စစ်ဗိုလ်လူထွက်တွေ ရေးတဲ့စာအုပ်တွေ ဖတ်ကြည့်ရင် စစ်တပ်ကောင်းကြောင်းတွေ၊ အချင်းချင်း မြှောက်ပင့်ရေးတာတွေ၊ ကိုယ့်ဂုဏ်ကိုယ်ဖော်ရေးတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အပုပ်ချဝေဖန်တာတွေ လွှမ်းမိုးနေလို့ သမိုင်းမှန်တွေကို တွေ့ရမှာမဟုတ်ပါဘူး။
လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။
ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဦးဝေလွင်မောင်၊ မှော်ဝန်းသား ဦးခင်ညွန့်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မှူးကြီးဟောင်း လှမင်း စတဲ့စာရေးသူတွေဟာ စစ်ဘက်မှာ ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ၊ ဝန်ကြီးချုပ်ကနေ ဝန်ကြီး၊ အစိုးရပြောရေးဆိုခွင့်ရှိသူ စသည်ဖြင့် ရာထူးတွေ ကွဲပြားကြပေမယ့် စစ်အာဏာရှင်ဘက်က ရပ်တည်ပြီး ရေးသားမှတ်တမ်းတင်ကြတာချင်းတော့ တူညီကြပါတယ်။
ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဦးဝေလွင်မောင်၊ မှော်ဝန်းသား ဦးခင်ညွန့်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်မှူးကြီးဟောင်း လှမင်း စတဲ့စာရေးသူတွေဟာ စစ်ဘက်မှာ ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ၊ ဝန်ကြီးချုပ်ကနေ ဝန်ကြီး၊ အစိုးရပြောရေးဆိုခွင့်ရှိသူ စသည်ဖြင့် ရာထူးတွေ ကွဲပြားကြပေမယ့် စစ်အာဏာရှင်ဘက်က ရပ်တည်ပြီး ရေးသားမှတ်တမ်းတင်ကြတာချင်းတော့ တူညီကြပါတယ်။
ဦးစိုးသိန်းနဲ့ ဦးဝေလွင်မောင်တို့ရဲ့ စာအုပ်တွေမှာဆိုရင် လက်ရှိ အာဏာသိမ်းစစ်ကောင်စီဝင်တွေ၊ စစ်အစိုးရဝန်ကြီးတွေ ကိုယ်တိုင်ကတောင် အမှာစာရေးပေးတာမျိုး ရှိပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါး စစ်အာဏာရှင်စနစ်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေကို မျက်ကွယ်ပြုထားတဲ့ ဒီစာအုပ်တွေဟာ အမှန်တရားကို ကိုယ်စားပြုတဲ့စာအုပ်တွေလို့ သမိုင်းမှာ မှတ်တမ်းတင်ခံရမှာတော့ မဟုတ်ပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းရဲ့ ‘ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ’ (ပ၊ ဒု)
ရေးသားပုံနှိပ်ပြီးခါမှ ပြည်သူကိုချမပြရဲတဲ့ စာအုပ်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့ ‘ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ’ (ပ၊ ဒု) စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်တွေကို စစ်တပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အသိုင်းအဝိုင်းကို အဓိက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
ပထမတွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပြီး ဒုတိယတွဲကိုတော့ စစ်အာဏာသိမ်းပြီး ၇ လအကြာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်အမှာစာ ရေးပေးတဲ့သူတွေကတော့ လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဖဒိုမန်းငြိမ်းမောင်တို့ပဲ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေးဝန်ကြီးလို့ သူ့ကိုယ်သူပုံဖော်ထားတဲ့ ဦးစိုးသိန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကို မြန်မာနိုင်ငံလွတ်လပ်ရေးကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့တဲ့နေ့အဖြစ် တင်စားပြီး သူ့ရဲ့ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံးကို ခွာချခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေးဝန်ကြီးလို့ သူ့ကိုယ်သူပုံဖော်ထားတဲ့ ဦးစိုးသိန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကို မြန်မာနိုင်ငံလွတ်လပ်ရေးကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့တဲ့နေ့အဖြစ် တင်စားပြီး သူ့ရဲ့ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံးကို ခွာချခဲ့ပါတယ်။
ဒီစာအုပ်တွေမှာ မတရားအာဏာသိမ်းခံလိုက်ရတဲ့ NLD အရပ်သားအစိုးရကို ပြင်းပြင်းထန်ထန် အပုပ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့၊ နိုင်ငံရေးအရသိက္ခာချတဲ့ အရေးအသားတွေ အဓိကပါဝင်ခဲ့ပါတယ်။
NLD ဆန့်ကျင်သူတွေ၊ အမျိုးသားရေးဝါဒီတွေနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ အမုန်းစကားတွေ၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါတဲ့ facebook post အရေးအသားတွေကို စာမျက်နှာပေါင်းများစွာ ပြန်လည် ထည့်သွင်းဖော်ပြထားတာကတော့ စာရေးသူရဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဃာတ၊ မနာလိုဝန်တိုမှုကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒီအချက်ကို သမ္မတ ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတောင် သဘောတူခဲ့ပါတယ်။
ဒီစာအုပ် ၂ အုပ်ကို ခြုံပြီးကြည့်ရင် NLD အစိုးရထပ်ဖွဲ့လို့ မဖြစ်ဘူး၊ စစ်တပ်ကပဲ အာဏာကို ဆက်ပြီးဆုပ်ကိုင်သွားရမယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လူကိုယ်တိုင်လည်း လက်ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အစိုးရကို နောက်ကွယ်က ပံ့ပိုးကူညီနေပြီး သူနဲ့နီးစပ်ခဲ့တဲ့ သံတမန်တွေကိုလည်း စစ်အစိုးရ lobby နဲ့ ဒီမိုကရေစီအင်အားစုတွေကို အပုပ်ချတာတွေ ဆက်လုပ်ပေးနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
သမ္မတ ဦးသိန်းစိန်အပေါ်ကို သြဇာလွှမ်းမိုးမှုရှိတယ်လို့ အများကယူဆကြတဲ့ အသက် ၇၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းရဲ့ စာအုပ် ၂ တွဲဟာ စာအုပ်လောကထဲ လက်ရှိအချိန်အထိ ရောက်မလာသလို စာရေးသူရဲ့ နိုင်ငံရေးရပ်တည်ချက်ကို သဘောမကျကြလို့ အရောင်းအဝယ် မလုပ်ချင်ကြတာကိုလည်း တွေ့ရပါတယ်။ ဦးစိုးသိန်းရေးသားခဲ့တဲ့ စာအုပ်အနည်းငယ်ထဲမှာ သမ္မတ ဦးသိန်းစိန်ကို အမွှန်းတင်ထားတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်စာအုပ်ဟာ လူသိများတဲ့စာအုပ်တအုပ် ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ရဲ့ ‘မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ’
သမ္မတပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ သူ့ကို ပြန်ကြားရေးဝန်ကြီးခန့်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ကို ‘မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀ – ၂၀၁၆)’ ဆိုတဲ့ စာအုပ်နဲ့ ကျေးဇူးဆပ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီစာအုပ်ကို ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာပဲ Singapore ISEAS – Yusof Ishak Institue က အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပေးခဲ့တာဖြစ်ပြီး အာဏာရှင်စစ်အစိုးရတွေကို ကာကွယ်ရာမှာ လူသိများတဲ့ ပါမောက္ခ ရောဘတ်တေလာရဲ့ အမှာစာနဲ့ပါ။ မြန်မာဘာသာပြန်ကိုတော့ ဦးရဲထွဋ်နဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တပတ်စဉ်တည်းဆင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဟောင်း သူရသက်ဆွေက ပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ကန့်လန့်ကာနောက်က လူသိနည်းတဲ့ အဖြစ်အပျက်တွေ၊ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား အာဏာလုတဲ့အကြောင်းတွေကို ကိုယ်တွေ့ဖြတ်သန်းမှု၊ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် ဝေဝေဆာဆာ ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဘုန်းတော်ဘွဲ့စာအုပ်ဆိုရင်လည်း မမှားပါဘူး။
ဒီစာအုပ်မှာ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ကန့်လန့်ကာနောက်က လူသိနည်းတဲ့ အဖြစ်အပျက်တွေ၊ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား အာဏာလုတဲ့အကြောင်းတွေကို ကိုယ်တွေ့ဖြတ်သန်းမှု၊ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် ဝေဝေဆာဆာ ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဘုန်းတော်ဘွဲ့စာအုပ်ဆိုရင်လည်း မမှားပါဘူး။
စာရေးသူက သူရဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းတချို့ရဲ့ အနှောက်အယှက် အတိုက်အခိုက်အမျိုးမျိုးကို သည်းခံရင်း နိုင်ငံပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သွားတဲ့ ရှားမှရှားတဲ့ သမ္မတရုပ်ပုံလွှာအဖြစ် ခြယ်မှုန်းထားပါတယ်။
ဦးစိုးသိန်းရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်စာအုပ်ကို တွဲဖတ်လို့ရှိရင်တော့ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးလောကဓံဟာ လက်ရှိစစ်ကောင်စီ အပါအဝင် စစ်အစိုးရအဆက်ဆက်ရဲ့ မတရား ဖိနှိပ်ဖမ်းဆီးတာခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထက် ဇာတ်နာမယ့်အနေအထားပါ။
ဦးရဲထွဋ်က သူ့ရဲ့စာအုပ်မှာ သူရဦးရွှေမန်းကို ဦးသိန်းစိန်အပေါ် အမြဲတိုက်ခိုက်နေတဲ့ ဗီလိန်ကြီးအဖြစ် သရုပ်ဖော်ထားပေမယ့် သူရဦးရွှေမန်းကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ ‘သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး’ စာအုပ်မှာ လုံခြုံရေးအတွက် ညအိပ်ရင်တောင် ခေါင်းအုံးအောက်မှာ သေနတ်ထားအိပ်ရတယ်လို့ သူ့ဘက်က အခြေအနေကို ရေးသားထားပါတယ်။
ဦးရဲထွဋ်ရဲ့စာအုပ်ဟာ စစ်ဗိုလ်ချုပ်အချင်းချင်း၊ ကြံ့ခိုင်ရေးပါတီ အကြီးအကဲအချင်းချင်း မညီညွတ်လို့ ၂၀၁၅ ရွေးကောက်ပွဲ ရှုံးရတယ်၊ ဒါကို သင်ခန်းစာယူကြဖို့ သတင်းစကားပါးတာလို့လည်း ယူဆနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်က ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းအလိုမှာ ထွက်ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
စာရေးသူ ဒုဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်ကိုယ်တိုင် စစ်သားမျိုးရိုးဖြစ်တာရယ်၊ စာအုပ်အတွက် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းနဲ့ ဝန်ကြီးဟောင်း အများစုကို တွေ့ဆုံမေးမြန်းခဲ့တာကြောင့် စစ်တပ်က ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို မီးမောင်းထိုးပြတာမျိုး မပါဝင်တာကတော့ အဆန်းမဟုတ်ပါဘူး။
အခုချိန်မှာ ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်ကို ထောက်ခံအားပေးရင်း နေပြည်တော်မှာ ဘုရားထီးတင်လိုက်၊ အပင်စိုက်လိုက်၊ ပန်းချီဆွဲလိုက်နဲ့ အေးအေးလူလူ အနားယူလို့နေပါတယ်။
စာရေးသူ ဦးရဲထွဋ်ဟာလည်း လက်ရှိ အာဏာသိမ်း ဒုတိယ စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းတို့နဲ့ ဗိုလ်သင်တန်းအပတ်စဉ် ၂၂ ဆင်းတွေဖြစ်တာမို့ စစ်ကောင်စီနဲ့ နီးစပ်သူပါပဲလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
တချို့ ဝေဖန်သုံးသပ်သူတွေက သူ့ကို ပျော့ပြောင်းသူလို့ သုံးသပ်ကြပေမယ့် ခေတ်အဆက်ဆက် နိုင်ငံကိုဖျက်ဆီးခဲ့တဲ့ စစ်တပ်ကို ဖက်တွယ်တဲ့ စစ်ဗိုလ်ဟောင်းတဦးထက် မပိုပါဘူး။
တချို့ ဝေဖန်သုံးသပ်သူတွေက သူ့ကို ပျော့ပြောင်းသူလို့ သုံးသပ်ကြပေမယ့် ခေတ်အဆက်ဆက် နိုင်ငံကိုဖျက်ဆီးခဲ့တဲ့ စစ်တပ်ကို ဖက်တွယ်တဲ့ စစ်ဗိုလ်ဟောင်းတဦးထက် မပိုပါဘူး။
NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးတဲ့အချိန် သူ့ကို NLD အစိုးရက တာဝန်ပေးခဲ့ရင် လက်ခံမှာလားလို့ ဧရာဝတီက မေးတဲ့အခါ “အသင်းတော့ပြောင်းကန်မှာ မဟုတ်ဘူး” လို့ ဦးရဲထွဋ်က ဖြေခဲ့ပါတယ်။ မှားချင်မှားပါစေ မှားတဲ့အသင်းမှာပဲ ဆက်ရပ်တည်မယ်ဆိုတာကို ပြခဲ့တာပါ။ ဒီလိုပဲ သူ့စာအုပ်ကလည်း စစ်တပ်မှားကြောင်းတွေ မဖော်ထုတ်ဘဲ အမှန်တရားတွေကို ဖုံးကွယ်ထားတဲ့ စာအုပ်တအုပ်ပါပဲ။
ကာကွယ်ရေးဝန်ကြီးဟောင်း၊ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီးဝေလွင်ရဲ့ ‘ကိုယ်နှင့်သက်ကို နှင်းဆက်လို၍ ….’
‘ကိုယ်နှင့်သက်ကို နှင်းဆက်လို၍….’ စာအုပ်ဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်လာတဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး၊ လက်ရှိ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝေလွင်ရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ် ဖြစ်ပါတယ်။
ကလောင်နာမည်က ဝေလွင်မောင်ဖြစ်ပြီး ဒီစာအုပ်ကို စစ်တပ်ပိုင် မြဝတီစာပေတိုက်က ထုတ်တာဖြစ်ပါတယ်။ ဒုဗိုလ်မှူးကြီးဟောင်း၊ လက်ရှိစစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ချစ်နိုင်(စိတ်ပညာ) နဲ့ ဒု ဗိုလ်မှူးကြီးဟောင်း၊ လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က အမှာစာတွေ ရေးပေးထားကြပါတယ်။
စစ်တပ်အာဏာသိမ်းခါနီးနဲ့ အာဏာသိမ်းပြီးစ အချိန်တွေမှာ နေပြည်တော်အနှံ့ တပ်မတော်ထောက်ခံပွဲတွေကို စီစဉ်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ဟာ စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့အကြောင်း၊ NLD ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA)၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ရဲ့ ကြိုးဆွဲခံ ပြည်ဖျက်ရုပ်သေးအစိုးရ ဖြစ်ကြောင်း၊ မဲလိမ်မဲခိုးကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကလည်း ပြည်သူအပေါ်သစ္စာမဲ့တဲ့ ကော်မရှင်ဖြစ်ကြောင်း သူ့စာအုပ်မှာရေးသားထားပါတယ်။
NLD အစိုးရက နိုင်ငံခြားသားအကြံပေးတွေ ခန့်တာကို မကျေနပ်တာနဲ့ OIC ၊ ရိုဟင်ဂျာအရေး စွပ်စွဲချက်တွေကတော့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံစာအုပ်ထဲက သဘောထားတွေနဲ့ အတူတူပဲဖြစ်တာ တွေ့ရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းနေပေမယ့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကတော့ တပ်မတော်သားတွေဟာ အရင်ကာလတွေထက် ပိုပြီး ဆင်းရဲပင်ပန်းနေကြရလို့ စာနာချီးကျူးမိတယ်လို့ ရေးသားခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းနေပေမယ့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကတော့ တပ်မတော်သားတွေဟာ အရင်ကာလတွေထက် ပိုပြီး ဆင်းရဲပင်ပန်းနေကြရလို့ စာနာချီးကျူးမိတယ်လို့ ရေးသားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရဲ့ ကျေးဇူးကို သိတတ်တာ၊ NLD ကို အပုပ်ချတာ၊ လက်ရှိစစ်ကောင်စီကို အားပေးထောက်ခံတာတွေကိုလည်း တပါတည်းဖတ်ရမှာပါ။
စာရေးသူဟာ ရန်ကုန်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ (လက်ရှိ စစ်ကောင်စီ ယာယီသမ္မတ) ရဲ့ လက်အောက်မှာ ဒုတိုင်းမှူးအဖြစ် အမှုထမ်းခဲ့ပြီး နေပြည်တော်တိုင်းမှူးဘဝနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နောက်လိုက်လည်း ဖြစ်ခဲ့သူပါ။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေး၊ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်နဲ့ စစ်တက္ကသိုလ်အပတ်စဉ် ၁၈ ဆင်းတွေ ဖြစ်ကြပါတယ်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ‘ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ’ (၁၊ ၂)
‘မှော်ဝန်းသား ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)’ ကလောင်နာမည်နဲ့ ရေးထားတဲ့ ‘ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ’ အတွဲ (၁)၊ အတွဲ (၂) စာအုပ်တွေကတော့ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ဖြစ်ပါတယ်။ တပ်မတော်ကို ဘယ်သောအခါမှ သစ္စာမဖောက်ပါဆိုပြီး အမှာစာမှာ ရေးထားပါတယ်။
အတွဲ (၁) မှာကတော့ သူ့ရဲ့ငယ်စဉ်ဘဝ၊ တပ်မတော်သားဘဝ၊ ထောက်လှမ်းရေးတာဝန်၊ ၈၈ အရေးအခင်း၊ အတွင်းရေးမှူး ၁ တာဝန်တွေ၊ ဦးစောမောင်နဲ့ ဦးသန်းရွှေ ခေါင်းဆောင်အပြောင်းအလဲ၊ ဒီပဲယင်းအရေးအခင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ အကျယ်ချုပ်နေထိုင်ရတွေကို အဓိကဖော်ပြထားပြီး အတွဲ (၂) ကတော့ အတွဲ (၁) မှာ မပါတဲ့ အကြောင်းအရာတွေကို ထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။
နှစ်အုပ်စလုံးကို ဖတ်ကြည့်ရင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးထွားစဉ်က ဒီမိုကရေစီနဲ့လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြသူတွေ၊ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ ဖတ်ရမှာ မဟုတ်ပါဘူး။
နှစ်အုပ်စလုံးကို ဖတ်ကြည့်ရင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးထွားစဉ်က ဒီမိုကရေစီနဲ့လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြသူတွေ၊ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ ဖတ်ရမှာ မဟုတ်ပါဘူး။
သူပုံကြီးချဲ့ရေးသားထားတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေ၊ ဗုဒ္ဓဘာသာကို အားပေးတဲ့ ဘုရားတည်၊ ကျောင်းဆောက်တာတွေ၊ မြန်မာနိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုကဏ္ဍတွေကို မြှင့်တင်ပေးတာတွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်တာတွေကို အဓိကဖတ်ရှုရမှာပါ။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ပတ်သက်လို့ တပ်မတော်က အာဏာသိမ်းတာ မဟုတ်၊ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအတွက် ပြုလုပ်ပေးတာလို့ စစ်တပ်ကိုကာကွယ်တဲ့ အရေးအသားတွေ၊ အတွင်းရေးမှူး (၁) တာဝန်ယူချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့တော့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌက သူ့ကို လုံးဝတာဝန်မပေးဘဲ အတွင်းရေးရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင်ခိုင်းခဲ့တာဆိုတဲ့ ခေါင်းရှောင်မှုတွေကိုလည်း ဖတ်ရှုရမှာပါ။
စစ်အစိုးရလက်ထက် တိုင်းပြည်ဆုံးရှုံးမှု၊ နစ်နာမှုတွေနဲ့ ပတ်သက်ပြန်ရင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ တိုက်ရိုက်ဆက်ဆံတဲ့ စီနီယာဝန်ကြီးတွေကို သူက မလွန်ဆန်ရဲတဲ့အကြောင်း၊ အတွင်းရေးမှူး (၁) က စွက်ဖက်ပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူး (၁) က ပေးအပ်တဲ့တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်ရတာပါပဲဆိုပြီး ကိုယ်လွတ်ရုန်းတာတွေလည်း တွေ့ရမှာပါ။
ဦးခင်ညွန့်က နောင်လာနောက်သား လူငယ်လူရွယ်တွေကို သမိုင်းကြောင်းအမှန် သိစေချင်လို့ ဒီစာအုပ်တွေကို ထုတ်ဝေတာလို့ လိမ်လည်ပြောဆိုပါတယ်။ အမှန်တော့ ဒီစာအုပ်တွေဟာ သမိုင်းမှန်တွေကို ဖုံးကွယ်ထားပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်တဲ့၊ တိုင်းပြည်ဖျက်တဲ့ထဲမှာ ငါမပါဘူးလို့ ကိုယ်လွတ်ရုန်းချင်တဲ့ အာဏာလက်လွတ် စစ်ဗိုလ်ချုပ်ဟောင်းတယောက်ရဲ့ အားထုတ်မှုတခုသာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ၁၉၈၈ ခုနှစ် အာဏာသိမ်းရာမှာ အဓိကပါဝင်ခဲ့တဲ့ စစ်ထောက်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းတာကို ထောက်ခံထားသူတယောက် ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလတုန်းက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က ဦးခင်ညွန့်ရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
ဗိုလ်ထွန်းကြည်(မုံရွာ)ရဲ့ နှစ် ၅၀ ကျော်ကိုယ်တွေ့များ
လာဘ်စားမှုနဲ့နာမည်ကြီးတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် မန္တလေးတိုင်းမှူး၊ ကုန်သွယ်ရေးဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်ရဲ့ အတွဲ ၅ တွဲပါတဲ့ အတ္တုပ္ပတ္တိုစာအုပ် ဖြစ်ပါတယ်။
ဗိုလ်ထွန်းကြည်ဟာ နဝတ၊ နအဖခေတ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်းအပတ်စဉ် (၁) ဆင်းဖြစ်ပြီး လက်ရှိမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဂါရဝပြုကန်တော့တဲ့ တပ်မတော် အငြိမ်းစားအရာရှိကြီးတဦးလည်း ဖြစ်ပါတယ်။ နှစ် ၅၀ ကျော်ကိုယ်တွေ့များစာအုပ် အတွဲ (၁) က သမ္မတ ဦးသိန်းစိန်အစိုးရ တက်ခါနီးမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ပဉ္စမတွဲကတော့ ၂၀၁၆ ခုနှစ် NLD အရပ်သားအစိုးရ တက်ခါနီးမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
တပ်မတော်ကျေးဇူးကြောင့် ယခုလို လူလိုသူလိုနေရတာပါလို့ ပြောတဲ့ ဗိုလ်ထွန်းကြည်ရဲ့ စာအုပ်တွေမှာ စစ်တပ်ကို အမွှန်းတင်တာနဲ့ သူ့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စွမ်းဆောင်ရည်တွေကို စာအုပ်အတွဲတိုင်းလိုလိုမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
တပ်မတော်ကျေးဇူးကြောင့် ယခုလို လူလိုသူလိုနေရတာပါလို့ ပြောတဲ့ ဗိုလ်ထွန်းကြည်ရဲ့ စာအုပ်တွေမှာ စစ်တပ်ကို အမွှန်းတင်တာနဲ့ သူ့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စွမ်းဆောင်ရည်တွေကို စာအုပ်အတွဲတိုင်းလိုလိုမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာမလွှဲတာနဲ့ ပတ်သက်ပြီး ပြည်ပစွက်ဖက်မှုနဲ့ ပြည်တွင်းအာဃာတကြောင့်လို့ NLD ကို အပြစ်တင်ထားသလို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့် သဘောမတူရင် အာဏာလွှဲတာကို လုပ်လိမ့်မယ်မထင်ဘူးလို့လည်း ဖွင့်ချထားပါတယ်။
ရန်ပုံငွေကို နည်းမျိုးစုံနဲ့ရအောင် ရှာတယ်လို့ သူ့စာအုပ် စတုတ္ထတွဲမှာ ဝန်ခံထားတဲ့ ဗိုလ်ထွန်းကြည်ဟာ လာဘ်စားတယ်ဆိုပြီး သူနဲ့ခေတ်ပြိုင် စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်တို့နဲ့အတူ ၁၉၉၇ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ကျဆုံးခဲ့တဲ့ သမိုင်းဝင် ဝန်ကြီးများရုံးကို သမိုင်းပြတိုက်နဲ့ ရိုးရာယဉ်ကျေးမှု အနုပညာပြတိုက်အဖြစ် ပြန်အသုံးချဖို့ တင်ဒါအောင်ခဲ့တဲ့ အနော်မာအနုပညာအဖွဲ့ဟာ ဗိုလ်ထွန်းကြည်ရဲ့သမီး ဒေါ်သီသီထွန်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
ဗိုလ်ထွန်းကြည်က သူ့အကြောင်း တပ်မတော်အရာရှိငယ်တွေသိပြီး အတုယူဖို့ ၊ ရှောင်ကျဉ်တန်တာ ရှောင်ကျဉ်ဖို့ အတွဲ (၁) ရဲ့အမှာစာမှာ ရေးခဲ့ပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာဘ်စားတာ၊ စီးပွားရေးသောင်းကျန်းတာကို အတုယူခဲ့လို့ အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်းမှာပဲ မိသားစုလိုက် ချမ်းသာကြွယ်ဝနေပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အတ္ထုပ္ပတ္တိ ‘မမျှော်လင့်သော ခရီးရှည်’
မမျှော်လင့်သော ခရီးရှည်စာအုပ်ဟာ နအဖခေတ် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအကြောင်း အတ္တုပ္ပတ္တိစာအုပ် ဖြစ်ပါတယ်။ စာရေးဆရာမြင့်သူက ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ နီးစပ်ပတ်သက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်း ရေးသားထားတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်မှာ Myanmar Heritage စာအုပ်တိုက်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ စစ်ထောက်လှမ်းရေးအကြီးအကဲ ဝန်ကြီးချုပ် ခင်ညွန့် ဖြုတ်ချခံရပြီးနောက် ဦးခင်ညွန့်နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး နောင်မှာ နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က လျာထားသူလည်း ဖြစ်ပါတယ်။
သူ့ဝန်ကြီးချုပ်နေရာကို ဆက်ခံတဲ့ ဝန်ကြီးချုပ် ဦးသိန်းစိန်ဟာ သမ္မတ ဦးသိန်းစိန် ဖြစ်လာခဲ့တာပါ။
ဒီစာအုပ်မှာ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ မိသားစုဘဝ၊ စစ်သားဘဝ၊ နိုင်ငံရေးသမားဘဝ၊ အုပ်ချုပ်ရေးသမားဘဝတွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ အခန်းလိုက် ဖော်ပြထားပါတယ်။ အခန်း (၅) ကြုံရဆုံရ အရေးအခင်းများ အခန်းမှာတော့ ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင်ပါဝင်ခဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့ ဒီပဲယင်းအရေးအခင်းတွေအကြောင်း ပါဝင်ပါတယ်။
တပ်မတော်မပါရင် တိုင်းပြည်ပျက်မယ့် အနေအထားလို့ပြောတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း ၈ ရက် ကမ္ဘာကျော် ရှစ်လေးလုံးနေ့မှာ မြို့တော်ခန်းမရှေ့က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်မှုအား ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
တပ်မတော်မပါရင် တိုင်းပြည်ပျက်မယ့် အနေအထားလို့ပြောတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ၁၉၈၈ ခုနှစ်၊ ၈ လပိုင်း ၈ ရက် ကမ္ဘာကျော် ရှစ်လေးလုံးနေ့မှာ မြို့တော်ခန်းမရှေ့က ဒီမိုကရေစီ တောင်းဆိုဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်မှုအား ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
အဲဒီည အကြမ်းဖက်ပစ်ခတ်မှုမှာ လူပေါင်းများစွာ သေဆုံးခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး စိုးဝင်းကတော့ တယောက်မှ အသေအပျောက်မရှိ၊ ပြေးရင်းလွှားရင်း ဒဏ်ရာရသူတွေတော့ ရှိပါလိမ့်မယ်လို့ ခပ်ပေါ့ပေါ့ ပြောကြားခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်တဲ့ သံဃာတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့လည်း သူ့ကိုယ်သူ ဟီးရိုးသဖွယ် ပုံဖော်ရေးသားထားတာကို ဖတ်ရှုရမှာပါ။
နောက်တခုက ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ကို ကြံ့ခိုင်ရေးအသင်းဝင်တွေနဲ့ စွမ်းအားရှင်တွေပေါင်းပြီး လုပ်ကြံသတ်ဖြတ်တဲ့ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကို ကြိုးကိုင်ခဲ့သူလို့ ယူဆခံရသူလည်း ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးအသင်းကြီးရဲ့ ဗဟိုနာယကအဖွဲ့ဝင်လည်းဖြစ်၊ နအဖ အတွင်းရေးမှူး (၂) လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခိုင်းစေချက်အရ မုံရွာကို ရဟတ်ယာဉ်နဲ့သွားခဲ့ပြီး ဖြစ်စဉ်တွေကို ဦးသန်းရွှေနဲ့ စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်တွေကို သတင်းပို့နေခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး စိုးဝင်း စာအုပ်မှာ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှုလို့ သာမန်သုံးနှုန်းခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ‘ဒေါ်စုကြည်’ လို့သာ အကြိမ်ပေါင်းများစွာ ရင့်ရင့်သီးသီး သုံးနှုန်းတာကို တွေ့ရပါတယ်။
အများက သူ့ကို ဒီပဲယင်းကြိုးကိုင်သူလို့ ယူဆကြပေမယ့် ဗိုလ်ချုပ်ကြီး စိုးဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် ပဋိပက္ခတွေမဖြစ်အောင် ထိန်းကျောင်းခဲ့တာလို့ သူ့ကိုယ်သူ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဒီပဲယင်းလုပ်ကြံမှုကြီးမှာ လူ ၄ ဦးသေဆုံးပြီး လူ ၇၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြချက်ဟာလည်း အဖြစ်မှန်နဲ့ များစွာ ကွဲလွဲနေပါတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်း အတ္တုပ္ပတ္တိ စာအုပ်ကို ခြုံကြည့်ရင်း စစ်တပ်ကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းနဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ၊ ကမ္ဘာကျော် ဒီပဲယင်းလုပ်ကြံမှုတွေနဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်မှန်တွေကို ထိန်ချန်ပြီး ရေးသားထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးဟောင်း လှမင်းရဲ့ ‘မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနှင့် ကျွန်တော့်အမြင် ၁၉၈၈ – ၂၀၁၄’
‘မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနှင့် ကျွန်တော့်အမြင် ၁၉၈၈ – ၂၀၁၄’ စာအုပ်ကို စစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးဟောင်း လှမင်း ရေးသားတာဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဟောင်း လှမင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးဌာနက အစိုးရပြောဆိုခွင့်ရှိသူတဦးလည်း ဖြစ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ် ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းပြီး ထောက်လှမ်းရေးအကြီးအကဲ အများအပြားကို ဖမ်းဆီး ထောင်ချရာမှာ ဗိုလ်မှူးကြီးဟောင်း လှမင်းလည်း ပါဝင်ခဲ့ပါတယ်။ သူဟာ အကျဉ်းထောင်ထဲမှာ ၇ နှစ်နေခဲ့ရပြီး ၂၀၁၁ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။
ဒီစာအုပ်ဟာ သူထောက်လှမ်းရေးဘဝက ရေးသားခဲ့တဲ့စာအုပ်ကို လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်ဖြည့်စွက် ထုတ်ဝေတာဖြစ်ပါတယ်။ စာအုပ်တအုပ်လုံးမှာ နဝတ၊ နအဖစစ်အစိုးတွေကို အပြည့်အဝ ကာကွယ်ထားပြီး အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်နိုင်ငံကို တိုက်ခိုက်ဝေဖန်ထားပါတယ်။
ဒီစာအုပ်ဟာ သူထောက်လှမ်းရေးဘဝက ရေးသားခဲ့တဲ့စာအုပ်ကို လွတ်မြောက်လာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ ပြင်ဆင်ဖြည့်စွက် ထုတ်ဝေတာဖြစ်ပါတယ်။ စာအုပ်တအုပ်လုံးမှာ နဝတ၊ နအဖစစ်အစိုးတွေကို အပြည့်အဝ ကာကွယ်ထားပြီး အနောက်နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကန်နိုင်ငံကို တိုက်ခိုက်ဝေဖန်ထားပါတယ်။
၁၉၈၈ ခုနှစ် အာဏာသိမ်းတာကို တပ်မတော်က တိုင်းပြည်မပြိုကွဲအောင် ကာကွယ်တာလို့ ခံယူပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဆီ အာဏာမလွှဲတာကို ထောက်ခံထားသူ ဖြစ်ပါတယ်။
စာအုပ်မှာ အလျဉ်းသင့်သလို NLD အပေါ် အပုပ်ချဝေဖန်ထားတာတွေကို ဖတ်ရှုရမှာပါ။ ၅၉ (စ) ပြင်ဆင်ရေးကိစ္စကို ပြင်းပြင်းထန်ထန်ကန့် ကွက်ထားပြီး၊ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ နိုင်ငံရေးသမားတွေ တိုင်းပြည်အကျိုးကို ထိခိုက်အောင် မလုပ်နိုင်ဖို့ရာ ကြိုတင်ကာကွယ်တာလို့ ဆိုပါတယ်။
တကယ်တော့ ဗိုလ်မှူးကြီးဟောင်း လှမင်းရဲ့စာအုပ်ဟာ လက်ရှိ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ နဝတ၊ နအဖ စစ်အစိုးရခေတ်တွေက ရေးခဲ့တဲ့ စစ်တပ်ဝါဒဖြန့်စာအုပ် အမျိုးအစားထက် မပိုပါဘူး။ ဒီစာအုပ်မှာ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ရဟန်းရှင်လူ ကျောင်းသားထုတရပ်လုံးကို ဖမ်းဆီးထောင်ချ နှိပ်စက်ညှဉ်းပန်းပြီး ဗိုလ်ကျထင်ရာစိုင်းခဲ့တာတွေ တလုံးတောင် မပါပါဘူး။ ဒီစာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖြန့်ဝေထားတာလည်း ရှိပါတယ်။
You may also like these stories:
အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း
စစ်ကောင်စီ၏ မိုးလုံးပြည့်မုသာဝါဒ ဖြန့်ချိသူကြီး
မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်