• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
in သတင်း
A A
အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

၂၀၂၃ ခုနှစ်က အပိုလိုဆေးရုံတွင် မြန်မာနိုင်ငံသားများကို ပြုလုပ်ခဲ့သည့် အစားထိုးကုသမှု ၁၀၀ ကျော်အနက် ကြုံသလို ရွေးချယ်ခဲ့သည့် ကုသမှု ၁၅ ခု၏ စာရွက်စာတမ်းများကို စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့သည်

6.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။ ထိုဟာကွက်များတွင် မြန်မာသံရုံးမှ စက္ကူဗြောင်ဖြင့်ထုတ်ပေးသည့် လက်မှတ်များ၊ ကျောက်ကပ်ဝယ်ရန် ငွေသားဖြင့် ပေးချေမှုများ သို့မဟုတ် တတိယ ကြားလူက ချက်လက်မှတ်ဖြင့် ပေးချေမှုများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း လှူသူများနှင့် လက်ခံသူများက တူညီသော အကြောင်းပြဇာတ်လမ်းကို ပြောဆိုမှုများ ပါဝင်သည်။

၂၀၂၃ ခုနှစ်က အပိုလိုဆေးရုံတွင် မြန်မာနိုင်ငံသားများကို ပြုလုပ်ခဲ့သည့် အစားထိုးကုသမှု ၁၀၀ ကျော်အနက် ကြုံသလို ရွေးချယ်ခဲ့သည့် ကုသမှု ၁၅ ခု၏ စာရွက်စာတမ်းများကို အထက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးစဉ် ထိုအချက်များကို တွေ့ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မတီက အိန္ဒိယ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှု ဥပဒေအကြောင်း သံရုံးများ သိရှိအောင်လုပ်ရန်နှင့် အစားထိုးကုသမှု ခွင့်ပြုရာတွင် ဆေးရုံများအနေဖြင့် စံလုပ်ထုံးလုပ်နည်းများ လိုက်နာစေရန် အကြံပြုသည်။

သို့သော် ဗြိတိန်သတင်းစာ တယ်လီဂရပ်ဖ်က ဖော်ပြခဲ့သည့် လူနာ အသက် ၅၈ နှစ်အရွယ် ဒေါ်စိုးစိုးသည် ၎င်းတို့ဆေးရုံတွင် မည်သည့်အခါကမှ ခွဲစိတ်ကုသမှု မခံယူခဲ့ဖူးကြောင်း အပိုလိုဆေးရုံက ဆက်လက် ပြောကြားနေသည်။ စုံစမ်းစစ်ဆေးရေး ကော်မတီသည် ထိုအချက်အလက်ကို သံရုံးမှ ဗီဇာအသေးစိတ်များနှင့်ဖြစ်စေ ဗြိတိန် သတင်းထောက်များတွင် ရှိနေနိုင်သည့် အသေးစိတ်များနှင့်ဖြစ်စေ တိုက်ဆိုင်ပြီး သီးခြား အတည်မပြုနိုင်ခဲ့ပေ။ ထိုကိစ္စကို သိသည့် အရာရှိများ၏ ပြောကြားချက်အရ ထိုသတင်းထောက်များကို ဆက်သွယ်ခွင့် သို့မဟုတ် မြန်မာသံရုံးသို့ ဆက်သွယ်ခွင့်ကို ဒေလီအစိုးရက ခွင့်မပြုကြောင်း သိရသည်။

ဒေါက်တာ ပူနမ် နာရန်း ဦးဆောင်သည့် အဖွဲ့ဝင် သုံးဦးပါ ကော်မတီသည် အထက်ပါ စွပ်စွဲချက်များ မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။ အပိုလိုဆေးရုံသည် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ကုသသောကြောင့် ထိုသူများအနက် ကုသမှု ၁၅ ခုကို ကြုံသလို ရွေးချယ်ပြီး စာရွက်စာတမ်းများ စစ်ဆေးခြင်းဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.1k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
56

ထိုစွပ်စွဲချက်များသည် တယ်လီဂရပ်ဖ် သတင်းစာက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေသည့် သတင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုသတင်းတွင် မြန်မာမှ ဆင်းရဲနွမ်းပါးသော ကျေးရွာမှလူငယ်များကို ထိုဒေလီရှိ ဆေးရုံသို့ ခေါ်လာပြီး မြန်မာမှ ချမ်းသာသော လူနာများအတွက် ကျောက်ကပ်လှူရန် ငွေပေးသည်ဟု ဖော်ပြထားသည်။ ထိုမသမာမှုတွင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူသူနှင့် လက်ခံသူတို့သည် ဆွေမျိုးတော်စပ်ကြောင်း ပြသရန် စာရွက်စာတမ်းအတု ပြုလုပ်ခြင်းလည်း ပါဝင်သည်။ အိန္ဒိယ ဥပဒေအရ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းခြင်းကို မိသားစုဝင်များ၊ ဆွေမျိုးများနှင့် ငွေကြေးရသောကြောင့် ပေးလှူခြင်း မဟုတ်ကြောင်း သက်သေပြနိုင်သည့် မိတ်ဆွေများသာ လှူဒါန်းနိုင်သည်။

“ပြည်ပအာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ဟာ ဆေးရုံရဲ့တာဝန် ဖြစ်သင့်တယ်” ဟု အခြား အရာရှိတဦးက ပြောသည်။

စွပ်စွဲချက်များသည် တယ်လီဂရပ်ဖ် သတင်းစာက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေသည့် သတင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုသတင်းတွင် မြန်မာမှ ဆင်းရဲနွမ်းပါးသော ကျေးရွာမှလူငယ်များကို ထိုဒေလီရှိ ဆေးရုံသို့ ခေါ်လာပြီး မြန်မာမှ ချမ်းသာသော လူနာများအတွက် ကျောက်ကပ်လှူရန် ငွေပေးသည်ဟု ဖော်ပြထားသည်။

တနိုင်ငံလုံးမှ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှုများကို စီမံအုပ်ချုပ်သည့် အမျိုးသား ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် တစ်သျှူးအစားထိုးအဖွဲ့ (NOTTO) သည် ဒေလီအစိုးရထံမှ အစီရင်ခံစာ မရသေးကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောသည်။ ထိုအရာရှိက “အစားထိုးကုသမှုအတွက် အိန္ဒိယကို လာတဲ့လူတိုင်းနဲ့ ပတ်သက်တဲ့ ပြည့်စုံတဲ့ သတင်းအချက်အလက် မရှိဘူးလို့ သံရုံးတွေက ကျနော်တို့ကို အရင်က ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်နဲ့ လက်ခံသူဟာ ဆွေမျိုးတော်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို သူတို့နိုင်ငံတွေက သက်ဆိုင်ရာဌာနတွေနဲ့ စိစစ်ရမယ်ဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု လုပ်နေကြောင်း စွပ်စွဲခံနေရသော အပိုလိုဆေးရုံ

စုံစမ်းစစ်ဆေးရေးကော်မတီသည် အပိုလိုဆေးရုံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေးဌာနများမှ ဝန်ထမ်းများနှင့် ဗြိတိန်သတင်းစာက အမည်ဖော်ပြခဲ့သူ ဒေါက်တာ ဆန်ဒိ ဂူလာရီးယား အပါအဝင် ဆရာဝန်များကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။

ဗြိတိန်သတင်းစာက အသားပေးဖော်ပြထားသည့် ဓာတ်ပုံများအနက် တခုတွင် သူ၏စားပွဲတွင် ရှိနေသူများ အားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း စာဖြင့်ဖော်ပြရန် ဒေါက်တာ ဂူလားရီးယားကို ပြောခဲ့သည်။ ဒေါက်တာ ဂူလားရီးယားက ဖြိုးခန့်ဟိန်း ဆိုသူမှအပ ကျန်လူများအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ပြောခဲ့သည်။ အပိုလိုဆေးရုံမှ မြန်မာဆိုင်ရာအကြီးအကဲ ဒေါက်တာ သက်ဦးကို ယခုစွပ်စွဲချက်များ ထွက်လာပြီးနောက် ရာထူးမှ ထုတ်ပယ်ထားသော်လည်း ဖြိုးခန့်ဟိန်းသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ထိုဆေးရုံကပြောသည်။ ဖြိုးခန့်ဟိန်းသည် ငွေပေးခံရသော ခန္ဓာကိုယ် အစိတ်အပိုင်းအလှူရှင်နှင့် ဗြိတိန်သတင်းထောက်ကို ဆက်သွယ်ပေးသူဖြစ်သည်။

ပုံစံ ၂၁ ခုခံကာကွယ်မှု

အထက်ပါ စွပ်စွဲချက်များ ဖြစ်လာသောအခါ ဒေလီမှ အပိုလိုဆေးရုံကို စီမံသည့် အင်ဒရာပရာဆသာ ဆေးဝါး ကော်ပိုရေးရှင်း လီမိတက် (IMCL) က “IMCL သည် ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်တိုင်းကို ၎င်းတို့နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာက အသိအမှတ်ပြုထားသည့် ပုံစံ ၂၁ တင်သွင်းခိုင်းသည်။ ထိုပုံစံသည် ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်နှင့် လက်ခံသူ ဆွေမျိုးတော်စပ်ကြောင်း ပြည်ပအစိုးရက အသိအမှတ်ပြုသည့် လက်မှတ်ဖြစ်သည်” ဟု ပြောခဲ့သည်။

သို့သော် ပုံစံ ၂၁ သည် ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်နှင့် လက်ခံသူသည် ဆွေမျိုးတော်စပ်ကြောင်း အတည်ပြုရာတွင် မည်မျှ ပြည့်စုံလုံလောက်ခြင်း မရှိကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီ အစီရင်ခံစာက ဖော်ပြနေသည်။ လက်တွေ့တွင်လည်း စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးသည့် ကုသမှု ၁၅ ခုအနက် တခုတွင် လူနာသည် ပုံစံ ၂၁ ရှိသော်လည်း ဆေးရုံအခြေစိုက် ခွင့်ပြုမိန့်ပေးရေး ကော်မတီက ထိုလူနာကို အစားကုသပေးရန် ခွင့်ပြုချက် မပေးခဲ့ပေ။

အပိုလိုဆေးရုံမှ မြန်မာဆိုင်ရာအကြီးအကဲ ဒေါက်တာ သက်ဦးကို ယခုစွပ်စွဲချက်များ ထွက်လာပြီးနောက် ရာထူးမှ ထုတ်ပယ်ထားသော်လည်း ဖြိုးခန့်ဟိန်းသည် ၎င်းတို့နှင့် မပတ်သက်ကြောင်း ထိုဆေးရုံကပြောသည်။ ဖြိုးခန့်ဟိန်းသည် ငွေပေးခံရသော ခန္ဓာကိုယ် အစိတ်အပိုင်းအလှူရှင်နှင့် ဗြိတိန်သတင်းထောက်ကို ဆက်သွယ်ပေးသူဖြစ်သည်။

ပုံစံ ၂၁ တွင် ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်နှင့် လက်ခံသူတို့၏ အမည်၊ အသက်၊ လိင်၊ ဖခင် သို့မဟုတ် ခင်ပွန်းအမည်၊ လိပ်စာ စသည့် အသေးစိတ်များကို ဓာတ်ပုံတပုံဖြင့် ဖော်ပြထားသည်။ ထိုပုံစံတွင် သံရုံးက ခန္ဓာကိုယ်အစိတ်အပိုင်း လှူသူနှင့် လက်ခံသူအကြား ဆွေမျိုးတော်စပ်မှုကို ဖော်ပြရန်နှင့် ထိုတင်သွင်းသည့် စာရွက်စာတမ်းများသည် စစ်မှန်ကြောင်း ဖော်ပြရန် လိုအပ်သည်။

မြန်မာမှပေးသော ပုံစံ ၂၁ သည် စာရွက်ဗြောင်တွင် ရေးသားထားခြင်းဖြစ်ပြီး သံရုံး၏ ခေါင်းစီးအမည်ကို ဖော်ပြမထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီက ထောက်ပြသည်။ ထိုပုံစံများတွင် သံရုံးအရာရှိများ၏ လက်မှတ်နှင့် တံဆိပ်တုံး ပါဝင်သော်လည်း ထိုစာရွက်စာတမ်းများ၏ နံပါတ်များ၊ ဥပမာ ယာဉ်မောင်းလိုင်စင်အမှတ်ကဲ့သို့ တိကျသော နံပါတ်များကို ဖော်ပြမထားကြောင်း ကော်မတီက ပြောသည်။

မြန်မာမှပေးသော ပုံစံ ၂၁ သည် စာရွက်ဗြောင်တွင် ရေးသားထားခြင်းဖြစ်ပြီး သံရုံး၏ ခေါင်းစီးအမည်ကို ဖော်ပြမထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မတီက ထောက်ပြသည်။ ထိုပုံစံများတွင် သံရုံးအရာရှိများ၏ လက်မှတ်နှင့် တံဆိပ်တုံး ပါဝင်သော်လည်း ထိုစာရွက်စာတမ်းများ၏ နံပါတ်များ၊ ဥပမာ ယာဉ်မောင်းလိုင်စင်အမှတ်ကဲ့သို့ တိကျသော နံပါတ်များကို ဖော်ပြမထားကြောင်း ကော်မတီက ပြောသည်။

ထိုကိစ္စကို သိသောအရာရှိများက “ပူးတွဲပါစာရွက်စာတမ်းများကို ၎င်းတို့ (မြန်မာ) ဘာသာစကားဖြင့် ရေးသားထားသည်။ ကော်မတီသည် ထိုစာရွက်များကို ဘာသာပြန်ရန် ပေးပို့ခဲ့သော်လည်း ၎င်းတို့သည် အစစ်များ ဟုတ်၊ မဟုတ် ပြောရန် မဖြစ်နိုင်” ဟု ဖော်ပြသည်။

ငွေကြေးလမ်းကြောင်း

ငွေပေးချေမှုများကို ငွေသားဖြင့် သို့မဟုတ် နိုင်ငံခြားသားက တတိယကြားလူ ချက်လက်မှတ်ဖြင့် ပြုလုပ်သောကြောင့် ငွေပေးချေသည့်လမ်းကြောင်းကိုလည်း ခြေရာခံ မလိုက်နိုင်ကြောင်း ကော်မတီက ပြောသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းလှူသူ သို့မဟုတ် လက်ခံသူ၏ စနစ်ကျသော ဘဏ်အသေးစိတ်များလည်း မရှိဟု ကော်မတီက ပြောသည်။ ဆေးရုံကော်မတီက အစားထိုးကုသရန် ငြင်းဆန်ခဲ့သည့် အကြောင်းရင်းများအနက် တခုမှာ ခန္ဓာကိုယ်အစိတ်အပိုင်းလှူသူ၏ ငွေကြေးအခြေအနေ ဖြစ်သောကြောင့် ထိုအချက်သည် အရေးပါသည်။

အပိုလိုအပြင် အခြားဆေးရုံများမှ အခွင့်အာဏာပေးရေး ကော်မတီများတွင် ပါဝင်သည့် အစိုးရအရာရှိတဦးက “ခန္ဓာကိုယ်အစိတ်အပိုင်း အလှူရှင်ဟာ နီးစပ်တဲ့ဆွေမျိုး မဟုတ်ရင် ငွေကြေး မတတ်နိုင်ရင် ချက်ချင်း သံသယဖြစ်စေတယ်” ဟု ပြောသည်။

အစားထိုး ကုသမှုအများအပြားတွင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူနှင့် လက်ခံသူတို့က ဖော်ပြသည့် သမိုင်းကြောင်းများ တူညီနေသည်ကိုလည်း ကော်မတီက တွေ့ခဲ့သည်။ ထိုဇာတ်လမ်းများတွင် ခန္ဓာကိုယ် အစိတ်အပိုင်းလှူဒါန်းသူသည် အလှမ်းဝေးသော ဆွေမျိုးဖြစ်သော်လည်း မိသားစုတွင် လွန်ခဲ့သော သုံး၊ လေးနှစ်က စတင်ပြီး နေထိုင်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းလှူဒါန်းလိုသူ ဖြစ်နေတတ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မတီသည် အစားထိုးကုသခြင်း မပြုလုပ်မီ ဆေးရုံအခြေစိုက် အခွင့်အာဏာပေးရေး ကော်မတီက ပြုလုပ်ထားသည့် ၄၅ မိနစ်ကြာ တွေ့ဆုံမေးမြန်းမှုများကိုလည်း လေ့လာခဲ့သည်။

အစားထိုး ကုသမှုအများအပြားတွင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူနှင့် လက်ခံသူတို့က ဖော်ပြသည့် သမိုင်းကြောင်းများ တူညီနေသည်ကိုလည်း ကော်မတီက တွေ့ခဲ့သည်။ ထိုဇာတ်လမ်းများတွင် ခန္ဓာကိုယ် အစိတ်အပိုင်းလှူဒါန်းသူသည် အလှမ်းဝေးသော ဆွေမျိုးဖြစ်သော်လည်း မိသားစုတွင် လွန်ခဲ့သော သုံး၊ လေးနှစ်က စတင်ပြီး နေထိုင်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းလှူဒါန်းလိုသူ ဖြစ်နေတတ်သည်။

စုံစမ်းစစ်ဆေးရေး ကော်မတီသည် လွန်ခဲ့သောအပတ်တွင် အစီရင်ခံစာ တင်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနက ထိုအစီရင်ခံစာကို ဝန်ကြီးထံ တင်ပြသည်။ “လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေဖို့ သတိပေးစာတစောင် ထပ်မံပေးပို့ထားတယ်။ ဝန်ကြီးက ထောက်ခံအတည်ပြုရင် အစီရင်ခံစာကို NOTTO ကို ပေးပို့မယ်” ဟု သတင်းရင်းမြစ်တခုက ပြောသည်။

ထို့နောက်တွင် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဆေးရုံများအားလုံး လိုက်နာရမည့် စံလုပ်ထုံးလုပ်နည်းကို မည်သည့်ဌာနက ပြုစုမည်ဆိုသည့်အချက်ကို အခြေခံကာ အကြံပြုချက်များ ပေးမည်ဟုလည်း ထိုသတင်းရင်းမြစ်က ပြောသည်။

ဆေးရုံကိုယ်စားလှယ်များထံက မည်သည့်မှတ်ချက်မှ မရပေ။

(The Indian Express ပါ Anonna Dutt နှင့် Gayathri Mani တို့၏ Donor, recipient with similar stories, cash payment: Probe into ‘cash-for-kidney’ claims against Apollo hospital finds holes ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ

ကျောက်ကပ်နဲ့ ပလပ်စတစ်

မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

Your Thoughts …
Tags: IMCLNOTTOကျန်းမာရေးကျောက်ကပ်ရောင်းဝယ်မှုမြန်မာသံရုံးအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

ပြည်သူ့အားနဲ့သာ အောင်မြင်နိုင်မယ့် မြန်မာ့အော်ဂဲနစ် တော်လှန်ရေး

ပြည်သူ့အားနဲ့သာ အောင်မြင်နိုင်မယ့် မြန်မာ့အော်ဂဲနစ် တော်လှန်ရေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved