• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သေနတ်သံတွေ တိတ်သွားတဲ့ ရခိုင်ပြည်

by မင်းအောင်ခိုင်
20 November 2020
in ဆောင်းပါး
A A
တပ်မတော်နှင့် AA တို့၏ စစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ  / ဧရာဝတီ

တပ်မတော်နှင့် AA တို့၏ စစ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ / ဧရာဝတီ

82.5k
VIEWS
Share on FacebookShare on Twitter

ပြည်နယ်နှင့် တိုင်းတွေအထဲ အဆင်းရဲဆုံး စာရင်းဝင်သည့် ရခိုင်ပြည်နယ်ထဲကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက်တွင် စစ်ပညာသင်ကြားခဲ့သည့် ရက္ခိုင်စစ်တပ် (AA) အခြေချလာပြီးနောက် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကစကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် သေနတ်သံ၊ ဗုံးသံတွေ စတင်ကြားခဲ့ရသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတကြောမှာ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲတွေ ဆက်တိုက် အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို သံသယနဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံခဲ့ရမှုများဖြင့် ရခိုင်ပြည်နယ်က သွေးမစွန်းသည့်နေ့ မရှိသလောက် ဖြစ်ခဲ့ရသည်။

ပြင်းထန်သော စစ်ပဋိပက္ခ၏ ရိုက်ခတ်ဆက်နွယ်မှုကြောင့် ဒေသခံများမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ ထိခိုက်နစ်နာခဲ့ရသလို လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် နေရာအချို့တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခွင့် ဆုံးရှူံးခဲ့ရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ AA အဖွဲ့က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ်များကို ဒီဇင်ဘာလ မကုန်မီ ပြန်လည် ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်တို့ကို မေတ္တာရပ်ခံ တောင်းဆိုခဲ့ရာ တပ်မတော်ကလည်း နာရီပိုင်းအတွင်း ကြိုဆိုလက်ခံကြောင်းကို အပြန်အလှန် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထိုအခြေအနေသည် ပဋိပက္ခ အရှိန်ပြင်းထန်နေသည့် တပ်မတော်နှင့် AA တို့အကြား ထူးခြားသည့် သတင်းကောင်း တရပ်ဖြစ်ခဲ့ပြီး ထိုသတင်းအပေါ် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် နိုင်ငံ တကာ အဖွဲ့ အစည်းများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

ထိုသို့ နှစ်ဖက် ထုတ်ပြန်ချက်များမှာ စစ်ရေး ပဋိပက္ခ အလွန် ပြင်းထန်သော ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင် ခြည်သန်းလာကာ အပြုသဘော ဆောင်လာသည့် အခြေအနေ တရပ်ဖြစ်လာကြောင်း လေ့လာသူများက သုံးသပ်ကြသလို အောက်ခြေ မြေပြင်မှာလည်း ရုတ်တရက် သေနတ်သံများ တိတ်ဆိတ် ငြိမ်သက်သွားသည့်အတွက် ထာဝရ ငြိမ်းချမ်းရေး တံခါးပွင့်ရန် ပြည်သူများက လိုလားနေကြသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်း ကတော့ နှစ်ဖက်ထုတ်ပြန်ချက် ထုတ်ပြီးတဲ့ နောက်ပိုင်း ယင်းတို့ မြို့နယ်အတွင်း သေနတ်သံများ လုံးဝ မကြားရတော့သည့်အတွက် စစ်ရှောင်ပြည်သူများပင် ရွာပြန် သူများ ရှိနေပြီဟုဆိုသည်။

ဦးမောင်စောဝင်းက “ကျနော်တို့ဘက်မှာတော့ တိုက်ပွဲ ဖြစ်တာ လုံးဝ မရှိတော့ဘူး။ ပစ်သံ ခတ်သံတောင် မရှိတော့ဘူး။ စစ်ရေယာဉ်တွေလည်း ဆောင်းဘောက်တွေ ဖွင့်ပြီးတော့ ပြန်ဆင်းလာတာတွေ ရှိတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ ဖြစ်ပွားသော စစ်ရေးပဋိပက္ခတွင် စစ်ဒဏ်ကို အများဆုံး ခံရသည့် မြို့နယ်တခုဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာလအတွင်းကလည်း ယင်းမြို့နယ် အောင်သာစည် ကျေး ရွာ အနီးတွင် မဆုတ်တမ်း စခန်းသိမ်းပွဲများကို ဆင်နွဲခဲ့ကြပြီး ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေး လမ်းကြောင်းမှာလည်း ပြတ်တောက်ခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
124
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

သို့သော်လည်း လက်ရှိ အခြအနေမှာတော့ ပြည်သူများအနေဖြင့် သွားရေးလာရေး ယခင်ကလို ဖမ်းဆီး စစ်ဆေးမှုများကို မခံရတော့ဘဲ အကျိုးအကြောင်း ပြောပြရုံဖြင့် သွားလာရေး အဆင်ပြေမှုများ ရှိလာကြောင်းလည်း ရသေ့တောင်ဒေသခံ များက ပြောသည်။

“တပ်မတော်ဘက်ကလည်း စစ်ဆေးမှုတွေတော့ ရှိတယ်။ သို့သော်လည်း အစစ်ဆေးခံပြီး အကျိုးအကြောင်း ပြောပြပြီး တော့ သွားလာလို့ ရနေတယ်။ စစ်ဘေးရှောင်စခန်းက လူတွေလည်း အမျိုးသမီးတွေကိုထားပြီးတော့ အမျိုးသားတွေက ရွာမှာ ကျန်နေခဲ့တဲ့ စပါးခင်းတွေမှာ စပါးရိတ်ဖို့ သွားကြတာ ရှိတယ်” ဟု မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင် စောဝင်းက ပြောသည်။

ယင်းပြင် စစ်ဘေးရှောင်ပြည်သူ အများစုမှာလည်း မိမိတို့ ကျေးရွာများသို့ ပြန်လည်သွားရောက်ကြကာ နေအိမ်အတွင်း ခြုံနွယ်ပိတ်ပေါင်းဖြစ်နေသော နွယ်ပင်များနှင့် မြက်ရိုင်းတောများကို ရှင်းလင်း၍ အခြေအနေ စောင့်ကြည့်ပြီး ပြန်လည်နေ ထိုင်မှုများလည်း ရှိကြောင်း ရသေ့တောင် ဒေသခံများက ပြောသည်။

 

မင်းပြားမြို့နယ်တွင်လည်း တပ်မတော်နှင့် AA တို့၏ ကြေညာချက် ထုတ်ပြန်သည့် နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိ တော့ဘဲ သေနတ်သံများ မကြားရတော့ကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုအမ်းသားကြီးက ပြော သည်။

၎င်းက “ကျနော်တို့ မင်းပြားမြို့နယ်အတွင်းမှာ တိုက်ပွဲ ဖြစ်တာတွေတော့ မရှိတော့ဘူး။ လောလောဆယ်တော့ ငြိမ်နေ တယ်လို့ ပြောလို့ ရမယ်။ ဒါပေမယ့် တပ်မတော် စစ်ဆေးရေး ဂိတ်တွေမှာတော့ အရင်အတိုင်းပဲ စစ်ဆေးမေးမြန်းမှုတွေ ကတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မင်းပြားမြို့နယ်အတွင်း တပ်မတော် စစ်ဆေးရေး ဂိတ်များတွင် ဒေသခံများ စစ်ဆေးခံကြရရာတွင် ကြက်အပါ အဝင် စားသောက်စရာ တချို့ကိုလည်း တပ်မတော်များက တောင်းယူနေကြကြောင်းလည်း ကိုအမ်းသားကြီးက ဆိုသည်။

ရှေးဟောင်း အမွေအနှစ်များ ပေါကြွယ်ဝသည့် မြောက်ဦးမြို့နယ်သည်လည်း စစ်ပွဲကြောင့် ပြည်သူများ မြေစာပင်ဘဝဖြင့် စစ်ရှောင်စခန်းတွင် ဝင်ရောက် ခိုလှုံနေကြရသလို လက္ကာကျေးရွာ အပါအဝင် ကျေးရွာတချို့ မီးရှို့ခံခဲ့ရပြီး ဒေသခံ ပြည်သူ ၁၀၀ နီးပါးမှာလည်း ဖမ်းဆီးခံရကာ လက်ရှိ အချိန်အထိ တရား ရင်ဆိုင်နေကြရသည်။

လက်ရှိ အခြေအနေမှာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မိုင်းပေါက်ကွဲမှု အများအပြားရှိခဲ့သည့် မြောက်ဦးမြို့နယ် အတွင်း တိုက်ပွဲသံများ ငြိမ်သက်နေပြီး လက်နက်ကြီး ထုသံများမှာလည်း မကြားရတော့ကြောင်း မြောက်ဦးဒေသခံများက ပြောသည်။

မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ထုတ်ပြန်ချက် ထုတ်ပြီးတဲ့ နောက်ပိုင်း မှာတော့ တိုက်ပွဲဖြစ်တာတော့ မရှိတော့ဘူး။ လမ်းမှာလည်း အရင်လို အစစ်ဆေး မများတော့ဘူး။ တပ်ဂိတ်တွေမှာ စစ် ဆေးတဲ့ တပ်ဖွဲ့ဝင်တွေလည်း အရင်လို တင်းတင်းမာမာ ဆက်ဆံတာတော့ မတွေ့ရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့ခံ ကိုစိန်မောင်ကတော့ လက်ရှိ အခြေအနေတွင် မြောက်ဦးမြို့နယ်အတွင်း အထိုင် စခန်းချထားသည့် တပ် စခန်းများတွင်းလည်း တပ်မတော်သားများ ဆောင်းဘောက်ဖွင့်ပြီး ပျော်နေကြသည့် အနေအထားကို မြင်တွေ့ကြသလို တပ်မတော်သားများ ဘုန်းကြီးကျောင်းတွင် အလှူလုပ်၍ ကျေးရွာသားများကို ဖိတ်ကြားမှုများလည်း ရှိကြောင်း ပြောသည်။

၎င်းက “တိုက်ပွဲကတော့ လုံးဝ ငြိမ်နေတယ်လို့ ပြောလို့ ရတယ်။ တောင်ပေါ်မှာရှိတဲ့ တပ်မတော်သားတွေလည်း ရွာတွေကို ဆင်းပြီး ပစ္စည်းတွေ လာဝယ်ပြီးတော့ တောင်ပေါ်မှာ ဆောင်းဘောက် ဖွင့်ပြီး ပျော်နေတာကို တွေ့ရတယ်။ တချို့နေရာ တွေမှာဆိုရင်လည်း ဘုန်းကြီးကျောင်းတွေမှာ တပ်က အလှူလုပ်ပြီး ရွာသားတွေကို ဖိတ်တာရှိတယ်။ ရွာသားတွေကတော့ မသွားကြရဲတော့ သူတို့ (တပ်) အနီးက အိမ်တွေကို ပါဆယ်အိတ်နဲ့ ထုတ်ပြီး ခေါက်ဆွဲကြော်တွေ လာပေးတာရှိတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ကျောက်တော်မြို့နယ်အတွင်း၌ တိုက်ပွဲသံများ ငြိမ်သက်နေသော်လည်း တပ်စစ်ဆေးရေး ဂိတ်များတွင် ယခင်အတိုင်းပဲ စစ်ဆေးမှုများကို လုပ်ဆောင်နေသည့်အတွက် ပြည်သူများ စိုးရိမ်ကြောင့်ကြမှု ဆက်လက်ရှိနေသေးသဖြင့် ကျောက် တော်မြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော မတ်လအတွင်းက ဖြစ်ပွားခဲ့သော ရက်ပေါင်း ၄၀ ကျော်ကြာ မီးဝဗျူဟာကုန်း တိုက်ပွဲကြောင့် ကျောက်တော်နှင့် ပလက်ဝ မြို့နယ်ကြား ကုလား တန်မြစ်ကြောင်း အနီးဝန်းကျင်မှ တင်းမ၊ မုန့်သန်းပြင်၊ ပြိုင်းတိုင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း နေအိမ်များ မီးလောင်ခဲ့ပြီး ရွာများ ပျက်စီးခဲ့ရသည်။

လက်ရှိ ကျောက်တော် စစ်ဘေးရှောင်စခန်းတွင် ဝင်ရောက် ခိုလှုံနေသူ မုန့်သန်းပြင် ကျေးရွာမှ ဒေါ်လှယဉ်က “တိုက်ပွဲက တော့ ငြိမ်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျမတို့ ရွာကို ပြန်ဖို့တောင် မစဉ်းစားရဲသေးဘူး။ ရွာမှာက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကအစ မီးလောင်ပြာကျသွားပြီး၊ ပြန်မယ်ဆိုလည်း အစိုးရအစီအစဉ်ချပေးမှပဲ ကျမတို့ ပြန်ရဲမယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းတော့ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလ အတွင်း မြေပြင်အခြေအနေတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် ဖြစ်ကြောင်း ဆိုသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရွေးကောက်ပွဲလုပ်ဖို့ လုံခြုံရေး ကိစ္စတွေကိုတော့ ကျနော်လည်း မသိသေးဘူး။ သက်ဆိုင်ရာ တွေကတော့ လုပ်နေမှာပေါ့။ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲကာလမှာလည်း တိုက်ပွဲ ဖြစ်တာ မရှိဘူး။ ထုတ်ပြန် ချက်ထုတ်ပြီး နောက်ပိုင်းမှာ မြေပြင်အခြေအနေကတော့ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ပဲ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

နှစ်ဖက် ထုတ်ပြန်ချက် ထုတ်ပြန်သည့်နောက်ပိုင်းတွင် တပ်မတော်ပြောရေးဆိုခွင့် ရှိသူများသည် ယခင်ကလို AA ကို အကြမ်းဖက်ဆိုသည့် စကားကို မသုံးတော့ဘဲ ULA/ AA ဆိုသည့် အသုံးအနှုန်းကိုသာ သုံးစွဲပြောဆိုလာသည်ကိုလည်း တွေ့ရှိလာရသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ တပ်မတော်နှင့် AA တို့၏ နှစ်ဖက်ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေး အတွက် ပြိုင်တူ ခြေလှမ်းခြင်းကို တွေ့မြင်ရကြောင်း ပြောသည်။

ဦးစံကျော်လှက “ငြိမ်းချမ်းရေးအတွက် တပ်မတော်နဲ့ AA တို့က ပထမဆုံးခြေလှမ်းကို ပြိုင်တူလှမ်းလိုက်ကြတာဖြစ်တယ်လို့ မြင်တယ်။ ဒီပုံစံအတိုင်းသာ နှစ်ဖက်အဖွဲ့တွေက သဘောထား မှန်မှန်နဲ့ ဆက်တိုက်သွားကြမယ်ဆိုရင် ကောင်းမွန်လာတဲ့ အနေအထား ရှိပြီးတော့ ပြည်သူတွေလည်း စိတ်ချမ်းသာမယ်။ နောက်ပြီးတော့ ဒီအတိုင်းဖြစ်မှသာ မကြာခင်မှာ ငြိမ်းချမ်း ရေး ရရှိလာနိုင်ပြီးတော့ ရခိုင်လူထုတွေလည်း အဆင်ပြေပြေ နေထိုင်သွားရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း တပ်မတော်နှင့် AA တို့ ထုတ်ပြန်ချက်အပေါ်ကို ကြည့်ခြင်းအားဖြင့် ယခင်နှင့် မတူတော့ဘဲ နှစ်ဖက်စလုံး ပျော့ပျောင်းလာသည်ကို မြင်တွေ့ရကြောင်း ပြောဆိုသည်။

ဦးမောင်မောင်စိုးက “နှစ်ဖက်စလုံးရဲ့ ထုတ်ပြန်ချက်ဟာ အရင်နဲ့ မတူဘဲ ပျော့ပျောင်းတယ်။ တဖက်နှင့်တဖက် လိုက် လျောမှု ရှိတယ်ဆိုတဲ့ အခြေခံပေါ်မှာတော့ ငြိမ်းချမ်းရေး လမ်းစ ပွင့်တယ်လို့ ပြောလို့ရပါတယ်။ ကနဦး အနေနဲ့ လိုအပ် တာက နှစ်ဖက် အတိုက်အခိုက် ပစ်ခတ်မှုတွေ ရပ်စဲရေးကို လျော့ချဖို့ လိုအပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ မြေပုံနှင့် အမ်းမြို့နယ် နယ်စပ်ရှိ ကဇုကိုင်း ယာယီအမြောက်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုများ အမြဲ ရှိခဲ့ သော်လည်း ယခုရက်ပိုင်းတို့တွင် မကြားရသည့်အတွက် မြေပုံမြို့နယ် ဒေသခံများက ဝမ်းသာနေကြသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ခံ ကိုမောင်ချယ်ရီက “ဒီမြေပုံ၊ ကမ်းထောင်းကြီးဘက်မှာတော့ လောလောဆယ် တည် ငြိမ်နေကြတယ်။ စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိကြတော့ဘူး။ AA က ထုတ်တဲ့ ထုတ်ပြန်ချက်တွေကို တပ်မတော်ဘက် က ကြိုဆိုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကြောင့် ထင်ရတာပဲ။ ဟိုတုန်းကဆိုရင် အမ်း ကဇုကိုင်းဘက်ကနေ လက်နက် ကြီး ပစ်ခတ်ခံတွေကို မကြာခဏ ကြားနေရတာ။ အခုတော့ လုံးဝ မကြားရတော့ဘူးဗျာ” ဟု ပြောသည်။

ယင်းသို့ ထုတ်ပြန်ချက်များကြောင့် ဒေသအတွင်း အေးချမ်းနေသည့်အတွက် ဆက်လက်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် နှစ် ဖက်တပ်များ သဘောတူညီမှု ရရှိကာ ရေရှည် ငြိမ်းချမ်းရေး ရရှိစေချင်ကြောင်းလည်း အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

ကိုမျိုးလွင်က “အခု ထုတ်ပြန်ချက် ၁ စောင်ကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဆိုးဆိုးဝါးဖြစ်နေတဲ့ ကြားထဲကနေ အခုလို ကာလမှာ အေးအေးချမ်းချမ်းနေထိုင်လို့ ရတဲ့ အနေအထားတခု ဖြစ်နေတယ်။ ဒါကြောင့် ဒီထက်မက လက်တွေ့ ကျကျ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တပ်တွေက သဘောတူညီမှုတွေ နောက်လည်း ရရှိဖို့မျှော်လင့်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၄ ရက်က ဧရာဝတီမှ ကျောက်တော်မြို့နယ်အတွင်းသို့ သွားရောက်ခဲ့ရာ တပ်မတော် စစ်ဆေးရေး ဂိတ်များတွင် ယခင်ကလို တင်းကြပ်စွာ စစ်ဆေးမှုများကို မတွေ့ရတော့ဘဲ လမ်းသွားလမ်းလာ ပြည်သူများမှာလည်း အေး အေးလူလူဖြင့် သွားလာ လှုပ်ရှားမှုများကို မြင်တွေ့ခဲ့ကြသလို မိသားစု ဘုရားဖူးကားများကိုပင် မြင်တွေ့ခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ ကြရာ အရပ်သားအစိုးရ လက်ထက်တွင် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု အများဆုံး တိုက်ပွဲတခုလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်အချိန်ထိ ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံ အရပ်သား သေဆုံးသူ ဒဏ်ရာရသူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော်အထိ ရခိုင်မျိုးနွယ်များ အစည်းအရုံး (REC) ၏ ကောက်ယူထားသော စာရင်းဇယားအရ သိရှိရသည်။

စစ်ဘေးရှောင်အရေးနှင့် ထိခိုက်ဒဏ်ရာရသူတို့ကို စာရင်းကောက်ယူနေသော REC အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က “ကျနော်တို့ စာရင်းအရတော့ အရပ်သား သေဆုံးသူ ၃၈၀ ဦးနဲ့ ဒဏ်ရာရသူ ၆၉၄ ဦး စုစုပေါင်း လူဦးရေ ၁၀၇၄ ဦး ရှိနေ ပြီ။ စစ်အတွင်း ကြွင်းကျန် လက်နက်ပစ္စည်းတွေ၊ မိုင်းနင်းတာတွေ သံသယနဲ့ ဖမ်းဆီးပြီး သေဆုံးသူတွေလည်း ပါလာ တယ်” ဟု ဧရာဝတီကို ပြောဆိုထားသည်။

လက်ရှိ ရခိုင်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခကြောင့် ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် ဖမ်းဆီးခံရမှု တို့ကြောင့် ဒေသခံ များမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော် တို့မှာလည်း စစ်ဘေးဒုက္ခ သည် ဘဝဖြင့် မြေစာပင် ဖြစ်နေရသည်။

ရွေးကောက်ပွဲ မကျင်းပမီ အောက်တိုဘာလ ၁ ရက်မှ ယခုလ နိုဝင်ဘာလ ၁၈ ရက်အထိ ဧရာဝတီက ပြုစုထားသည့် စာရင်းများအရ ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် အရပ်သား ထိခိုက်သူ ဦးရေ ၇၀ အထိရှိခဲ့ကာ ယင်းအထဲတွင် ဒဏ်ရာရ သူ ၅၃ ဦးနှင့် သေဆုံးသူ ၁၇ ဦး ရှိပြီး ရွာသား အမြောက်အများမှာလည်း သံသယဖြင့် ဖမ်းဆီးခံထားကြရသည်။

လက်ရှိ အခြေအနေတွင် ရခိုင်ကျေးရွာသားများ အနေဖြင့် အသက်ရှင် ရပ်တည်ရေးနှင့် စားဝတ်နေရေး လုံးပန်းနေကြရ သလို အချိန်ကာလအားဖြင့်လည်း စပါးများရင့်မှည့်ချိန်ဖြစ်ရာ ဘေးကင်းလုံခြုံစွာဖြင့် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက် ချင်နေကြပြီ ဖြစ်သည်။

ထို့ကြောင့် နှစ်ဖက်စစ်ရေး လှုပ်ရှားမှုများက ယာယီရပ်စဲခြင်း မဟုတ်ဘဲ လုံးဝ ရပ်တန့်ကာ နိုင်ငံရေးနည်းလမ်းဖြင့်သာ ငြိမ်းချမ်းရေး အဖြေရှာကြရန် နှင့် တိုက်ပွဲသံ ထာဝရ စဲသွားရန် မျှော်လင့်နေကြလျှက်ရှိသည်။ ။

ခိုင်ရိုးလ ပူးပေါင်း ရေးသားသည်။

You may also like these stories:

အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်

ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

Your Thoughts …
Tags: AAငြိမ်းချမ်းရေးတပ်မတော်တိုက်ပွဲရခိုင်ပြည်နယ်အပစ်ရပ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  နေပြည်တော်ရှိ အခမ်းအနားတခုတွင် တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ

UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ယခုလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော FPNCC အစည်းအဝေး  / WSTV

FPNCC က ရွေးကောက်ပွဲအနိုင်ရသည့် NLD ကို ဂုဏ်ပြု သဝဏ်လွှာပို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved