• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ

by ဧရာဝတီ
22 January 2022
in ဆောင်းပါး
A A
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း / ဧရာဝတီ

၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

“ကျနော်ကတော့ တော်လှန်ရေးကြီး မအောင်မြင်သေးသရွေ့ ဒီတော်လှန်ရေးထဲက ထွက်ခွာသွားမှာ မဟုတ်ဘူး” လို့ ပြတ်ပြတ်သားသား ဆိုလာသူက အတာပဲ ဖြစ်ပါတယ်။

အတာဟာ အမျိုးသမီးတဦးကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်တဲ့ Transgender တဦး ဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘဝ ကတည်းကစလို့ အင်နဲ့အားနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆော့ရတဲ့ ကစားနည်းတွေ၊ သေနတ်ပစ်တမ်း ကစားနည်းတွေထက် ဘိုမရုပ်လေးတွေနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက်တဲ့ အတာတယောက် အသက် ၂၉ နှစ် အရွယ်မှာ သူသဘောမကျတဲ့ သေနတ်ကိုထမ်းပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက် နေရပါတော့တယ်။

ငယ်စဉ်ကလေးဘဝ ကတည်းကစလို့ အင်နဲ့အားနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆော့ရတဲ့ ကစားနည်းတွေ၊ သေနတ်ပစ်တမ်း ကစားနည်းတွေထက် ဘိုမရုပ်လေးတွေနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက်တဲ့ အတာတယောက် အသက် ၂၉ နှစ် အရွယ်မှာ သူသဘောမကျတဲ့ သေနတ်ကိုထမ်းပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက် နေရပါတယ်။

ငယ်စဉ်ကတည်းက မိန်းကလေး တယောက်လို သိမ်သိမ်မွေ့မွေ့ နေချင်ခဲ့တဲ့ အတာက အရွယ်ရောက်တဲ့ အချိန်မှာ အမျိုး သမီး တယောက်လို ဝတ်စားဆင်ယင်ပြီး ပြည်တွင်းမီဒီယာတခုမှာ အစီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ရင်း သူ့ဘဝကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာတော့ အတာတယောက် စစ်အာဏာရှင် ကို တော်လှန်ချင်စိတ် တခုတည်းနဲ့ သူမြတ်နိုးလွန်းတဲ့ အမျိုးသမီး အသွင်သဏ္ဍာန်ကို စွန့်လွှတ်ပြီး ခက်ခဲကြမ်းတမ်းတဲ့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်သားဘဝကို သူ ရွေးချယ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် လက်မခံကြောင်း နိုင်ငံတဝှမ်းက ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြချိန်မှာ လိင်စိတ်ခံယူမှုကွဲပြားတဲ့ (LGBTIQ) အင်အားစုတွေကလည်း ပါဝင်ခဲ့ကြပါတယ်။

LGBTIQ ဆိုတာ လိင်စိတ်ခံယူမှုကွဲပြားခြင်းအပေါ် မူတည်ပြီး ခေါ်ဝေါ်ကြတဲ့ Lesbian, Gay, Bisexual, Transgender, Intersex နဲ့ Queer တို့ကို အတိုကောက် ပေါင်းစည်းပြီး ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေတဲ့ LGBTIQ အများအပြား ရှိပေမယ့် Transgender တဦး ဖြစ်တဲ့ အတာ့လို လက်နက် ကိုင်တိုက်ပွဲဝင်နေတဲ့ LGBTIQ ကတော့ လက်ချိုးရေလို့ ရပါတယ်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ပြုလုပ်တဲ့အခါ LGBTIQ တွေ အနေနဲ့လည်း ပါဝင်ရမယ်ဆိုတဲ့စိတ်နဲ့ မန္တလေးမြို့က ဆန္ဒပြပွဲတွေမှာ အတာတယောက် ပါဝင်ခဲ့ပါတယ်။

အဲဒီလို ပါဝင်ရင်းက သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ သွေးမတော်သားမစပ်ပေမယ့် ရင်ဘတ်ချင်းနီး လမ်းချင်းတူတဲ့ သူတွေ သူ့ရှေ့မှာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် သွေးသံတရဲရဲနဲ့ ကျဆုံးသွားရတာတွေကို သူ မြင်တွေ့ခဲ့ရပါတယ်။

တဖြည်းဖြည်းနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လူမဆန်စွာ ဖိနှိပ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ပစ်သတ် ဖမ်းဆီးမှုတွေကို တွေ့ကြုံလာရချိန်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဟာ အာဏာရှင် ပြုတ်ကျရေးအတွက် ထိရောက်တဲ့ လမ်းစဉ် မဟုတ်တော့ဘူး လို့ သူ စတင် ခံစားလာရပါတယ်။

“လက်နက်ကိုင်မှ ဖြစ်တော့မယ့် အခြေအနေမျိုးကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆုံးဖြတ် ဖြစ်တယ်။ ဒီအချိန်မှာ သူငယ် ချင်းတွေနဲ့ အတူတူ မြောက်ပိုင်းမှာ သင်တန်းတက်ဖို့ အဆက်အသွယ်ရပြီး ပထမဦးဆုံး မြောက်ပိုင်း PDF သင်တန်းမှာ တက်ရောက်ခွင့် ရရှိခဲ့တယ်” လို့ အတာက ပြန်ပြောင်း ပြောပြတယ်။

“လက်နက်ကိုင်မှ ဖြစ်တော့မယ့် အခြေအနေမျိုးကို သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆုံးဖြတ် ဖြစ်တယ်။ ဒီအချိန်မှာ သူငယ် ချင်းတွေနဲ့ အတူတူ မြောက်ပိုင်းမှာ သင်တန်းတက်ဖို့ အဆက်အသွယ်ရပြီး ပထမဦးဆုံး မြောက်ပိုင်း PDF သင်တန်းမှာ တက်ရောက်ခွင့် ရရှိခဲ့တယ်” လို့ အတာက ပြန်ပြောင်း ပြောပြတယ်။

စစ်အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လိုက်တာနဲ့ စွန့်လွှတ်ရမယ့်အရာတွေ အများကြီး ရှိတာကြောင့် ကြောက်စိတ်တွေနဲ့အတူ အတာဟာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ တနေရာတွင် စစ်သင်တန်းတက်နေသော လူငယ်များ/ AFP

သူများတွေလို တန်းတူရည်တူ မလုပ်နိုင်မှာကိုလည်း သူ့အနေနဲ့ စိုးရိမ်မိခဲ့ပေမယ့် သူ့ရဲ့ တော်လှန်ချင်တဲ့စိတ် တခုတည်းနဲ့ပဲ သင်တန်းကို သွားတက်ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပုံမှန်သင်တန်းတက်သလို ပေါ့ပေါ့ပါးပါးလေးပဲ ပြီးသွားမယ်လို့ ထင်ခဲ့ပေမယ့် အတာ့အတွက် လက်တွေ့မြေပြင်မှာ မတူညီ တဲ့ နေထိုင်မှုတွေ၊ ခက်ခဲတဲ့ လေ့ကျင့်သင်ကြားမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“LGBT တယောက် အနေနဲ့ စစ်သင်တန်းတက်တာ စိတ်ရှိလို့တက်တာ လက်ခံပေမယ့် တချို့ကလည်း သူ လုပ်နိုင်လိမ့်မယ် လို့ မထင်တာ။ ခွဲခြားတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ်၊ တခုခုဆို သူ သိပ်မလုပ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ စမ်းခိုင်းကြည့်တာမျိုးတောင် မရှိဘဲ နဲ့ ခွဲခြားတာမျိုးတွေ ရှိခဲ့တယ်” လို့ အတာက ပြောပြပါတယ်။

ဒါ့ပြင် LGBT တယောက် ဖြစ်တဲ့အတွက် တချို့တွေရဲ့ စိတ်ထဲမှာ ရှေးရိုးစွဲတွေကြောင့် လက်မခံတဲ့ အနေအထားမျိုးတွေ၊ ကိုယ်ခန္ဓာ နွဲ့နွဲ့နှောင်းနှောင်း ပုံစံလိုဖြစ်နေတဲ့ အတာအပေါ် လှောင်ပြောင်နှိမ့်ချတာ၊ သွေးတိုးစမ်းတဲ့ အသုံးအနှုန်းမျိုးတွေ နဲ့ ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုတွေ ကြုံရတဲ့အခါ အစပိုင်းမှာ စိတ်ဓာတ်ကျတာမျိုး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တခြားသူတွေ လက်ခံလာ အောင် ဘယ်လို နည်းလမ်းမျိုးတွေက အဆင်ပြေမလဲဆိုပြီး ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်မှုတွေရအောင် ခက်ခက်ခဲခဲနဲ့ သူ တည်ဆောက်ခဲ့ပါတယ်။

စစ်သင်တန်းကို ရောက်တဲ့အခါ အမျိုးသမီး တယောက်လို နေထိုင်တဲ့ ပုံစံကနေ ပြောင်းလဲခဲ့သလို သူ ကြိုက်နှစ်သက်လှ တဲ့ ဆံပင်ရှည်၊ လက်သည်းရှည်တွေ၊ မိန်းကလေး အဝတ်အစားတွေ၊ လှလှပပနေခဲ့တဲ့ အပြင်အဆင်တွေ အားလုံးကို စွန့်ခဲ့ရုံသာမက ဘဝမှာ တခါဖူးမှ မသုံးနှုန်းဖူးတဲ့ ‘ကျနော်’ ဆိုတာကိုလည်း ပြောင်းလဲ ပြောဆိုခဲ့ပါတယ်။

အတာက “တော်လှန်ရေးလို့ ပြောလိုက်တာနဲ့ ယောက်ျားတွေ၊ မိန်းမတွေနဲ့ချည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ LGBT တွေနဲ့ ချည်းပဲလည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာနေ ဒီမြေ၊ ဒီရေကို သောက်သုံးနေတဲ့သူ အားလုံးရဲ့ အနာဂါတ်တခု ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ LGBT တွေ အနေနဲ့လည်း တထောင့်တနေရာက ပါဝင်နိုင်ဖို့ အရေးကြီး တယ်” လို့ ဆိုပါတယ်။

အတာက “တော်လှန်ရေးလို့ ပြောလိုက်တာနဲ့ ယောက်ျားတွေ၊ မိန်းမတွေနဲ့ချည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ LGBT တွေနဲ့ ချည်းပဲလည်း သက်ဆိုင်တာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာနေ ဒီမြေ၊ ဒီရေကို သောက်သုံးနေတဲ့သူ အားလုံးရဲ့ အနာဂါတ်တခု ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ LGBT တွေ အနေနဲ့လည်း တထောင့်တနေရာက ပါဝင်နိုင်ဖို့ အရေးကြီး တယ်” လို့ ဆိုပါတယ်။

အကယ်၍ မပါဝင်နိုင်ခဲ့ဘူးဆိုရင် တနေ့နေ့တချိန်ချိန် အောင်ပွဲရသွားတဲ့အခါ LGBTIQ တွေဟာ အရင်လိုပဲ ထားရစ်ခံ၊ အထင်သေးခံရတဲ့ လူတန်းစားပဲ ဖြစ်နေလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ကိုယ်လုပ်နိုင်တဲ့ နေရာလေးကနေ ပါဝင်ပေးမယ်ဆိုရင် လူတွေအားလုံးက လက်ခံလာပြီး LGBTIQ တွေရဲ့ အခန်းကဏ္ဍဟာ လည်း အရေးကြီးတယ်ဆိုတာ သိလာနိုင်တာဖြစ်လို့ တခြား LGBTIQ တွေ အနေနဲ့လည်း နွေဦးတော်လှန်ရေးမှာ တတပ် တအား ပါဝင်ဖို့ အတာက တိုက်တွန်းပါတယ်။

အတာ့လိုပဲ ခံယူချက်မျိုး ရှိကြတဲ့ LGBTIQ တွေဟာ စစ်အာဏာရှင် တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍတွေကနေ ပါဝင် ရင်း ဖမ်းဆီးခံရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ပစ်သတ်ခံရတာတွေထိပါ တွေ့ကြုံကြရပါ တယ်။

အထူးသဖြင့် Transgender woman လို့ခေါ်တဲ့ အမျိုးသမီးကဲ့သို့ ခံယူနေထိုင်သူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံရတဲ့အခါ အကျဉ်းထောင်ထဲမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းရသလို စစ်ကြောရေးတွေမှာလည်း လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေကိုပါ ခံစားရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာ တနေရာတွင် သေနတ်ပစ် လေ့ကျင့်နေသူတဦး/ AFP

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး မန္တလေးမြို့ရဲ့ နာမည်ကြီး နန်းတွင်းစစ်ကြောရေးမှာ ဖြတ်သန်းခဲ့ရတဲ့ Transgender တဦးဖြစ်သူ စာရေးဆရာမ စောဟန်နွေဦးဟာဆိုရင် နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ ရသူ တဦးပါ။

“စ အဖမ်းခံရတဲ့နေ့ စက်တင်ဘာ ၆ ရက် နေ့ခင်းကစလို့ နှိပ်စက်တာ နှစ်ရက် ဆက်တိုက်ပဲ။ ဓားနဲ့ မွှန်း ရေနွေးပူလောင်း ခြေခုံကို သေနတ်ဒင်နဲ့ ထုတာတွေ နောက်ပြီး ဝါယာကြိုးကို သုံးလေးငါးပင်လိမ်ပြီး ရိုက်နှက်စစ်ဆေးတာတွေ၊ ခွဲစိတ်ပြီး သားလားဆိုပြီး ကျမရဲ့ မဖော်ပြအပ်တဲ့နေရာတွေကို အတင်းလှန်ကြည့်ပါတယ်” လို့ သူ ကြုံတွေ့ခံစားခဲ့ရတာတွေကို ပြန် လွတ်လာချိန်မှာ ဖွင့်ဟပြောပြခဲ့ပါတယ်။

စစ်ကြောရေးကနေ မန္တလေး အိုးဘိုအကျဉ်းထောင်ကို ရွှေ့လိုက်တဲ့အခါမှာလည်း သူ့ကို ယောက်ျားလေး အဝတ်အစားတွေ အတင်းဝတ်ခိုင်းတာ၊ ယောက်ျားတွေနဲ့ တန်းတူထားတာ၊ မိန်းမလျာမ အခြောက်မလို့ လှောင်ပြောင်ခံရတာတွေ ရှိခဲ့သလို သူ့ရဲ့ ရှေ့နေနဲ့တောင် တိုက်ရိုက်တွေ့ခွင့် မပေးခဲ့တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ သူဟာ လွတ်မြောက်နယ်မြေ တနေရာကို ရောက်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တွေ ကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ LGBTIQ အနည်းဆုံး ၁၂ ဦး ရှိပြီး ၇၃ ဦးကျော်က ဖမ်းဆီးခံရတာ (သို့) အမှုဖွင့် တရားစွဲဆိုခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေလတုန်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ LGBTIQ အနည်းဆုံး ၁၂ ဦး ရှိပြီး ၇၃ ဦးကျော်က ဖမ်းဆီးခံရတာ (သို့) အမှုဖွင့် တရားစွဲဆိုခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ မေလတုန်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြည်မြို့မှာ စစ်ကောင်စီကပစ်လို့ သေနတ်မှန်သွားတဲ့ ကျောင်းဆရာမလေးကို သွားကယ်ရင်း ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင် ခံယူနေထိုင်တဲ့ (Transgender man) ကိုးကိုးဟာ နေရာမှာတင် သေနတ် မှန်ပြီး ကျဆုံးသွားခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ်မှာလည်း LGBT တယောက်က ညပိုင်းသံပုံးတီးတဲ့အတွက် စစ်တပ်နဲ့ ရဲတွေကနေ သံပုံးတီးတဲ့ အမှုနဲ့ လာရောက်ဖမ်းဆီးရာမှာ လိင်စိတ်/လိင်ဝိသေသ ခံယူကွဲပြားမှုအပေါ် အခြေခံပြီး အသံမမာမချင်း ယောက်ျားလို့ အတင်းအော်ခိုင်းကာ ဝိုင်းဝန်းလှောင်ပြောင်ခံရတာမျိုးတွေ ကျူးလွန်ခံခဲ့ရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ကို တော်လှန်တဲ့ မည်သူ့ကိုမဆို ငဲ့ညှာခြင်းမရှိ ကျား/မ မရွေး၊ အသက် ကြီးငယ်မဟူ၊ လူမျိုးဘာသာမရွေး အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

ထို့အတူပဲ LGBTIQ တွေအပေါ်မှာလည်းပဲ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းမှုတွေအပြင် လိင်ပိုင်းဆိုင်ရာ စော် ကားမှုတွေကိုပါ ပြုလုပ်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း/ Supplied

သို့ပေမယ့် LGBTIQ တွေရဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ဆက်လက် ပါဝင်နေမှုကိုတော့ ဘယ်အရာကမှ ပိတ်ပင် တားဆီးလို့ မရခဲ့ဘူးဆိုတာ အတာ၊ စာရေးဆရာမ စောဟန်နွေဦးတို့လို လူတွေနဲ့ ဒီကနေ့အချိန်ထိ လမ်းမထက် ဆန္ဒ ထွက်ပြနေဆဲဖြစ်တဲ့ LGBTIQ သပိတ်စစ်ကြောင်းတွေက သက်သေပြနေပါတယ်။

နွေဦးတော်လှန်ရေး အစကတည်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ LGBTIQ တွေဟာ ဝတ်စားဆင်ယင်မှု၊ သရုပ်ဖော်မှု ပုံစံမျိုးစုံနဲ့ သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်ခံရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့တွေရဲ့ ရဲစွမ်းသတ္တိတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

အရေအတွက် နည်းတယ်ဆိုပေမယ့်လည်း လက်ရှိအချိန်ထိ LGBTIQ တချို့ဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးကမ်ပိန်းတွေ၊ မြို့ပေါ်ပြောက်ကျားသပိတ်တွေမှာ အန္တရာယ်တွေကြားထဲကပဲ ပါဝင်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ကားနဲ့တိုက်သတ်တာတွေ၊ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ ကြားကပဲ အာဏာရှင် တော်လှန်ရေးမှာ ဆက်လက် ပါဝင်နေတဲ့ LGBTIQ တဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် ဂျက်စတင်မင်းဟိန်း ကလည်း သူကြုံတွေ့ရတာတွေကို ပြောပြပါတယ်။

သူက “ကျနော်တို့က ရတဲ့နည်းနဲ့ တော်လှန်မယ်ဆိုတဲ့ စိတ်တခုနဲ့ အိမ်က ထွက်လာခဲ့တဲ့အတွက် အခက်အခဲကတော့ မျိုးစုံ ရှိပါတယ်။ သပိတ်တွေ ပြီးသွားတဲ့အခါ ကျနော်တို့ရဲ့ လုံခြုံရေးအတွက် နေစရာအိမ် ရှာတဲ့အခါ ပုံမှန် ကျပ် ၁ သိန်းလောက် ပေးရတဲ့အိမ်က ကျပ် ၂/၃ သိန်းလောက် ဖြစ်သွားတာ ရှိတယ်။ ပွဲစားခတွေရှိတယ်။ အိမ်ထဲဝင်ဖမ်းရင်လည်း ပြေးရလွှားရ။ အဲဒီလို အချိန်တွေဆိုရင်တော့ အိမ်ကို လွမ်းပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီကို တော်လှန်တဲ့အခါ လက်နက်ကိုင် တော်လှန်ရေးက အရေးပါသလို သွေးမအေးကြောင်း ပြသဖို့အတွက် မြေ ပြင်ပြောက်ကျား သပိတ်တွေကလည်း အရေးပါတယ်ဆိုတဲ့ ခံယူချက်နဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ အခုအချိန်ထိ သပိတ်တွေမှာ ပါဝင်ပြီး ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီကို တော်လှန်တဲ့အခါ လက်နက်ကိုင် တော်လှန်ရေးက အရေးပါသလို သွေးမအေးကြောင်း ပြသဖို့အတွက် မြေ ပြင်ပြောက်ကျား သပိတ်တွေကလည်း အရေးပါတယ်ဆိုတဲ့ ခံယူချက်နဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းကစလို့ အခုအချိန်ထိ သပိတ်တွေမှာ ပါဝင်ပြီး ဆက်လက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နှစ်ပေါင်းများစွာ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံခဲ့ရ၊ လျစ်လျူခံခဲ့ရတဲ့ LGBT တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို ခက်ခက်ခဲခဲ တိုက်ယူတောင်းဆို နေချိန်မှာပဲ စစ်အာဏာသိမ်းမှုနဲ့ ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။

“နွေဦးတော်လှန်ရေးနဲ့အတူ အခြောက်ဆိုရင် မိတ်ကပ် ပြင်တဲ့သူတွေ လုပ်ရမယ်။ တခြားသော မကောင်းတဲ့အလုပ်တွေ လုပ်စားရမယ်။ HIV/AIDS ရောဂါသယ်တွေ ဖြစ်တယ်လို့ မကောင်းတဲ့ အမြင်တွေကို ပြောင်းပြီး အခု တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခြင်းက ပြည်သူတွေရဲ့ အမြင်၊ အတွေးထဲကို LGBT ဆိုတဲ့ စကားအသုံးအနှုန်းလေးကို ထည့်သွင်းပေး လိုက်နိုင်ပြီ ဖြစ်တယ်” လို့ LGBT Union Mandalay အဖွဲ့ ဦးဆောင်သူ တဦးလည်းဖြစ်တဲ့ ဂျက်စတင်မင်းဟိန်းက ဆိုပါ တယ်။

ဒါ့ပြင် စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီးစိုးသူတွေပါ တခါတည်း အမြစ်ပြတ်ကျဆုံးရေးကို ကြိုးစားသွားရမှာ ဖြစ်တယ် သူက ပြောပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း/ Supplied

ဂျက်စတင်မင်းဟိန်းက “စစ်အာဏာရှင်နဲ့ ဖိုဝါဒကြီးစိုးသူတွေ အမြစ်ပြတ် ကျဆုံးရမယ်။ နိုင်ငံရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍတွေမှာ LGBTIQ တွေအနေနဲ့ ပါဝင်နိုင်ပြီး ကိုယ့်ရဲ့ ဥပဒေကို ကိုယ်ကိုယ်တိုင် ပါဝင်ရေးဆွဲနိုင်ရမယ်။ ဒါကြောင့် တော် လှန်ရေးကြီး အောင်နိုင်ပြီးတဲ့ အခါမှာလည်း ကျနော်တို့ ရရှိမယ့် လူ့အခွင့်အရေးတွေအတွက် ရရှိအောင် တိုက်ပွဲဝင်သွားမယ်” လို့ ဆိုပါတယ်။

ယခုလို နွေဦးတော်လှန်ရေးမှာ LGBT တွေ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ပါလာတာဟာ LGBT များသည်လည်း လူထဲကလူပဲ ဖြစ်တယ်၊ မတရားမှုမှန်သမျှ ခေါင်းငုံ့မခံဘဲ တိုက်ထုတ်မယ်၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ လူထဲကလူတွေရဲ့ လုပ်နိုင်စွမ်းကို ဖော်ပြနေတာ ဖြစ်တယ်လို့လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေက မှတ်ချက်ပြုပါတယ်။

LGBT အရေး လှုပ်ရှားဆောင်ရွက်သူတွေကတဆင့် သိရှိရတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ LGBT ဦးရေ ၅ သိန်းကျော် ရှိနိုင်တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံ၊ ဘဝတွေကိုပါရင်းပြီး ပါဝင်လှုပ်ရှားနေတဲ့ LGBT အရေအတွက် ဟာ အလွန်ကို နည်းနေသေးတာဖြစ်လို့ အထူးသဖြင့် ပြည်သူလူထုကြား နာမည်ကျော်ကြားသူတွေ အနေနဲ့ ပိုမို ပူးပေါင်းပါ ဝင် လာစေချင်တယ်လို့ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ LGBT တွေက တိုက်တွန်းပါတယ်။

ဒီလိုလူတွေသာ ပိုမို ပါဝင်လာမယ်ဆိုရင် တော်လှန်ရေးအတွက် အထောက်အပံ့တွေ ရရှိစေမှာ ဖြစ်သလို LGBT အသိုင်း အဝိုင်းအတွက်လည်း ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းတခုအဖြစ် ကျန်ရစ်နေမှာပါလို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် စနစ်ကိုသာမက မြန်မာ့ လူမှုအသိုင်းအဝိုင်းကြား နှစ်ပေါင်းများစွာ ကြီးစိုးနေတဲ့ အယူအဆ အလွဲအမှားတွေကိုပါ တပါတည်း အမြစ်ဖြတ် တိုက်ထုတ်ရမယ့်ပွဲ ဖြစ်ပါတယ်။

ဒါမှသာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်တဲ့အခါ အရောင်သွေး စုံလင်လှပစွာနဲ့ တရားမျှတမှု၊ တန်းတူညီမျှမှု စတဲ့ အနှစ်သာရတွေနဲ့ ပြည့်နေတဲ့ လူ့အသိုင်းဝိုင်း တခုအဖြစ် ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

“အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ကို တိုက်ထုတ်မယ်။ ဒီအတွက် ကိုယ့်ရဲ့ ပုံစံတချို့ စွန့်လွှတ်လိုက်ရပေ မယ့် နောင်တ မရဘူး။ ကျနော့်ကို အသက်ရှင်ခွင့်ရအောင် ကူညီပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားမယ်” လို့ အတာက ကတိပြု ပြောဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
391
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.7k

“သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေတဲ့အခြောက်”၊ “LGBT ဘုန်းနဲ့ မအလကို ကိစ္စတုံးမယ်” ဆိုတဲ့ ရဲရဲတောက် ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်းတွေဟာ မြို့ပြတွေရဲ့ လမ်းမထက် ဆက်လက်ချီတက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

အမွေပြတ် စွန့်လွှတ်ခြင်းကို ခံထားရပြီး မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်နေတဲ့ အတာတယောက် စိတ်ဒဏ်ရာတွေ ကို ခဏမေ့ထားပြီး လောလောဆယ် သူ ရောက်ရှိနေတဲ့နေရာမှာ ကျရာအခန်းကဏ္ဍကနေ အကောင်းဆုံး ပါဝင်နိုင်ဖို့နဲ့ တော်လှန်ရေး အောင်မြင်ဖို့ကိုသာ စိတ်နှစ်ထားတယ်လို့ သူက ဆိုပါတယ်။

“သေမှာမကြောက်လို့ ပေတရာလျှောက် တော်လှန်နေတဲ့အခြောက်”၊ “LGBT ဘုန်းနဲ့ မအလကို ကိစ္စတုံးမယ်” ဆိုတဲ့ ရဲရဲတောက် ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်းတွေဟာ မြို့ပြတွေရဲ့ လမ်းမထက် ဆက်လက်ချီတက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

You may also like these stories:

နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ

အာဏာရှင်စနစ်အောက်က အမျိုးသမီးသတင်းထောက်များ ဘဝ

စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်

ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ

Your Thoughts …
Tags: LGBTIQစစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

by မောင်ဘိုး
18 August 2025
7.6k

ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့်အသတ်ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

Next Post
ကယားတွင် စစ်တပ်က တိုက်ခိုက်မှု / FBR Karenni

ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)  / ဧရာဝတီ

UWSA တောင်ပိုင်းတပ် စစ်ရေးပြင်ဆင်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved