အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ဒီရက်ပိုင်းအတွင်း “Atlantis Gay Cruise” ဆိုတဲ့ တကမ္ဘာလုံးက Gay ပေါင်း အယောက် ၅,၀၀၀ ကျော်ပါတဲ့ သင်္ဘောပေါ်ကို သွားရောက်လည်ပတ်ခဲ့ပြီး အဲဒီမှာ တွေ့ကြုံရတာတွေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ပြန်လည်မျှဝေတဲ့အခါ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
သူမျှဝေပေးခဲ့တဲ့ Gay Cruise အကြောင်း အပါအဝင် အမေရိကန်နိုင်ငံရဲ့ Gay ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံက မတူညီတဲ့ အခြေအနေတွေ၊ မြန်မာ့လူမှုအသိုင်းအဝိုင်းက လိင်စိတ်ခံယူကွဲပြားသူတွေ (LGBTQ) အပေါ်ထားတဲ့ ရှေးရိုးစွဲအမြင်တွေအပေါ် သဘောထား၊ လိင်တူချင်းကလေးမွေးဖွားခြင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဥက္ကာမင်းမောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ Gay Cruise ပေါ် သွားရောက်လည်ပတ်တာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ အတော်လေး လူပြောများခဲ့ပါတယ်။ ဒီအပေါ် ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ Facebook ကြည့်လိုက်တာနဲ့ ကျနော့်အကြောင်းပဲ။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေအနေနဲ့လည်း ကျနော်တင်တဲ့ ဗီဒီယိုတွေကို ကြည့်ပေးကြတယ်။ သူတို့လည်း သွားရသလို ခံစားကြရတယ်။ ကျနော်လည်း ဝမ်းသာပါတယ်။ သူတို့မကြုံဖူး၊ မကြားဖူးတဲ့အရာတွေကို ပြသခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။
မေး ။ ။ ကိုယ်ပြသလိုက်တဲ့ Gay ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဝေဖန်သံအမျိုးမျိုး ထွက်ပေါ်လာတဲ့အပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ဖြေ ။ ။ ဒီနိုင်ငံက Gay ယဉ်ကျေးမှုက အရမ်းပွင့်လင်းတယ်။ သူတို့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ မြန်မာနိုင်ငံမှာက အခုအချိန်ထိ Brain Wash လုပ်ခံနေရတုန်းပဲ။ လူတွေအကုန်လုံးက Gay တွေကိုဆိုရင် ချိုးနှိမ်ချင်ကြတယ်။ Gay တွေဆိုရင် အောင်မြင်မှုတက်လမ်းတွေက ပိတ်နေကြတာပေါ့။ အဲဒါကြောင့်မို့လို့လည်း ကျနော်က ပြသချင်တာလည်းပါတယ်။
မြန်မာနိုင်ငံမှာက အခုအချိန်ထိ Brain Wash လုပ်ခံနေရတုန်းပဲ။ လူတွေအကုန်လုံးက Gay တွေကိုဆိုရင် ချိုးနှိမ်ချင်ကြတယ်။ Gay တွေဆိုရင် အောင်မြင်မှုတက်လမ်းတွေက ပိတ်နေကြတာပေါ့။ အဲဒါကြောင့်မို့လို့လည်း ကျနော်က ပြသချင်တာလည်းပါတယ်။
သင်္ဘောပေါ်က ပြသတဲ့ Show တွေကို ရိုက်ပြီးပြထားတယ်။ သင်္ဘောပေါ်မှာပြတဲ့ ဖျော်ဖြေတင်ဆက်သူတွေ အကုန်လုံးက Gay တွေချည်းပဲ။ သူတို့ဘဝ ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာ မြင်တဲ့အတိုင်းပဲ။ Gay တွေကို မုန်းတဲ့လူတွေအားလုံးကို သိစေချင်တာက Gay တွေမှာ Talent (ပင်ကိုယ်စွမ်းရည်ရှိသူတွေ) ဖြစ်တဲ့သူတွေ အများကြီးပဲ။ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်တဲ့သူတွေအများကြီးပဲ။ မြန်မာနိုင်ငံမှာတော့ ရှေးရိုးစွဲနေတဲ့ အမြင်တွေ အများကြီးရှိနေပါသေးတယ်။
မေး ။ ။ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ LGBTQ တွေနဲ့ ပတ်သက်လို့ ရှေးရိုးစွဲအမြင်တွေ ရှိနေသေးတဲ့အပေါ်ရော ဘယ်လိုထင်ပါသလဲ။
ဖြေ ။ ။ တချို့တွေကျတော့လည်း ဘာသာရေးနဲ့ယှဉ်ပြီး ပြောကြတယ်။ ဘယ်ဘာသာပဲမဆို အဓိကက သူများသားမယား မပြစ်မှားဘူး။ သူများပစ္စည်း မခိုးဘူး။ သူများအပေါ်မှာ မပြစ်မှားဘူး။ မဖျက်ဆီးဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း လုပ်တယ်ဆိုရင် ကိုယ့်ဘာသာခြောက်ခြောက်စိုစို သူတို့ကိစ္စ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ လူတိုင်းက အောင်မြင်တဲ့ပန်းတိုင်ကို ကြိုးစားပိုင်ခွင့်ရှိတယ်။ လုပ်နိုင်ခွင့်ရှိတယ်။ ရှေးရိုးစွဲကတော့ ပြောမနေပါနဲ့။ အရင်တုန်းက သားမယားပစ်မှားခဲ့လို့ ဘာညာပြောနေတာ အရမ်းရယ်ချင်တာပဲ။ သူတို့ဘာသာပြောချင်တာပြော ကိုယ်တိုင်ပျော်နေဖို့ပဲ။ ဝမ်းသာတဲ့အချိန်ရှိတယ်။ ငိုရတဲ့အချိန်ရှိတယ်။ အသဲကွဲတာရှိတယ်။ ဒါလူတိုင်းကြုံရတဲ့အရာပါ။
အဓိကက LGBTQ တွေကို လူတွေရဲ့အမြင်မှာ ညီတူညီမျှပဲမြင်တတ်ဖို့ အရေးကြီးတယ်။ လူတွေအားလုံးက အဲဒီစိတ်ဖြစ်လာဖို့ကို အတတ်နိုင်ဆုံး ကိုယ့်ဘက်နေပြီးတော့ တကမ္ဘာလုံးက Gay ဘဝတွေ ဘယ်လိုရှိလဲဆိုတာကို ဝေမျှတဲ့သဘောပါပဲ။
မေး ။ ။ ဒီလိုရှေးရိုးစွဲအမြင်တွေကို ပြောင်းလဲဖို့ ဘာတွေလိုအပ်မလဲ။
ဖြေ ။ ။ အဓိကကတော့ ကိုယ်သွားမယ့်လမ်းကြောင်းကို တစိုက်မတ်မတ်သွားဖို့ပဲ လိုအပ်တယ်။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ စီးပွားရေးလောကကပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ်ပေါ့။ နောက်ပြီး မြန်မာပြည်က LGBT တွေ အတွက်လည်း တက်လမ်းတွေ ဖွင့်ပေးစေချင်တယ်။ ဒီနိုင်ငံမှာဆို LGBT ဖြစ်လို့ ဘာအခွင့်အရေးမှ မဆုံးရှုံးဘူး။ မြန်မာပြည်မှာတော့ ကျောင်းမှာဆိုရင်လည်း အနှိမ်ခံရတယ်။
ကျနော်ဆို ကျောင်းမှာတုန်းက အရမ်းအပြောခံရတယ်။ သူများတွေဝိုင်းအော်လို့ ငိုပြီးထွက်ပြေးရတယ်။ ကျောင်းဆို မသွားရဲဘူး။ ကိုယ့်ဘာသာစောင်ခြုံပြီး ငိုရတဲ့အချိန်တွေ အများကြီးပဲ။ ဒီလိုအချိန်တွေကို ကျော်ဖြတ်ပြီး ဒီအခြေအနေအထိ ရောက်လာတာ။ လွယ်လွယ်ကူကူရောက်လာတာ မဟုတ်ဘူး။ တချို့တွေလည်း ခက်ခဲနေဦးမှာပဲ။ အဓိကက အားမလျှော့နဲ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ကိစ္စတွေကိုလည်း မလုပ်ပါနဲ့လို့ ပြောချင်တယ်။
မေး ။ ။ မြန်မာပြည်မှာဆိုရင် အခုချိန်ထိ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို မဖော်ထုတ်ရဲဘဲ တိတ်တဆိတ် နေနေရတဲ့သူတွေ ရှိနေသေးတယ်။ ပြောရရင်တော့ နိုင်ငံရဲ့ အနေအထားကြောင့်ပေါ့။
ဖြေ ။ ။ မြန်မာပြည်မှာဆိုရင် အခုအချိန်ထိ အပုန်းဘဝနဲ့ နေနေရသေးတဲ့ လူတွေအများကြီးပဲ။ သူတို့ပတ်ဝန်းကျင်၊ မိသားစုအခြေအနေတွေပေါ် မူတည်တယ်။ တခါတလေမှာ မိဘတွေက သူတို့သားသမီးတွေက Gay ဖြစ်နေရင်တောင် မိန်းမအတင်းပေးစားတာတွေရှိတယ်။ အဲဒါကြောင့် မိဘတွေကိုပြောချင်တာက ကိုယ့်သားသမီးရဲ့ ခံစားချက်ကို နားလည်ပေးပါ။ ဘဝရှေ့ရေးကို နားလည်ပေးပါ။ ယောကျ်ားချင်း စိတ်ဝင်စားနေတဲ့သူတယောက်က မိန်းမပေးစားလိုက်လို့ မိန်းမကိုပဲ စိတ်ဝင်စားသွားမယ်။ ချစ်သွားမယ်ဆိုတာမျိုးက လုံးဝမဖြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်သိပါ။ ကိုယ့်ဘဝကိုယ် မလိမ်နဲ့။ ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုပါ။
ကျနော်ဆို ကျောင်းမှာတုန်းက အရမ်းအပြောခံရတယ်။ သူများတွေဝိုင်းအော်လို့ ငိုပြီးထွက်ပြေးရတယ်။ ကျောင်းဆို မသွားရဲဘူး။ ကိုယ့်ဘာသာစောင်ခြုံပြီး ငိုရတဲ့အချိန်တွေ အများကြီးပဲ။ ဒီလိုအချိန်တွေကို ကျော်ဖြတ်ပြီး ဒီအခြေအနေအထိ ရောက်လာတာ။ လွယ်လွယ်ကူကူရောက်လာတာ မဟုတ်ဘူး။ တချို့တွေလည်း ခက်ခဲနေဦးမှာပဲ။ အဓိကက အားမလျှော့နဲ့။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ကိစ္စတွေကိုလည်း မလုပ်ပါနဲ့လို့ ပြောချင်တယ်။
မေး ။ ။ ကိုယ်တိုင်အနေနဲ့ရော ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီး ဘယ်အရွယ်ကတည်းက စသိခဲ့လဲ။ မိဘကိုရော ဘယ်လိုမျိုးအသိပေးခဲ့လဲ။
ဖြေ ။ ။ ကျနော်က စသိတာက ၁၃ နှစ်လောက်က စသိတယ်။ ယောကျ်ားချင်း ပတ်သက်မှုကတော့ ၁၈ နှစ်က စတာပေါ့။ အိမ်ကိုတော့ ပြောတော့ပြောပါတယ်။ ဒါပေမယ့် အမေရိကားရောက်မှ အမေလာလည်တော့ သေချာသိပြီး ၃ လလောက်တော့ စကားမပြောဘူး။ အခုတော့ အမေကလည်း Gay တွေဆို သိပ်ချစ်တာ။ အခုဆို တမိသားစုလုံးကလည်း ကိုယ်ဘာမှန်းသိပြီး လက်ခံကြတယ်။
မေး ။ ။ ကလေးယူဖို့အစီအစဉ်လည်း ရှိတယ်ဆိုတော့ ဘယ်လိုစီစဉ်ထားလဲ။
ဖြေ ။ ။ တနေ့နေ့တချိန်ချိန်မှာ ကလေးလိုချင်တယ်။ အိမ်ထောင်ကျချင်တယ်။ ကလေးကတော့ အငှားကိုယ်ဝန်နဲ့ပေါ့။ တချို့တွေက ယောကျ်ားနှစ်ယောက်က ဘယ်လိုကိုယ်ဝန်ဆောင်မှာလဲ ပြောကြတယ်။ သူတို့မှာ ဗဟုသုတ မရှိကြဘူး။ ယောကျ်ားလေးရဲ့သုတ်ပိုးနဲ့ ကျနော်ရဲ့ညီမပဲဖြစ်ဖြစ်၊ ကျနော့်ရည်းစားရဲ့အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်ရဲ့ မမျိုးဥနဲ့ပေါင်းပြီး အငှားကိုယ်ဝန်ဆောင်တယောက်ကို ထည့်ပေးလိုက်ရင် ဒီကလေးက ကိုယ့်ကလေးပဲ။ ဗိုက်ပဲကြီးပေးတာ။ သူတို့ရဲ့ သွေးသားမဟုတ်ဘူး။
ဒီလိုမျိုး ကလေးယူလို့ရတယ်။ ယူချင်တာကိုပြောတာ။ ဒါမှမဟုတ် ကိုယ့်ရည်းစားမှာ အစ်မတွေ၊ ညီမတွေမရှိရင် မမျိုးဥက ဝယ်လို့ရတယ်။ ကျနော့်သူငယ်ချင်း မိန်းကလေးစုံတွဲဆိုရင် တခြားအမျိုးသားတယောက်ရဲ့ သုတ်ပိုးကို ဝယ်ပြီး ကလေးမွေးလိုက်တာပေါ့။ သူတို့ဝယ်လိုက်တဲ့ သုတ်ပိုးက ဘယ်သူဘယ်ဝါဆိုတာမှန်း မသိရဘူး။ တချို့တွေဆို သုတ်ပိုးတွေကို ရောင်းကြတယ်။ ခဲထားတာပေါ့။ ပိုက်ဆံရတယ်လေ။ ကျနော်ကလည်း တနေ့ ကလေးလိုချင်တယ်ဆိုတာ ကိုယ့်ရဲ့မျိုးဆက် လိုချင်တာပေါ့။ ဒါက အနာဂတ်ရဲ့ အိပ်မက်ပေါ့။
ကျနော်ကလည်း တနေ့ ကလေးလိုချင်တယ်ဆိုတာ ကိုယ့်ရဲ့မျိုးဆက် လိုချင်တာပေါ့။ ဒါက အနာဂတ်ရဲ့ အိပ်မက်ပေါ့။
မေး ။ ။ အနောက်နိုင်ငံတွေမှာဆိုရင် Celebrity စုံတွဲတချို့တော့ ဒီလိုကလေးယူထားတာတွေ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီလား။
ဖြေ ။ ။ရှိတယ်။ ကျနော့်သူငယ်ချင်း Gay စုံတွဲလည်း ဒီလိုယူထားတယ်။ နောက်ပြီး Kim Kardashian လည်း အငှားကိုယ်ဝန်နဲ့ ကလေးယူထားတယ်။ မြန်မာပြည်ကလူတွေပဲ မသိတာ။ ပိုက်ဆံရှိတဲ့သူတွေက လုပ်နိုင်တာပေါ့။ မြန်မာပြည်မှာကျတော့ ယောကျ်ားနဲ့ မိန်းမညားတယ်။ ကလေးတွေရကြတယ်။ ဒီလောက်ပဲသိကြတာလေ။ အလှမပျက်ချင်လို့ သူများဗိုက်ထဲ အငှားကိုယ်ဝန်ဆောင်ခိုင်းလည်း ရတယ်။ မင်းသမီးတွေ အဲဒီလိုပဲလုပ်ကြတာ။
မေး ။ ။ ဒီလို အငှားကိုယ်ဝန်ဆောင်နဲ့ မွေးလာတဲ့ကလေး ပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုရှိမလဲ။
ဖြေ ။ ။ စုံတွဲတွေအနေနဲ့ကတော့ သူတို့ကလေးပဲပေါ့။ အငှားကိုယ်ဝန်ဆောင်ကတော့ ကိုယ်ဝန်ဆောင်ပြီးရင် ပြီးပြီ။ အိန္ဒိယမှာဆို တော်တော်များများ အငှားကိုယ်ဝန်ဆောင်တဲ့ အလုပ်လုပ်ကြတယ်။ ဆင်းရဲတဲ့နိုင်ငံ ဖြစ်နေတော့ ဒီအလုပ်လုပ်ကြတယ်။ အမွေဆက်ဆံခွင့်ကတော့ Gay စုံတွဲက သူတို့ကလေးဆိုတော့ သူတို့ရဲ့ အမွေကို ဆက်ခံခွင့်ရှိတာပေါ့။
မေး ။ ။ Gay စုံတွဲတွေ လက်ထပ်ထိမ်းမြားတာနဲ့ ပတ်သက်လို့ရော ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ ။ ။ ဒီနိုင်ငံမှာ ဘယ်လိုပဲ လက်ထပ်လက်ထပ် ယူရတာလွယ်တယ်။ ကွဲရတာ တအားခက်တယ်။ အလုပ်တော့ရှုပ်တယ်။
မေး ။ ။ Gay ယဉ်ကျေးမှုတခုကို လူအများသိရှိအောင် ဝေမျှခဲ့တယ်။ နောက်ထပ်ရော Gay တွေနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ အားလုံးကလည်း အားပေးကြတဲ့အတွက် ကျေးဇူးတင်တယ်။ နောက်ထပ်လည်း ကျနော့်ရဲ့ ဘဝထဲက အချစ်ဇာတ်လမ်းရေးထားတဲ့ စာအုပ်ထွက်လာဖို့ရှိတယ်။ အဲဒီမှာဆိုရင်လည်း အများကြီး ပြောပြထားပါတယ်။ ဒီစာအုပ်ထွက်လာဖို့ ရှိပါမယ်။ Gay ပုံစံနဲ့ ကြော်ငြာရိုက်ထားတာရှိတယ်။ LGBT ပုံစံနဲ့ ကြော်ငြာတွေ ရိုက်သွားပါမယ်။
ကျနော့်ရဲ့ ဘဝထဲက အချစ်ဇာတ်လမ်းရေးထားတဲ့ စာအုပ်ထွက်လာဖို့ရှိတယ်။ အဲဒီမှာဆိုရင်လည်း အများကြီး ပြောပြထားပါတယ်။ ဒီစာအုပ်ထွက်လာဖို့ ရှိပါမယ်။ Gay ပုံစံနဲ့ ကြော်ငြာရိုက်ထားတာရှိတယ်။ LGBT ပုံစံနဲ့ ကြော်ငြာတွေ ရိုက်သွားပါမယ်။
You may also like these stories:
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ
LGBT Union Mandalay ဥက္ကဋ္ဌ အပါ လူငယ် ၆ ဦး ဖမ်းခံရ
LGBT နိုင်ငံရေးအကျဉ်းသား တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ
ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသည့် LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့်