• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိုင်းပေါင်းစုံ ဖမ်းယူနိုင်သည့် ရေဒီယိုများ လိုက်သိမ်းဆည်းဖို့ စစ်ကောင်စီ ညွှန်ကြားထား

by ဧရာဝတီ
20 August 2021
in သတင်း
A A
NUG ၏ ရေဒီယို အစီအစဉ်တွေကို နားထောင်လို့ မရအောင် စစ်ကောင်စီက ကြိုးပမ်းနေပါတယ်

NUG ၏ ရေဒီယို အစီအစဉ်တွေကို နားထောင်လို့ မရအောင် စစ်ကောင်စီက ကြိုးပမ်းနေပါတယ်

40.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG)က ရေဒီယို အစီအစဉ်ကို ယနေ့ စတင်ထုတ်လွှင့်ရန် ကြေညာပြီးနောက် စစ် ကောင်စီက ဆိုင်များရှိ ရေဒီယိုများကို သိမ်းရန်နှင့် တရုတ်နိုင်ငံမှ ရေဒီယိုများ တင်သွင်းမှုကို ကန့်သတ်ရန် ညွှန်ကြားချက် ပေးလိုက်သလို ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ဂမုန်းပွင့် ကုန်တိုက်ရှိ ရေဒီယိုများကို သိမ်းယူသွားကြောင်း သိရသည်။

“PSI စလောင်းတွေကို သိမ်းသလိုပဲ ရေဒီယိုတွေကိုလည်း ဆိုင်တွေက လိုက်သိမ်းဖို့ ရန်ကုန်မှာလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးတခုမှာ ဆွေးနွေးခဲ့ကြတယ်။ လိုင်းပေါင်းစုံဖမ်းလို့ရတဲ့ ရေဒီယိုတွေ အကုန်လိုက်သိမ်းမယ်။ တချို့ကလည်း ပါးပါးနပ်နပ်နဲ့ သိမ်းဖို့ တင်ပြတာမျိုးလည်း ရှိတယ်။ ဥပမာ ကာလအပိုင်းအခြားတခုထိ ရေဒီယိုတွေကို မရောင်းတော့ဖို့ ဆိုင်တွေကို မေတ္တာရပ်ခံထားတာမျိုးပေါ့”ဟု ရန်ကုန်မြို့ မှ ရဲသတင်းရင်းမြစ်တဦးက ပြောသည်။

ယခု ရေဒီယိုသိမ်းယူရမည့် အစီအစဉ်ကို နယ်မြေခံရဲများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက အကောင်အထည် ဖော်ပေး ရမည် ဖြစ်ကြောင်း၊ တချို့ကလည်း ဈေးဆိုင်များက ရေဒီယိုများကို ငွေကြေး စိုက်ထုတ်ဝယ်ယူပေးရန် ယင်းလုံခြုံရေး ဆိုင် ရာ အစည်းအဝေးတွင် တင်ပြမှုများ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ၊ ဘိုကလေးဈေးလမ်းရှိ ဂမုန်းပွင့်ကုန်တိုက် တတိယထပ်တွင် ရောင်းချနေသည့် အီ လက်ထရောနစ်နှင့် စာရေးကိရိယာဆိုင်မှ ရေဒီယိုများကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက လာရောက် သိမ်း ဆည်းမှုတခု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများက ပြောသည်။

“ရေဒီယိုတွေ လာသိမ်းသွားတာ မြင်လိုက်ရပါတယ်။ ဘယ်လို ပြောပြီး သိမ်းသွားတယ်ဆိုတာတော့ အတိအကျ မသိပါ ဘူး”ဟု ယင်းဘိုကလေးဈေးနားတွင် နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။

ထို့ပြင် တရုတ် အပါအဝင် နယ်စပ်မှ ဝင်ရောက်လာသည့် အီလက်ထရောနစ် ပစ္စည်းများထဲတွင် ရေဒီယိုများ ပါဝင်လာပါက တခါတည်း သိမ်းဆည်းထားရန်ဆိုသည့် ညွှန်ကြားချက်လည်း ရှိကြောင်း သိရသည်။

NUG အစိုးရက ရေဒီယို အစီအစဉ်များ ထုတ်လွှင့်ပေးမည်ကြေညာပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့တွင် ရေဒီယိုများ အဝယ် လိုက်လာလျက်ရှိသည်။

Radio NUG အစီအစဉ်ကို သြဂုတ်လ ၂၀ ရက်နေ့မှ စ၍ မနက် ၈ နာရီတကြိမ်၊ ည ၈ နာရီတကြိမ် တကြိမ်လျှင် မိနစ် ၃၀ စီ စတင် ထုတ်လွှင်ရန် ရှိပြီး ရေဒီယို အမျိုးအစား 10 Band Digital Radio ဖြင့် လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှ ဖမ်းယူနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလကလည်း စစ်ကောင်စီ၏ ပြည်သူလူထု၏ သတင်း သိပိုင်ခွင့်ကို ကန့်သတ် သည့်အနေဖြင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ထိုစဉ်က ရေဒီယိုလိုင်းများ ဖြစ်သည့် RFA ၊ BBC နှင့် VOA တို့ကို နားဆင်နိုင်ရန် ရေဒီယို ဝယ်ယူမှုများ မြင့်တက်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း BBC အစီအစဉ်ကို ရေဒီယိုဖြင့် နားထောင်သဖြင့် အဖမ်းခံရသူ များ ရှိခဲ့ဖူးပြီး စစ်အစိုးရခေတ်တွင် နော်ဝေနိုင်ငံမှ ထုတ်လွှင့်သည့် DVB အစီအစဉ်များကို ထုတ်လွှင့်ပြသ၍ အပိတ်ခံခဲ့ရ သည့် လဖက်ရည်ဆိုင်များလည်း ရှိခဲ့ဖူးသည်။

You may also like these stories:

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
45
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
38
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
255

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ

ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ

စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော

Your Thoughts …
Tags: NUGဂမုန်းပွင့်ကုန်တိုက်စစ်ကောင်စီရေဒီယို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ANP ပါတီမှ နုတ်ထွက်စာတင်ထားသည် ဆိုသော ပါတီခေါင်းဆောင် ဦးဖေသန်း / ဧရာဝတီ

ရခိုင် နိုင်ငံရေးသမား ဦးဖေသန်း ANP ပါတီမှ နုတ်ထွက်စာတင်ထား

၂၀၁၅ ခုနှစ်အတွင်း ဖြတ်တောက်ထားသော ကျွန်းသစ် သစ်လုံးပုံများကို တွေ့ရစဉ်

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

22 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved