• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

by ဧရာဝတီ
10 August 2022
in ဆောင်းပါး
A A
ထရမ့်မိသားစုကို မာရာလာဂို အိမ်ရှေ့တွင် မြင်ရစဉ် / Getty Images

ထရမ့်မိသားစုကို မာရာလာဂို အိမ်ရှေ့တွင် မြင်ရစဉ် / Getty Images

7.3k
VIEWS
Share on FacebookShare on Twitter

ဖလော်ရီဒါပြည်နယ် ပမ်းလ်ဘိချ်မှ သူ၏ မာရာလာဂို အိမ်ကို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဌာန (FBI) ထောက်လှမ်းရေးများ ဝင်ရောက်စီးနင်းကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောသည်။

ထိုစုံစမ်းစစ်ဆေးမှုသည် မည်သည်ကို အဓိကထား စုံစမ်းစစ်ဆေးသည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။ ထရမ့်ရင်ဆိုင်နေရသည့် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို အောက်တွင် ဖေါ်ပြထားသည်။

အမျိုးသားမှတ်တမ်းများ ပျောက်ဆုံးနေခြင်း

ထရမ့်၏ ဖလော်ရီဒါအိမ်မှ အိမ်ဖြူတော် စာရွက်စာတမ်း ၁၅ သေတ္တာကို ပြန်လည်ရရှိကြောင်း ထိုစာရွက်စာတမ်းများတွင် လျှို့ဝှက်စာရွက်စာတမ်းများလည်း ပါဝင်ကြောင်း အမေရိကန် အမျိုးသားမော်ကွန်းတိုက်နှင့် မှတ်တမ်းဌာနက ကွန်ဂရက် လွှတ်တော်သို့ ဖေဖေါ်ဝါရီလတွင် ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။

ထရမ့်၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် မော်ကွန်းတိုက်ဌာနအနေဖြင့် သတင်းအချက်အလက်များ ထပ်မံပေးပို့ရန် တောင်းခံထားကြောင်း အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီက ထိုစဉ်က ပြောကြားခဲ့သည်။ ထရမ့်ကလည်း အချို့မှတ်တမ်းများကို မော်ကွန်းတိုက်ဌာနသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားပြီး ထိုဖြစ်ရပ်သည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်ကြောင်း ပြောသည်။

ဇန်နဝါရီလ ၆ ရက် ကွန်ဂရက်စီးနင်းမှု

ထရမ့်ကို ထောက်ခံသူများက အမေရိကန်ကွန်ဂရက်အဆောက်အအုံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေသည့် ကွန်ဂရက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်ရန် ကြိုးစားမှုအတွက် ဥပဒေချိုးဖေါက်သည်ဆိုသည့် အမှုကို တည်ဆောက်ရန် ဆောင်ရွက်နေသည်။

 

ထိုကော်မတီသည် ထရမ့်ကို ရာဇဝတ်မှု စွပ်စွဲချက်များ ပြုလုပ်ရန် တရားရေးဌာနသို့ လွှဲအပ်မှုအများအပြား ပြုလုပ်နိုင်ကြောင်း ထိုကော်မတီ ဒုဥက္ကဌ လစ်ဇ် ချေနီက ပြောကြားခဲ့သည်။ ထရမ့်ကမူ ထိုအဖွဲ့သည် စုံစမ်းစစ်ဆေးမှု အတုလုပ်နေသည်ဟု စွပ်စွဲသည်။

ထရမ့်ကို ထောက်ခံသူများက အမေရိကန်ကွန်ဂရက်အဆောက်အအုံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေသည့် ကွန်ဂရက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်ရန် ကြိုးစားမှုအတွက် ဥပဒေချိုးဖေါက်သည်ဆိုသည့် အမှုကို တည်ဆောက်ရန် ဆောင်ရွက်နေသည်။

မတ်လ ၂ ရက်နေ့က တရားရုံးသို့ တင်ပြချက်တခုတွင် ထိုကော်မတီက ထရမ့်သည် ရွေးကောက်ပွဲအနိုင်ရသူ ဂျိုးဘိုင်ဒင်ကို ရွေးကောက်သူများစာရင်းအား ပယ်ဖျက်ရန် ဖြစ်စေ ကွန်ဂရက်တွင် မဲရေတွက်မှုနှောင့်နှေးရန်ဖြစ်စေ ထိုစဉ်က ဒုသမ္မတ မိုက်ပန့်စ်ကို စည်းရုံးရန် အားထုတ်ခဲ့ကြောင်း အသေးစိတ်ဖေါ်ပြထားသည်။

ထရမ့်၏ လုပ်ရပ်များသည် မည်သည့် တရားဝင် လုပ်ထုံးလုပ်နည်းကိုမဆို အဂတိဖြင့် တားဆီးနှောင့်ယှက်ခြင်း သို့မဟုတ် ထိုသို့လုပ်ရန် ကြိုးစားခြင်းက ဥပဒေ ချိုးဖေါက်ရာရောက်သည်ဆိုသည့် ဖက်ဒရယ် ဥပဒေကို ချိုးဖေါက်ဖွယ်ရှိကြောင်း ထိုအမှုကို ကိုင်တွယ်သည့် ကယ်လီဖိုးနီးယားမှ ဖက်ဒရယ်ပြည်ထောင်စု တရားသူကြီး ဒေးဗစ် ကာတာ ပြောသည်။

ဇန်နဝါရီလ ၆ ရက် ကွန်ဂရက်အဆောက်အဦအား ထရမ့်ထောက်ခံသူများ ဝင်စီးနင်းကြစဉ်/ Getty Images

မတ်လ ၂ ရက်နေ့က တရားရုံးသို့ လျှောက်ထားမှုတွင် ထိုကော်မတီက ထရမ့်နှင့် အခြား သူများသည် အမေရိကန်ပြည်ထောင်စုကို လိမ်လည်ရန် ကြံစည်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဖေါ်ပြထားသည်။ ထိုဥပဒေအရ နှစ်ဦး သို့မဟုတ် ထိုထက်ပိုမိုသောသူများသည် အစိုးရလုပ်ငန်းဆောင်တာများကို လိမ်လည်၍ဖြစ်စေ လုပ်ကြံ၍ဖြစ်စေ လှည့်စား၍ဖြစ်စေ နှောက်ယှက်ပါက ရာဇဝတ်မှု မြောက်သည်။

ပန့်စ်ကို ဖိအားပေးရန် အားထုတ်မှုအပြင် ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲသည် မဲလိမ်လည်သည်ဟု ရွေးကောက်ပွဲ အရာရှိများ၊ ပြည်သူလူထုနှင့် ကွန်ဂရက်အမတ်များ ယုံကြည်အောင် ကြိုးစားခဲ့ကြောင်း ထိုကော်မတီက ဖေါ်ပြသည်။ သူ၏ မဟာမိတ်အများအပြားက ထိုအချက်အတွက် အထောက်အထားမရှိကြောင်း ပြောကြားသည့်တိုင် ထရမ့်က ထိုသို့အားထုတ်ခြင်းဖြစ်သည်။

ထိုကော်မတီသည် ထရမ့်ကို ဖက်ဒရယ် ရာဇဝတ်မှုဖြင့် စွဲဆိုနိုင်ခြင်း မရှိပေ။ ထိုဆုံးဖြတ်ချက်ကို ရှေ့နေချုပ် မားရစ် ဂါးလန်းဦးဆောင်သည့် တရားရေးဌာနက ဆုံးဖြတ်ရမည်ဖြစ်သည်။

တရားရေးဌာနက စွဲချက်တင်ပါက အစိုးရရှေ့နေများအတွက် အဓိက စိန်ခေါ်မှုမှာ ထရမ့်သည် ထိုလုပ်ရပ်များကို အဂတိ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြောင်း သက်သေပြရန် ဖြစ်ကြောင်း ကျွမ်းကျင်သူများပြောသည်။

ထရမ့်သည် ရွေးကောက်ပွဲနိုင်သည်ဟု ရိုးသားစွာ ယုံကြည်ကြောင်းနှင့် ပန့်စ်နှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိများကို ဖိအားပေးရန် သူ၏ အားထုတ်မှုသည် ကွန်ဂရက်ကို နှောင့်ယှက်ရန် သို့မဟုတ် အမေရိကန် ပြည်ထောင်စုကို လိမ်လည်ရန် ကြိုးစားခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲ၏ ဖြောင့်မတ်မှုကို ကာကွယ်ရန် ဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။

ထရမ့်သည် ရွေးကောက်ပွဲနိုင်သည်ဟု ရိုးသားစွာ ယုံကြည်ကြောင်းနှင့် ပန့်စ်နှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိများကို ဖိအားပေးရန် သူ၏ အားထုတ်မှုသည် ကွန်ဂရက်ကို နှောင့်ယှက်ရန် သို့မဟုတ် အမေရိကန် ပြည်ထောင်စုကို လိမ်လည်ရန် ကြိုးစားခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲ၏ ဖြောင့်မတ်မှုကို ကာကွယ်ရန် ဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။

ထရမ့်သည် ပုန်ကန်ရန် ကြံစည်မှုဖြင့်လည်း တရားစွဲဆိုခံရနိုင်သည်။ လွန်စွာအသုံးနည်း သည့် ဥပဒေတခုအရ ထရမ့်သည့် အမေရိကန် အစိုးရကို အင်အားသုံးဖြုတ်ချခြင်းအား ပြစ်မှုအဖြစ် သတ်မှတ်သည့် အမှုဖြစ်သည်။ ထိုအချက်ကို သက်သေပြရန် အစိုးရ ရှေ့နေများအနေဖြင့် ထရမ့်သည် အင်အားသုံးရန် အခြားသူများနှင့် ပူးပေါင်းကြံစည်ကြောင်း သက်သေပြရမည်ဖြစ်သည်ဟု ဖက်ဒရယ်အစိုးရရှေ့နေဟောင်းနှင့် မီချီဂန် တက္ကသိုလ် ဥပဒေ ပါမောက္ခ ဘာဘရာ မက်ကွိတ်ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့လွှတ်တော်အဆောက်အအုံတိုက်ခိုက်မှုတွင် ပါဝင်သူအများအပြားကို ပုန်ကန်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။

ဇန်နဝါရီလ ၆ ရက် ကွန်ဂရက်အဆောက်အဦအား ထရမ့်ထောက်ခံသူများ ဝင်စီးနင်းကြစဉ်/ Getty Images

လိမ်လည်ဟန်ဆောင် ငွေကြေးရယူမှု

ဇန်နဝါရီလ ၆ ရက် ကြားနာမှုကော်မတီတွင် ဒီမိုကရက်တို့က ရီပတ်ဗလစ်ကန် တဦးဖြစ်သော ထရမ့်သည် ရွေးကောက်ပွဲတွင် သူနိုင်ကြောင်း လိမ်လည်ပြောဆိုရန်အတွက် ထောက်ခံသူများထံမှ ဒေါ်လာသန်း ၂၅၀ ရန်ပုံငွေ ရှာခဲ့သော်လည်း ထိုငွေကို အခြားကိစ္စများအတွက် သုံးကြောင်း ပြောသည်။

ထို့ကြောင့် သူ့ကို လိမ်လည်ဟန်ဆောင်ငွေကြေးရယူမှု (wire fraud) ဖြင့် တရားစွဲဆိုနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများပြောသည်။

ဂျော်ဂျီယာရွေးကောက်ပွဲ မဲလိမ်မှု

ပြည်နယ်မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ထရမ့်က မလျော်သြဇာသုံးသည်ဆိုသည့် စွပ်စွဲချက်ကို ဂျော်ဂျီယာပြည်နယ် အစိုးရရှေ့နေ၏ စုံစမ်းစစ်ဆေးမှုမှ အထောက်အထားများအား စဉ်းစားသုံးသပ်ရန် အထူးဂျူရီအဖွဲ့တခုကို မေလက ရွေးချယ်ခဲ့သည်။

ထိုစုံစမ်းစစ်ဆေးမှုတွင် ထရမ့်က ဂျော်ဂျီယာ ပြည်နယ်အစိုးရ အတွင်းရေးမှူး ရီပတ်ဗလစ်ကန် ပါတီမှ ဘရက် ရက်ဖန်စပါဂျာထံ ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၂ ရက်နေ့က ဖုန်းခေါ်ဆိုမှုကို တစိတ်တပိုင်းအားဖြင့် အာရုံစိုက်သည်။

ထရမ့်သည် ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲ ဥပဒေများအရ ရာဇဝတ်မှု အနည်းဆုံး ၃ မှုကျူးလွန်ခဲ့ကြောင်း ဥပဒေကျွမ်းကျင်သူ များပြောသည်။ ရွေးကောက်ပွဲလိမ်လည်ရန် ကြံစည်မှု၊ ရွေးကောက်ပွဲလိမ်လည်မှု ကျူးလွန်ရန် ရာဇဝတ်မှုမကင်းသော ပြောဆိုမှုနှင့် ရွေးကောက်ပွဲတာဝန်များ ထမ်းဆောင်မှုကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွက်ဖက်မှုတို့ ဖြစ်သည်။

ထိုပြည်နယ်တွင် ထရမ့်မဲရှုံးနေသည့် အခြေအနေကို ပြောင်းလဲစေရန် လိုအပ်သော မဲများ ရှာဖွေရေးအတွက် ထရမ့်က ရက်ဖန်စပါဂျာကို ခိုင်းခဲ့ကြောင်း ဝါရှင်တန်ပို့စ်က ရရှိသော အသံဖိုင်အရ သိရသည်။

ထရမ့်သည် ဂျော်ဂျီယာပြည်နယ် ရွေးကောက်ပွဲ ဥပဒေများအရ ရာဇဝတ်မှု အနည်းဆုံး ၃ မှုကျူးလွန်ခဲ့ကြောင်း ဥပဒေကျွမ်းကျင်သူ များပြောသည်။ ရွေးကောက်ပွဲလိမ်လည်ရန် ကြံစည်မှု၊ ရွေးကောက်ပွဲလိမ်လည်မှု ကျူးလွန်ရန် ရာဇဝတ်မှုမကင်းသော ပြောဆိုမှုနှင့် ရွေးကောက်ပွဲတာဝန်များ ထမ်းဆောင်မှုကို ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စွက်ဖက်မှုတို့ ဖြစ်သည်။

၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ထရမ့်မဲဆွယ်ပွဲတခု/ Getty Images

ထရမ့်အနေဖြင့် သူသည် လွတ်လပ်စွာပြောဆိုခွင့်ကို ကျင့်သုံးခြင်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကို မလျော်သြဇာလွှမ်းမိုးရန် ရည်ရွယ်ချက်မရှိကြောင်း ပြောနိုင်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

နယူးယောက် ရာဇဝတ်စုံစမ်းစစ်ဆေးမှု

ထရမ့်မိသားစု၏ အိမ်ခြံမြေကုမ္ပဏီသည် ဘဏ်ချေးငွေရရန်နှင့် အခွန်လျှော့ဆောင်ရန် ၎င်း၏ တန်ဖိုးကို အမှန်အတိုင်းမပြောခဲ့ဟူသည့် စွပ်စွဲချက်ကို မန်ဟက်တန် ခရိုင်ဝတ်လုံတော်ရ အယ်လ်ဗင် ဘရက် စုံစမ်းစစ်ဆေးနေသည်။

ထိုစုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသည့် ရှေ့နေ ၂ ဦးသည် ဖေဖေါ်ဝါရီလက နုတ်ထွက်သွားသောကြောင့် ထိုစုံစမ်းမှု၏ အနာဂတ်သည် မေးခွန်းထုတ်စရာ ဖြစ်နေသော်လည်း ဘရက်၏ ရုံးကမူ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောသည်။

ထရမ့်က သူ့ဘက်ကမမှားကြောင်းပြောပြီး အမှုသည် နိုင်ငံရေးပယောဂမကင်းသော အမှုဖြစ်သည်ဟုပြောသည်။ ဘရက်သည် ဒီမိုကရက်တဦးဖြစ်သည်။

တရားရေးဌာနတွင် လက်ရှိ သမ္မတကို တရားစွဲဆိုနိုင်ခြင်း မရှိသည့် ဆယ်စုနှစ်များစွာကြာ မူဝါဒရှိသော်လည်း သမ္မတလောင်းတဦးအတွက် ထိုသို့သော အကာအကွယ်မရှိပေ။ သို့သော် သမ္မတလောင်းတဦးကို တရားစီရင်စစ်ဆေးခြင်းသည် နိုင်ငံရေး အဓိပ္ပါယ်သက်ရောက်မှုများရှိသည်။

သမ္မတရွေးကောက်ပွဲဝင် ထရမ့်ကို တရားစီရင်စစ်ဆေးနိုင်ပါသလား

တရားရေးဌာနတွင် လက်ရှိ သမ္မတကို တရားစွဲဆိုနိုင်ခြင်း မရှိသည့် ဆယ်စုနှစ်များစွာကြာ မူဝါဒရှိသော်လည်း သမ္မတလောင်းတဦးအတွက် ထိုသို့သော အကာအကွယ်မရှိပေ။ သို့သော် သမ္မတလောင်းတဦးကို တရားစီရင်စစ်ဆေးခြင်းသည် နိုင်ငံရေး အဓိပ္ပါယ်သက်ရောက်မှုများရှိကြောင်း မီရှီဂန် ပြည်နယ်တက္ကသိုလ်မှ ဥပဒေ ပါမောက္ခတဦးဖြစ်သူ ဘယိုင်ရန် ကဲ့လ် ပြောသည်။

“သမ္မတလောင်းတဦးကို ရာဇဝတ်မှုက ကင်းလွတ်ခွင့်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာအကြောင်းမှ မတွေ့ဖူးဘူး” ဟု သူပြောသည်။

နယူးယောက်ရှေ့နေချုပ်၏ တရားမ စုံစမ်းစစ်ဆေးမှု

ထရမ့်အဖွဲ့အစည်းသည် အိမ်ခြံမြေတန်ဖိုးများကို ဖေါင်းပွစေခြင်း ရှိမရှိဆိုသည့် ကိစ္စကို နယူးယောက်ပြည်နယ်ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းက စုံစမ်းစစ်ဆေးနေသည်။ ထရမ့်နှင့် အရွယ်ရောက်ပြီး ကလေးနှစ်ယောက်ဖြစ်သော ဒေါ်နယ်ထရမ့် ဂျူနီယာနှင့် အိုင်ဗိုင်ကာထရမ့်တို့က ဇူလိုင်လ ၁၅ ရက်နေ့စတင်သော စုံစမ်းစစ်ဆေးမှုတွင် ထွက်ဆိုရန် သဘောတူထားသည်။

ထရမ့်က သူ အမှားအယွင်း မကျူးလွန်ကြောင်း ပြောကြားထားပြီး ထိုစုံစမ်းစစ်ဆေးမှုသည် နိုင်ငံရေးပယောဂမကင်းသော စုံစမ်းစစ်ဆေးမှုဖြစ်ကြောင်း ပြောသည်။ ဂျိမ်းသည် ဒီမိုကရက် တဦးဖြစ်သည်။

အီးဂျင်းကာရိုး၏ အသရေဖျက်မှု

၁၉၉၀ ခုနှစ်များက နယူးယောက်မှ စတိုးဆိုင်တခုတွင် ထရမ့်က သူ့ကို အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ထရမ့်သမ္မတဘဝက ငြင်းဆိုခဲ့ပြီးနောက် ယခင် Elle မဂ္ဂဇင်းစာရေးဆရာ အီးဂျင်းကာရိုးက ထရမ့်ကို ၂၀၁၉ ခုနှစ်တွင် အသရေဖျက်မှုဖြင့် တရားစွဲထားသည်။ သူမသည် စာအုပ်ရောင်းအားတက်စေရန် ထိုသို့ လိမ်ညာခြင်းဖြစ်သည်ဟု ထရမ့်က ပြန်လည်စွပ်စွဲသည်။

ကာရိုး၏ တရားစွဲဆိုမှုကို ပယ်ချသင့် မပယ်ချသင့်ကို မန်ဟက်တန်တရားရုံးတခုက ဆုံဖြတ်တော့မည်ဖြစ်သည်။

အသရေဖျက်မှုမှ အစိုးရဝန်ထမ်းများကို ကာကွယ်သည့် ဥပဒေအရ ထရမ့် အကာအကွယ်ရရမည်ဖြစ်ကြောင်း ထရမ့်၏ ရှေ့နေတယောက်ပြောသည်။

ကိုးကား။ ။ Reuters သတင်း Explainer: Trump says FBI is raiding his Florida estate. What legal woes does he face?

You may also like these stories:

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

အမေရိကန်ကွန်ဂရက် စီးနင်းခံရမှုအပေါ် မြန်မာတွေရဲ့ အမြင်သဘောထား

ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

အမေရိကန် ကွန်ဂရက်လွှတ်တော် စီးနင်းခံရမှုကို နာဇီတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အာနိုး

Your Thoughts …
Tags: FBIဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဌာနဖလော်ရီဒါမာရာလာဂိုသမ္မတဟောင်း ထရမ့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.4k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

by ဉာဏ်သစ်
15 December 2024
5.1k

ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။

ရှီကျီကျန်းပြီးတော့ စောချစ်သူအလှည့်လား

ရှီကျီကျန်းပြီးတော့ စောချစ်သူအလှည့်လား

by ဧရာဝတီ
17 November 2025
1.9k

BGF သည် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် လုပ်ကိုင်သည်။ DKBA သည် စစ်အုပ်စုနှင့် မဟာမိတ် ဖွဲ့ထားသော်လည်း ပိုမိုလွတ်လပ်စွာ လှုပ်ရှားသည်။

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

by ဧရာဝတီ
19 November 2025
255

အမေရိကန်က ဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးစီမံကိန်းရဲ့ နောက်ကွယ်မှာ နက်နဲ့တဲ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်

by ဧရာဝတီ
9 August 2021
74.3k

သူ့ကို ခြိမ်းခြောက်မှုရှိပြီး FBI က ထိုကိစ္စကို စုံစမ်းနေကြောင်း လူနှစ်ဦးကို မဖမ်းဆီးမီက ဦးကျော်မိုးထွန်းက ဧရာဝတီသို့ပြောသည်။

ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တရားမဝင် ယူဆောင်သွားခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည့် သမ္မတ‌ဟောင်း ဒေါ်နယ် ထရမ့် / AFP

လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်

by ဧရာဝတီ
17 June 2023
2.4k

ထရမ့်အတွက် အကြီးမားဆုံးအန္တရာယ်မှာ တရားရေး စွပ်စွဲချက်များကို နှောင့်ယှက်ရန် ကြံစည်မှုဖြစ်ပြီး ထိုအမှုသည် ထောင် ၂၀ နှစ်အထိ အများဆုံး ချမှတ်နိုင်သည်။

Next Post
ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်း / Global Witness

မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ

ယခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ကိုင်းတိုင်း၊ တလိုင်းကျွန်းကျေးရွာ  / CJ

စစ်ကိုင်းတိုင်းတွင် မိုးကြိုစပါးများ ဝယ်သူမရှိဖြစ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved