• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ

by ထက်နိုင်ဇော်
20 November 2020
in ဆောင်းပါး
A A
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  နေပြည်တော်ရှိ အခမ်းအနားတခုတွင် တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်ရှိ အခမ်းအနားတခုတွင် တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

110.5k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရပဲ ထပ်အနိုင်ရတဲ့အခါ လာမယ့်နှစ်မှာ လက်ရှိ အာဏာရပါတီကပဲ အစိုးရဖွဲ့ တော့မှာဖြစ်လို့ ဒီလိုအချိန်မှာ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မှာလား၊ နိုင်ငံရေး ဆက်လုပ်မလားဆိုတာ စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်လာပါတယ်။

ဘယ်လို ဆက်လုပ်မလဲဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စတခု ဖြစ်သလို အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ ထိပ်သီးချင်း အရေးပါသူဖြစ်တဲ့ ရွေးကောက်ပွဲ ထပ်နိုင်ထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တစိတ်တပိုင်းအားဖြင့် သက်ဆိုင်လို့ သူတို့ ၂ နှစ်ဦး တွေ့ ဆုံညှိနှိုင်းမှုတွေ ရှိလာရင်လည်း အဖြေတခုခု ရလာနိုင်ပါသေးတယ်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
532
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.4k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
237

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီးတဲ့နောက် နေပြည်တော်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကို သွားတွေ့ ပြီး သူတို့ တွေ့ ဆုံဆွေးနွေးကြသလို အဲဒီနှစ် အာဇာနည်နေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကပ်တဲ့ အလှူကို တက်ရောက်ခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးက အဓိကကျတာကြောင့် လာမယ့် လွှတ်တော်သစ် မစခင် အချိန်တခုအတွင်းမှာ နိုင်ငံရေးအရ အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ဦးမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှာ လုပ်ခဲ့တဲ့ ဂျပန်သတင်းစာတစောင် ဖြစ်တဲ့ အဆာဟိရှင်ဘွန်းနဲ့ အင်တာဗျူး တခု မှာတော့ ဗိုလ်ချုပ်မှူးကြီးကို လာမယ့်နှစ်မှာ အနားယူတော့မှာလား၊ နိုင်ငံရေး ရည်မှန်းချက်က ဘာလဲဆိုတဲ့ မေးခွန်းကို တိတိကျကျ ဖြေမသွားခဲ့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးတို့ နေပြည်တော်တွင် တွေ့ ဆုံခဲ့စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

တပ်မတော်သား တယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ သူ့အနေနဲ့ပဲ ဖြစ်ဖြစ် ဥပဒေအရပဲ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ် ဖြေဆိုခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးက“ကျနော်ရဲ့ အတွေ့ အကြုံများကို နိုင်ငံတော်နဲ့ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားတဲ့ နိုင်ငံသား အခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့ အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမှာ အရပ်ဘက်နိုင်ငံရေးကို ကူးပြောင်းချင်ပြီး သမ္မတ ရာထူးတာဝန်ကို ဆောင်ရွက်နိုင်ကောင်းတယ်လို့ သုံးသပ်ချက်တွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ သောင်ပြိုကမ်းပြို မနိုင်ခင်က ဖြစ်ပြီး တပ်မတော်က တည်ထောင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထောက်ခံတယ်လို့ ယူဆရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကတော့ ရွေးကောက်ပွဲမှာ မရှုမလှကို ရှုံးနိမ့်သွားခဲ့ရပါပြီ။

အဲဒါကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ အသက် ၆၅ နှစ် ပြည့်မယ့် ၂၀၂၁ ဧပြီလမှာ အနားယူမှာ မဟုတ်သေးဘဲ နောက်ထပ် ၂ နှစ်လောက် လက်ရှိ တပ်ချုပ်ရာထူးမှာ ထပ်နေနိုင်သေးတယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖြစ်လာနေပါတယ်။

၂၀၂၁ ခုနှစ်ဟာ အစိုးရသစ်၊ လွှတ်တော်သစ်တွေ ပေါ်ပေါက်လာပြီး နိုင်ငံရေးအရ သတိထားရမယ့်နှစ် ဖြစ်တာကြောင့် တပ်ချုပ်အနေနဲ့ အနားယူဖို့ အလားအလာ နည်းတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“နောက်ပြီးတော့ ထိလွယ်ရှလွယ် ကာလလို့လည်း ပြောလို့ ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲကို သာမန်အားဖြင့် မလုပ်ဘူးလို့ သုံးသပ်တယ်”လို့ သူက ပြောပါတယ်။

တပ်မတော်ရဲ့ သီးခြား စီမံခန့်ခွဲခွင့်

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ တပ်မတော်ရေးရာ ကိစ္စတွေ အားလုံးကို တပ်မတော်က စီမံဆောင်ရွက်ခွင့် ရှိတယ်လို့ ပြဌာန်းထားသလို ကကန(ကောင်စီ) အမိန့်ဆိုပြီး တပ်မတော်ရေးရာတွေကို စီမံခန့်ခွဲခွင့်ရှိလို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်က ဆန္ဒရှိရင် သူ့ဘာသာသူ သက်တမ်းတိုး နေလို့ရတယ်လို့ ထင်မြင်သူတွေလည်း ရှိပါတယ်။

လက်ရှိ အသက် ၆၄ နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ် ကတည်းက အသက် ၆၀ ပြည့်ခဲ့ပေမယ့် ပင်စင် မယူခဲ့ဘဲ တပ်မတော် ဥပဒေအများအရ သူ့ရဲ့ ရာထူး သက်တမ်းကို တိုးထားခဲ့တာပါ။ သူ့ရဲ့ ရာထူး သက်တမ်းတိုးတာကို NLD အစိုးရက အတည်ပြုချက် ပေး၊ မပေး ဆိုတာတော့ မသိရပါဘူး။

တပ်မတော်အရာရှိဟောင်း နိုင်ငံရေးသုတေသီ ဒေါက်တာ အောင်မျိုးက“ကာကွယ်ရေးဌာန ကောင်စီ အမိန့်ညွှန်ကြားချက် နဲ့တင် သက်တမ်းတိုးလိုက်လို့ရတယ်။ သူမထွက်ဘူးဆိုရင် တပ်ချုပ် လုပ်မယ့်လူ တယောက်ပဲ နစ်နာမယ်။ ကျန်တဲ့သူတွေ ကို သူ့ ဟာသူ သင့်တင့်လျောက်ပတ်တဲ့ နေရာချထားရေး အစီအစဉ်တွေ လုပ်ပေးမယ်ဆိုရင် အောက်အငယ်တွေကို ထိန်းထားလို့ ရတယ်”လို့ ဆိုပါတယ်။

တပ်မတော်ကို လေ့လာစောင့်ကြည့်နေသူတချို့ကတော့ တပ်ချုပ်ဟာ အခုချိန်ထိ အနားယူမယ့် ပုံစံ မပြသေးလို့ အခု လာမယ့်နှစ်မှာ အနားယူမှာ မဟုတ်သေးကြောင်း၊ သူအနားယူဖို့ စဉ်းစားနေပြီဆိုရင် ရာထူးက အနားမယူခင် တရုတ်နိုင်ငံကို တခေါက်တော့ သွားရဦးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

မျိုးဆက်သစ်တွေကို နေရာပေးဖို့

တပ်မတော်မှာ ဗိုလ်မှူးချုပ်ဆိုရင် ၇ နှစ်၊ ဗိုလ်ချုပ်ဆိုရင် ၆ နှစ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်ကြီးဆိုရင် ၅ နှစ်ဆိုတဲ့နှစ် အကန့်အသတ်အတွင်း ရာထူးတိုးရမှာ ဖြစ်ပြီး မတိုးရင် တပ်မတော် အရန်အင်အားကို အပို့ခံရတာကြောင့် တပ်ချုပ်နဲ့ အနေနဲ့လည်း သူ တာဝန်ယူတာ ၁၀ နှစ်တောင် ရှိပြီမို့ မျိုးဆက်သစ် အရာရှိတွေအတွက် နားသင့်ပြီဆိုတဲ့ အမြင်မျိုးတွေ လည်း ရှိပါတယ်။

“ဒီလိုမျိုး သူ (ဗိုလ်ချုပ်မှူးကြီး) လုပ်ခဲ့တာ။ သူ့အလှည့်ကျတော့ ၆၅ နှစ် ဖြစ်နေတာကို သက်တမ်းတိုးဖို့ဆိုရင် ကျင့်ဝတ်အရ ခက်တယ်။ အခြားသူတွေကျ ရာထူး မတက်ဘဲ အရန်အင်အားစုထဲ ရောက်သွားတာ အများကြီးပဲ။ သူ့အလှည့်ကျမှ မလုပ်ဘူးဆိုရင် တမျိုး ဖြစ်မလားပေါ့”လို့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတဦးက ပြောပါတယ်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြဌာန်းလိုက်တဲ့ အရန်တပ်ဖွဲ့ ဥပဒေအရ အငြိမ်းစား ယူပြီးတဲ့ တပ်မတော်သားတွေအနေနဲ့ အငြိမ်းစားယူပြီး ၅ နှစ်အတွင်း တပ်မတော်က လိုအပ်ရင် စစ်မှုပြန်ထမ်းဆောင်ခွင့်ရှိတယ်လို့ ရေးထားလို့ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

နောက်တခုကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ရှိ အာဏာရပါတီ NLD က ဆက် အသိအမှတ်ပြု လက်ခံမှာလားဆိုတဲ့ အချက်ပါ။

ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့“အခု ပြောနေကြတဲ့ နှစ်အကန့်အသတ်အတွင်းမှာ ရာထူးတိုးရမယ်ဆိုတာက တပ်ချုပ်နဲ့ ဒုတပ်ချုပ် မပါဘူး။ သူတို့က နေချင်ရင် ဆက်နေလို့ရတယ်လို့ ကျနော်တို့က ထင်တယ်”လို့ ဆိုပါတယ်။

နောက်တခုကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ရှိ အာဏာရပါတီ NLD က ဆက် အသိအမှတ်ပြု လက်ခံမှာလားဆိုတဲ့ အချက်ပါ။

ဗိုလ်ချုပ်မှူးကြီးကို အခြား တပ်မတော် တာဝန်ရှိသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

ဥပဒေကြောင်းအရ ပြောရရင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄၂ အရ နိုင်ငံတော် သမ္မတဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ)ရဲ့ အဆိုပြု ထောက်ခံမှုနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်ကို ခန့်အပ်လို့ ရပါတယ်။ အသစ်ခန့်လို့ ရတယ်ဆိုတာ ပါပြီး အဟောင်းကို ဘယ်လို ဖြုတ်မလဲဆိုတာ မပါပါဘူး။

ဒါပေမယ့် NLD အစိုးရဟာ ပြီးခဲ့တဲ့ ၅ နှစ် သက်တမ်းမှာ ကာ/လုံကို တခါမှ မခေါ်ခဲ့ပါဘူး။ တပ်ချုပ်အသစ်ရှိလို့ တပ်မတော်ဘက်က အဆိုပြုပေးလာချိန်အထိ NLD အစိုးရက ကာ/လုံ မခေါ်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်နေလို့ ရပါတယ်။

နိုင်ငံတကာ ဖိအားများ

တပ်ချုပ်အနေနဲ့ အနားယူနိုင်တယ်လို့ စဉ်းစားဖို့ သင့်တဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။ အဲဒါက ရခိုင်ပြည်နယ်အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ ဖိအားတွေနဲ့ သူ့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို တင်ဖို့ ကြိုးစားနေမှုတွေပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းတွေကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းကို မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြန်လည် တုန့်ပြန်တဲ့အခါမှာ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့တဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းအပြစ်တင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုတွေမှာ အစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် သူ့ကို အဓိက တာဝန်ရှိတယ်လို့ ယူဆပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိတွေကို အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက တပ်မတော်ရဲ့ ဂုဏ်သိက္ခာပိုင်းကိုလည်း ထိခိုက်ခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးကတော့ တည်ဆဲဥပဒေတွေအရ ရခိုင်အရေးကို ဖြေရှင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာက အခုလို ဝင်ရောက် စွက်ဖက်နေတာကိုလည်း လက်မခံနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။

တပ်ချုပ်အသစ် ဘယ်သူ ဖြစ်မလဲ

တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမယ်ဆိုရင် တပ်ချုပ်၊ ဒုတပ်ချုပ် အသစ်တွေကို ထပ်မြင်ရတော့မှာပါ။

သူတို့တွေကတော့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ပါ။

တပ်ချုပ် ဖြစ်လာနိုင်တဲ့သူ ၃ ဦး ရှိပါတယ်။

သူတို့တွေကတော့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ပါ။

ပထမဆုံး စပြောရမယ့်သူကတော့ NLD အစိုးရ၊ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းတယ်လို့ သတင်းထွက်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ က ဖြစ်ပါတယ်။

သူဟာ တပ်ထဲမှာတော့ စစ်သား ပီသသူ၊ အကျိုးစီးပွားနည်းသူတဦးလို့ လူပြောများပြီး ၁၉၈၀ ခုနှစ်မှာ ဒုဗိုလ်၊ ၂၀၀၈ ခုနှစ် မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ၂၀၁၀ ခုနှစ်မှာ စစ်ဆင်ရေး အထူးအဖွဲ့ မှူး/ကစထ(၆) ဖြစ်လာပြီး ၂၀၁၁ ခုနှစ်မှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

“တပ်ချုပ်ကြီး နားမယ်ဆိုရင် တက်လာတဲ့သူက တပ်ကို ထိန်းနိုင်တဲ့သူ ဖြစ်ဖို့ လိုတယ်။ ဒုချုပ်(ဦးစိုးဝင်း)ဆိုရင် ထိန်းနိုင်တယ်။ သူက တပ်ချုပ်လုပ်၊ ဒုချုပ်ကို ဗိုလ်ချုပ်ကြီး မြထွန်းဦးလုပ်ပေါ့။ တပ်မတော်က တင်တဲ့ ဒုသမ္မတလောင်းက ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးဘူး”လို့ တပ်မတော်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ NLD ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆက်ဆံရေး ကောင်း နေတဲ့ ဦးစိုးဝင်းကို တပ်ချုပ် ပေးလုပ်မှာ မဟုတ်ဘဲ တပ်မတော်က တင်တဲ့ ဒုတိယ သမ္မတပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အရင်က တပ်မတော် အစဉ်အလာတွေအရ တပ်ချုပ် အနားယူရင် ဒုတပ်ချုပ်ပါ အနားယူလေ့ရှိပြီး တပ်ချုပ်အသစ်ကို မျိုးဆက်ခြားပြီး နေရာပေးလေ့ ရှိခဲ့တာကိုလည်း တပ်မတော် လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်သွားခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ အနားပေးခံရတာကိလည်း မမေ့သင့်ဘူးလို့ ပြောဆိုကြပါတယ်။

အရင်က တပ်မတော် အစဉ်အလာတွေအရ တပ်ချုပ် အနားယူရင် ဒုတပ်ချုပ်ပါ အနားယူလေ့ရှိပြီး တပ်ချုပ်အသစ်ကို မျိုးဆက်ခြားပြီး နေရာပေးလေ့ ရှိခဲ့တာကိုလည်း တပ်မတော် လေ့လာသူတွေက ထောက်ပြကြပါတယ်။

ဒုတိယ စဉ်းစားရမယ့်သူကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးပါ။ သူက ၁၉၈၃ ခုနှစ်မှာ ဒုဗိုလ် စဖြစ်ခဲ့တာပါ။

ပခုက္ကူ အခြေစိုက် အမှတ် ၁၀၁ တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စဖွင့်ဖွင့်ချင်း တိုင်းမှူး ဖြစ်ခဲ့ပြီး တပ်မတော် ရာထူးတော်တော်များများကို တာဝန်ယူခဲ့ဖူးသူ၊ စစ်ဗိုလ်ချုပ်တွေထဲမှာ ရာထူး အတက်မြန်သူလို့ အပြောခံရသူတဦး ဖြစ်ပါတယ်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိလာခဲ့စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

ရန်ကုန်မြို့ ၊ ဆိပ်ကြီးခနောင်တို ဇာတိ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဗိုလ်ချုပ်ရာထူးနဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဆင်ရေး အထူးအဖွဲ့ (၅) ကစထမှူးတာဝန်ပါ ပူးတွဲ ထမ်းဆောင်ခွင့် ရခဲ့သူပါ။ ၂၀၁၄ ခုနှစ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှာတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကွဲရေးမှူး ဖြစ်လာတာ ဖြစ်ပါတယ်။

“တပ်ထဲမှာတော့ အရည်အချင်းရှိတယ်။ ကြိုးစားတယ်။ ကိုယ်ရေးကိုယ်တာ နည်းတယ်”လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တပ်မတော်က တင်တဲ့ ဒုတိယ သမ္မတ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြသူတွေလည်း ရှိပါတယ်။

နောက်ဆုံး တပ်ချုပ် ဖြစ်လာနိုင်သူကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပါ။ သူဟာ ၁၉၈၈ ခုနှစ်မှာ ပြန်တမ်းဝင် အရာရှိတဦး ဖြစ်လာပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးသူတဦးလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လက်ရှိ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ရာထူးအပြင် နေပြည်တော် စစ်ဆင်ရေး အထူးအဖွဲ့ (၆) ကစထမှူး အဖြစ်ပါ ပူးတွဲ တာဝန်ယူထားသူ ဖြစ်ပါတယ်။

တပ်မတော်ကို လေ့လာစောင့်ကြည့်သူတချို့ရဲ့ တွက်ချက်မှုအရ တပ်ချုပ် ဖြစ်လာမယ့်သူဟာ အခုချိန်မှာ အသက် ၅၄ နှစ် ဝန်းကျင် ဖြစ်ရမှာ ဖြစ်လို့ အဲလိုလူမျိုးကို ရှာကြည့်တဲ့အခါ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပဲ ရှိတယ်လို့ ဆိုကြပါတယ်။

လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အသက် ၅၅ ဝန်းကျင်မှာ တပ်ချုပ် ဖြစ်လာတာပါ။

စစ်တက္ကသိုလ် အပတ်စဉ် ၃၀ က ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ တပ်ချုပ် ဖြစ်လာရင် တပ်မတော်မှာ အသက် အငယ်ဆုံး စစ်တက္ကသိုလ် အပတ်စဉ် ၃၅ က ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းမှာ ဒုတပ်ချုပ် ဖြစ်လာနိုင်တယ်လို့ သုံးသပ် ကြပါတယ်။

“ကိုမိုးမြင့်ထွန်းနဲ့ ကိုကျော်စွာလင်းတို့ အတွဲလည်း ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကိုမိုးမြင့်ထွန်းကို တင်မယ်ဆိုရင် သူ့ထက် ကြီးတဲ့လူတွေကို နေရာချပေးတာ။ ရွေ့ တာတွေ အရင်လုပ်ရမယ်။ ဒုတပ်ချုပ် ဦးစိုးဝင်းကိုပဲ ပေးလိုက်ရင်တော့ ဘာမှ သိပ်ပြောင်းစရာ မလိုဘူး”လို့ တပ်မတော်ကို လေ့လာစောင့်ကြည့်နေသူတဦးက ပြောပါတယ်။

တပ်မတော်အပေါ် သြဇာဆက်ရှိနေမှာလား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်က ခန့်မယ့် ဒုတိယ သမ္မတတော့ လုပ်မှာ မဟုတ်ဘဲ အစိုးရဘက်နဲ့ ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေရင် စစ်ကော်မရှင် ဥက္ကဌ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ဧရာဝတီက ကြားခဲ့ရပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က RCSS အဖွဲ့နဲ့ တွေ့ တဲ့အချိန်တုန်က သူနားရင် အသစ် ခန့်မယ့်လူဟာ သူ့မူဝါဒကိုပဲ အကောင်အထည်ဖော်မယ့်လူ ဖြစ်တယ်လို့ ဆိုတဲ့ ပြောဆိုခဲ့ဖူးတာ ဖြစ်တဲ့အတွက် သူ့ထက်ငယ်တဲ့လူ၊ သူနိုင်တဲ့နင်းတဲ့လူပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်းလည်း ပြောကြပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်က ခန့်မယ့် ဒုတိယ သမ္မတတော့ လုပ်မှာ မဟုတ်ဘဲ အစိုးရဘက်နဲ့ ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေရင် စစ်ကော်မရှင် ဥက္ကဌ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ဧရာဝတီက ကြားခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိဘတွေဟာ တနင်္သာရီတိုင်း၊ ထားဝယ်ဇာတိဖြစ်ပြီး သူ့ကိုတော့ ၁၉၅၆ ခုနှစ်က မကွေး တိုင်း မင်းဘူးမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေး ဝန်ကြီးနှင့်အတူ တွေ့ ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့ပြီး၂၀၀၂ ခုနှစ်မှာ တပ်မမှူး၊ ဗိုလ်မှူးချုပ်၊ ၂၀၀၃ ခုနှစ်မှာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ နေရာဒေသ အမျိုးမျိုးမှာ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၂၀၁၀ ခုနှစ် မှာတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်ကြီး ဖြစ်လာပါတယ်။ မကြာခင်မှာပဲ အဲဒီတုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်မယ်လို့ ထင်ကြေး ပေးခံနေရတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ကျော်ပြီး ၂၀၁၁ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ တပ်မတော် ဖွဲ့ စည်းပုံ အတိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ မှာ ဗိုလ်ချုပ်မှူးကြီး ရာထူးကို လက်ရှိ အချိန်အထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ရုရှားနိုင်ငံမှာ လုပ်ခဲ့တဲ့ မီဒီယာ အင်တာဗျူးတခုမှာတော့ သူ့ရဲ့ အနာဂတ် အစီအစဉ်ဟာ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မှာ မူတည်ပြီး တပ်မတော်မှာ နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံ၊ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက်က နိုင်ငံရေး အတွေ့ အကြုံက တိုင်းပြည်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ဖြေဆိုခဲ့တာပါ။

“တိုင်းပြည်အတွက် လုပ်ပေးမယ်။ ဒီလိုစိတ်ကတော့ ကျနော် အသက်ထက်ဆုံး ရှိနေဦးမှာပါ”လို့ ဗိုလ်ချုပ်မှူးကြီးက ရုရှား သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။

You may also like these stories:

အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ

၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်

ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တောင်းဆိုမှု တပ်သဘောထား မပါ

Your Thoughts …
Tags: ကာကွယ်ရေးဦးစီးချုပ်တပ်မတော်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သီးခြား စီမံခန့်ခွဲခွင့်အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.3k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

Next Post
UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ယခုလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော FPNCC အစည်းအဝေး  / WSTV

FPNCC က ရွေးကောက်ပွဲအနိုင်ရသည့် NLD ကို ဂုဏ်ပြု သဝဏ်လွှာပို့

ကလေးလုပ်သားများ ညှင်းပန်း နှိပ်စက်ခံရသည်ဆိုသဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ယနေ့ မနက်ပိုင်းက လူစုလူဝေး ဖြစ်ပွားခဲ့သည်။ / အောင်သီဟ / ဧရာဝတီ

ဒဂုံဆိပ်ကမ်းမြို့နယ် မုန့်လုပ်ငန်းတခုတွင် ကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံရဟုဆို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.4k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate