွယ်တဲ့ အမုန်းစကားတွေ ပိုပြီးပြန့်ပွားခဲ့တယ်လို့ Beautifier of Diversity Network ရဲ့ အချက်အလက် တွေက ဆိုထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးနဲ့ပတ်သက်သူ တဦးဦးကို ရည်ရွယ်တိုက်ခိုက်တဲ့ အခါတိုင်းမှာလည်း အမျိုးသမီးတွေကို နှိမ့်ချစော် ကားတဲ့ အမုန်းစကားတွေဟာ အမြဲပါဝင်နေလေ့ရှိတာကို ဧရာဝတီက လေ့လာတွေ့ရှိခဲ့ပါတယ်။

ဥပမာ စက်တင်ဘာ ၂၆ ရက်တုန်းက အဆိုတော် ကျားပေါက် (ဟန်ထူးလွင်)ကို ရည်ရွယ်တိုက်ခိုက်ဖို့ ‘မှိုင်းဝေ’ ဆိုတဲ့ ချန်နယ်ကနေ ပို့စ်တခုတင်ခဲ့ပြီး ကျန်တဲ့ချန်နယ်တွေမှာ တပြိုင်တည်းမျှဝေခဲ့ပါတယ်။ အဲဒီပို့စ်မှာ ကျားပေါက်နဲ့ ဆွိဝတ် ရည်သောင်းရဲ့ပုံကို ဖော်ပြပြီး မယားငယ်နဲ့နှပ်နေတဲ့ ကျားပေါက်၊ တော်လှန်ရေးက သာယာတယ်နော်လို့ ရေးသားထား တာပါ။

ဒါကိုကြည့်ခြင်းအားဖြင့် အမုန်းစကား ဖြန့်ဖြူးတဲ့သူတွေဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တော်လှန်ရေးစတာတွေကို တိုက် ခိုက်ချင်ရင်တောင် အမျိုးသမီးတွေကိုဆို နှိမ့်ချစော်ကားတဲ့နည်းလမ်းမျိုးကို အသုံးပြုလေ့ရှိတာ မြင်တွေ့ရပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေနဲ့ပတ်သက်ရင် လိင်ပိုင်းဆိုင်ရာ ရင့်ရင့်သီးသီး၊ နစ်နစ်နာနာစကားလုံးတွေ သုံးစွဲပြီး စော်ကားပြောဆိုတဲ့ အမုန်းစကားမျိုးတွေက အမြဲလိုလို ပါဝင်လာပါတယ်။

အမုန်းစကားပုံစံအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ ရှုတ်ချပြစ်တင်ကဲ့ရဲ့တဲ့ပုံစံက ၃၉ ရာခိုင်နှုန်းကျော်နဲ့ နှောင့် ယှက်စော်ကားပြောဆိုတဲ့ပုံစံတွေက ၂၇ ရာခိုင်နှုန်း၊ ခြိမ်းခြောက်တဲ့ပုံစံက ၁၅ ရာခိုင်နှုန်း၊ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်နေတာက ၁၃ ရာခိုင်နှုန်း ရှိတယ်လို့ Beautifier of Diversity Network ရဲ့ ၃ လတာ လေ့လာမှုမှတ်တမ်း တွေအရ သိရပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်များမှ အမုန်းစကား ဖြန့်ချိရေးသားမှုတချို့ မှတ်တမ်းများ

ပြည်သူ့အရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ICCPR) အပိုဒ် ၂၀ (၂) မှာ “ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာစေမယ့် လှုံ့ဆော်မှုတွေပါဝင်တဲ့ နိုင်ငံသားရေးရာ၊ လူမျိုး ရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ မုန်းတီးမှုဖြစ်အောင်လုပ်တဲ့ ဘယ်လိုစည်းရုံးလှုံ့ဆော်မှုမျိုးကိုမဆို ဥပဒေနဲ့ တားမြစ် ရမယ်”လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ မုန်းတီးမှုဖြစ်အောင်၊ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမုန်းတီးမှုတွေ ဖြစ်အောင် စည်းရုံးလှုံ့ဆော်မှုတွေ မှန်သမျှဟာ အမုန်းစကားလို့ ဆိုရမှာပါ။

လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ လေ့လာမှုတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ မြင့်တက်လာတဲ့ အမုန်း စကားဖြန့်ဝေမှုတွေမှာ အတွေ့ရများတဲ့ ပုံစံ ၃ မျိုး ရှိပါတယ်။ ပထမအမျိုးအစားက လူတွေကို လူမျိုး၊ ဘာသာ၊ နိုင်ငံ ရေးခံယူချက်၊ လိင်စိတ်ကွဲပြားမှုတွေအပေါ်မှာ အနိုင်ကျင့်စော်ကား၊ ထိပါးနှောင့်ယှက်တဲ့ အမုန်းစကားမျိုးတွေပါ။

ဒုတိယတခုက နွေဦးတော်လှန်ရေးထဲမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေသူတွေရဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ် ဖော်ပြီး အရေးယူခိုင်းတာ၊ သတ်ဖြတ်ခိုင်းတာ၊ မုဒိမ်းကျင့်ခိုင်းတာမျိုးတွေဖြစ်ပြီး တတိယတခုကတော့ အာဏာရှင် ဆန့်ကျင်ရေးမှာ နည်းလမ်းမျိုးစုံနဲ့ ပါဝင်နေကြသူတွေကို အကြမ်းဖက်တွေ၊ ဓားပြ၊ မုဒိမ်းကောင်တွေအဖြစ်ပုံဖော်တာ၊ နိုင်ငံကို တိုင်းတပါးသို့ ရောင်းစားတဲ့သူ၊ အရပ်သားတွေကို ဒုက္ခပေးနေတဲ့သူ စတဲ့ ပြစ်တင်ပြောဆိုမှုတွေနဲ့ ပုံဖော်ပြီး စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ် ချေမှုန်းမှုတွေကို ပံ့ပိုးပေးတဲ့ အရေးအသားမျိုးတွေ ဖြစ်ပါတယ်။

အဲဒီထဲကမှ တော်လှန်ရေးအတွက် ရန်ပုံငွေရှာထောက်ပို့လုပ်နေတဲ့ မပန်ဆယ်လို အပါအဝင် အမျိုးသမီးတွေကို ရည်ရွယ်တဲ့ တိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို မြင်တွေ့ရတတ်ပါတယ်။ လူသိများတဲ့ အဖြစ်အပျက်တွေကို အသုံးချပြီး အမုန်းစကားပြောဆိုတာမျိုးတွေလည်း မကြာခဏ မြင်တွေ့ရပါတယ်။

“ကောင်မလေးက တကယ်လည်း လူတကာနဲ့ Sex ဖြစ်ဖူးတယ်။ အသက်သာငယ်တယ်၊ ဘဲတွေက ၁၀ ယောက်ကျော်” ဆိုတဲ့ စာသားတွေဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသမီး ငယ်တယောက်ကို ရည်ရွယ်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက ထပ်မံတိုက်ခိုက်လိုက်တဲ့ စကားလုံးတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်တွေဟာ အမျိုးသမီးတွေ၊ ဘာသာခြားတွေဆိုရင် အမုန်းစကားတွေကို ပိုပြီးတော့ မြိန်ရေ ရှက်ရေ သုံးစွဲပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။

“နွေရူးတော်လှန်ရေး ကတုံးတုနဲ့ sex chat တဲ့ နီပိတ် မွတ်ကုလားမ ….. ဒါတောင် ဘေးနားမှာ လင်ငုတ်တုတ်ကြီးနဲ့ ”

အဲဒီစာသားဟာ မသူဇာမြင့်ဆိုတဲ့ အမျိုးသမီးကို ဟန်ငြိမ်းဦး အပါအဝင် စစ်တပ်လော်ဘီချန်နယ်တွေက တပြိုင်တည်း နီးပါး မျှဝေခဲ့တဲ့ စာသားတွေ ဖြစ်ပါတယ်။ ဘာသာရေးခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ လူမျိုးရေးအရခွဲခြားမှု စတဲ့ အမုန်းစကားတွေကို စာကြောင်းတကြောင်းနဲ့တင် စုပြုံရေးသားထားပါတယ်။

ဟန်ငြိမ်းဦး၊ ကကဟန်၊ ဘညွန့်၊ မှိုင်းဝေ၊ မေယုဌာနေ၊ မင်းချစ်ဦး၊ တမာမြေ၊ စန္ဒီမြင့်အောင်၊ သဇင်ဦး၊ နွေဦးတော်လှန် ရေး သင်္ချိုင်းကုန်း၊ တပ်ကြပ်ကြီး ဖိုးစည် စတဲ့ စစ်ကောင်စီ လော်ဘီချန်နယ်တွေဟာ ဝါဒဖြန့်ပို့စ်၊ မုန်းတီးရေးပို့စ်တွေ ကို ချန်နယ်တခုနဲ့တခု မိနစ်မဆိုင်း တပြိုင်နက်နီးပါး တင်နေကြတာပါ။

အဲဒီချန်နယ်တွေထဲမှာမှ ဟန်ငြိမ်းဦး၊ ကကဟန်၊ မှိုင်းဝေ စတဲ့ ချန်နယ်တွေဟာ ဖတ်ရှုသူ ၆၀,၀၀၀ နီးပါးရှိပြီး ကျန်တဲ့ ချန်နယ်တွေမှာလည်း ဖတ်ရှုသူ ထောင်နဲ့ချီရှိပါတယ်။

သူတို့ ရေးသားဖော်ပြနေတဲ့ မသူဇာမြင့်နဲ့ မရေချယ်တို့ဟာ နွေဦးတော်လှန်ရေးဆရာတော်အမည်ခံ အရှင်ကေသရရဲ့ အွန်လိုင်းကနေ လိင်အမြတ်ထုတ်ခံခဲ့ရသူတွေပါ။

ဒီအဖြစ်အပျက်ကိုအခြေခံပြီး ဒီရက်ပိုင်းမှာ ဦးကေသရနဲ့ ရေချယ် အပါအဝင် ထောက်ပို့လို့ခေါ်တဲ့ တော်လှန်ရေးရန်ပုံ ငွေ ရှာဖွေပေးနေသူတွေကို သိမ်းကျုံးတိုက်ခိုက်တဲ့ အမုန်းစကား၊ ဝါဒဖြန့်စကားတွေကို စစ်တပ်လော်ဘီချန်နယ်တွေ က တပြိုင်တည်း ဖြန့်ချိခဲ့ကြတာပါ။

ဒီလိုပြောဆိုမှုတွေကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသူ မသူဇာမြင့်က “အမျိုးသမီးတွေဆိုရင် သူတို့ဘက်က နှစ်ဆ သုံးဆ မိန်းကလေးတယောက်ရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာ ကျသွားလောက်အောင် ပြောဆိုတယ်။ အမျိုးသမီးတွေကို ပိုပြီး ပြောဆိုတာမျိုး ခံစားရတယ်။ ကိုယ်တိုင်လည်း တင်ခံခဲ့ရတော့လေ။ အမျိုးသားတွေဆိုရင်တောင် အဲဒီလောက်မဟုတ် ဘူး။ အမျိုးသမီးတွေဆိုရင် နှစ်ဆလောက် ပြောဆိုတာမျိုး” လို့ ဆိုပါတယ်။

“မွတ်စ်မတို့၊ ကုလားမတို့ဆိုတာ သူ့ရဲ့ ပို့စ်အောက်မှာတွေ့တယ်။ သူတို့ဟာ ဘာသာရေးမှိုင်းတွေကို ဆက်လက်ခေါ် သွားတာ။ စစ်ကောင်စီဘက်ကလူတွေဆိုရင် ဘာသာရေးမှိုင်းတွေ တအားစိုးမိုးထားတာ” လို့လည်း သူက ဆက်ပြော ပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်တွေဟာ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေကို နေ့စဉ်ရက်ဆက် ဖောဖောသီသီ ဖြန့်ချိနေတဲ့ လူမှုကွန်ရက်တွေ ဖြစ်ပါတယ်။

မြန်မာ့အရေးမှာ ရိုဟင်ဂျာပြဿနာကို ထည့်သွင်းဖြေရှင်းဖို့ အင်ဒိုနီးရှားကတောင်းဆိုလိုက်တာနဲ့ ပတ်သက်လို့လည်း “နောက်ဆုံး ဒီကုလားဘူတာပဲ ဆိုက်တာပဲ” ဆိုတဲ့ အမုန်းစကားဖြန့်ဝေမှုမျိုးကို နွေဦးတော်လှန်ရေး သင်္ချိုင်းကုန်းဆိုတဲ့ စစ်တပ်လော်ဘီချန်နယ်တွေက စက်တင်ဘာ ၂၅ ရက်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီတွေဟာ မတူကွဲပြားမှုတွေအပေါ် အခြေခံပြီး နှိမ့်ချဆက်ဆံမှုတွေ၊ စော်ကားပြောဆိုမှုတွေကို နိစ္စဓူဝကိစ္စတရပ်လို လုပ်ဆောင်နေတာပါ။ ဒီလို ခွဲခြားဆက်ဆံမှုပုံစံတွေ အားလုံးဟာ အမုန်းစကားထဲမှာ အကျုံးဝင် တယ်လို့ နိုင်ငံတကာ ပြဋ္ဌာန်းချက်တွေအရ သိရပါတယ်။

ခွဲခြားဆက်ဆံတယ်ဆိုတာကို “လူမျိုး၊ အသားအရောင်၊ မျိုးရိုးဗီဇ၊ နိုင်ငံသား ဒါမှမဟုတ် တိုင်းရင်းသား ဇာစ်မြစ်တို့ အပေါ် အခြေခံပြီးပြုလုပ်တဲ့ မည်သည့်ခွဲခြားမှု၊ ဝိုင်းကြဉ်ဖယ်ထုတ်မှု၊ ကန့်သတ်မှုတွေကိုသာမက ပိုမို ဦးစားပေးနှစ် သက်ခြင်းကိုမဆို” လို့ လူမျိုးရေးခွဲခြားမှု ပုံစံများအားလုံး ပပျောက်ရေး ကုလသမဂ္ဂကြေညာစာတမ်း (ICERD) ရဲ့ ပုဒ်မ (၁) မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ဦးတည် အုပ်စုတစုစုအပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ အပြင်းအထန်ရှုတ်ချမှု၊ ရန်ငြိုးရန်စနဲ့ အလွန်အမင်း စက်ဆုပ်ရွံရှာ ခြင်း စတာတွေရဲ့ ပြင်းထန်ပြီး အဓိပ္ပာယ်မရှိတဲ့ စိတ်ခံစားချက်တွေကိုတော့ ရန်လိုမုန်းတီးခြင်းနဲ့အမုန်းလို့ အဓိပ္ပာယ် ဖွင့်ဆိုဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တန်းတူညီမျှခွင့်ဆိုင်ရာ နိုင်ငံတကာပြဋ္ဌာန်းချက်တခုဖြစ်တဲ့ Camden Principles ရဲ့ အခန်း (၄) မှာ ထပ်မံ ဖွင့်ဆိုထားပါတယ်။

အချို့ကတော့ အမုန်းစကားကို လွတ်လပ်စွာ ပြောဆိုခွင့်လို့ တံဆိပ်ကပ်တပ်ပေမယ့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်နဲ့ အမုန်းစကားဖြန့်ချိခြင်းဟာ လုံးဝကွဲပြားတဲ့ အခြေအနေရှိနေတယ်လို့ နိုင်ငံတကာပြဋ္ဌာန်းချက်တွေမှာ ရှင်းရှင်း လင်းလင်း သတ်မှတ်ထားပြီးသားပါ။

ဒါကြောင့်လည်း အမုန်းစကားဖြန့်ချိတာကို စစ်ကောင်စီဘက်ကတင်မဟုတ်ဘဲ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုဘက်က အချို့သော လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကလည်း ပြုလုပ်တာမျိုး ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအချင်းချင်း စည်းလုံးညီညွတ်ကြဖို့ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ sisters to sisters အဖွဲ့ ဦးဆောင်သူ တဦးဖြစ်တဲ့ မသဉ္ဇာရွှန်းလဲ့ရည်က “စစ်အုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့သူကို ပစ်မှတ် ထား တိုက်ခိုက်ချင်တာနဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ၊ သူရဲ့ ဖြစ်တည်မှုကို တိုက်ခိုက်တဲ့အထိကို ရောက်သွားတယ်။ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်တဲ့နေရာမှာလည်း သူ့ရဲ့ အမျိုးသမီးဖြစ်တည်မှုကို အခြေခံပြီး လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အရေးအသားမျိုးတွေ အများကြီးထွက်လာတယ်” လို့ ပြောပါတယ်။

ဥပမာအနေနဲ့ ဒေါ်သက်သက်ခိုင်ကို ရည်ရွယ်တိုက်ခိုက်တဲ့ အရေးအသားအများအပြားမှာဆိုရင် လိင်စိတ်ခံယူကွဲပြားမှု (LGBT) အပေါ် ထိုးနှက်တဲ့အခြေအနေတွေကို မြင်တွေ့ရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ အိမ်ထောင်ဘက်ဖြစ်သူ ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းဟာ လိင်ပြောင်းခွဲစိတ်ထားသူတဦး ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ကို စကားလုံးတွေနဲ့ တိုက်ခိုက်တဲ့အခါ ဒေါက်တာအောင်ကျော်ဝင်းရဲ့ လိင်ခွဲစိတ်ထားမှုကို ဦးတည် ပြက်ရယ်ပြုနေမှုက အများစုဖြစ်တာကြောင့် LGBT နဲ့ လိင်တူချင်း လက်ထပ်သူတွေကို ဦးတည်တိုက်ခိုက်သလို ဖြစ် နေပါတယ်။

ဒါမျိုးတွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ကို မကြိုက်လို့ တော်လှန်နေတဲ့ ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ သတိထားဖို့ လိုမယ်ဆိုတဲ့ အကြံပြုတိုက်တွန်းချက်တွေလည်း ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ကောင်စီလော်ဘီ ချန်နယ်တွေကတော့ အမုန်းစကားတွေကနေ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ၊ အကွဲအပြဲတွေ ပိုဖြစ်လာခဲ့ရင် အကျိုးအမြတ်ရရှိမှာဖြစ်လို့ ဗျူဟာ တခုအနေနဲ့သုံးပြီး စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန် ဖြန့်ချိနေတာမျိုး ဖြစ်ပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်များမှ အမုန်းစကား ဖြန့်ချိရေးသားမှုတချို့ မှတ်တမ်းများ

စစ်တပ်ထောက်ခံတဲ့ လော်ဘီချန်နယ်တွေ အထူးသဖြင့် တယ်လီဂရမ်ချန်နယ်တွေမှာ အကြောင်းအရာတခုအပေါ် တစိုက်မတ်မတ် တချိန်တည်းမှာပဲ ပြောဆိုနိုင်တာတွေဟာ လူအင်အားများစွာနဲ့ကို ရည်ရွယ်ချက်ရှိရှိ ချိတ်ဆက်လုပ် ဆောင်နေတာ ဖြစ်တယ်လို့ တယ်လီဂရမ်ကို စောင့်ကြည့်လေ့လာနေသူတွေက သုံးသပ်ပါတယ်။

ထောက်ပို့တွေက မယားငယ်နဲ့ နှပ်နေတယ်ဆိုတာမျိုး၊ ခေါင်းဆောင်တွေက ဇိမ်ခံနေပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေက သေနေရတယ်ဆိုတာမျိုး၊ PDF တွေဟာ မုဒိမ်းကောင်၊ အကြမ်းဖက်တွေဆိုတာမျိုး၊ ဗမာတွေ ကရင်မတွေနဲ့ သားဖောက်နေတယ်ဆိုတာမျိုး စသဖြင့် လူ့အဖွဲ့အစည်းတွေရဲ့ ညီညွတ်မှုကို ကွဲပြဲအောင်လို့ အဆိုးရွား ဆုံး စကားလုံးတွေနဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီလို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတဲ့ အမုန်းစကားတွေဟာ သာမန်စကားလုံးတွေထက် ဆိုးရွားပြီး လူမှု အသိုင်းအဝိုင်းထဲက ရှိရင်းစွဲမတူညီမှုတွေအပေါ် များစွာသက်ရောက်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေပါ။ ဒီအမုန်းစကား တွေကနေပဲ ဘက်မတူသူတွေကြား ပဋိပက္ခတွေ ပိုဖြစ်လာနိုင်စေတယ်လို့လည်း စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ ပိုပြီးဖြစ်လာတာဟာ ဖိုဝါဒ ကြီးစိုးတဲ့ စစ်တပ်ရဲ့ သဘောသဘာဝကြောင့်ဆိုတဲ့ အချက်တချက်လည်းပါဝင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စစ်အုပ်စုကို ဆန့်ကျင်တဲ့စာတွေ ဆိုရှယ်မီဒီယာမှာ ရေးသားလို့ဆိုကာ စစ်ကောင်စီလော်ဘီချန်နယ်တွေကနေပြီးတော့ Screen Shot တွေနဲ့ ဖမ်းဆီးဖို့လှုံ့ဆော်ခံရပြီးနောက် ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေ ထက်ဝက်မက ပါဝင်နေခဲ့ ပါတယ်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို ဝမ်းနည်းကြောင်းဖော်ပြလို့ ဖမ်းဆီးပါဆိုပြီး စစ်တပ်လော်ဘီ ချန်နယ် တွေကနေ လှုံ့ဆော်ခဲ့မှုကြောင့် ဦးကျော်မင်းဆွေ၊ မေပန်းချီနဲ့ ရွှေရည်သိန်းတန်၊ မေလသံစဉ်၊ မြတ်သူသူ (ခ) မိုးမိုးမြတ် ဇင် တို့ကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မျိုး‌တွေ အကြိမ်ပေါင်းရာနဲ့ချီ ဖြစ်ပျက်နေခဲ့တာပါ။

လော်ဘီချန်နယ်တွေက လှုံ့ဆော်ပြီးတိုင်းမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်အားပေးလို့ အမည် တပ်ပြီး ဖမ်းဆီးတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးတဲ့အခါမှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအမျိုးမျိုးနဲ့ ထပ်မံပုတ်ခတ်ပြီး ရေးသားလေ့ရှိပါတယ်။

“အကြမ်းဖက်အားပေး ဖက်ခွက်စားဖာ++ မေပန်းချီ၊ ရွှေရည်သိန်းတန်နဲ့ မေလသံစဉ် တို့ကို ဖမ်းဆီးစစ်ဆေးနေတာ ဝမ်းသာပါတယ်။ ဒါပေမယ့် တခြားအွန်ချောင်တွေမိသလိုမျိုး ဒူးထောက်လက်ထိပ်နဲ့ပုံတွေ တင်ပေးစေချင်တယ်။ ဒီကောင်မတွေကို နာမ်ကိုနှိမ်ထားသင့်တယ်လေ ဘာတွေသက်ညှာ” လို့ ကြည့်ရှုသူ ၁၆,၀၀၀ ကျော်ရှိတဲ့ ဟန်ငြိမ်းဦးရဲ့ ချန်နယ်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ချက်တွေကို စိစစ်ကြည့်တဲ့အခါ ၂၀၂၂ ဖေဖော်ဝါရီလကနေ ၂၀၂၃ မေလအတွင်းမှာကို ဖမ်းဆီးခံရသူပေါင်း ၁,၁၀၀ ကျော်အနက် ၅၇ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို ပိုဖမ်းဆီးတာဟာ စစ်တပ်ရဲ့ ဖိုဝါဒကြီးစိုးမှုတွေ၊ အကြောက်တရား ဖြန့်ဖြူးတဲ့နေရာမှာ ပိုပြီးထိ ရောက်တယ်ဆိုတဲ့ ယူဆချက်တွေပေါ်မှာ အခြေခံတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်က “စစ်အုပ်စုသည် ဖိုဝါဒကြီးစိုးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ဖြစ်ရပ်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေအပေါ်မှာ ပစ်မှတ်ထားတာကို ကြည့်ခြင်းအားဖြင့် မဟာဖိုဝါဒ ခေါင်းထောင်လာတာလို့ သုံးသပ်လို့ရ တယ်” လို့ ဆိုပါတယ်။

လူမှုသဟဇာတဖြစ်မှု၊ စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေဖို့ရည်ရွယ်ပြီး စစ်အုပ်စုလုပ်ဆောင်နေတဲ့ အမုန်းစကားတွေ ကို စနစ်တကျ တွက်ချက်ဖြန့်ဝေမှုဟာ မုန်းတီးမှုတွေ၊ ပဋိပက္ခတွေနဲ့ ပိုပြီးကွဲပြားမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမုန်းစကားတွေဟာ လူ့အဖွဲ့အစည်း အခြေခံအုတ်မြစ်တွေကို ဖြိုချပစ်နိုင်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။

စစ်အာဏာရှင်လက်အောက် ဥပဒေစိုးမိုးရေးမဏ္ဍိုင် လုံးဝ ယိုယွင်းပျက်စီးနေတာကြောင့် ပညာပေးဟောပြောတာတွေ၊ စည်းရုံးလှုံ့ဆော်မှုတွေနဲ့ တန်ပြန်နိုင်ဖို့ ကြိုးစားရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီဆိုးရွားမှောင်မိုက်လွန်းတဲ့ အခိုက် အတန့်ဟာ ဆက်လက်ရှည်ကြာနေဦးမှာဖြစ်သလို မြန်မာလူ့အဖွဲ့အစည်းရဲ့ ခံနိုင်ရည်အားကို စမ်းသပ်နေတာပါ။

စစ်ကောင်စီက အရှိန်အဟုန်နဲ့ဖြန့်ဝေနေတဲ့ အမုန်းတရားရေစီးကြောင်းကို တွန်းလှန်ဖို့ဆိုတာ လူမှုသဟဇာတဖြစ်မှု၊ နားလည်မှု၊ ပေါင်းစည်းမှုတွေ လိုအပ်သလို တော်လှန်ရေးသမားတွေ ကိုယ်တိုင်ကလည်း အမုန်းတရားကို လက်ခံ ဆင့်ပွား ဖြန့်ချိနေတဲ့ပုံစံ မဖြစ်ဖို့လည်း လိုအပ်တယ်လို့ အမုန်းစကား လေ့လာစောင့်ကြည့်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွးလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။ ။

You may also like these stories:

လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ

စစ်တပ် လော်ဘီချန်နယ်များ လှုံ့ဆော်မှုကြောင့် မန္တလေး၌ တပတ်အတွင်း ၁၆ ဦး အဖမ်းခံရ

အနုပညာရှင်များကို ပစ်မှတ်ထား အန္တရာယ်ပြုလာသည့် တယ်လီဂရမ် အကောင့်များ

Your Thoughts …
Tags: Sliderစစ်ကောင်စီတယ်လီဂရမ်အမုန်းကားအမျိုးသမီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved