• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း

by အောင်ဇော်
23 June 2022
in သူ့အတွေး သူ့အမြင်
A A
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို ဖမ်းဆီးထားကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို ဖမ်းဆီးထားကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။

9.6k
VIEWS
Share on FacebookShare on Twitter

တိုက်ခိုက်ရေးသမား မဟုတ်သည့် အရပ်သားများအပေါ် စစ်ကောင်စီက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှု သတင်းများကို နေ့စဉ်တွေ့နေရသောကြောင့် မြန်မာစစ်တပ်ကို မည်သို့ ရည်ညွှန်းသုံးစွဲမည်ဆိုသည့် ဆွေးနွေးမှုသည် အခြေခံကျသည့် အရေးပါမှု မဟုတ်သော်လည်း အချိန်အခါနှင့် ကိုက်ညီပြီး သင့်တော်သော ဆွေးနွေးမှုဖြစ်သည်။

မြန်မာစစ်တပ်သည် နိုင်ငံအနောက်မြောက်ပိုင်း စစ်ကိုင်းတွင် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ပြသသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို လွတ်လပ်သောအာရှအသံ (RFA) က လွန်ခဲ့သောအပတ်က ထုတ်လွှင့်လိုက်သောအခါ ထိုရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ထပ် အထောက်အထားများ ထွက်ပေါ်လာသည်။

စစ်ကောင်စီ စစ်သားတယောက်က သတ်ဖြတ်မှု စစ်ဆင်ရေးများအကြောင်း ပြန်ပြောရင်း “ငါကတော့ လူအများကြီးကို ခေါင်းဖြတ်သတ်ခဲ့တယ်” ဟု ပြောသည်ဟု RFA က ရရှိသည့် ဗီဒီယိုတခုတွင် တွေ့ရသည်။

ထိုဗီဒီယိုတွင် ပြသထားသည့် စက်ဆုတ်ဖွယ် အသေးစိတ်များကို နားထောင်ရန်နှင့် ဓာတ်ပုံများကို ကြည့်ရန် မည်သူမဆို စိတ်ခိုင်ခိုင်ထားရန် လိုသည်။

အသေးစိတ်များနှင့် ဓာတ်ပုံများကို ကြည့်ပြီး စစ်တပ်သည် တိုင်းရင်းသားပြည်နယ်များတွင် ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများကို တလျှောက်လုံး ကျူးလွန်နေသည်ကို အမှတ်ရသင့်သည်။

ထိုအသေးစိတ်များနှင့် ဓာတ်ပုံများကို ကြည့်ပြီး စစ်တပ်သည် တိုင်းရင်းသားပြည်နယ်များတွင် ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများကို တလျှောက်လုံး ကျူးလွန်နေသည်ကို အမှတ်ရသင့်သည်။

အလုပ်တမျိုး အပြောတမျိုး ဖြစ်နေသည်မှာ RFA က စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖွင့်မချမီ ရက်အနည်းငယ်အလိုတွင် စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းက တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် အရပ်သားများအား ကာကွယ်ရေးအတွက် ညွှန်ကြားချက်များ ပေးထားသည်ဟု ပြောကြားခြင်းဖြစ်သည်။

ထိုဗီဒီယိုသည် စစ်ကောင်စီ၏ ဗြောင်ကျသည့် လိမ်ညာမှုများအတွက် ခိုင်မာသော အထောက်အထားများ ပေးရုံသာမက စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် နောက်ဆုံး ရရှိသော သက်သေခံချက်လည်း ဖြစ်သည်။

လူသတ်ဂိုဏ်းချုပ် မင်းအောင်လှိုင်နှင့် သူ၏ အရိုင်းအစိုင်း လူရမ်းကားများက ပြည်သူများကို မည်မျှအထိ လုပ်နိုင်သည်ကိုလည်း ထိုဗီဒီယိုက ပြသနေသည်။

မြန်မာစစ်တပ်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်သော အလေ့အထဆိုးကိုလည်း ပျိုးထောင်ထားပြီး စစ်သားများနှင့် အရာရှိများသည် ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ပြီး အပြစ်ပေးခံရမည် မဟုတ်သည်ကို သိနေကြသည်။

သို့သော် သူတို့ကို မည်သူဟန့်တားနိုင်သနည်း။

စစ်အုပ်စုကို အညံ့ခံသူများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ယုတ်မာသော လူရမ်းကားစစ်တပ်ကို ကာကွယ်ရန် ထွက်လာကြသည်။

ထိုသို့သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်လာသည့် ပြစ်တင်ရှုတ်ချမှုများသည် စစ်အုပ်စုကို တားဆီးနိုင်မည် မဟုတ်ပေ။ စစ်အုပ်စုကို အညံ့ခံသူများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ ယုတ်မာသော လူရမ်းကားစစ်တပ်ကို ကာကွယ်ရန် ထွက်လာကြသည်။

ယနေ့စစ်အုပ်စုသည် နိုင်ငံကို အုပ်ချုပ်ရန် ကျင့်ဝတ် အခွင့်အာဏာ မညီသော ကျက်သရေမဲ့ အဖွဲ့အစည်း ဖြစ်ပြီး စစ်အာဏာသိမ်းမှုသည် ကျဆုံးနေပြီးဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရစဉ်

စစ်အုပ်စု၏ ထိုမဟာမိတ်များသည် စစ်အုပ်စုကို ကာကွယ်ရဲပါက အလိုတူအလိုပါများအဖြစ် သတ်မှတ်ခံရပြီး စစ်အုပ်စုနှင့် ပေါင်းသင်းသောကြောင့် သိက္ခာကျဆင်းရမည် ဖြစ်သည်။

သူတို့ကို ကျနော်ပြောမည်။ လူရမ်းကားတသိုက်သာဖြစ်သော မြန်မာစစ်တပ်ဟု ခေါ်ရန် တလမ်းတည်းသာ ရှိကြောင်း ခင်ဗျားတို့ သိပြီဆိုပါစို့။ မြန်မာပြည်သူများက ခင်ဗျားတို့ကို သြဘာပေးကြမည် ဖြစ်သည်။

သို့သော် ဆက်လက်လိမ်ညာနေပြီး လူသတ်စစ်ကောင်စီနှင့် ညှိနှိုင်းရန် လမ်းကြောင်းကို ဆက်လက် တိုက်တွန်းနေပါက ခင်ဗျားတို့ သည် ခင်ဗျားတို့ထောက်ခံနေသည့် စိတ္တဇလူသတ်သမားများနှင့် ထူးမခြားနားပင်ဖြစ်သောကြောင့် စိတ်ရောဂါကုသမှု ခံယူရန် လိုအပ်သည်။ သင့်စိတ်ကျန်းမာရေးအတွက် ပြဿနာ ရှိနေပြီဖြစ်သည်။

သင်တို့မည်သည့်ဘက်က ရပ်တည်မည်နည်း။ တရုတ်ဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ မည်သည့်နိုင်ငံဖြစ်စေ မြန်မာ စိတ္တဇ လူသတ် ဗိုလ်ချုပ်များကို ကျားကန်ပေးကြမည်လား။

ထို့ကြောင့် သင်တို့မည်သည့်ဘက်က ရပ်တည်မည်နည်း။ တရုတ်ဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ မည်သည့်နိုင်ငံဖြစ်စေ မြန်မာ စိတ္တဇ လူသတ် ဗိုလ်ချုပ်များကို ကျားကန်ပေးကြမည်လား။

မြန်မာစစ်အုပ်စုသို့ လက်နက်များထောက်ပံ့ပြီး အရာရှိများကို နှစ်စဉ်လေ့ကျင့်ပေးနေသော ရုရှားနိုင်ငံသည် ယူကရိန်းတွင် အလားတူ စစ်ရာဇဝတ်မှုများကို ပိုမိုကြီးမားသော အတိုင်းအတာဖြင့် ကျူးလွန်နေသည်ကို သံသယဖြစ်ရန် မလိုကြောင်း ပြောရန်ပင် မလိုတော့ပေ။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် ASEAN ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) တွင် မြန်မာကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကိုယ်စားပြုနေချိန်တွင် မြန်မာပြည်သူများသည် စစ်ကိုင်းတိုင်းမှ ပုံရိပ်များကို မခံစားနိုင်အောင် ဖြစ်နေကြမည်ဖြစ်သည်။

လုံးဝ နားမလည်နိုင်သောအချက်မှာ ထိုအစည်းအဝေးတွင် ကပ်ရောဂါတုံ့ပြန်ရေးနှင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတွင် ဒေသတွင်းမှ စစ်တပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် အခန်းကဏ္ဍမြှင့်တင်ရေး ဆုံးဖြတ်ချက်များကို ချမှတ်မည်ဟု ဆိုခြင်းပင်။

မြန်မာမှ စစ်ဆင်ရေးများကို တိုက်ရိုက်ညွှန်ကြားနေသော စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အခန်းကဏ္ဍနှင့်ပတ်သက်သည့် စာရွက်စာတမ်းတစောင်ကို လက်မှတ် ရေးထိုးဦးမည်ဖြစ်သည်။

လွန်ခဲ့သောအပတ်က ဗီဒီယိုများနှင့် ဓာတ်ပုံများက မြန်မာစစ်ကောင်စီသည် ပြည်သူများကို ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ခိုင်မာသော အထောက်အထားများ ပေးနေသည်ဟု ထပ်မံပြောဆိုရမည်။

စစ်သားများသည် လူသတ်ဂိုဏ်းများ၊ လူရမ်းကားများကဲ့သို့ ပြုမူကြသည်။ သို့သော် ထင်ရှားသော အချက်တခုမှာ ၎င်းတို့သည် ၎င်းတို့အထက်အရာရှိများ၏ ကွပ်ကဲမှု၊ အမိန့်များဖြင့် ထိုသို့ လုပ်ခွင့် ရရှိခြင်းဖြစ်သည်။

ထိုစစ်သားများသည် လူသတ်ဂိုဏ်းများ၊ လူရမ်းကားများကဲ့သို့ ပြုမူကြသည်။ သို့သော် ထင်ရှားသော အချက်တခုမှာ ၎င်းတို့သည် ၎င်းတို့အထက်အရာရှိများ၏ ကွပ်ကဲမှု၊ အမိန့်များဖြင့် ထိုသို့ လုပ်ခွင့် ရရှိခြင်းဖြစ်သည်။ တသွေး၊ တသံ၊ တမိန့် ဆိုသည့် မြန်မာစစ်တပ်၏ ဆောင်ပုဒ်ကို အမှတ်ရရန် လိုသည်။

စစ်ကိုင်းတိုင်းတွင် အဆင်မြင့် စစ်အရာရှိများနှင့် တပ်မှူးများက ရွာများကို မီးရှို့ရန်နှင့် ဒေသခံများကို သတ်ဖြတ်ရန် အမိန့်ပေးထားသည်။ ယခင်ကလည်း စစ်တပ်သည် စစ်ရာဇဝတ်မှု စွပ်စွဲချက်များကို ရင်ဆိုင်ရပြီး ထိုအမှုများအတွက် ဓားစာခံရှာကာ အပြစ်ပေးပြီးနောက် တိတ်တဆိတ် ပြန်လွှတ်ပေးတတ်သည်။

ထိုအချက်များအားလုံးက စစ်ကောင်စီသည် နိုင်ငံကို အုပ်ချုပ်ရန် တရားဥပဒေကြောင်းအရဖြစ်စေ၊ ကျင့်ဝတ်အရ ဖြစ်စေ၊ အခြားတနည်းနည်းအရဖြစ်စေ အခွင့်အာဏာမရှိကြောင်း ပြသနေသည်။ နိုင်ငံသားများသည် စစ်အုပ်စုနှင့် အာဏာသိမ်းခေါင်းဆောင်ကို အကြွင်းမဲ့ စက်ဆုတ်နေကြသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်ကျေးရွာတွင် ပြီးခဲ့သည့် မေလက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့မြေလှန်ထားသည့် မြင်ကွင်း

အနာဂတ်တွင် မြန်မာသည် စစ်တပ်ပီသသော စစ်တပ်တခုလိုအပ်သော်လည်း လက်ရှိစစ်တပ်သည် သုံးမရသည့် စစ်အုပ်စုဖြစ်သည်။

ထို့ကြောင့် အရေးကြီးသော မေးခွန်းတခု ပေါ်ပေါက်လာသည်။ လက်ရှိစစ်တပ်ကို မည်သို့အမည်ပေးရမည်နည်း။ အစဉ်အလာအတိုင်း “တပ်မတော်”ဟု ခေါ်ရမည်လား။ စစ်တပ်ဟု ခေါ်ရမည်လား။ အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာပြည်သူများက စစ်တပ်ကို “စစ်ခွေး” သို့မဟုတ် အတိုအားဖြင့် စခဟု ခေါ်ကြသည်။ စာရေးသူသည် ထိုကိစ္စနှင့်ပတ်သက်သည့် မြန်မာပြည်သူများ၏ ခံစားချက်များကို မျှဝေနေသော်လည်း ထိုသို့ခေါ်ခြင်းသည် မှန်သည်ဟု မထင်ပေ။

စာရေးသူ၏ အမြင်အရဆိုပါက ထိုသို့ခေါ်ခြင်းသည် ခွေးကလေးများကို စော်ကားလိုက်ခြင်း ဖြစ်သည်။ (ထိုကိစ္စကို စာရေးသူ မွေးထားသည့် ချိုကို အမည်ရှိ လှပ အသိဉာဏ်ရှိသော လာဘရေးဒို ခွေးကလေးသာသိလျှင် စိတ်ဆိုးမည်ဖြစ်သည်။)

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

မြန်မာစစ်အုပ်စုသည် ယနေ့တွင် နိုင်ငံအတွက် ညီညွတ်ရေးအင်အားစု မဟုတ်ဘဲ ပြိုကွဲရေး၊ ဖျက်ဆီးရေးနှင့် ပဋိပက္ခရင်းမြစ်တခုသာ ဖြစ်နေသည်။

မြန်မာစစ်အုပ်စုသည် ယနေ့တွင် နိုင်ငံအတွက် ညီညွတ်ရေးအင်အားစု မဟုတ်ဘဲ ပြိုကွဲရေး၊ ဖျက်ဆီးရေးနှင့် ပဋိပက္ခရင်းမြစ်တခုသာ ဖြစ်နေသည်။

ထို့ကြောင့် ၎င်းတို့ကို တပ်မတော်ဟု ခေါ်ခြင်းသည် ထိုစကားလုံးကို ကျက်သရေယုတ်စေသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏စစ်အုပ်စုကို တော်လှန်နေသည့် တော်လှန်ရေးအတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ အထူးသဖြင့် မြန်မာ ပြည်သူများသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ လေးစားလိုက်နာပြီး နိုင်ငံကိုကာကွယ်သည့် စစ်တပ်ပီသသော စစ်တပ်ထူထောင်ရေးအတွက် အပြင်းအထန် ကြိုးစားရမည်ဖြစ်သည်။

သို့သော် ထိုစစ်တပ်သည် ရွေးကောက်ခံအစိုးရနှင့် မြန်မာပြည်သူအားလုံး၏ ဝန်ထမ်းသာဖြစ်ပြီး ကိုယ့်ပြည်သူကိုကိုယ် နောက်တကြိမ် ပြန်စစ်တိုက်နေသည့် စစ်တပ်မည်သည့်အခါမျှ မဖြစ်စေရပေ။ ထိုရည်မှန်းချက်သည် မိမိတို့၏ ပန်းတိုင်ဖြစ်သည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Hell Hounds Are Loose in Myanmar; Who Can Stop Them? ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။ အောင်ဇော်သည် ဧရာဝတီ မီဒီယာ၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:

ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော

စစ်ကောင်စီဝန်ကြီးကို ASEAN အစည်းအဝေး ကမ္ဘောဒီးယား ပေးတက်

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

Your Thoughts …
Tags: ADMMAseanကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနစစ်ကောင်စီစစ်ရာဇဝတ်မှုဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ယူကရိန်းရုရှား
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြန်လည် လွတ်မြောက်လာသည့် မောင်တောပညာရေးဝန်ထမ်း ၂ ဦး  /  CJ

ပြန်ပေးဆွဲသမားအား ကျပ်သိန်း ၆၀၀ ပေး၍ မောင်တောပညာရေး ဝန်ထမ်း ၂ ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ / ဧရာဝတီ

စစ်တွေရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦး AA ဖမ်းဆီး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved