• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ

by ဧရာဝတီ
19 August 2023
in ဆောင်းပါး
A A
လူထုကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ လော်ဘီများ

စစ်ကောင်စီအတွက် ဝါဒဖြန့်နေကြတဲ့ တယ်လီဂရမ်အကောင့်များ

9.1k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်မှာ ကိုယ်နှစ်သက်တဲ့ ပန်းလေး တပွင့်ကို ဦးခေါင်းထက်မှာ ပန်မိလို့ မိန်းကလေးတယောက် အဖမ်းခံရတဲ့ ဖြစ်စဉ်တွေ မြန်မာပြည်မှာ ရှိတယ်ဆိုရင် သင်ယုံပါသလား။

အဲ့ဒီလို အကြမ်းဖက် ဖမ်းဆီးတဲ့လုပ်ရပ်တွေကို ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အကျဉ်းသား လူပုဂ္ဂိုလ်ရဲ့ မွေးနေ့မှာ အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆုတောင်းသူတွေ၊ ပန်း ပန်ထားတာ (သို့မဟုတ်) ပန်းစည်းကိုင်ထားတဲ့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့သလို၊ Facebook ပေါ်မှာ ပန်းပန်ထားတဲ့ ဓာတ်ပုံတွေကို Post တင် မျှဝေခဲ့သူတွေကိုလည်း ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် အကောင့်တွေက လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေရဲ့ စေခိုင်းမှုကြောင့် “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ခေါင်းဆောင်စစ်စစ်” ဆိုတဲ့ ရုပ်သံကို လွှင့်တင်ခဲ့တယ်ဆိုပြီး သရုပ်ဆောင် ပိုးကြာဖြူခင် အဖမ်းခံခဲ့ရပါတယ်။ ပိုးကြာဖြူခင် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ ပန်းပန်ခဲ့သူတွေ၊ မွေးနေ့ဆုတောင်း ပေးသူတွေ တပတ်အတွင်း ပြည်သူ ၅၀ ကျော်ကို နိုင်ငံတော် ဆူပူ အောင် လှုံ့ဆော်ရေးသားမှုနဲ့ ဖမ်းဆီးထားတဲ့အကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေနဲ့ အင်တာနက် လူမှုကွန်ရက် တွေမှာ ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ရေးသားတာ၊ အနက်ရောင် ပရိုဖိုင်ပုံ တင်တာ၊ ပန်းပန်သူတွေကို ဖမ်းဆီးတရား စွဲနေတာဟာ စစ်ကောင်စီက ကာကွယ်စောင့်ရှောက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဥပဒေ ပညာရှင်တွေက ဝေဖန်ကြပါတယ်။

“ဘယ်လိုလုပ် ငြိစွန်းမှာလဲဗျာ၊ ပန်းပန်တာပဲ၊ ပန်းပန်တာက ဥပဒေအမြင်အရ ဘယ်လိုမှကို သီးခြားအရေးယူစရာ မရှိပါဘူး။ ပြောမယ်ဆို ဥပဒေအကြောင်းအရဆို ဘာအဓိပ္ပာယ်မှ မရှိဘူး။ ထို့အတူပဲ အခုလို ထူးခြားတဲ့ အခြေနေ မဟုတ်ဘဲ သာမန်အခြေနေ တခုမှာဆို ပြန်တောင်တရားစွဲလို့ ရနိုင်တဲ့ ကိစ္စမျိုးပဲ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရား လွှတ်တော် ရှေ့နေတဦးက ထောက်ပြပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူတွေသာမက အာဏာသိမ်း စစ်ကောင်စီ ဝန်ကြီးဌာနတွေရဲ့ အားနည်းချက်တွေ၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်သူတွေကိုပါ ဖမ်းဆီးဖို့ တိုက် တွန်းလှုံ့ဆော်တာတွေကို လုပ်ဆောင်ကြပါတယ်။

တေးရေးနိုင်မြန်မာရဲ့ သား အဆိုတော် ဗျူဟာ ဟာ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်တာကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုလိုက်တဲ့နောက် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် အကောင့်တွေမှာ ဖော်ပြခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးပြီး တရားစွဲဆို အကျဉ်းချလိုက်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီလအတွင်းက လေ‌ကြောင်း တိုက်ခိုက်ခံရလို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်းတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ အမည်းရောင်ပုံ ပြောင်းလိုက်တဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ တခြား အနုပညာရှင်တွေလည်း တယ်လီဂရမ် အကောင့်တွေမှာ ဖော်ပြခံရပြီးတဲ့နောက် ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေ သရုပ်ဆောင် မေပန်းချီ၊ သရုပ်ဆောင် မြတ်သူသူ၊ အဆိုတော် ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ်တို့ကို စစ်ကောင်စီဟာ ဇူ လိူင်လ ၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီအကောင့်ပုန်းတွေဟာ နိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ သာမကဘဲ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ လုပ်ကိုင်နေကြတဲ့ သတင်းထောက်တွေကိုပါ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တာတွေ တွေ့ရပါတယ်။ ဇူလိုင်လထဲမှာ RFA နဲ့ BBC မှာ လုပ်ကိုင်နေတဲ့ သတင်းထောက်တွေဆိုပြီး သတင်းသမား အမျိုးသမီး ၂ ဦးကို ဖမ်းဆီးဖို့ ဟန်ငြိမ်းဦး၊ ကျော်စွာ အစရှိတဲ့ တယ်လီဂရမ် အကောင့်တွေကနေ လှုံ့ဆော်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လွတ်မြောက်နယ်မြေ တခုကို ရောက်နေပြီဖြစ် တဲ့ သတင်းစာဆရာ ကိုနိုင်ကြီး(အမည်လွှဲ) က “အဲ့ချိန်က ပါလာပြီးတုန်း ကဆိုရင် ကျနော်တို့ အပေါင်းအသင်းတွေက မင်းတို့ပါလာပြီ ပြေးတော့ ဘာညာဆိုတော့ ကျနော် တို့လည်း ဘယ်ပြေးရမှန်း မသိဘူးလေ။ အဲ့ဒါနဲ့ ကျနော်တို့ လုံခြုံရတဲ့ တနေရာရာမှာ ၅ ရက်၊ ၆ ရက်လောက် အိမ်ထဲက အိမ် ပြင်မထွက်ပဲ ခိုလှုံပြီး လွတ်မြောက်တဲ့ နေရာတခုကို ပြေးခဲ့ရတယ်ပေါ့” လို့ စစ်ကောင်စီ ဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်ကနေ ခြိမ်းခြောက်လို့ ထွက်ပြေးခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်ကနေ ညနေ ၆ နာရီ ညမထွက်ရအမိန့် (မာရှယ်လော) ကန့်သတ်ချိန် မတိုင်ခင် နာရီဝက်ခန့် အလိုမှာ ကိုနိုင်ကြီး (အမည်လွှဲ)ကို ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့တာကြောင့် ကိုနိုင်ကြီး(အမည်လွှဲ) ဟာ အဲ့ဒီ နာရီဝက်အတွင်းမှာ သူအပါအဝင် ဇနီးနဲ့ သားသမီး ၂ ဦးတို့ကို ဘေးကင်းလုံခြုံတဲ့ ယာယီနေရာတခုကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပြီး၊ အဲ့ဒီကနေတဆင့် လွတ်မြောက်နယ်မြေကို အဆင့်ဆင့် ခက်ခက်ခဲခဲ ထွက်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ တပ်ကြပ်ကြီးဖိုးစီ အစရှိတဲ့ တယ်လီဂရမ် အကောင့်တွေကနေ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ရုပ်ရှင်သဆောင် မင်းမော်ကွန်း၊ အွန်လိုင်း Influence ပန်ဆယ်လိုရဲ့ မိသားစုဝင်၊ ဆွေမျိုးတွေကို သတ်ဖြတ်ဖို့ ဓာတ်ပုံတွေနဲ့ တကွ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လှုံ့ဆော်ခဲ့ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

မနက်ပိုင်း ဘာသာရေးအရ ဘုရားပုံတွေ၊ ဘုန်းကြီးပုံတွေ၊ ဆုတောင်းမေတ္တာပို့သတဲ့ ပို့စ်တွေနဲ့ စတဲ့ ဒီအကောင့်တွေဟာ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို အပုတ်ချတာ၊ လိင်ပိုင်းဆိုင်ရာအရ ယုတ်ရင့်ကြမ်းတမ်းတဲ့ ဆဲဆိုမှုတွေ၊ ပုံဖျက်မှုတွေ ပြုလုပ်တဲ့ အပြင် ဖမ်းဆီးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှု၊ ဝါဒဖြန့်မှုတွေကို တနေကုန်လုပ်ဆောင်ကြတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လ အတွင်းမှာဆိုရင်လည်း ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးရဲ့ ပုံတွေဆိုပြီး မဖွယ်မရာ ဓာတ်ပုံတွေကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေမှာ ဖော်ပြခဲ့တဲ့အပြင် သရုပ်ဆောင် သန္တာလှိုင်နဲ့ ပတ်သက်တဲ့ အိမ်တွင်းရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ အသံဖိုင်တွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ဆက်တိုက်ဖော်ပြနေတာကို တွေ့ရပါတယ်။

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့၊ ဖမ်းဆီးအ ကျဉ်းချထားဖို့ အပါအဝင် ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့အထိပါ ဒီအကောင့်တွေက နေ့စဉ် လှုံ့ဆော်ပေးနေပြီး၊ လူထုလုံခြုံရေးကို ခြိမ်းခြောက်မှုတွေနဲ့ သတင်းမှားတွေကို ကြီးမားကျယ်ပြန့်လာအောင် ဒီအကောင့်တွေက ကြိုးပမ်းနေကြတာ ဖြစ်တယ်လို့ စစ်လော်ဘီတွေရဲ့ အွန်းလိုင်းပလက်ဖောင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေက ပြော ပါတယ်။

အဲ့ဒီအကောင့်တွေကို စစ်ထောက်လှမ်းရေး ယန္တရား အစိတ်အပိုင်းတခု ဒါမှမဟုတ် စစ်ကောင်စီ ကျောထောက်နောက်ခံ ရှိတဲ့သူတွေက အုပ်စုဖွဲ့ပြီး လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ စစ်လော်ဘီတွေရဲ့ အွန်းလိုင်းပလက်ဖောင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ RO Telegram Monitoring အဖွဲ့က အတည်ပြုပါတယ်။

၎င်းက “ကျော်စွာတို့၊ ဟန်ငြိမ်းဦးတို့၊ တပ်ကြပ်ကြီးဖိုးစီ၊ သဇင်ဦးတို့။ စန္ဒီမြင့်အောင်တို့ စသဖြင့် အများကြီးပေါ့လေ၊ သူတို့တွေက တကယ်တမ်းကျတော့ တဦးတည်းတော့ မဖြစ်နိုင်ဘူးပေါ့နော်။ သူတို့က အုပ်စုနဲ့ အလုပ်လုပ်နေတယ်လို့ ယူဆတယ်။ ပြီးရင် သူတို့က စစ်တပ်ရဲ့ ထောက်ပံ့မှုကို ရယူပြီးတော့ သူတို့က ဒီအလုပ်ကို စနစ်တကျ ရမ်းနေတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း လူမှုကွန်ရက် စာမျက်နှာ တခုဖြစ်တဲ့ Facebook က စစ်တပ်ရဲ့ လူမှုကွန်ရက် အသုံးပြုမှုကို ပိတ်ပင်လိုက်သလို၊ အမုန်းစကား ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့ အရေးယူတာတွေ လုပ်ဆောင်လာ တာကြောင့် စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန်ချီရေး လုပ်ဆောင်သူတွေဟာ တယ်လီဂရမ် (Telegram) ပလက်ဖောင်းကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်နေကြတဲ့ တယ်လီဂရမ်အကောင့်များ

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီကို သတင်းပေး ကူညီနေသူတွေ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ စစ်ကောင်စီ ထောက်ခံသူ မျိုးချစ်အဖွဲ့လို့ ဆိုသူတွေက ဆိုရှယ်မီဒီယာနဲ့ တယ်လီဂရမ် အပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုတဲ့ တန်ပြန်လှုံ့ဆော်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာနဲ့ တယ်လီဂရမ် အပေါ်မှာ ခြိမ်းခြောက်မှုတွေ စတင်ခဲ့ပြီး ရက်ပိုင်းအတွင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ တတိယပတ် အတွင်းမှာ မန္တလေးမြို့က NLD ပါတီဝင်နဲ့ ပါတီထောက်ခံသူ ၈ ဦးခန့် အသတ်ခံခဲ့ရပြီး၊ သေဆုံးသူတွေကို သွေးသောက်အမှတ် တံဆိပ်လည်ဆွဲတွေ ဆွဲပေးထားတာကိုလည်း တွေ့ရပါတယ်။

သွေးသောက်အမည်ခံ အဖွဲ့ရဲ့ သတ်ဖြတ်ခံရပြီး သေဆုံးမှု ဖြစ်စဉ်တွေထဲမှာ မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဟိန်းထက်ရဲ့ အဘိုးဖြစ်သူလည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားရင်း အကြည်ညိုပျက်စေမှု ၅၀၅ – က နဲ့ ဖမ်းဝရမ်းထုတ်ခံရတာကြောင့် မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး၊ လွတ်မြောက်နယ်မြေ တစ်နေရာမှာ စစ်ပညာ သင်ကြားနေတဲ့ ကိုဟိန်းထက်ရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ကြဖို့ ကျော်စွာ၊ ဟန်ငြိမ်းဦး စတဲ့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်ကနေ သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တာ ဖြစ် ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်ကနေ သတ်ဖြတ်ဖို့ လှုံ့ဆော်ခံခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်မှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲမှာ နေထိုင်တဲ့ ကိုဟိန်းထက်ရဲ့ အဘိုးဖြစ်သူကို နေအိမ်အရှေ့မှာ အမည်မသိ လူတစု က သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး၊ အဲ့ဒီလူသတ်မှုကို ရန်ကုန်သွေးသောက် အဖွဲ့က ပစ်သတ်ခဲ့တာလို့ အမျိုးသားရေး အစွန်းရောက် သူ တချို့က ထုတ်ပြန်ခဲ့ကြတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အွန်လိုင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေဟာ ပိုမိုဆိုးဝါးလာပြီး၊ ပြည်သူတွေ ကြောက်ရွံ့လာစေဖို့အတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ၊ IT ပညာ ကျွမ်း ကျင်သူ ဦးနေဘုန်းလတ်က သုံးသပ်ပါတယ်။

၎င်းက “အကြောက်တရား သွင်းတာပေါ့နော်၊ သူတို့ကလည်း အဲ့လိုဖြစ်စေချင်တာ။ သူတို့က ဖမ်းပါဆိုရင် တကယ် လိုက်ဖမ်းတယ်ဆိုတဲ့ စနစ်ကြီး တခုလုံးကို သူတို့ဘာသာ ဖန်တီးထားပြီးတော့ တဖြည်းဖြည်း နဲ့ လူထုရဲ့ ကြားထဲမှာ အကြောက်တရားကို သွပ်သွင်းလာတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ မီဒီယာ တန်ပြန်စစ်ဆင်ရေး အနေနဲ့ တယ်လီဂရမ်အကောင့် (Telegram Channel) မှာ Account များစွာ ဖွင့်ပြီး၊ သတင်းအမှားတွေ ဖြန့်ဝေတာ အပါအဝင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအတွက် ထောက်ပံ့သူတွေကို ဖမ်းဆီးဖို့ သတင်းပေး၊ ခြိမ်းခြောက်တာတွေက အခု နောက်ပိုင်းမှာ ပိုမိုမြင့်တက်လာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်ဆီးမရချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့နဲ့ သတ်ဖြတ်ဖို့ထိပါ ဖိအားပေးစေ ခိုင်းတာတွေကို ဆက်တိုက်လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။

ဦးနေဘုန်းလတ်က “အထူးသဖြင့်တော့ အကြမ်းဖက် စစ်တပ်နဲ့ သက်ဆိုင်တဲ့ လော်ဘီတွေ၊ နောက် အကြမ်းဖက် စစ်တပ်ကို အားပေးအားမြှောက် ပြုတာမျိုးတွေဆိုရင် FB က ဖြုတ်ချတယ်၊ အဲ့အခါမျိုးမှာ FB မှာ နေရာယူလို့ မရတော့ တခြားချန် နယ်တွေနဲ့ သုံးလာတယ်၊ အဲ့ထဲမှာမှ တယ်လီဂရမ်ကို ဦးစားပေးပြီး သုံးလာတာကို တွေ့ရတယ်“ လို့ သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းမှုလက်မခံတဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့အတွက် ကျော်စွာ၊ ဘညွှန့်၊ ဟန်ငြိမ်းဦး၊ တပ်ကြပ်ကြီးဖိုးစီ၊ Pan၊ Ariel Golden Myanmar ၊ MDY image စတဲ့ ထင်ပေါ်ကျော်ကြားတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ် (Telegram Channel) Account ၁၉ ခုကနေ အဓိက ဖြန့်ဝေနေပြီး။ အဲ့ဒီ မူရင်းဖြန့်ဝေမှုတွေကို ထပ်ဆင့်ဖြန့်ဝေပေးတဲ့ Telegram Channel) Account ၅၀ ကျော် ရှိတယ်လို့ စစ်လော်ဘီတွေရဲ့ အွန်းလိုင်းပလက်ဖောင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ယူအေအီး-အာရပ် စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှာ အခြေစိုက်တဲ့ တယ်လီဂရမ် လူမှုကွန်ရက် အပလီကေးရှင်းကို ရုရှားနိုင်ငံဖွား Pavel Durov (ပါဗဲလ် ဒူးရို့ဗ်) က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ပါဗဲလ် ဒူးရို့ဗ်ဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ ခရိုင်းမီးယား အ‌ရေးအခင်းမှာ တယ်လီဂရမ်သုံးတဲ့ ယူကရိန်း နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရုရှားလုံခြုံရေးဌာနက တောင်းတာကို လွှဲမပေးခဲ့တဲ့အတွက် တိုင်းပြည်ကနေ ထွက်ခွာခဲ့ရပြီး၊ လက်ရှိမှာ ကာရေဗီယန် ကျွန်းနိုင်ငံလေး ဖြစ်တဲ့ Saint Kitts and Nevis မှာ အခြေချ နေထိုင်နေတယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးချုပ်မှာ တာဝန်ထမ်းဆောင်နေစဉ် မတ်လအတွင်း CDM မှာ ပါဝင်ခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီး ညီသုတကလည်း ကျော်စွာ၊ ဘညွှန့်၊ ဟန်ငြိမ်းဦး၊ တပ်ကြပ်ကြီးဖိုးစီ စတဲ့ ဝါဒဖြန့် တယ်လီဂရမ် အကောင့်တွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

ဗိုလ်ကြီး ညီသုတ က “ဒီအကောင့်တွေကတော့ ထောက်လှမ်းရေး ဌာနတွေ၊ ရဲစခန်းတွေနဲ့တော့ ဆက်စပ်နေတာပဲ၊ များသောအားဖြင့်တော့ ထောက်လှမ်းရေး ဌာနတွေရော၊ ရဲစခန်းတွေရော ဒီအချက်လက်တွေကို ပြန်သုံးတယ်။ အထူးသဖြင့် သူတို့က မြန်မြန်ဆန် ဆန် လုပ်တာတွေရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူကို အကြောက်တရား သွပ်သွင်းချင်တယ်။ အထူးသဖြင့်တော့ ပိုပြီးတော့ ဩဇာရှိတဲ့ သူတွေပေါ့။ အနုပညာ နယ်ပယ်၊ စီးပွားရေးနယ်ပယ်က ဩဇာရှိသူတွေက ထောက်ခံလာပြီဆိုရင် သူတို့ဟာ ချက်ချင်း၊ လက်ငင်း အရေးယူဖို့အတွက် ကြိုးစားတယ်။ ဒါကြောင့်လဲ သူတို့ရဲ့ ယန္တယားက မြန်တယ်လို့ ထင်ရတာပါ” လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ချီရေး တယ်လီဂရမ် အကောင့်တွေဟာ လက်ရှိအချိန်မှာလည်း CDM မှာ ပါဝင်သူတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ထောက်ခံတယ်လို့ ယူဆထားသူတွေကို အကြမ်းဖက်ဖမ်းဆီးဖို့၊ မိသားစုဝင်တွေကို သတ်ဖြတ်ဖို့၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်သိမ်းဆည်းဖို့ ပုံမှန်လှုံ့ဆော်ခြိမ်းခြောက်လျက် ရှိပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်ချီရေး တယ်လီဂရမ် အကောင့်တွေက သတ်ဖြတ်ဖို့ လှုံ့ဆောင်ခံရသူတွေကို စစ်ကောင်စီ အားပေးထောက်ခံသူ အပေါင်းအပါတွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးသောက်၊ သွေးသစ္စာ စတဲ့ အမည်ခံအဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုတွေကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဖြစ်စဉ်တချို့မှာ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်က ထုတ်ဖော်ပြောကြားထား ပါတယ်။

NUG၊ CRPH အပါအဝင် သူတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ – ၁၂၄ (က) ၊ ပုဒ်မ – ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ – ၃၃ (က) အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ မကြာခဏ ဖော်ပြလေ့ရှိပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကတော့ စစ်ကောင်စီ ဝါဒဖြန့်ချီရေး တယ်လီဂရမ် အကောင့်တွေကို ကြိုးကိုင်နေသူ တွေနဲ့ လူသတ်မှု ကျူးလွန်သူတွေကို တချိန်မှာ ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောပါတယ်။

ဦးနေဘုန်းလတ်က “ကျနော်တို့တွေကတော့ Case တွေဖြစ်တိုင်းမှာ Case ဖိုင်တွေတွဲပြီးတော့ ပြုစုပါတယ်။ တဖြည်း ဖြည်းနဲ့ တော်လှန်ရေးဟာ အောင်မြင်တဲ့ တနေ့ကျရင်တော့ ဒီကွန်ရက်ကြီးတခုလုံးကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီကွန်ရက်မှာ ပါဝင်တဲ့သူတွေ၊ ဘယ်သူတွေက ဦးဆောင်လဲ စသဖြင့်ပေါ့နော် အဲ့ဒီဟာကို ကျနော်တို့ အချက်လက်တွေလည်း ရသင့်သလောက် ရထားပါတယ်” လို့ ပြောပါ တယ်။

အဲ့ဒီလို လှုံဆော်မှုတွေဟာ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်သလို၊ ခြိမ်းခြောက်မှုတွေက အကြမ်းဖက်မှု မြောက်တယ်လို့လည်း ဒီဂျစ်တယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြထား ကြပါတယ်။

ကမ္ဘာပေါ်က လူမှုဆက်သွယ်ရေး ကွန်ရက်တွေဟာ လူသားအချင်းချင်း ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆက်ဆံနိုင်ဖို့ တီထွင် ဖန်တီးထားတဲ့ နည်းပညာ ပလက်ဖောင်း တွေဖြစ်ပါတယ်။ တယ်လီဂရမ်ချန်နယ်ဟာလည်း ဒီလို အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

ဒီပလက်ဖောင်းကို မြန်မာတွေကြားမှာလည်း လူမှုရေး၊ စီးပွားရေး အတွက်အသုံးပြုမှုတွေ ရှိနေကြသလို ညစ်ညမ်း ရုပ်သံတွေ၊ တရားမဝင် လောင်းကစားလုပ်ငန်းတွေနဲ့ အကြမ်းဖက်မှုတွေအတွက် အသုံးပြုနေကြတာကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။

အဆိုးဝါးဆုံးကတော့ တိုင်းပြည် အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေဟာ စစ်ကောင်စီထောက်ခံတဲ့ ဒီတယ်လီဂရမ် အကောင့်တွေကတဆင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ နေ့စဉ်နဲ့အမျှခြိမ်းခြောက်ခံနေရတာဖြစ်ပါတယ်။

Your Thoughts …
Tags: SliderTelegramစစ်ကောင်စီတယ်လီဂရမ်လော်ဘီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တော်လှန်ရေးအဖွဲ့များက အကူအညီပေးရေးကို နှောင့်ယှက်ဆိုသည့် စွပ်စွဲချက် မမျှတ

တော်လှန်ရေးအဖွဲ့များက အကူအညီပေးရေးကို နှောင့်ယှက်ဆိုသည့် စွပ်စွဲချက် မမျှတ

စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved