• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ

by မိုဃ်းသွေး
20 August 2021
in သူ့အတွေး သူ့အမြင်
A A
ကိုယ်ဝန်တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတတ်ခြင်းဟာ ရှက်စရာ သိက္ခာကျစရာ မဟုတ်ပါ

ကိုယ်ဝန်တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတတ်ခြင်းဟာ ရှက်စရာ သိက္ခာကျစရာ မဟုတ်ပါ

61.8k
VIEWS
Share on FacebookShare on Twitter

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျရေး တခုတည်းကို ရည်ရွယ်မထားသင့်ပါဘူး။ နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတိုင်းက မတရားမှုတွေ ရှေးရိုးစွဲ အယူသီးမှုတွေ ဖိနှိပ်မှုတွေ အားလုံးကို အမြစ်ကတော်လှန်ပြီး ခေတ်သစ်တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

အဲ့ဒီအထဲမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေလည်း ပါဝင်သင့်ပါတယ်။ လိင်စိတ်ဖြစ်တည်မှု ကျားမဖြစ်တည်မှုတင် မကဘဲ လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ကိုလည်း တပါတည်း တော်လှန်ပစ်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ လိင်စိတ်ဆိုတာဟာ လူသားရုပ်ဘဝနဲ့ ခွဲထုတ်လို့ မရသလို စိတ်ဘဝဖြစ်တည်မှုမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တရပ်ဖြစ်လို့ပါပဲ။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
531
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

လိင်ကိစ္စဆိုင်ရာ ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း ဖုံးကွယ် ဟန်ဆောင်ခြင်း ရွံရှာရှက်ရွံ့ဖွယ် ကိစ္စအဖြစ် ပုံဖော်ခြင်း ညစ်ညမ်းမှု အဖြစ် သတ်မှတ်ခြင်းတွေကိုက ကျနော်တို့ရဲ့ လူသား ဖြစ်တည်မှု အတွက် မွေးဖွားချိန်ကစ သေသည်အထိ ဘဝတလျှောက်လုံး အရေးပါတဲ့ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုတရပ်ကို သိမ်ငယ် နိမ့်ပါးစေပါတယ်။

ကိုယ့်ဘဝရဲ့ အဓိကကျတဲ့ လိင်ကိစ္စဆိုင်ရာ ရုပ်ပိုင်း စိတ်ပိုင်း ဖြစ်တည်မှုကို ပွင့်လင်းလွတ်လပ်စွာ ကျင့်သုံးခွင့် ဖော်ထုတ်ခွင့် တန်ဖိုးထားခွင့် မရတဲ့အခါ ဘဝဟာ တရားမျှတပါ ဦးမလား။ ကိုယ့်ဘဝကိုယ် ယုံကြည်မှု ရှိနိုင်ပါဦးမလား။ လိင်စိတ် မကျေနပ်မှုကနေ ဖြစ်လာတဲ့ သိမ်ငယ်စိတ် အငုံ့စိတ်တွေကရော လူ့အဖွဲ့အစည်းကို အကျိုးပြု ပါဦးမလား။

ဒီရက်ပိုင်းမှာ သိရတဲ့ ဖြစ်စဉ် တခုနဲ့ ဖတ်လိုက်ရတဲ့ ပို့စ်တခုရယ် ကျနော့်ရဲ့ အတွေးတချို့ရယ်ကို ဆက်စပ်ပြီးတော့ တင်ပြချင်ပါတယ်။

သိရတဲ့ ဖြစ်စဉ်ကတော့ တော်လှန်ရေး ရဲဘော်တချို့ရဲ့ ပုန်းအောင်းရာ နေရာတခုကို သူတို့စွန့်ခွာ ပြီးချိန်မှာ သွားရောက် ရှင်းလင်း ပေးရသူတဦးက ပြောပြတာပါ။ အဲ့ဒီ နေရာကို သူသွားရှင်းတော့ ပဋိသန္ဓေ တားဆေး သုံးလက်စ တကတ်ရယ်၊ sex toy တခုရယ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ သူက အဲဒါတွေကို တွေ့တဲ့အခါ အချက် ၂ ခုကို စိုးရိမ်တယ်လို့ ပြောပါတယ်။ တချက်ကတော့ မတော်လို့များ ရဲဘော်တွေရဲ့ ပုန်းခိုရာတွေကို စစ်တပ်က ဝင်စီးရင်း ဒါတွေတွေ့ခဲ့ရင် တော်လှန်ရေး သမားတွေကို သိက္ခာချမှာ စိုးရိမ်တာပါ။ နောက်တချက်ကတော့ တားဆေးကတ်ကျန်ခဲ့သူ မိန်းကလေး အနေနဲ့ နောက်တနေရာမှာ ဆက်သောက်စရာ ဆေးမရှိမှာကို စိုးရိမ်တာပါ။

ဒီနေရာမှာ ပထမ စိုးရိမ်ချက်ကို စဉ်းစားကြရအောင်။

စစ်တပ်က တော်လှန်ရေးသမားတွေကို ဖမ်းဆီးချိန်မှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ ပစ္စည်းတွေနဲ့ သိက္ခာချလာခဲ့ရင် ကျနော်တို့ ပြည်သူတွေ အနေနဲ့ ဘယ်လိုသဘောထား ကြမလဲ။ ဘယ်လိုတုန့်ပြန်မလဲ။ အများဆုံး ဖြစ်နိုင်ချေကတော့ ဒါဟာ စစ်တပ်က တမင် လုပ်ကြံတာ သိက္ခာချဖို့ ဇာတ်လမ်း ထွင်တာ စတဲ့ နည်းတွေနဲ့ တုန့်ပြန်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်ပါလဲ။

ပြည်သူအများစု ကိုယ်တိုင်ကိုက မိန်းကလေးတွေ တားဆေး ဆောင်တာ ကွန်ဒုံးဆောင်တာ sex toy တွေသုံးတာကို ရှက်စရာ သိက္ခာကျစရာလို့ လက်ခံထားလို့ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့ မှန်ကန်တဲ့ နည်းလမ်းကတော့ ရုပ်ပိုင်းဆိုင်ရာအရ အရွယ်ရောက်ပြီးဖြစ်တဲ့ လူသားတိုင်းဟာ ကျား မ မရွေး လိင်စိတ်ဆန္ဒ ဖြစ်ပေါ်တတ်ပြီး ဒါကို ခံစားခြင်း အာသာဖြေခြင်းဟာ ကောင်းမွန်တဲ့ကိစ္စ အဖြစ် မြင်တတ်ဖို့ပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ကိုယ် လိင်အရသာ ခံစားတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အခြားသူတွေနဲ့ အတူတူ အပြန်အလှန် ခံစားကြတာ ဟာလည်း ရှက်စရာ မဟုတ်ပါဘူး။ လိင်ကိစ္စ အတူခံစားကြသူချင်း သဘောတူ ကြည်ဖြူပြီး အပေးအယူမျှနေရင် ဒါဟာ ကဲ့ရဲ့ ပြစ်တင်စရာ မဟုတ်သလို သိက္ခာကျ တယ်လို့ မြင်စရာ အကြောင်းကို မရှိပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်း အနေနဲ့ ဒါကို ရှင်းရှင်း နားလည်ထားရင် ဘယ်သူက ဘယ်သူ့ကိုမှ သူ့ရဲ့ လိင်ကိစ္စအတွက် သိက္ခာချလို့ မရတော့ပါဘူး။

နောက်တချက်ဖြစ်တဲ့ ကိုယ်ဝန်တားဆေး ကိစ္စမှာတော့ တော်လှန်ရေးသမားတွေဟာလည်း သွေးနဲ့သားနဲ့ လူသားတွေပဲမို့ လိင်ကိစ္စကို ရှောင်မရပါဘူး။ ဒီတော့ ပြေးပုန်း ရှောင်လွှားနေရချိန်မှာ နောက်ဆက်တွဲ ကိစ္စတွေ အတွက် ပြင်ဆင်မှု ရှိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ ဒီကာလမှာ ကိုယ်ဝန်ရှိခဲ့ရင် အတော်ကြီး ခက်ခဲပါလိမ့်မယ်။ လင်မယား ဖြစ်ပြီးလို့ အတည်ယူမယ့်သူနဲ့ ကိုယ်ဝန်ရခဲ့ရင်တောင် အခြေအနေအရ ရပ်တည် ရှင်သန်ရေးမှာ အများကြီး ပိုခက်သွားမှာပါ။

ဒါကြောင့်မို့ အရွယ်ရောက်ပြီးသား မိန်းကလေး တဦးအနေနဲ့ ကိုယ်ဝန် တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ မိန်းကလေးတင်မကဘဲ ယောက်ျားလေး တွေဟာလည်း ကွန်ဒုံးနဲ့ အရေးပေါ် တားဆေး ဆောင်ထားတာဟာ လုပ်သင့်တဲ့ ကိစ္စပါပဲ။ ပျော်လိုက်ဖို့က အဓိက နောက်ဆက်တွဲက သူ့ကိစ္စလို့ တကိုယ်ကောင်းဆန်လို့ မရပါဘူး။

အဓိက အချက်ကတော့ ကိုယ်ဝန်တားဆေး ကွန်ဒုံး စတာတွေ ဆောင်ထားတတ်ခြင်းဟာ ရှက်စရာ သိက္ခာကျစရာ မဟုတ်ဘဲ လိင်ကျန်းမာရေး ဆိုင်ရာ အသိပညာ မြင့်မားမှုရဲ့ လက္ခဏာ တရပ်ဖြစ်တာမို့ ဂုဏ်ယူစရာတောင် ဖြစ်တယ် ဆိုတာ သိထားဖို့ပါပဲ။

ဒီရက်ပိုင်း ဖတ်လိုက်ရတဲ့ ဆောင်းပါးတစောင်မှာ ရေးတာက လူတချို့ရဲ့ လိင်ဆက်ဆံချိန် ရိုက်ကူးထားတဲ့ HD လို့ ခေါ်တဲ့ ဗွီဒီယိုတွေနဲ့ အရှက်ခွဲ တိုက်ခိုက်မှုပါပဲ။ ဒီနည်းလမ်းကို တော်လှန်ရေး အစကာလတုန်းက စစ်တပ်ဘက်က ဆက်စပ်သူ အမျိုးသမီးတချို့ အပေါ် ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြတာ တွေ့ရဖူးပါတယ်။ ကျနော်ဖတ်လိုက်ရတဲ့ ဆိုရှယ်မီဒီယာ ပိုစ့်မှာ ရေးထားတာကတော့ ဒီလို ဗွီဒီယိုတွေ တွေ့လိုက်ရရင် “ဟာ ရှက်စရာကြီး၊ အရှက်မဲ့လိုက်တာ”လို့ ကဲ့ရဲ့ ပြစ်တင်ကြမယ့် အစား ကောင်မလေးကဖြစ်စေ ကောင်လေးကဖြစ်စေ လှလိုက်တာ၊ ကျွမ်းလိုက်တာ၊ ပျော်စရာကောင်းလိုက်တာ၊ သိုင်းကွက်တွေ မိုက်လိုက်တာလို့ မြင်ပေး တွေးပေးတတ်ကြရင် အရှက်ခွဲလို့ မရတော့ဘူး ဆိုတာပါပဲ။ သူတွေးပုံက တကယ်မှန်ပါတယ်။ လူတွေပဲ လိင်ဆက်ဆံ ကြတာ ဘာဆန်းလို့လဲ၊ အဲ့လို ဆက်ဆံမှုကို မှတ်တမ်းတင်ထားလို့ တခြားသူတွေက တွေ့ရမြင်ရတော့ရော ဒါဟာ ဘာများ ထူးပြီး ရှက်စရာ သိက္ခာကျစရာ ဖြစ်ရမှာတဲ့လဲ။ ကျနော်တို့ လူသား အားလုံး ကိုယ်တိုင်လည်း လိင်ဆက်ဆံကြပြီး လူဖြစ်တာတာကလည်း အမေနဲ့အဖေနဲ့ ဖောင်းဒိုင်းလုပ်ကြ၊ ဒချိကြ၊ လိင်ဆက်ဆံခဲ့ကြလို့ မလား။

ဒါကြောင့် လိင်ကိစ္စဟာ private ပုဂ္ဂိုလ်ရေး ကိစ္စမို့လို့ ကိုယ်နဲ့မဆိုင်ရင်၊ မစပ်စုသင့် မဖော်ထုတ်သင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အများသိ ဖြစ်လာရင်လည်း သက်ဆိုင်သူတွေကို မကဲ့ရဲ့ မရှုတ်ချဘဲ ဒါဟာ သဘာဝဖြစ်စဉ် တခုလို့ပဲ နားလည် ရှုမြင်ပေးသင့်ပါတယ်။ ဒါဆိုရင် လူတွေကို HD တွေနဲ့ အရှက်ခွဲလို့ မထိခိုက်နိုင်တော့သလို ရည်ရွယ် တိုက်ခိုက်ခံရသူတွေဘက်ကနေ “ငါတို့ အားလုံး တူတူတွေပဲ၊ ဘာမှ မရှက်နဲ့ အားမငယ်နဲ့”လို့ စာနာ ရပ်တည်ပေးရာလည်း ရောက်သွားပါလိမ့်မယ်။ ဒါကို သိက္ခာချစရာ တိုက်ခိုက်စရာ လက်နက်တခု အနေနဲ့ ရည်ရွယ်ဖြန့်ချိသူတွေသာ တကယ်တမ်း ရှက်ရမှာ၊ စည်းဖောက်သူ ဖြစ်တယ်ဆိုတာလည်း တပါတည်း ဖော်ပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

နိဂုံးချုပ် ရရင်တော့ ကျနော်တို့ အားလုံးဟာ လိင်ဆက်ဆံမှုကြောင့် မွေးဖွားလာကြတဲ့ လူသားတွေပါ။ လိင်မှုကိစ္စဟာ ရှက်စရာ ရွံစရာ ညစ်ညမ်းတဲ့ ကိစ္စမဟုတ်ပါ။ လူ့ဘဝမှာ စိတ်ရောရုပ်ပါ ကျေနပ်ပျော်ရွှင်မှု ပေးနိုင်ပြီး အလိုရှိရင် လူသားမျိုးဆက်တွေပါ ပွားများပေးနိုင်တဲ့ အင်မတန် ဂုဏ်ယူစရာ ကိစ္စပါ။ ဒါကြောင့် တော်လှန်ရေး သမားဖြစ်စေ၊ စစ်သား ရဲသား ဖြစ်စေ လိင်ဆက်ဆံကြတာ ကဲ့ရဲ့ ပြစ်တင် သိက္ခာချစရာ မဟုတ်ပါ။ လူ့ယဉ်ကျေးမှုက လက်မခံနိုင်တဲ့ တဖက်သား သဘောမတူတဲ့ အဓမ္မ ဖြားယောင်း သွေးဆောင် လိင်အမြတ်ထုတ်တာဖြစ်ဖြစ် မုဒိန်းမှု ကျူးလွန်တာဖြစ်ဖြစ် အဲဒါတွေကလွဲ လိင်ကိစ္စကို မူတည်ပြီး သိက္ခာချတာဟာ ယဉ်ကျေးမှုမြင့်တဲ့ လူသားတယောက်ရဲ့ လုပ်ရပ်မဟုတ်ဘဲ အောက်တန်းကျခြင်းသာ ဖြစ်ကြောင်း နားလည်ပေးကြပါ။

တော်လှန်ရေး ကာလကြီးထဲမှာလည်း ချစ်ကြ ကြင်နာကြရင်း လူသားဆန်စွာပဲ ဖြတ်သန်းကြပါ။ ကျန်းမာရေးနဲ့ မျိုးဆက်ပွားဆိုင်ရာ ကိစ္စတွေကိုတော့ စနစ်တကျ ပြင်ဆင် ကာကွယ်ကြပါလို့ နှိုးဆော်ရင်း နွေဦးတော်လှန်ရေးနဲ့အတူ အရိုးစွဲနေတဲ့ လိင်ယဉ်ကျေးမှု အဆွေးအဟောင်းကြီးကိုပါ တပါတည်း တိုက်ဖျက် တော်လှန်ပစ်ကြဖို့ တပ်လှန့် လိုက်ပါရစေ။

တခုတော့ ရှိပါတယ် မည်သည့် လိင်ကိစ္စမဆို ဥပဒေအရ အရွယ်ရောက်ပြီးသူချင်းပဲ ဖြစ်ရပါမယ်။ ဆက်ဆံသူချင်း သဘောတူ ကြည်ဖြူရပါမယ်။ ဒါတွေကတော့ ဘယ်တော့မှ မချိုးဖောက်ရမယ့် သံမဏိ စည်းကမ်းတွေ ဖြစ်ပါတယ်…

စိတ်ရော ကိုယ်ပါ ချစ်ခြင်း မေတ္တာတွေနဲ့ တော်လှန်ရေး ခရီးဆက်နိုင် ကြပါစေ။

(မိုးဃ်သွေးသည် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး Generation Wave အဖွဲ့ကို တည်ထောင်သူတဦးလည်း ဖြစ်သည်။)

You may also like these stories:

ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

လက်စားချေ အပြာဗီဒီယိုများသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးလက်နက်ဖြစ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ

မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာတယ်

Your Thoughts …
Tags: ကိုယ်ဝန်တားဆေးကွန်ဒုံးတော်လှန်ရေးပြောင်းလဲပစ်ကြလိင်မှုဆိုင်ရာ အတွေးအမြင်တွေ
မိုဃ်းသွေး

မိုဃ်းသွေး

Contributor

Similar Picks:

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

by စောရယ်
1 February 2024
6.6k

ကျနော်တို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ ညှိနှိုင်းမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဘုံသဘော တူညီချက်ပေါ်လာအောင် အခုက ကျနော်တို့ သဘောထား ဒီလိုရှိပါတယ်ဆိုတာ ကနဦး ချပြတဲ့သဘောပါပဲ

ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

by Irena Long
7 August 2023
6.5k

စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူတပ်ဖွဲ့ဝင်တိုင်းသည် တိုက်ခိုက်ရေးသမား ဖြစ်လိုကြသည် မဟုတ်ပေ။

Next Post
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ဘော်တွင်း သတ္တုတွင်းရှိ သတ္တုသန့်စင်သည့် စက်ရုံ / ဧရာဝတီ

ဘော်တွင်း သတ္တုစီမံကိန်းမှ ဩစတေးလျကုမ္ပဏီ နုတ်ထွက်

NUG ၏ ရေဒီယို အစီအစဉ်တွေကို နားထောင်လို့ မရအောင် စစ်ကောင်စီက ကြိုးပမ်းနေပါတယ်

လိုင်းပေါင်းစုံ ဖမ်းယူနိုင်သည့် ရေဒီယိုများ လိုက်သိမ်းဆည်းဖို့ စစ်ကောင်စီ ညွှန်ကြားထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved