• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

by Simon McCarthy-Jones
20 July 2024
in သူ့အတွေး သူ့အမြင်
A A
ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာတွင် ရီပတ်ဘလီကန် သမ္မတလောင်း ရွေးချယ်ခံမည့် ဒေါ်နယ်ထရမ့် ပစ်ခတ်ခံရစဉ် / Anna Moneymaker / AFP

2.3k
VIEWS
Share on FacebookShare on Twitter

ပင်ဆယ်လ်ဗေးနီးယားမှ မဲဆွယ်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မအောင်မြင်သည့် လုပ်ကြံမှုအပြီး ထိုကိစ္စသည် ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို မည်သို့ သက်ရောက်မည်နှင့် ပတ်သက်သည့် ခန့်မှန်းပြောဆိုမှု အများအပြား ဖြစ်စေသည်။ သို့သော် ထိုဖြစ်ရပ်များသည် မစ္စတာ ထရမ့် ကိုယ်တိုင်ကို မည်သို့ သက်ရောက်စေသည်ကို မည်သူမှ မမေးကြပေ။

မပြင်းထန်သော ဒဏ်ရာများနှင့် ထွက်ခွာသွားသောကြောင့် မစ္စတာ ထရမ့်သည် ယခင်အတိုင်း ဆက်လက် လုပ်ဆောင်နေမည်ဟု အများအပြားက ယူဆကြသည်။ ယခုအခါ လူ့အဖွဲ့အစည်းသည် စိတ်ဒဏ်ရာရရှိခြင်း၏ စိတ်ကျန်းမာရေး သက်ရောက်မှုကို နားလည်သဘောပေါက်သည်ဟု ထင်သူများအတွက် စိတ်ပျက်စရာနှင့် စိတ်ဒုက္ခရောက်စရာ ဖြစ်သည်။

မစ္စတာ ထရမ့်သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို မခံစားခဲ့ရနိုင်ပေ။ သို့သော် သူသည် မကြာမီ ပြန်လည် ရွေးကောက်ခံရနိုင်သောကြောင့် ထိုဖြစ်ရပ်သည် သူ၏ စိတ်ကျန်းမာရေးအပေါ် အလားအလာရှိသည့် ထိခိုက်မှုကို လျစ်လျူရှုမထားနိုင်ပေ။ ထိခိုက်မှုသည် မပြောပလောက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လျစ်လျူရှု မရနိုင်ပေ။

ထိုသို့ ကြေကွဲစရာဖြစ်ရပ်များသည် စိတ်ဒဏ်ရာ သက်ရောက်မှုနှင့် စီမံခန့်ခွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်နှင့် လုပ်ဆောင်မှုသစ်များကို လုပ်ဆောင်ရန် လူအဖွဲ့အစည်းနှင့် ထရမ့်အတွက် အခွင့်အလမ်းတခု ပေးသည်။

မစ္စတာ ထရမ့်သည် မသေလောက်သည့် သေနတ်ဒဏ်ရာ ခံစားရသည့်အတွက် ကုသခံရသည့် ဖြစ်စဉ်တွင် သောင်းနှင့်ချီသော အမေရိကန်များ ပါဝင်လာသည်။ ထိုအတွေ့အကြုံများသည် ဘေးကင်းလုံခြုံ၊ နားလည် ထိန်းချုပ်နိုင်သော ကမ္ဘာတွင် နေထိုင်သည်ဆိုသည့် ပြည်သူများ၏ အယူအဆများကို တစစီ ဖျက်ဆီးပြီး ၎င်းတို့သည် မထိုက်တန်၊ မလုံခြုံ၊ မရေရာသည့်ဘဝတွင် နေထိုင်ရသည်ဟု ခံစားရစေသည်။

ထို့ကြောင့် သေနတ်ပစ်ခတ်မှုမှ မသေဘဲ လွတ်မြောက်လာသူများသည် စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ မူးယစ်ဆေး သုံးစွဲမှုနှင့် စိတ်ဒဏ်ရာအလွန်ကာလ စိတ်ဖိစီးမှုရောဂါ (PTSD) ခံစားရမည့်အန္တရာယ် ပိုမိုများပြားသည်။ PTSD သည် လွန်စွာ ဖိစီးနိုင်သည်။

ထို့ကြောင့် သေနတ်ပစ်ခတ်မှုမှ မသေဘဲ လွတ်မြောက်လာသူများသည် စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ မူးယစ်ဆေး သုံးစွဲမှုနှင့် စိတ်ဒဏ်ရာအလွန်ကာလ စိတ်ဖိစီးမှုရောဂါ (PTSD) ခံစားရမည့်အန္တရာယ် ပိုမိုများပြားသည်။ PTSD သည် လွန်စွာ ဖိစီးနိုင်သည်။ ထိုသူများသည် အိပ်မက်ဆိုးများ မက်ပြီး ထိုအတွေ့အကြုံကို ပြန်လည် ခံစားရနိုင်သည်။ ၎င်းတို့သည် ထိုဖြစ်ရပ်များကို ပြန်လည် သတိရသောအခါ နှလုံးခုန်မြန်ခြင်း၊ ဇောချွေးများထွက်ခြင်းနှင့် အသက်ရှူ မဝခြင်းတို့ကို ခံစားရသည်။

PTSD ခံစားရသူများသည် ထိုဖြစ်ရပ်ကို ပြန်သတိရစေသည့် အရာများကို ရှောင်ရှားရန်လည်း ကြိုးစားကြပြီး လုပ်ဆောင်မှုများကို စိတ်ဝင်စားမှု ‌‌လျော့ကျကာ ထုံထိုင်းခြင်း၊ စိတ်တိုခြင်းနှင့် ဂနာမငြိမ်ခြင်းတို့ကို ခံစားရသည်။ ၎င်းတို့သည် ခြိမ်းခြောက်မှုများကို အမြဲတမ်း သတိထားနေပြီး အာရုံစူးစိုက်ရန် ခက်ခဲကာ ဒေါသတကြီး ပေါက်ကွဲတတ်ပြီး စိတ်ခံစားမှု အလွန်အကျွံဖြစ်တတ်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာတွင် ရီပတ်ဘလီကန် သမ္မတလောင်း ရွေးချယ်ခံမည့် ဒေါ်နယ်ထရမ့် ပစ်ခတ်ခံရပြီးနောက် နှစ်သိမ့်နေကြသည့် ထရမ့်ကို ထောက်ခံသူများ / AFP

လက်တွေ့တွင် စိတ်ဒဏ်ရာဖြင့် ရှင်သန်သူများသည် ၎င်းတို့၏ စိတ်ခံစားမှုဖြင့် ရုန်းကန်ရသည်။ လူပုဂ္ဂိုလ်တဦးသည် ၎င်းတို့၏ စိတ်ခံစားချက်များကို နားမလည်ခြင်း၊ သတိမထားခြင်း ဖြစ်သော်လည်း ထိန်းချုပ်ရန် ခက်ခဲကြသည်။ ၎င်းတို့သည် အာရုံစိုက်ရန်နှင့် စိတ်လိုက်မာန်ပါလုပ်ခြင်းကို ရှောင်ရန် ရုန်းကန်ကြရသည်။ မစ္စတာ ထရမ့်သည် ယခင်ကလည်း ဒေါသ မထိန်းနိုင်သည့်ကိစ္စများ လုပ်သည် ဆိုသောကြောင့် သူ၏ စိတ်ခံစားမှုများနှင့် ထိုစိတ်ခံစားမှုများကို ထိန်းချုပ်ရန် စွမ်းရည်ကို စူးစမ်း လေ့လာစရာ ဖြစ်လာသည်။

ဆန့်ကျင်ဘက်အားဖြင့် အချို့ စိတ်ဒဏ်ခံစားရသူများသည် စိတ်ဒဏ်ရာအလွန်တွင် အကောင်းလက္ခဏာ တိုးတက်မှုကို ခံစားရသည်။ ၎င်းတို့သည် ပိုမိုစာနာ နားလည်နိုင်လာပြီး ပိုမိုခိုင်မာသည့် သံယောဇဉ်များ၊ ပိုမိုနက်ရှိုင်းသည့် စိတ်ဓာတ်နှင့် ဘဝသစ်အတွက် နည်းလမ်းကို ရှာဖွေတွေ့ရှိကြသည်။

၁၉၈၁ ခုနှစ်တွင် ပစ်ခတ်ခံရပြီးနောက် ထိုစဉ်က အမေရိကန် သမ္မတ ရော်နယ် ‌ရေဂင်၏ စိတ်ဒဏ်ရာသည် သူ၏ ကိုယ်ချင်းစာနာမှုနှင့် နှိမ့်ချမှုကို ပိုမို နက်ရှိုင်းစေပုံရသည်။ ဘုရားသခင်က သူ့ကို အကြောင်းတခုခုကြောင့် သေဘေးမှ လွတ်စေသည်ဟု ခံစားပြီး ဆိုဗီယက်ယူနီယံနှင့် နျူကလီးယား တင်းမာမှု လျှော့ချရန် သူ့ကို တွန်းအားပေးသည်။

စိတ်ဒဏ်ရာများသို့ တုံ့ပြန်မှုသည် လွန်စွာ ကွဲပြားခြားနားသည်။ ထိုရလဒ်ကို လူပုဂ္ဂိုလ်တဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဇီဝဗေဒက သြဇာသက်ရောက်သည်။ ၎င်းတို့၏ အတွေ့အကြုံအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ရရှိနိုင်သည့် လူမှုအထောက်အကူသည်လည်း အဓိကအခန်းမှ ပါဝင်သည်။

လူအများနှင့် ဆက်ဆံရန် ဝန်မလေးသူဖြစ်ခြင်းသည် စိတ်ဖိစီးမှုနှင့် PTSD ရောဂါလက္ခဏာများကို ပိုမိုခံနိုင်ရည်ရှိခြင်းနှင့် ဆက်စပ်ကြောင်း တွေ့ရသည်။ မစ္စတာ ထရမ့်သည် ထိုသို့သောသူဖြစ်သည်ဟု ပြောကြသည်။ သို့သော် အခြား ကိုယ်ရည်ကိုယ်သွေးများဖြစ်သည့် သဘောတူညီမှု နည်းခြင်း၊ သတိတရားနည်းခြင်းနှင့် စိတ်ခံစားချက် တည်ငြိမ်မှု နည်းခြင်းတို့သည် ပိုမိုဆိုးရွားသည့် PTSD အဆင့်နှင့် ပတ်သက်နေသည်။ ထိုသို့သော ကိုယ်ရည်ကိုယ်သွေးများ ထရမ့်တွင် ရှိသည်ဟုဆိုသည်။

နောက်ဆုံးအနေနှင့် ပြောရလျှင် ဘဝင်မြင့်မှု မြင့်မားခြင်းသည် PTSD ဖြစ်ပွားမှုကို အားပေးပြီး အကန့်အသတ်ရှိသော ခြိမ်းခြောက်မှုကိုပင် လွန်လွန်ကျူးကျူး တုံ့ပြန်နိုင်စေသည်။ မစ္စတာ ထရမ့်သည် ထိုသို့သော လက္ခဏာများ ပြတတ်သည်ဟု ဆိုသည်။

နောက်ဆုံးအနေနှင့် ပြောရလျှင် ဘဝင်မြင့်မှု မြင့်မားခြင်းသည် PTSD ဖြစ်ပွားမှုကို အားပေးပြီး အကန့်အသတ်ရှိသော ခြိမ်းခြောက်မှုကိုပင် လွန်လွန်ကျူးကျူး တုံ့ပြန်နိုင်စေသည်။ မစ္စတာ ထရမ့်သည် ထိုသို့သော လက္ခဏာများ ပြတတ်သည်ဟု ဆိုသည်။

တစုံတဦးသည် စိတ်ဒဏ်ရာကို မည်သို့ နားလည်သည်ဆိုသည့် အချက်သည် ထိုစိတ်ဒဏ်ရာ၏ အကျိုးဆက်များအတွက် အရေးပါသည်။ အကြမ်းဖက် ရာဇဝတ်မှုကို ကြုံတွေ့ရပြီးနောက် အခြားသူများကို ရှက်ခြင်း သို့မဟုတ် ဒေါသခံစားရခြင်းသည် PTSD ဖြစ်ရန် အလားအလာ ပိုမိုများသည်။

ထိုပုဂ္ဂိုလ်သည် ထိုကိစ္စ မည်သည့်အတွက်ဖြစ်သည် သို့မဟုတ် ထိုဖြစ်ရပ်မှ အပြုသဘောဆောင်သည့် ကောက်ချက်ချနိုင်လျှင် ပိုမိုကောင်းမွန်သော ရလဒ်ကို မျှော်လင့်နိုင်သည်။ သူ့ကို ပစ်ခတ်မှုအပေါ် သမ္မတ ရေဂင်က ဖွင့်ဆိုရာတွင် ထိုကိစ္စသည် ကောင်းကင်ဘုံ၏ ကာကွယ်မှုနှင့် ကံကြမ္မာ လက္ခဏာဖြစ်သည်ဟု ပြောသည်။ ထိုစကားသည် သူ၏ သမ္မတတာဝန်ကို ဆက်လက် ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစေသကဲ့သို့ ဖြစ်သည်။

ထရမ့် ပစ်ခတ်ခံရပြီးနောက် မဲဆွယ်ပွဲ မြင်ကွင်း / Anna Moneymaker

စိတ်ဒဏ်ရာမှ ပြန်လည် နာလန်ထရာတွင် လူမှုအထောက်အကူသည် လွန်စွာ အရေးကြီးနိုင်သည်။ စိတ်ဒဏ်ရာ မခံစားရမီ လူမှုအထောက်အကူ များစွာရခြင်းသည် PTSD ဖြစ်ရန် အလားအလာ နည်းစေသည်။ PTSD ဖြစ်ပြီးနောက် မြင့်မားသော လူမှုအကူအညီသည်လည်း နာလန်ထရန် အထောက်အကူပြုသည်။

ထိုသို့သော အကူအညီသည် လုံခြုံမှုနှင့် ဆက်စပ်မှု ပေးနိုင်သော မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုက်အဝန်းမှ လာနိုင်ပြီး ခံစားရသူများအနေဖြင့် ဖြစ်ရပ်များကို နားလည်ကာ ပြဿနာဖြေရှင်းရေးကို အထောက်အကူပြုပြီး အန္တရာယ်ရှိသော အပြုအမူများကို လျှော့ချပေးသည်။ ထရမ့် မိသားစုနှင့် သူ့မဲဆွယ်အဖွဲ့သည် ဖြစ်ရပ်များအား သူ့ကို ရှင်းပြရန် အရေးကြီးသည်။

ထိုသို့ဆိုရာတွင် ဖြစ်ရပ်တခုမှ အင်အားကြီးမားစွာ ရုန်းထွက်သည့် စိတ်ဒဏ်ရာ စွမ်းရည်ကို အသိအမှတ်ပြုရန် လိုအပ်သည်။ သူ၏ လုံခြုံရေးများနှင့် မိတ်ဆွေများ၊ မိသားစုများ၊ ထိုဖြစ်ရပ်ကို ရုပ်သံမှကြည့်ရှုခဲ့သည့် ပြည်သူများ အပါအဝင် ထရမ့်၏ လူထုအစည်းအဝေးမှ လူများသည် ၎င်းတို့ကိုယ်တိုင်နှင့် တဦးစီ၏ အလားအလာရှိသော စိတ်ဒဏ်ရာ လက္ခဏာများကို သတိပြုမိရန် လိုသည်။

အပြုသဘောသက်ရောက်မှု အခွင့်အလမ်း

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
993

ကျေးဇူးတင်ရမည်မှာ ယနေ့တွင် PTSD ခံစားရသောလူများကို ကူညီရန် စိတ်ပညာကုထုံး အများအပြား ရှိနေခြင်းဖြစ်သည်။ စိတ်ကျန်းမာရေး ပရဟိတလုပ်ငန်း အများအပြားကလည်း အကြံဉာဏ်များနှင့် အထောက်အပံ့များ ပေးကြသည်။ သို့သော် စိတ်ဒဏ်ရာစောင့်ရှောက်မှု လေ့ကျင့်ပေးထားသည့် စိတ်ကျန်းမာရေး ဝန်ထမ်းများ၊ ပိုမိုများပြားသည့် အစိုးရအကူအညီနှင့် ဝန်ဆောင်မှုအတွက် ရန်ပုံငွေလိုအပ်ချက် အပါအဝင် ထိုထက်မက များစွာ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးသည်။

မကြာသေးမီက ဖြစ်ရပ်များသည် ထိုသို့သော အပြောင်းအလဲကို အပြုသဘော တွန်းအားပေးရန် မစ္စတာ ထရမ့်ကို အခွင့်အလမ်းပေးသည်။ သူသည် စိတ်ဒဏ်ရာခံစားရသည့် အခြားသူ အများအပြား ခံစားရသည့် ရုန်းကန်မှုကို လျှော့ချပေးရာတွင် အထောက်အကူ ပြုနိုင်သည်။ ထိုသို့လုပ်ရာတွင် အကူအညီ အထောက်အပံ့ တောင်းခြင်းသည် အားနည်းချက်လက္ခဏာ ဖြစ်သည်ဆိုသည့် ဒဏ္ဍာရီကို ချိုးဖျက်ပစ်ခြင်း ပါဝင်နိုင်သည်။ အခြားတဖက်တွင်လည်း စိတ်ဒဏ်ရာခံစားရသူများနှင့် ပတ်သက်ပြီး ချိုးနှိမ်သောစကားများ ပြောပါက အပြင်းအထန် ထိခိုက်စေမည် ဖြစ်သည်။ သမ္မတဟောင်း ထရမ့်သည် ဒဏ်ရာရခဲ့သည့် စစ်ပြန်များကို ထိုသို့ပြောဆိုခဲ့သည်ဟု စွပ်စွဲခံရသည်။

PTSD သည် အခြေခံအားဖြင့် သေနတ်များ၊ စစ်ပွဲများနှင့် ပတ်သက်သည်ဆိုသည့် ရှည်ကြာသော အယူအဆကို ဖယ်ထုတ်ရာတွင်လည်း ထရမ့်က အထောက်အကူ ပြုနိုင်သည်။ အဓမ္မပြုကျင့်ခံရသူ ထက်ဝက်ခန့် PTSD မည်သို့ ခံစားရသည်ကိုလည်း မီးမောင်းထိုးပြနိုင်သည်။ စိတ်ပညာရှင် ဂျူးဒစ် ဟာမန်း ပြောသည့်အတိုင်း လက်တွေ့တွင်လည်း အတွေ့ရအများဆုံး PTSD များသည် စစ်မြေပြင်မှ လူများမဟုတ်ဘဲ အရပ်သူ အမျိုးသမီးများ ဖြစ်သည်။

PTSD သည် အခြေခံအားဖြင့် သေနတ်များ၊ စစ်ပွဲများနှင့် ပတ်သက်သည်ဆိုသည့် ရှည်ကြာသော အယူအဆကို ဖယ်ထုတ်ရာတွင်လည်း ထရမ့်က အထောက်အကူ ပြုနိုင်သည်။ အဓမ္မပြုကျင့်ခံရသူ ထက်ဝက်ခန့် PTSD မည်သို့ ခံစားရသည်ကိုလည်း မီးမောင်းထိုးပြနိုင်သည်။ စိတ်ပညာရှင် ဂျူးဒစ် ဟာမန်း ပြောသည့်အတိုင်း လက်တွေ့တွင်လည်း အတွေ့ရအများဆုံး PTSD များသည် စစ်မြေပြင်မှ လူများမဟုတ်ဘဲ အရပ်သူ အမျိုးသမီးများ ဖြစ်သည်။

လူ့အဖွဲ့အစည်းအနေဖြင့် အသက်အန္တရာယ် မရှိသော သေနတ်ကိုင်အကြမ်းဖက်မှုကို ပိုမိုနားလည်ရန်၊ ကျူးလွန်ခံရသူများနှင့် မိသားစုများကို ထိရောက်သော စောင့်ရှောက်မှုပေးရေး မြှင့်တင်ရန် ထရမ့် ကူညီနိုင်သည်။

ကမ္ဘာက စောင့်ကြည့်နေသည့်အတိုင်း ထိုဖြစ်ရပ်များက ထရမ့်အပေါ် လူပုဂ္ဂိုလ်ဆိုင်ရာနှင့် နိုင်ငံရေးအရ သက်ရောက်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ လူသားတိုင်းသည် မေတ္တာတရားနှင့် ထိုက်တန်သည်။ စိတ်ဒဏ်ရာ၏ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို ထိထိရောက်ရောက် ကုသပေးခြင်းသည် ထရမ့်အတွက်သာမက လူ့အဖွဲ့အစည်း တခုလုံးအတွက်ပါ လွန်စွာအရေးပါသည်။

(The Conversation ပါ Simon McCarthy-Jones ၏ How being shot might affect Donald Trump’s mental health – and that of millions of others ကို ဘာသာပြန်သည်။ ဆိုင်မွန် မက်ကာသီ-ဂျုံးစ်သည် Trinity College Dublin မှ စိတ်ကျန်းမာရေး ကုသမှုနှင့် အာရုံကြောဆိုင်ရာ စိတ်ပညာ တွဲဘက် ပါမောက္ခ ဖြစ်သည်။)

You may also like these stories:

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

Your Thoughts …
Tags: PTSDစိတ်ကျန်းမာရေးစိတ်ဒဏ်ရာစိတ်ဖိစီးမှုဒေါ်နယ် ထရမ့်မဲဆွယ်ပွဲရွေးကောက်ပွဲလုပ်ကြံသတ်ဖြတ်မှုအမေရိကန်
Simon McCarthy-Jones

Simon McCarthy-Jones

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

by ဧရာဝတီ
13 June 2024
27.6k

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီတပ်များကို အလစ်အငိုက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ရန်ကုန်တွင် အကြမ်းဖက်သမားများကို ဂရုစိုက်ရန် မင်းအောင်လှိုင်က သူ့လူများကို ‌ပြောသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
စစ်ရာဇဝတ် ကျူးလွန်မှု အမြင့်ဆုံး

စစ်ရာဇဝတ် ကျူးလွန်မှု အမြင့်ဆုံး

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သွားရာလမ်းမှ တံတားများ စစ်တပ် မိုင်းခွဲ

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သွားရာလမ်းမှ တံတားများ စစ်တပ် မိုင်းခွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved