• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

by ဧရာဝတီ
20 August 2021
in ဆောင်းပါး
A A
၂၀၁၅ ခုနှစ်အတွင်း ဖြတ်တောက်ထားသော ကျွန်းသစ် သစ်လုံးပုံများကို တွေ့ရစဉ်

၂၀၁၅ ခုနှစ်အတွင်း ဖြတ်တောက်ထားသော ကျွန်းသစ် သစ်လုံးပုံများကို တွေ့ရစဉ်

28.7k
VIEWS
Share on FacebookShare on Twitter

သစ်ထုတ်လုပ်ရေးလုပ်ငန်းသည် ထုံးစံအားဖြင့် မိုးရာသီတွင် ရပ်နားရသည်။ သစ်ခိုးထုတ်သူများပင် မိုးရာသီကိုရှောင်ရန် မေလလယ်မှ အေက်တိုဘာလအစောပိုင်းအထိ လုပ်ငန်းများရပ်ဆိုင်းကြသည်။ သို့သော် ဆလိိုင်းသည် စစ်ကိုင်းတိုင်း ခန္တီးမှ သူ၏ ရွာအနီးတွင် နေ့စဉ် သစ်တင်ကာ ၁၅ စီးမှ အစီး ၂၀ အထိ သူ့၏ ရွာအနီးမှ ဖြတ်သွားသည်ကို တွေ့နေရသည်။ စစ်ကိုင်းတိုင်းသည် အိန္ဒိယနှင့် ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှ သစ်တောထူထပ်သောဒေသ ဖြစ်သည်။

သစ်တင်ကားများသည် ပင်လယ်ဘူး၊ ကလေးနှင့် ကသာမှတဆင့် သစ်ကုန်ကူးလုပ်ငန်း အချက်အခြာဖြစ်သော ရှမ်းပြည်မြောက်ပိုင်းသို့ ဦးတည်သွားပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ နောင်ဒေါင် သို့မဟုတ် ရွှေလီသို့ရောက်သွားကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမား ဆလိုင်းက ပြောသည်။ ထိုနေရာနှစ်ခုလုံးသည် မြန်မာမှ သစ်များကို သိုလှောင်ရောင်းချသည့် ယူနန်ပြည်နယ်မှ အချက်အခြာနေရာများဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး ထိုမှတဆင့် တရုတ်နိုင်ငံ အခြားဒေသများသို့ ပို့ဆောင်ကြသည်။ အချို့သစ်များကို ကချင်ပြည်မြောက်ပိုင်း နယ်စပ်စခန်းများမှလည်း တရုတ်ပြည်သို့ ပို့ကြသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း သစ်ခိုးထုတ်တာကို ထိန်းချုပ်လို့ မရတော့ဘူး” ဟု ဧရာဝတီ သတင်းဌာနသို့ ဆလိုင်းပြောသည်။ လုံခြုံရေးအတွက် သူ၏အမည် အပြည့်အစုံကို မသုံးရန်လည်း သူပြောသည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော ဖရိုဖရဲအခြေအနေများကြောင့် သစ်ခိုးထုတ်ခြင်းသည် မတ်လမှ မေလအထိ လွန်စွာများပြားခဲ့ကြောင်း ကသာ၊ ခန္တီးနှင့် စစ်ကိုင်းမြို့နယ်များမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ ၄ ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မတ်လကနေ မေလအတွင်း တရုတ်ကို ဦးတည်သွားတဲ့ သစ်ကားတွေ တနေ့ကို အစီး ၄၀ ကနေ ၅၀ အထိရှိတယ်” ဟု စစ်ကိုင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဦးတင်မြင့်ပြောသည်။

နိုင်ငံရေးအခြေအနေကြောင့် ဒီကိစ္စတွေကို လူမှုကွန်ရက်မှာတောင် ကျနော်တို့ ပြောလို့မရဘူး။ သိတဲ့အတိုင်းပဲ ကျနော်တို့အတွက် အရမ်းကို အန္တရာယ်များတယ်” ဟုလည်း သူပြောသည်။

ကျွန်းနှင့် အခြားအဖိုးတန်သော သစ်မာများကို တရုတ်နိုင်ငံမှ ဝယ်လိုအားကြောင့် မြန်မာနိုင်ငံတွင် သစ်မှောင်ခိုလုပ်ငန်းနှင့် သစ်တောပြုန်းတီးမှု အကြီးအကျယ်ဖြစ်စေသည်မှာ ဆယ်စုနှစ် ၃ ခုကျော် ကြာပြီဖြစ်သည်။ သစ်မှောင်ခိုများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ သစ်အများအပြားကို ကုန်းလမ်းမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ကြသည်။ တရားမဝင်သစ်ခိုးထုတ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဧရိယာနှင့်ညီမျှသော သစ်တောများ ဆုံးရှုံးသွားကြောင်း ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (GFW) ၏ အဆိုအရသိရသည်။

မြန်မာနိုင်ငံ ဥပဒေအရ ကုန်းလမ်းမှ သစ်ကုန်ကူးခြင်းကို တားမြစ်ထားပြီး ပြည်ပတင်ပို့သည့် သစ်အားလုံးသည် ရန်ကုန်ဆိပ်ကမ်းကို ဖြတ်သန်းရန် လိုသည်။ သို့သော် တရုတ်မြန်မာနယ်စပ်အနီး နှစ်စဉ်သစ်များကို အကြီးအကျယ် ဖမ်းမိနေသောကြောင့် ရှုပ်ထွေးလှသည့် နယ်စပ်ဖြတ်ကျော်မှောင်ခိုလုပ်ငန်းနှင့် အကျင့်ပျက် ခြစားသော အရာရှိများ ရှိကြောင်း ပြသနေသည်။ တရားမဝင် သစ်မှောင်ခိုလုပ်ငန်းသည် မြန်မာမှ ပဋိပက္ခများ၊ အပစ်အခတ်ရပ်စဲရေး၊ စီးပွားရေးဆုတ်ယုတ်ခြင်း၊ အစိုးရမူဝါဒအပြောင်းအလဲ၊ ယာယီဖြိုခွဲမှုများနှင့် မွေးကင်းစ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတို့ကိုပင် ခံနိုင်ရည်ရှိကြောင်း ပြသနေသည်ဟု ဗြိတိန်နှင့် အမေရိက အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ကဆိုသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
593
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5.6k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
191

မြန်မာမှ လက်ကျန်ကျွန်းသစ်များနှင့် သစ်လုပ်ငန်းသည် ယခင်စစ်အာဏာရှင်များအတွင် အဓိကဝင်ငွေရင်းမြစ် ဖြစ်သည်။ အရပ်သား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၅ ခုနှစ်တွင် အာဏာရလာသောအခါ သစ်တင်ပို့မှုနှင့် သစ်ထုတ်လုပ်ခြင်းကို ပိတ်ပင်ခြင်းအပါအဝင် သစ်မှောင်ခိုလုပ်ငန်းကို ရပ်တန့်စေရန်နှင့် နိုင်ငံအတွင်း သစ်တောပြုန်းတီးမှုကို လျှော့ချရန် အမျိုးမျိုးကြိုးစားသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာန်ိုင်ငံ သစ်ထုတ်လုပ်မှုလျှော့ချရန် ထူးခြားသော လုပ်ဆောင်မှုများဖြစ်ခဲ့သည်။

ထို့အပြင် NLD အစိုးရသည် တရားမဝင် သစ်တန်ချိန် ၂ သိန်းကျော်ကို ဖမ်းဆီးခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းသောအခါ စစ်ကောင်စီက သစ်ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းကို ဦးစီးသည့် မြန်မာ့သစ်လုပ်ငန်း (MTE) ကို ထိန်းချုပ်ပြီး အရပ်သားအစိုးရက လုပ်ဆောင်ခဲ့သော တိုးတက်မှုများကို ဖျက်စီးပစ်လိုက်သည်။

စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲအဖြစ် ဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာ့သစ်လုပ်ငန်းကို အရေးယူထားသည်။ သို့သော်မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို အားကိုးနိုင်ပြီး သစ်များသည် မလုံခြုံသောနယ်စပ်ကို ဖြတ်ကာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ သစ်စက်များသို့ ရောက်နေကြကြောင်း ဗြိတိန် ပဋိက္ခနှင့်သဘာဝပတ်ဝန်းကျင်လေ့လာရေးအဖွဲ့ (CEOBS) ကပြောသည်။

“သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုတွင် မြန်မာစစ်တပ်သည် ဆိုးရွားသော သမိုင်းကြောင်းရှိသည်။ သို့သော် ၎င်းတို့သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမတိုင်မီက ၎င်းတို့ကို တနိုင်ငံတည်းသော နိုင်ငံတကာ ထောက်ခံသူဖြစ်သည့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိနေပြီး ရပ်ဝန်းနဲ့လမ်းစီမံကိန်းများကို တိုးချဲ့မည်ဟု မျှော်လင့်ရသည်” ဟု CEOBS က ဖေါ်ပြသည်။

မေလနှင့် ဇွန်လအတွင်းတွင် စစ်ကောင်စီသည် NLD အစိုးရလက်ထက်အတွင်း စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းများ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းတို့မှ သစ်တန်ချိန် ၂၅၀၀၀ ကို လေလံတင်ရောင်းချသည်။ ထို့အပြင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအနောက်ပိုင်းမှ သစ်တန်ချိန် ၆၇၆၉၀ ကို မုံရွာနှင့် ရန်ကုန်သို့ ပို့ဆောင်ရန် တင်ဒါခေါ်ယူသည်။ ထိုသစ်များကို အနာဂတ်လေလံပွဲများတွင် ရောင်းချရန်ဖြစ်သည်။

စစ်ကိုင်းတိုင်းသည် သစ်မှောင်ခိုလုပ်ငန်းအတွက် အဓိကနေရာဖြစ်ပြီး နှစ်စဉ် တရုတ်နိုင်ငံသို့ သစ်တန်ချိန် ထောင်ပေါင်းများစွာ တင်ပို့နေသည်။၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း NLD အစိုးရသည် ကနီ၊ မော်လိုက်၊ ဖေါင်းပြင်၊ ကလေးဝ၊ တမူး၊ ဘန်းမောက်၊ ကသာ၊ ကျွန်းလှ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်များမှ သစ်မာနှင့် အခြားသစ်တန်ချိန် ၄၅၀၀၀ ကျော် ဖမ်းဆီးမိသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှ အရှေ့တောင်အာရှနိုင်ငံများအသင်း အမွေအနှစ်အဖြစ်သတ်မှတ်ထားသည့် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံး အလောင်းတော်ကဿပ အမျိုးသားဥယာဉ်အတွင်း သစ်ခိုးထုတ်မှု များလာသည်ကို တွေ့ရကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားများပြောသည်။ ထိုအမျိုးသားဥယာဉ်သည် သဘာဝအတိုင်းတည်ရှိနေသသည့် အပူပိုင်းသစ်တော ၁၆၉၅၀၀ ဟက်တာနှင့် တောရိုင်းတိရစာ္ဆန်များ ကြင်လည် ကျက်စားသည့် နေရာများကို ကာကွယ်စောင့်ရှောက်ထားသည်။ ထိုနေရာတွင် တရုတ်နိုင်ငံတွင် ဝယ်လိုအားအမြင့်မားဆုံးဖြစ်သည့် တလမန်းနှင့် အခြားသစ်မာများ ပေါများသည်။ တလမန်းသည် မြန်မာမှ တရုတ်သို့တင်ပို့သည့် သစ်များတွင် ရေပမ်းအစားဆုံးဖြစ်သည်။ မြန်မာမှ တလမန်းများကို တရုတ်နိုင်ငံတွင် ပရိဘောဂလုပ်ရန် ဝယ်လိုအားလွန်စွာ မြင့်မားသောကြောင့် တရားမဝင် သစ်ထုတ်လုပ်ငန်းနှင့် သစ်မှောင်ခို လုပ်ငန်းသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း လွန်စွာကြီးမားလာသည်။

သစ်တောအရာရှိများသည် မတ်လအစောပိုင်းမှစတင်ပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကာ စစ်အုပ်ချုပ်ရေးအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်သောကြောင့် အလောင်းတော်ကဿပ အမျိုးသားဥယာဉ်တွင် တရားမဝင် သစ်ထုတ်လုပ်ခြင်း ပိုမိုပြင်းထန်လာကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်သူများပြောသည်။

“သစ်တောအရာရှိတွေ မရှိတဲ့နောက် အမျိုးသားဥယျာဉ်ထဲက ဝေးကွာတဲ့နေရာတွေမှာ သစ်ပင်တွေကို ခုတ်လှဲပြီး တလမန်မှောင်ခိုသမား ရာပေါင်းများစွာလုပ်ကိုင်နေတယ်” ဟု အမည်မဖေါ်လိုသော ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“ မတ်လကနေ မေလလယ်အတွင်း သစ်တင်ထရပ်ကား အစီး ၂၀ ကနေ ၃၀ အထိ နေ့စဉ် အမျိုးသားဥယာဉ်ထဲမှ ဝင်ထွက်နေတာ ကျနော်တို့ တွေ့နေရတယ်” ဟုလည်း သူပြောသည်။

တရားမဝင် သစ်ခိုးထုတ်မှု အလျှင်အမြန်များပြားလာပြီးနောက် လူသိများသော ဆရာတော်တပါးဖြစ်သည့် ရွှေဆံပင်ဆရာတော်သည် မတ်လအတွင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သို့ သွားရောက်ပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရန် အာဏာပိုင်များကို မေတ္တာရပ်ခံသည်။ သစ်ပင်ကြီးများကို ခုတ်လှဲထားသည့် ပုံများကိုလည်း ထိုဆရာတော်က Facebook တွင် တင်သည်။

သို့သော် သစ်ခိုးထုတ်သော လုပ်ငန်းများသည် မေလလယ်အထိ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများပြောသည်။ “ မိုးအပြင်းအထန်ရွာမှပဲ သူတို့ရပ်သွားတာ။ မိုးရာသီကုန်တာနဲ့ သူတို့ပြန်လည်စတင်မယ်လို့ ကျနော် သေချာပေါက်ပြောရဲတယ်” ဟုလည်း ၎င်းတို့အနက် တဦးကပြောသည်။

ရွှေဆံပင်ဆရာတော်က မတ်လအတွင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ထဲ သစ်ခိုးခုတ်ခံထိနေရကြောင်း တင်ခဲ့သော ဓာတ်ပုံများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှ သစ်တန်ချိန်မည်မျှကို ခုတ်လှဲမှောင်ခိုကူးသည်ကို ဧရာဝတီ သတင်းဌာနက အတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် မာရီလန်း တက္ကသိုလ်မှ GFW’s Global Land Analysis & Discovery (GLAD) က ထုတ်ပြန်သည့် သစ်တောပြုန်းတီးမှု သတိပေးချက်များအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၉ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းတွင် သတိပေးချက်ပေါင်း ၂၀၉၂၆၀ ရှိပြီး ၎င်းတို့အနက် ၄၆ ရာခိုင်နှုန်းသည် အထူးခိုင်မာသော သတိပေးချက်များဖြစ်နေသည်။

GLAD သည် NASA ၏ Landsat ဂြိုလ်တုများမှ ရိုက်ကူးထားသည့် ပုံများကို အသုံးပြုပြီး သစ်တောများ ဖျက်ဆီးခံရသည့် နယ်မြေများကို အလိုအလျှောက်မှတ်သားထားသည်။ သစ်ပင်များမည်သည့်နေရာတွင် ဆုံးရှုံးသွားသည်ကို သိရှိရန်အတွက် GLAD သည် နောက်ဆုံးရိုက်ကူးထားသည့် ပုံများနှင့် ယခင်မှတ်တမ်းတင်ထားသော အချက်အလက်မျာကို နှိုင်းယှဉ်လေ့လာသည်။ သတိပေးချက်တခုလျှင် သစ်တောများ ဖျက်ဆီးခံရသည့် ဘတ်စကက်ဘော ၂ ကွင်းစာမျှ ကျယ်သည့် မီတာ ၃၀ မှ ၄၀ ကျယ်သော နေရာအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုနေရာမှ သစ်ပင်များကို ဆုံးရှုံး သို့မဟုတ် ဖယ်ရှားခံလိုက်ရကြောင်း ပြသနေသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှ အဓိကအစိတ်အပိုင်းတခုသည် လွန်ခဲ့သော ၆ လအတွင်း ပျောက်ကွယ်လာနေကြောင်း ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူတဦးက ဂြိုလ်တုမှ ရိုက်ကူးထားသော ဓါတ်ပုံများကို အခြေခံပြောကြားသည်။ သို့သော် ဂြိုလ်တု ဓါတ်ပုံများကို အခြေခံပြီး သစ်တောဧရိယာ မည်မျှ ဆုံးရှုံးသွားသည်ကို အတိအကျပြောရန် ခက်ခဲကြောင်းလည်း သူပြောသည်။

“ဒါကတော့ အိပ်မက်ဆိုးပဲ။ ဒီဥယျာဉ်က ဗုဒ္ဓဘာသာဝင်တွေအတွက် မြင့်မြတ်တဲ့နေရာဖြစ်ရုံသာမက နိုင်ငံမှာ အရေးအပါဆုံး ဇီဝမျိုးစုံမျိုးကွဲတွေ ရှိတဲ့နေရာလည်းဖြစ်တယ်” ဟု ထိုသဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူက ပြောသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်ကိုင်းတိုင်း အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း သစ်တောပြုန်းတီးမှု သတိပေးချက်များ

လွန်ခဲ့သော ၄ ပတ်အတွင်း စစ်ကိုင်းတိုင်းသစ်တောပြုန်းတီးမှုသတိပေးချက်များတည်နေရာနှင့် အာဏာသ်ိမ်းပြီးနောက်ပိုင်း စုစုပေါင်း သစ်တောပြုန်းတီးမှု သတိပေးချက်များ

အရာရှိများ၏ ခွင့်ပြုချက်မရှိဘဲ သစ်များကိုခုတ်ယူပြီးသယ်ယူပို့ဆောင်ရန် နည်းလမ်းမရှိကြောင်း လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ပြီး လတ်တလော ပုန်းအောင်းနေရသည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ဝန်ထမ်းတဦးက ဧရာဝတီသတင်းဌာနသို့ Signal မှတဆင့်ပြောသည်။

“ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ အရာရှိတွေက လာဘ်ယူပြီး သစ်ခိုးထုတ်တာကို မသိချင်ယောင်ဆောင်နေတာ ဖြစ်ရင်ဖြစ် မဖြစ်ရင် စစ်ကောင်စီက ဒီလုပ်ရပ်တွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတာပဲ” ဟု သူပြောသည်။

တရားမဝင် သစ်ခိုးထုတ်ခြင်းအတွက် ယခင်က တရုတ်အစိုးရက ပြစ်ဒဏ်ချမှတ်ခံရဖူးသော Dazu ဒါ့ဇူ ဂိုဏ်းသည် စစ်အာဏာသိမ်းမှုအပြီးတွင် လုပ်ငန်းများပြန်လည်စတင်နေကြောင်း၊ တရုတ်နိုင်ငံ ကုန်သည်များထံမှ အမှာစာများအတွက် သစ်များကို ပြုပြင်ထုတ်လုပ်ရန် သစ်စက်များ ဂိုဒေါင်များကို တိုးချဲ့နေကြောင်း EIA က ဧပြီလတွင် ဖေါ်ပြခဲ့သည်။ ထိုလုပ်ငန်းသည် လွန်စွာကြီးမားသောကြောင့် နိုင်ငံတော်က မသိဘဲ၊ ပါဝင်ပတ်သက်ခြင်း မရှိဘဲ မလုပ်နိုင်ကြောင်း EIA က ဆက်လက်ပြောကြားသည်။

သစ်များကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေပြီး EIA ၏ စောင့်ကြည့်မှုများအရ ထိုသစ်များသည် နိုင်ငံတော်က ထိန်းချုပ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်းမှ လာသည်။ ထို့ကြောင့် ထိုဒေသတွင်းမှ သစ်လုပ်ငန်းများကို ဖေဖေါ်ဝါရီလဆန်းမှ စတင်ပြီး စစ်ကောင်စီက သိရှိ ထိန်းချုပ် လုပ်ကိုင်နေခြင်းဖြစ်သည်ဟု EIA ကဆိုသည်။

ကချင်နှင့် တရုတ်နယ်စပ်ရှိ ရစ်ဇောင်၊ အင်ဘာပ၊ ဂိုင်ဒေါနှင့် လွယ်ဂျေ စသည့်နေရာ ၄ ခုတွင် သစ်စက်များတွေ့ရကြောင်း EIA ကဆိုသည်။ “သစ်များကို ပြုပြင်ပို့ဆောင်ရာတွင် ဂိုဏ်းသစ်တခုလည်း ပါဝင်ပတ်သက်နေသည့် သတင်းများ ရရှိသည်” ဟုလည်း ဆက်လက်ဖေါ်ပြထားသည်။

ကုန်သွယ်ရေးလမ်းကြောင်းများနှင့် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းခအပြင် တရုတ်ကုန်သည်များသို့ တင်ပို့သည့် ဂိုဏ်းများနှင့် စစ်တပ်အကြား အဆက်အသွယ် အပါအဝင် တရုတ်နိုင်ငံသို့ သစ်ကုန်ကူးခြင်းမှ စစ်ကောင်စီသည် ဘဏ္ဍာရေးအကျိုးအမြတ်များ ရရှိနေကြောင်း EIA ၏ ကာလကြာမြင့်စွာ စုံစမ်းစစ်ဆေးမှုအရ သိရသည်။

တရုတ်ကုမ္ပဏီများနှင့် သစ်ခိုးထုတ်ခြင်း

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် သစ်မှောင်ခိုကူးခြင်းကို ၁၉၉၀ ခုနှစ်များ အစောပိုင်းက စတင်ခဲ့သည်။ တရုတ်အစိုးရက သစ်ထုတ်လုပ်ခြင်းကို ၁၉၉၆ ခုနှစ်တွင် ပိတ်ပင်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်အတွက် အဓိကကျသည့် သစ်ရင်းမြစ်ဖြစ်လာသည်။ စစ်တပ်၊ ယူနန်နယ်စပ်နှင့်နီးသော ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များသည် သစ်မှောင်ခိုလုပ်ငန်းမှ ဝင်ငွေဖြင့် ဆယ်စုနှစ် ၃ ခုကျော်ကြာအောင် ရပ်တည်နိုင်ခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်အစိုးရသည် မြန်မာမှ တရားမဝင်ကုန်သွယ်သော ကုမ္ပဏီများကို ဖြိုခွဲသည်။ သို့သော် သက်ရောက်မှုမှာ တရားမဝင်ကုန်သွယ်မှုကို အနည်းငယ်နှေးကွေးသွားစေရုံသာရှိသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်အစိုးရသည် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော တရားမဝင်သစ် တန်ချန် တသိန်းကျော် သိမ်းဆည်းမိသည်။ သို့သော် သစ်တန်ချိန်ထောင်ပေါင်းများစွာသည် ကချင်နှင့် ရှမ်းပြည်နယ်များမှ တရုတ်နိုင်ငံသို့ နည်းလမ်းပေါင်းစုံဖြင့် နှစ်စဉ် ဝင်ရောက်နေကြသည်။ မြန်မာနိုင်ငံမှလာသော အဖိုးတန်သည့် တမလန်းနှင့် ကျွန်းသစ်များဖြင့် ပြုလုပ်ထားသည့်ပစ္စည်းများကို ကြော်ငြာနေဆဲဖြစ်သည်။

ရွှေလီမှ အဝင်နည်းလာသောကြောင့် မြန်မာနိုင်ငံမှ တလမန်းဈေးနှုန်းသည် ဧပြီလလယ်တွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးတက်လာကြောင်း တရုတ် မီဒီယာများ ဖေါ်ပြကြသည်။ ရွှေလီတွင် ဝယ်လိုအားမြင့်မားလာတိုင်း မြန်မာနိုင်ငံတွင် တလမန်းမှောင်ခို ပိုမို လုပ်ကိုင်ကြသည်။ မကြာသေးမီက တရုတ်နိုင်ငံမှ ဒုံယန်း တလမန်းကုမ္ပဏီက မြန်မာနိုင်ငံမှ ဝယ်ယူလာသော တလမန်းသစ်လုံးကြီးများကို ကြော်ငြာပြီး တလုံးလျှင် ရီမင်ဘီ ၆ သိန်း သို့မဟုတ် ၁၅၂,၀၄၁,၇၂၉ ကျပ်ဖြင့် ရောင်းသည်။

ထို့အပြင် ကျန်ကျန်းပြည်နယ်အခြေစိုက် အခြားတရုတ်ကုမ္ပဏီတခုကလည်း မြန်မာနိုင်ငံမှ သက်တမ်းနှစ် ၃၀၀ ရှိသစ်လုံးများ ဇွန်လအတွင်းက ရောက်ရှိလာကြောင်း WeChat တွင်ကြေညာသည်။ သို့သော် ထိုကုမ္ပဏီ ၂ ခုလုံးက ထိုသစ်များကို မြန်မာနိုင်ငံမှ မည်သည့်အချိန်တွင် ဝယ်ယူခဲ့သည်ကို ကြေညာခြင်းမရှိပေ။

စစ်အာဏာသိမ်းပြီးနောက် သစ်တောပြုန်းတီးမှု သတိပေးချက်များ

အာဏာမသိမ်းမီ ၆ လနှင့် အာဏာသိမ်းပြီးနောက် ၆ လအကြာ GFW မှ အချက်အလက်များကို ဧရာဝတီ သတင်းဌာနက နှိုင်းယှဉ်လေ့လာသောအခါ သစ်တောပြုန်တီးမှု သတိပေးချက်များသည် အာဏာသိမ်းပြီးနောက် အာဏာမသိမ်းမီကထက် ၅ ဆ နီးပါး ပိုမိုများပြားလာပြီး ၂၂၃၁၂၁၁ ရှိကာ ၎င်းတို့အနက် ၄၉ ရာခိုင်နှုန်းမှာ ပြင်းထန်သော သတိပေးချက်များဖြစ်နေသည်။ လွန်ခဲ့သော ၆ လအတွင်း ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်များ၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်းများတွင် သစ်တောဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်းနှင့် စုစုပေါင်း မြေဟက်တာ ၁၄၀၃၄၀ ကို ထိခိုက်စေကြောင်း အချက်အလက်များက ပြသနေသည်။ သတိပေးချက်အားလုံး၏ ၆၃ ရာခိုင်နှုန်းသည် ရှမ်း၊ ကချင်ပြည်နယ်များနှင့် တနင်္သာရီတိုင်းတို့အတွက်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်မှ သြဂုတ်လ ၉ ရက်နေ့အထိ ကချင်ပြည်အတွက် သစ်တောပြုန်းတီးမှု သတိပေးချက် ၃၇၆၁၅၀ ရှိသည် ၄၇ ရာခိုင်နှုန်းမှာ ပြင်းထန်သော သတိပေးချက်များဖြစ်သည်။ လွန်ခဲ့သော လေးပတ်အတွင်း ကချင်ပြည်နယ်အတွက် သတိပေးချက် ၂၅၉၅၂ ခုရှိပြီး မြစ်ကြီးနား၊ ပူတာအိုနှင့် ဗန်းမော် မြို့နယ်များကို အဆိုးရွားဆုံး ထိခိုက်စေသည်။

နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်နိုင်တင်းကူးစက်မှုများကြောင့် ၎င်းတို့သည် သစ်တောများသို့ မသွားရောက်နိုင်ကြကြောင်း မြစ်ကြီးနားရှိ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ဧရာဝတီသတင်းဌာနသို့ပြောသည်။

အာဏာသိမ်းပြီးနောက် တရားမဝင်သစ်ခိုးထုတ်မှုများသည် ခေါင်လန်ဖူးနှင့် ချီဗွေ မြို့နယ်များတွင် စံချိန်တင် မြင့်မားလာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကချင်ပြည်နယ် လုပ်ငန်းအဖွဲ့ (KCWG) က ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ထိုမြို့နယ်များသည် ကချင်ပြည် မြောက်ဖက်စွန်းဒေသများဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

လွန်ခဲ့သော ၄ ပတ်အတွင်း ကချင်ပြည်နယ်မှ သစ်တောပြုန်းတီးမှု သတိပေးချက်ဖေါ်ပြသော တည်နေရာများ။ စုစုပေါင်းသစ်တောပြုန်းတီးမှုသတိပေးချက်များနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြေပုံ

ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော မြို့များအပါအဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းမှ မြို့နယ်များအတွက် သစ်တောပြုန်းတီးမှ သတိပေးချက် ၆၉၇၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၄၉ ရာခိုင်နှုန်းသည် ပြင်းထန်သော သတိပေးချက်များဖြစ်သည်။

လွန်ခဲ့သော ၄ ပတ်အတွင်း ရှမ်းပြည်နယ်မှ သစ်တောပြုန်းတီးမှု သတိပေးချက်ဖေါ်ပြသော တည်နေရာများ။ စုစုပေါင်း သစ်တောပြုန်းတီးမှု သတိပေးချက်များနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြေပုံ

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းစွန်းဖြစ်သော တနင်္သာရီတိုင်းတွင်လည်း ပြင်းထန်သည့် သစ်တောပြုန်းတီးမှု သတိပေးချက် ဖြစ်လာခဲ့သည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၉ ရက်အတွင်း ထိုတိုင်းတွင် သတိပေးချက်ပေါင်း ၃၅၅၀၀၀ ကျော်ရှိသည်။ တနင်္သာရီတိုင်းမှ အဆိုပြုထားသည့် လေညာအမျိုးသားဥယျာဉ်နေရာတွင် မြင့်မားသည့် သစ်တောပြုန်းတီးမှု တွေ့ရကြောင်း CEOBS ကပြောသည်။

လွန်ခဲ့သော ၄ ပတ်အတွင်း တနင်္သာရီတိုင်းမှ သစ်တောပြုန်းတီးမှု သတိပေးချက်ဖေါ်ပြသော တည်နေရာများ။ စုစုပေါင်းသစ်တောပြုန်းတီးမှု သတိပေးချက်များနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြေပုံ

အာဏာမသိမ်းမီနှင့် အာဏာသ်ိမ်းပြီးနောက် တနင်္သာရီတိုင်းမှ သစ်တောဆုံးရှုံးမှုပြ ဂြိလ်တု ဓါတ်ပုံနှိုင်းယှဉ်ချက် Conflict and environment observatory



အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွက် သစ်တောပြုန်းတီးမှု သတိပေးချက် ၁၈၇၇၀၅ ခုရှိပြီး ၎င်းတို့အနက် ၅၃ ခုသည် ပြင်းထန်သော သတိပေးချက်များဖြစ်သည်

လွန်ခဲ့သော ၄ ပတ်အတွင်း ကရင်ပြည်နယ် သစ်တောပြုန်းတီးမှု သတိပေးချက်ဖေါ်ပြသော တည်နေရာများ။ စုစုပေါင်းသစ်တောပြုန်းတီးမှု သတိပေးချက်များနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြေပုံ

ပိုမိုပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ

သစ်တောပြုန်းတီးမှု သတင်းများနှင့် တရားမဝင်သစ်ခိုးထုတ်မှု မြင့်မားနေချိန်တွင် သစ်တောလေ့လာစောင့်ကြည့်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများသည် စစ်ကောင်စီကို ပုန်းအောင်နေရ သို့မဟုတ် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသည်။ ၎င်းတို့၏ နေအိမ်များတွင် ဆက်လက်နေထိုင်သူများပင် မထင်မရှားနေကြရသည်။

“ရာဇဝတ်ဂိုဏ်းတွေက သစ်ခိုးထုတ်တာမှာ ပါဝင်ပတ်သက်နေတော့ သစ်တောတွေကို စောင့်ကြည့်ထိန်းသိမ်းတဲ့လုပ်ငန်းက ပုံမှန်အခြေအနေမှာတောင် အန္တရာယ်များတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ အန္တရာယ်များတယ်” ဟု ခန္တီးမှ သစ်တောကာကွယ်စောင့်ရှောက်သူ ဆလိုင်းပြောသည်။

“သစ်ခိုးထုတ်တဲ့ ဂိုဏ်းသစ်တွေပေါ်လာနေတယ်လို့ မြေပြင်စောင့်ကြည့်သူအချို့က သတင်းပို့တယ်။ ကျနော်တို့အတွက် ပိုပြီး အန္တရာယ်များလာတာပေါ့” ဟုလည်း သူပြောသည်။

သစ်ခိုးထုတ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်နေပြီး သစ်တောစီမံအုပ်ချုပ်မှုနှင့်သစ်တောကဏ္ဍပွင့်လင်းမြင်သာမှု တိုးတက်ရေးအတွက်လုပ်ကိုင်နေသော သစ်တောလေ့လာစောင့်ကြည့်သူများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေးပူပန်မှုများကြောင့် လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်။ လွန်ခဲ့သော နှစ်များအတွင်း သစ်မှောင်ခိုလုပ်ငန်းတိုက်ဖျက်ရာတွင် ရရှိခဲ့သည့် တိုးတက်မှုများ ရပ်ဆိုင်းသွားပြီး စစ်ကောင်စီ၏ ဖျက်ဆီးမှုကို ခံလိုက်ရသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံ သစ်တော စီမံအုပ်ချုပ်မှုကောင်းမွန်ရေးအတွက် ဒေသခံစောင့်ကြည့် လေ့လာသူများ သစ်တောဦးစီးဌာနအရာရှိများနှင့်အတူတကွ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။

ဖြုတ်ချခံလိုက်ရသော NLD အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့အဖွဲ့အစည်းသည် လွန်ခဲ့သောနှစ်များအတွင်း ကချင်ပြည်နယ် သယံဇာတ ထုတ်ယူရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှု တိုးတက်အောင်လုပ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကွန်ရက်မှ ကွင်းဆင်းအရာရှိ ခေါင်ဇောင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ သို့သော် စစ်အာဏာသိမ်းမှုကြောင့် ယခုအခါတွင် လေ့လာစောင့်ကြည့်သည့် လုပ်ငန်းများသည် စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း အဓိက လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း ဆက်ပြောသည်။

“ သဘာဝသယံဇာတတွေကို ဖျက်ဆီးမှုက ထိန်းချုပ်မရအောင်ဖြစ်လာမှာကို ကျနော်တို့ အရမ်းစိုးရိမ်တယ်။ ဒီအခြေအနေအတိုင်း ဆက်သွားရင်တော့ ကချင်ပြည်နယ်က ကာကွယ်တောတွေကို ဆုံးရှုံးသွားနိုင်တယ်။ စစ်ကောင်စီက နိုင်ငံခြားငွေ ပြတ်နေတော့ ကာကွယ်တောလို့သတ်မှတ်ထားတဲ့နေရာတွေမှာ ကုမ္ပဏီတွေကို သစ်ထုတ်လုပ်ခွင့်ပေးနိုင်တယ်” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Coup Gives Greenlight to Timber Traffickers ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

တရုတ်နိုင်ငံသားများ ပြန်သွားသဖြင့် ဝ နဲ့ မိုင်းလားတွင် စီးပွားရေးကျဆင်းနေ

မြန်မာ့ခရီးသွားကဏ္ဍ ဆိတ်သုဉ်းသွားခြင်း

မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ

စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုတရုတ်သစ်လုပ်ငန်းတလမန်းသစ်ခိုးထုတ်သူများသစ်ထုတ်လုပ်ရေးလုပ်ငန်းသစ်မှောင်ခိုများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
၂၀၁၈ မတ်လ နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား  / ဧရာဝတီ

အာဏာသိမ်းပြီး ၆ လအကြာ CDM ဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ရှိလာ

အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာက ဘယ်လို ဆက်ဆံနေကြလဲ (ရုပ်/သံ)

အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာက ဘယ်လို ဆက်ဆံနေကြလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved