ကချင်ပြည်နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိဘဲ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာကြသည့် မြေယာများကို ဒေသခံများထံမှ စီးပွားရေးလုပ်ငန်းရှင်များက သိမ်းဆည်းခဲ့သည့် စစ်အစိုးရလက်ထက်တွင် ဒေသခံလယ်သမားများဘက်မှ ရပ်တည်ပြီး မြေယာအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားခဲ့သည့် ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ၏ အကြောင်းကို နော်ဝေနိုင်ငံရှိ Peace Research Institute Oslo (PRIO) အဖွဲ့က ကာတွန်းရုပ်ပုံများနှင့် သရုပ်ပြထားသည့် Animation ဇာတ်လမ်း တို တခုကို ထုတ်လွှင့်ထားသည်။
Animation ရုပ်သံထဲတွင် ဇာတ်ကောင်ဖြစ်သည့် ဒေါ်ဘောက်ဂျာသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှ လယ်ယာမြေ သိမ်းဆည်းခံရသည့် တောင်သူများဘက်မှ ရပ်တည်ပြီး မြေသိမ်းသည့် ယုဇနကုမ္ဗဏီကို ရင်ဆိုင်ခဲ့သည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည်။
လက်ရှိတွင် ဒေါ်ဘောက်ဂျာသည် ကချင်နိုင်ငံရေးပါတီ၆ ပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုုဥက္ကဌ (၄) အဖြစ် တာဝန်ယူထားသူတဦး ဖြစ်ပါသည်။
ဒေါ်ဘောက်ဂျာအကြောင်း ကာတွန်းရုပ်ပုံ animation ရုပ်သံကို ဖန်တီးသူမှာ မြန်မာနိုင်ငံမှ အမျိုးသမီးလူငယ် မကေဇင်ဆုဝေ ဖြစ်ပြီး ၎င်းမှာ လူမှုတရားမျှတမှု ဖော်ဆောင်ရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ကာတွန်းနဲ့ animation ရုပ်သံများကို ၂၀၀၆ ခုနှစ်ကတည်းက ဖန်တီးနေသူတဦး ဖြစ်သည်။
ကချင်ပြည်နယ်တွင်းမှ မြေယာအခွင့်အရေး ဆုံးရှုံးခဲ့သည့် ဒေသခံများနှင့် ဒေါ်ဘောက်ဂျာ အကြောင်း ဖန်တီးခဲ့သူ မကေဇင်ဆုဝေကို ဧရာဝတီ၏ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒေါ်ဘောက်ဂျာအကြောင်းကို ရုပ်သံဖန်တီးဖို့ ဘယ်လို အစပြုခဲ့ပါသလဲ။ သူ့ကို ဘာလို့ ရွေးချယ်ခဲ့တာလဲ။ ဒီရုပ်သံ ဖန်တီးဖို့ ဘယ်လိုအဆင့်ဆင့် လုပ်ဆောင်ခဲ့လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ပထမဆုံးကတော့ ဒေါ်ဘောက်ဂျာကို ရွေးပြီးမှ ကျမဆီကို ရောက်လာတာပါ။ Positive Negative အဖွဲ့အစည်းက ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ ပရောဂျက်တွေ လုပ်နေတဲ့သူ မြန်မာနိုင်ငံမှာ ရှိတယ်။ သုတေသန လုပ်နေတဲ့သူ တဦးရှိတယ်။ သူက ၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဒီကို ရောက်လာတော့ မြန်မာနိုင်ငံမှာ သတ္တိရှိတဲ့ တက်ကြွလှုပ်ရှားသူ တွေကို စုပြီး ဒေါ်ဘောက်ဂျာအကြောင်း ရွေးချယ်ပေးပြီး ကျမဆီကို အလုပ်အပ်တာပါ။
ကျမကို Instagram တို့ကနေ တွေ့ပြီး လက်ရာကြိုက်တယ်ဆိုပြီး သူတို့က ဆက်သွယ်တယ်။ ကျမကိုယ်တိုင်ကလည်း ဒီလို ဖန်တီးရတာ ကြိုက်တယ်ဆိုတော့ အဆင်ပြေသွားတယ်။ ကျမက ဒေါ်ဘောက်ဂျာနဲ့ လူချင်းတွေ့ချင်တယ်လို့ တောင်းဆိုလိုက်ပြီး ကချင်ပြည်နယ်ကို သွားတယ်။ သူတို့နဲ့ တွေ့ပြီး ၂ ရက်၊ ၃ ရက်လောက် စကား ပြောတယ်။ သူ့အကြောင်းတွေကို တောက်လျှောက် ပြောပြပါတယ်။ ကျမ သိခဲ့ရတာ အများကြီးပဲ။ စတိုရီထဲမှာက ၅ မိနစ် အတွင်း ဝင်အောင် သူ့ဘဝအစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး ဖော်ပြရတာပေါ့။
ဒီ Animation ကို လုပ်ဖို့ တနှစ်လောက် အချိန်ယူခဲ့ရပါတယ်။ Donor တွေ Fund တွေ လာတော့ ကျမက ပိုက်ဆံကိစ္စတော့ သိပ်စိတ်ထဲ မထားဘူး။ ကျမ ဆွဲချင်ပဲရှိတယ်။
Animation က ဒီနိုင်ငံမှာ တအားဈေးကြီးတယ်။ ကျမတို့ ၅ မိနစ်ထဲကို တောင်းတာက ကြောက်စရာကြီး၊ ကျမ ပုံဆွဲတဲ့သူတောင် ပိုက်ဆံမရတော့လောက်တဲ့ အထိကို တောင်းတယ်။ ကျမက ပြည်တွင်းကသူတွေ ပေါင်းလုပ်တာကို အရမ်းဖြစ်ချင်တယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံ မလျော့ပေးတော့ အိန္ဒိယက Animator ကို အပ်လိုက်တယ်။
Animation က ဒီနိုင်ငံမှာ တအားဈေးကြီးတယ်။ ကျမတို့ ၅ မိနစ်ထဲကို တောင်းတာက ကြောက်စရာကြီး၊ ကျမ ပုံဆွဲတဲ့သူတောင် ပိုက်ဆံမရတော့လောက်တဲ့ အထိကို တောင်းတယ်။ ကျမက ပြည်တွင်းကသူတွေ ပေါင်းလုပ်တာကို အရမ်းဖြစ်ချင်တယ်။ ဒါပေမယ့် သူတို့က ပိုက်ဆံ မလျော့ပေးတော့ အိန္ဒိယက Animator ကို အပ်လိုက်တယ်။
သူတို့က အရမ်းလည်း ဈေးသက်သာတယ်။ လိုချင်တဲ့ ပုံလည်း ထွက်တယ်။ အဲဒီလိုမျိုး ကြားထဲမှာ ကြုံခဲ့ရပါတယ်။ လန်ဒန်၊ အိန္ဒိယက လူတွေနဲ့ ကျမကြားမှာ အစည်းအဝေး လုပ်ပြီး ပုံတွေ တပုံချင်း ပြင်ခဲ့ရပါတယ်။
မေး။ ။ Animation အတွက် ကချင်ပြည်နယ်ကို ရောက်တော့ အမ လေ့လာခဲ့ သိခဲ့ရတဲ့ ကချင်က လူထုတွေ အကြောင်း၊ ဒေါ်ဘောက်ဂျာ နဲ့ ဆက်စပ်ပြီး မြေယာအရေးနဲ့ ပတ်သက်တာတွေ ဘာတွေ သိမြင်ခဲ့ရပါသလဲ။
ဖြေ။ ။ ကျမတို့ ရန်ကုန်က မြေပြန့်က လူတွေအနေနဲ့ဆိုရင် ကြားဖူးတာတွေပဲရှိတာ။ ဟိုကိုရောက်မှ တကယ့်မျက်စိနဲ့ မြင်ရတယ်။ သူကိုယ်တိုင်ရော သူ့ဘေးက လူတွေရော ပြောပြကြတယ်။ အခု ကျမမြင်တာဆိုရင် လက်နက်ကိုင်တွေ ဘာတွေထက် မူးယစ်ဆေးပြဿနာကလည်း ကချင်မှာ အကြီးကြီးပဲရှိနေတယ်။ ဒေါ်ဘောက်ဂျာကတော့ အခုက အေးအေးဆေးဆေး ဖြစ်နေပြီ။ သူ့လယ်သမားတွေကို ဘယ်သူမှ မကူပေးရင် သူ့ပိုက်ဆံနဲ့သူ လယ်စိုက်တယ်။ အိမ်တွေနဲ့ သူ့အဝိုင်းနဲ့ သူ ဖြစ်နေပြီ။ ကျမတို့ Animation ရဲ့ နောက်ဆုံးအခန်း ထဲကလို သူ့ဘဝက ဖြစ်နေပြီ။ အခုတော့ သူ အေးအေးဆေးဆေး ဖြစ်နေပါပြီ။
ကျမ ကချင်ကို ရောက်သွားတုန်းက ၂၀၁၈ ခုနှစ်ပါ။ ကျမ ရောက်သွားတုန်းကတော့ အခြေအနေတွေက အေးအေးဆေးဆေး ဖြစ်နေတဲ့ အချိန်ပါ။ ဒါပေမယ့် အရင်တုန်းက အကြောင်းတွေကတော့ အရမ်းဆိုးပါတယ်။
သူပြောပြတဲ့ အရင်တုန်းက အကြောင်းအရာတွေထဲမှာ ဆိုရင် ဖြတ်လေးဖြတ် လုပ်ထားတဲ့ ကာလတွေ အရမ်းဆိုးပါတယ်။ သူတို့မှာ ဘာမှလည်း သိပိုင်ခွင့် မရှိခဲ့ဘူး။ ကျမတို့ မြေပြန့်က လူတွေကိုယ်တိုင်ကလည်း ကချင်ပြည်နယ်မှာ မြစ်ဆုံရှိတာက လွဲလို့ ဘာမှမသိခဲ့ဘူး။
သူပြောပြတဲ့ အရင်တုန်းက အကြောင်းအရာတွေထဲမှာ ဆိုရင် ဖြတ်လေးဖြတ် လုပ်ထားတဲ့ ကာလတွေ အရမ်းဆိုးပါတယ်။ သူတို့မှာ ဘာမှလည်း သိပိုင်ခွင့် မရှိခဲ့ဘူး။ ကျမတို့ မြေပြန့်က လူတွေကိုယ်တိုင်ကလည်း ကချင်ပြည်နယ်မှာ မြစ်ဆုံရှိတာက လွဲလို့ ဘာမှမသိခဲ့ဘူး။
သူတို့အကြောင်းလည်း ဘယ်သူကမှ မသင်ပေးသလို ဘယ်သူကမှလည်း လာမပြောပြဘူး။ ဒါတွေ အကုန်လုံး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဟာကို ကျမတို့က အခုမှ သိရတယ်။ အဲဒါကတော့ ကောင်းပါတယ်။
မေး။ ။ အမ ဖန်တီးလိုက်တဲ့ ရုပ်သံမှာ အဓိက ပေးချင်တဲ့ သတင်းစကားကိုရော ပြောပြပါဦး။
ဖြေ။ ။ အဓိက ကတော့ မြေယာအရေးလှုပ်ရှားသူ အကြောင်းပေါ့။ သူပြောတဲ့ စကားလိုပဲ တယောက်တည်း သတ္တိရှိနေလို့ အလကားပဲ။ အရင်က သူတယောက်တည်း လှုပ်ရှားခဲ့တယ်။ သူက ဥပဒေပိုင်းမှာလည်း အရမ်း နားလည်တယ်။ အခုဆို သူ့လယ်သမားတွေကပါ ဥပဒေတွေကို နားလည်နေပြီ။ ဒါကတော့ သူပြောပြတဲ့ အပိုင်းပေါ့။

ကျမ အမြင်ကတော့ ကျမတို့တိုင်းပြည်ထဲမှာ ရှိနေတဲ့ တိုင်းရင်းသားဒေသနဲ့ မြေပြန့်က လူတွေကြားမှာ တယောက်နဲ့ တယောက် အကြောင်း သိဖို့ ဒီရုပ်သံလေးကနေ ချိတ်ဆက်ပေးနိုင်တယ်လို့ မြင်တယ်။ မြေပြန့်က လူတွေအကြောင်းကို သိဖို့က အရမ်းလွယ်တယ်။ တိုင်းရင်းသားတွေ အကြောင်းသိဖို့ကျတော့ မီဒီယာတွေ သတင်းဌာနတွေပဲ ရှိတယ်။ ကျန်တာ ဘာမှ သိပ်မရှိဘူး။ ကျမကတော့ ဆက်သွယ်မှုတခု လုပ်လိုက်နိုင်တယ်လို့ ထင်တယ်။ သူတို့က လူတွေထဲက Hero (သူရဲကောင်း) တွေပါ။ ဒေါ်ဘောက်ဂျာလိုလူကလည်း ကချင်ပြည်နယ်မှာရော ချင်းမှာရော အများကြီးပဲ။ အဲဒါတွေလည်း ကာတွန်းတွေ ထပ်လာဦးမယ်လို့ သိရပါတယ်။ ကျမကတော့ ကြိုက်တယ်။
မေး။ ။ အမက မြေပြန့်ဇာတိပေါ့နော်။ ဒီတော့ မြေပြန့်မှာ နေထိုင်သူတွေနဲ့ ပြည်နယ်မှာ နေထိုင်သူတွေရဲ့ ဘဝက ဘာတွေ ကွာခြားတယ်လို့ မြင်မိလဲ။
ဖြေ။ ။ ဘဝက ဘာကွာခြားလဲဆိုတော့ ရုပ်ဝတ္ထုပစ္စည်းအရ တိုင်းတာလို့ မရတာတွေ တိုင်းရင်းသားတွေမှာ ကြွယ်ဝတာ အများကြီးပဲ။ ဥပမာ Knowledge ရော သူတို့ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေ သူတို့ ခံခဲ့ရတဲ့ ဘဝတွေကနေ ပြန်ကြိုးစားခဲ့တာတွေက ကျမတို့ မြေပြန့်ကသူအတွက်တော့ ခြားနားပါတယ်။
ကျမတို့မှာ မိဘက Tattoo မထိုးခိုင်းတာလောက်ကို စိတ်ညစ်နေတဲ့ ကလေးတွေ အများကြီးပဲ။ ကျမတို့လို လူငယ်တွေက ဒီအကြောင်းတွေ လုပ်ပြရင် ဒီက လူငယ်တွေကြားမှာ စိတ်ဝင်စားမယ်လို့ ကျမထင်တယ်။
ကျမတို့မှာ မိဘက Tattoo မထိုးခိုင်းတာလောက်ကို စိတ်ညစ်နေတဲ့ ကလေးတွေ အများကြီးပဲ။ ကျမတို့လို လူငယ်တွေက ဒီအကြောင်းတွေ လုပ်ပြရင် ဒီက လူငယ်တွေကြားမှာ စိတ်ဝင်စားမယ်လို့ ကျမထင်တယ်။
ဒီ Animation မထွက်ခင် အပေါင်းအသင်း၊ သူငယ်ချင်းတွေကို အဲ့အကြောင်းတွေ ပြောပြတော့ သူတို့ တအားစိတ်ဝင်စားကြတယ်။ အမှန်တကယ်တော့ လူငယ်တွေက တိုင်းရင်းသားတွေ အကြောင်းကို စိတ်ဝင်စားတယ်။ ပြောမယ့် Channel က မရှိတာပါ။ လူငယ်တွေလည်း စိတ်ဝင်စားမယ့် ပုံနဲ့ ပြောမယ့်သူ မရှိတာပါ။
ပုံမှန် ဖော်ပြနေတဲ့ NGOs တွေ သတင်းဌာနတွေ ဖော်ပြနေတာတွေက လူငယ်တွေ စိတ်မဝင်စားဘူး။ အသုံးအနှုန်းတွေ သူတို့ ပြောတာတွေက စိတ်မဝင်စားဘူးပေါ့နော်။ အခုလို ဇာတ်လမ်းတိုလေးတွေနဲ့ ဖော်ပြတာတို့ကျတော့ စိတ်ဝင်စား ကြတယ်။ ဝဿန်တို့ ဆိုလည်း အခုလုပ်နေတာပေါ့။ ဒီလိုတွေ ရှိလာတာ ကောင်းပါတယ်။
မေး။ ။ အမ ဖန်တီးခဲ့တဲ့ Animation မှာ မြေရပိုင်ခွင့် ဆုံးရှုံးနေသူတွေ အကြောင်း ဖော်ပြထားတာဆိုတော့ ကချင် ဒေသခံတွေမြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ရင် ဘယ်လောက်ခက်ခဲလဲ။ ဘယ်လောက် ရုန်းကန်နေရလဲ အမမြင်တွေ့ ခဲ့တာတွေကို ပြောပြပေးပါဦး။
ဖြေ။ ။ အဲဒီကို ရောက်တုန်းက ကြားရတာတွေကြောင့် ကျမ တော်တော်လည်း စိတ်ညစ်တယ်။ ဘိတ်က ခရိုနီသူဌေးက ကချင်ပြည်နယ်ထိပ်ကို တက်ပြီး မြေတွေ လယ်တွေသိမ်းတယ်။ သူတို့ကို လက်တလုံးခြားနဲ့ လုပ်တာ တောင်သူတွေက လုံးဝ ခံလိုက်ရတာ။ တောင်သူတွေက ဘိုးဘွားပိုင်မြေတွေ ဖြစ်လို့ သူတို့မှာ စာချုပ်လည်း မရှိဘူး။ ဘာမှ မရှိဘူး။
သူတို့ ဘိုးစဉ်ဘောင်ဆက် စိုက်လာတဲ့ မြေအတိုင်းပဲ ပိုင်ဆိုင်မှုကို လာသိမ်းတော့ ခံလိုက်ရတယ်။ အသိမ်းခံလိုက်ရပြီး ၅ သိန်း သွင်း၊ မှတ်ပုံတင်ရင် မြေပြန်ရမယ်ဆိုလို့ သွားလုပ်တော့ ၅ သိန်းကပါ ထပ်ဆုံးသွားကြတယ်။ မင်းတို့ကို လျော်ကြေး ၇ သိန်းပေးမယ်ဆိုတာပဲ ပြန်ပေးခဲ့တယ်။ အဲဒီ ဒေါ်ဘောက်ဂျာက ဒီမြေဆုံးရှုံးတဲ့ သူတွေ အရေးလုပ်နေတဲ့ ကြားမှာ တချို့ ကလည်း ၇ သိန်းရတော့ တဖက်ကို ပြန်ပါသွားတာနဲ့ လူတဝက်လောက်က အင်အားလျော့သွားတယ်။ ဒီလိုမျိုးတွေပေါ့။
သူတို့ ကြုံခဲ့တဲ့ အချိန်တုန်းက ဥပဒေနဲ့ ပတ်သက်လို့ ဘယ်သူမှ တောင်သူတွေကို မပြောပြဘူး။ ဥပဒေကလည်း စိုးမိုးမှု ရှိမနေဘူး။ ဒီတော့ ဒေါ်ဘောက်ဂျာလို လူတွေကိုပဲ သူတို့က အားကိုးခဲ့ရတာ။
သူတို့ ကြုံခဲ့တဲ့ အချိန်တုန်းက ဥပဒေနဲ့ ပတ်သက်လို့ ဘယ်သူမှ တောင်သူတွေကို မပြောပြဘူး။ ဥပဒေကလည်း စိုးမိုးမှု ရှိမနေဘူး။ ဒီတော့ ဒေါ်ဘောက်ဂျာလို လူတွေကိုပဲ သူတို့က အားကိုးခဲ့ရတာ။
တကယ်တမ်း အစိုးရနဲ့ ယှဉ်ပြီး ပြဿနာ ဖြစ်လာရင် တဖက်က ဒေါ်ဘောက်ဂျာကို တရားစွဲပြီး ထောင်ထဲ ထည့်လိုက်တဲ့ အချိန်တုန်းက ဆိုရင် လူတွေက ကူကယ်ရာမဲ့ ဖြစ်ခဲ့ရတယ်။ အဲဒါတွေ ကျမ သိခဲ့ရပါတယ်။
အခုခေတ်မှာတော့ ဥပဒေတွေက ပြောင်းလဲလာပြီ။ ဒါပေမယ့် ကျမတို့ စောင့်ကြည့်ရဦးမယ်။ တိုင်းရင်းသားတွေ အပေါ် ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲဆိုတာကို ကျမတို့ စောင့်ကြည့်ရဦးမှာပါ။
မေး။ ။ ဒေါ်ဘောက်ဂျာလို အမျိုးသမီးနိုင်ငံရေးသမားတဦး၊ တတ်ကြွလှုပ်ရှားခဲ့သူတဦးအပေါ် အမရဲ့ မြင်တဲ့ အမြင်ကိုလည်း ပြန်ဝေမျှပေးပါဦး။
ဖြေ။ ။ သူက ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ မြေပြန့်က လူတွေဆိုရင် တပ်မတော်ဆိုရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတယ်။ သူတို့ အမျိုးတွေက အစ ကြောက်နေရတဲ့ ခေတ်ကာလမှာ သူလိုအမျိုးသမီးတဦးက ရင်ဆိုင်ရဲတယ် ဆိုတော့ အရမ်း တော်တယ်။ သူက ဥပဒေအကြောင်းလည်း နားလည်တယ်။ သူတို့မိသားစုမှာ တိုင်းရင်းဆေးဆရာ၊ သွားဆရာဝန်တွေလည်း ရှိတယ်။ ဆရာဝန်တွေလည်း ရှိတော့ သူကလည်း ဆေးပညာကို နားလည်တယ်။
မြေယာတိုက်ပွဲ၊ ငြိမ်းချမ်းရေးအိပ်မက်နှင့် တက်ကြွလှုပ်ရှားသူတို့ ဘဝ (ရုပ်/သံ)
ဗီဒီယိုမှာ ပါတဲ့ သူထောင်ကျတဲ့ အကြောင်းကတော့ သူက ကချင်ရိုးရာအရ မက်ကလောင်ဖောက်ပေးတာ။ အဲဒီမှာ အဲဒီလူက သေသွားတယ်။ တကယ်တော့ အဲဒီလူက အသက်ကြီးနေပြီ။ ၇၀ လောက်ရှိပြီ။ သူက အရမ်းဖျားပြီး ဆုံးသွားတာကို တဖက်က သူ့ကို တရားမဝင် ဆေးကုတယ်ဆိုပြီး မြေသိမ်းတဲ့ ကိစ္စနဲ့ သူရင်ဆိုင်နေရတဲ့ ခရိုနီက သူ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်ရှာပြီး တရားစွဲတာပေါ့။
မေး။ ။ ရုပ်သံဖိုင်က ၅ မိနစ်စာပဲဆိုတော့ အမတို့ ထည့်ချင်ပေမယ့် ရုပ်သံထဲ မဖော်ပြလိုက်ရတဲ့ အကြောင်းတွေ ရှိရင်လည်း ပြောပြပါဦး။
ဖြေ။ ။ သူက ၁၉၈၈ မှာ အရေးအခင်းပြီးတော့ သူ ကချင်ပြည်နယ်ကို ပြန်လာချိန် တပ်က လယ်တွေကို ဧက ၉သိန်း လောက် သိမ်းတော့ သူက မသိမ်းဖို့ လှုပ်ရှားရင်း ထော်လာဂျီတွေပေါ် တတ်ခုန်ခဲ့တာတွေ အဲဒါတွေဆို ကျမ အရမ်း ထည့်ချင်ခဲ့တယ်။ စစ်တပ်က မြေလာသိမ်းချိန်မှာ ဒီက လူတွေဆို လုပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် မထည့်ဖြစ်ခဲ့ဘူး။နောက်ထပ် ရှိသေးတယ်။
မြေသိမ်းတာကို သူက လယ်သမားတွေ အခွင့်အရေး လှုပ်ရှားတော့ ပြောတော့ သူ့ကို တနိုင်းဘက်က နယ်ထဲ ပေးမဝင်တာမျိုး လမ်းတွေကို ပိတ်ထားတာမျိုးတွေရောပဲ။
ခရိုနီက လမ်းနဲ့ တံတားတွေ အဲဒီတုန်းက ထိန်းထားတာဆိုတော့ ဒေါ်ဘောက်ဂျာကို မြင်တာနဲ့ ဂိတ်ကို ဖွင့်မပေးပဲ ရဲစခန်းကို ခေါ်သွားမယ်ဆိုပြီး ပြောတာ။ သူက ရတယ်၊ ငါလိုက်မယ် ဆိုပြီး ရဲစခန်းထဲ ဝင်သွားတော့ ရဲတွေကလည်း ဘာနဲ့ အရေးယူရမလဲ မသိ ဖြစ်ခဲ့တာတွေ။
ခရိုနီက လမ်းနဲ့ တံတားတွေ အဲဒီတုန်းက ထိန်းထားတာဆိုတော့ ဒေါ်ဘောက်ဂျာကို မြင်တာနဲ့ ဂိတ်ကို ဖွင့်မပေးပဲ ရဲစခန်းကို ခေါ်သွားမယ်ဆိုပြီး ပြောတာ။ သူက ရတယ်၊ ငါလိုက်မယ် ဆိုပြီး ရဲစခန်းထဲ ဝင်သွားတော့ ရဲတွေကလည်း ဘာနဲ့ အရေးယူရမလဲ မသိ ဖြစ်ခဲ့တာတွေ။
နောက် သူ့အိမ်နားဆိုရင် ရဲတွေ ထောက်လှမ်းရေးတွေ အမြဲ စောင့်ကြည့်နေခဲ့တာတွေရောပေါ့။
သူကလည်း ဘယ်လောက် အကြောတင်းသလဲဆို အခုတောင် မြစ်ကြီးနားမှာ ထောင်ရှေ့တည့်တည့်က အိမ်ဝယ်ပြီးနေတယ်။ သူ့ကို ဖမ်းရင်လည်း လွယ်လွယ်ကူကူ ဝင်သွားရုံပဲတဲ့။
နောက်ထပ်ရှိသေးတယ်။ ရုပ်သံမှာ ပါတဲ့ အပိုင်း၊ ဆိုင်ကယ်နဲ့ ထွက်သွားတဲ့အခန်းလေ။ အဲဒါကဆို သူ ရုပ်ဖျက်ပြီးတော့ လယ်ယာမြေကိစ္စ ဆန္ဒပြနေတဲ့ နေရာကို သူသွားတာ။ ရုပ်ဖျက်ပြီး ဆံပင်ရှည်တွေ တပ်ပြီး ဆိုင်ကယ်နဲ့ ထွက်သွားတာ။ သူ့ကို စောင့်ကြည့်နေတဲ့ ရဲတွေ မသိလိုက်ဘူး။ အဲဒါကိုတော့ ကျမတို့ Animation ထဲမှာ ထည့်ထားပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါရှင့်။ နောက်ဆုံးမေးခွန်း မေးချင်ပါတယ်။ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ အကြောင်းကို မြေပြန့်က လူငယ်တွေကိုရော ဒီအင်တာဗျူးက တဆင့် ဘာတွေ ပြောပြချင်ပါသလဲ။
ဖြေ။ ။ ကျမအနေနဲ့ ပြောချင်တာက မြေပြန့်က လူတွေထက် တိုင်းရင်းသားတွေက ပိုသာပါတယ်။ သူတို့က ပိုရုန်းကန်ရတယ်။ သဘာဝကိုလည်း ပိုသိတယ်။
သူတို့ စကားကို ကျမတို့ နားထောင်ဖို့ လိုတယ်။ ရတဲ့ နေရာက နားထောင်ဖို့ လိုပါတယ်။ သူတို့ နယ်မြေကို သူတို့ သိတာ၊ သူတို့နယ်မြေကို သူတို့ ချစ်တာတွေကို ကျမတို့က အားကျရပါမယ်။
သူတို့ စကားကို ကျမတို့ နားထောင်ဖို့ လိုတယ်။ ရတဲ့ နေရာက နားထောင်ဖို့ လိုပါတယ်။ သူတို့ နယ်မြေကို သူတို့ သိတာ၊ သူတို့နယ်မြေကို သူတို့ ချစ်တာတွေကို ကျမတို့က အားကျရပါမယ်။
မန္တလေး၊ ရန်ကုန်က လူတွေ ကိုယ့်မြို့ကို ချစ်တာထက် တောင်ပေါ်က လူတွေ ချစ်တာက ပိုပါတယ် ။ ကျမတောင် ပြောမိတယ်။ တောင်တန်းဒေသကနေ လာပြီး ရန်ကုန်ကို အလုပ်လာလုပ်သူတွေက ရန်ကုန်မှာ အလုပ်လုပ်ရင်း အရမ်းစိတ်ညစ်လာရင် တောင်တန်းတွေကို လွမ်းမှာပဲ။
သူတို့က သဘာဝနဲ့ ပတ်သက်ပြီး ကျမတို့ထက် အသိပညာ ပိုကြွယ်ဝတယ်။ နောက်ပြီး သူတို့အကြောင်းကို သိဖို့ သူတို့စကားတွေကို ကျမတို့ နားထောင်သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
You may also like these stories:
သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်
ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ