• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်

by ဧရာဝတီ
9 August 2021
in ဆောင်းပါး
A A
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း

74.3k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကို သတ်ဖြတ် သို့မဟုတ် ထိခိုက်ဒဏ်ရာရစေရန် ကြံစည်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးလိုက်သည့် သတင်းသည် ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများအကြားတွင် တောမီးသဖွယ် ပျံနှံ့သွားသည်။

“အမေရိကန်မြေပေါ်တွင် ဖြစ်ပွားမည့် နိုင်ငံသားအရာရှိတဦးအား တိုက်ခိုက်ရန် ကြံစည်မှု တခုတွင် ဖြိုးဟိန်းထွဋ် (၂၈ နှစ်) နှင့် ရဲဟိန်းဇော် (၂၀ နှစ်) တို့သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေရန် သို့မဟုတ် သတ်ဖြတ်ရန် ကြံစည်ကြသည်” ဟု အမေရိကန် အစိုးရရှေ့နေ အော်ဒရေ စထရောက်စ်က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

“နိုင်ငံခြားသံတမန်များနှင့် အရာရှိများ၏ လုံခြုံရေးအာမခံရန် အစိုးရအဆင့်ဆင့်မှ မိမိတို့၏ တရားဥပဒေစိုးမိုးရေးမိတ်ဆွေများ၏ မနားမနေ ကြိုးစားအားထုတ်မှုကို မိမိတို့ချီးကျူး ဂုဏ်ပြုသည်” ဟုလည်း သူပြောသည်။

ဖေဖေါ်ဝါရီလက အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအစည်းအဝေးတခုတွင် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် ထိုသံအမတ်ကို အစားထိုးခန့်ရန် ကြိုးစားနေသော်လည်း ကုလသမဂ္ဂက စစ်ကောင်စီ၏တောင်းဆိုမှုကို အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် လက်ရှိအချိန်အထိ အချည်းနှီးဖြစ်နေသည်။ လတ်တလောတွင် သူသည် ဖြုတ်ချခံအစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရကို ကိုယ်စားပြုနေသည်။ သူသည် အထက်မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ မကြာသေးမီက တိုင်ကြားခဲ့သည်။

သူ့ကို ခြိမ်းခြောက်မှုရှိကြောင်း သတင်းရပြီး FBI က ထိုကိစ္စကို စုံစမ်းနေကြောင်း အထက်ပါလူနှစ်ဦးကို မဖမ်းဆီးမီက ဦးကျော်မိုးထွန်းက ဧရာဝတီသို့ပြောသည်။

“ကျနော့်ကို အမေရိကန်က လိုအပ်တဲ့ လုံခြုံရေး ယူပေးထားပါတယ်” ဟု သူပြောသည်။

ထိုင်းနိုင်ငံမှ လက်နက်ပွဲစားတဦးက သူ့ကို အွန်လိုင်းမှ ဆက်သွယ်ပြီး သံအမတ်ကို ထိခိုက်ဒဏ်ရာရစေရန်နှင့် ရာထူးမှ အတင်းအကျပ် နုတ်ထွက်ခိုင်းရန် တိုက်ခိုက်သူများ ငှားရမ်းရေး ငွေပေးကြောင်း ဖြိုးဟိန်းထွဋ်က FBI သို့ ပြောသည်။

ထိုနောက်သောကြာနေ့တွင် မြန်မာနိုင်ငံသား ၂ ဦးကိုဖမ်းဆီးလိုက်ကြောင်း အမေရိကန် အစိုးရရှေ့နေက ကြေညာသည်။

တရားရုံးသို့ တင်သွင်းသောစာတွင် ထိုင်းနိုင်ငံမှ လက်နက်ပွဲစားတဦးက သူ့ကို အွန်လိုင်းမှ ဆက်သွယ်ပြီး သံအမတ်ကို ထိခိုက်ဒဏ်ရာရစေရန်နှင့် ရာထူးမှ အတင်းအကျပ် နုတ်ထွက်ခိုင်းရန် တိုက်ခိုက်သူများ ငှားရမ်းရေး ငွေပေးကြောင်း ဖြိုးဟိန်းထွဋ်က FBI သို့ ပြောသည်။

တရားလိုရှေ့နေများ၏ အဆိုအရ ရဲဟိန်းဇော်က ဒေါ်လာ ၄၀၀၀ ကို ဖြိုးဟိန်းထွဋ်ထံသို့ လွှဲပေးခဲ့ကြောင်း သိရသည်။

ဖြိုးဟိန်းထွဋ်သည် တိုက်ခိုက်သူများငှားရမ်းပြီး သံအမတ်ကို ဝက်စ်ချက်စတာခရိုင်တွင် တိုက်ခိုက်မှု လုပ်ရန် တိုက်ခိုက်သူများက နောက်ထပ် ဒေါ်လာ ၁၀၀၀ တောင်းကြောင်းနှင့် ထပ်ဆောင်းပေးငွေဖြင့် တိုက်ခိုက်သူများသည် သံအမတ်ကို လက်စတုံးပစ်နိုင်ကြောင်း ရဲဟိန်းဇော်ကို အသံသွင်းထားသည့် ဖုန်းခေါ်ဆိုမှုတခုတွင်ပြောသည်ဟု အမေရိကန်တရားရေးဌာနက စွပ်စွဲသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

သံအမတ် နုတ်ထွက်ခြင်းမရှိပါက တိုက်ခိုက်သူများက သံအမတ်ကို သတ်ဖြတ်ရန် လက်နက်ပွဲစားကပြောကြောင်း တိုင်ကြားချက်အရ သိရသည်။ ထိုနောက် ဖြိုးဟိန်းထွဋ်နှင့် လက်နက်ပွဲစားတို့သည် သံအမတ်၏ ကားမတော်တဆဖြစ်စေရန် ကြံစည်ရန် သဘောတူကြသည်။

သံအမတ်ကားအတွင်းရှိနေစဉ် ကားမှောက်စေရန် သံအမတ်၏ ကားတာယာများကို ပြန်ပြင်ရေး အခြားသူများကို ငှားရန် ဖြိုးဟိန်းထွဋ်နှင့် ထိုင်းလက်နက်ပွဲစားနှင့် အဓိကအားဖြင့် သဘောတူသည်ဟု တရားရုံးသို့တင်သွင်းသော စာတွင်ဖေါ်ပြထားသည်။

ထိုလက်နက်ပွဲစားသည် မည်သူနည်း။ ထိုင်းနိုင်ငံသားလော သို့မဟုတ် မြန်မာနိုင်ငံသားလော။ သူသည် မြန်မာနိုင်ငံသားတယောက်ဖြစ်ဖွယ်ရှိသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းရာထူးမှ နုတ်ထွက်ရန်နှင့် နေအိမ်မှထွက်ခွာပေးရန် စစ်ကောင်စီက သူ့ကို ပြောကြားထားသော်လည်း သူငြင်းဆန်သည်။ ထိုအချိန်မှ စတင်ပြီး ဦးကျော်မိုးထွန်းသည် စစ်ကောင်စီ၏ လူသိများသော ပစ်မှတ်ဖြစ်လာသည်။

ထိုင်းမှ လက်နက်ပွဲစား မည်သူနည်း

ထိုလုပ်ကြံမှုသည် စိတ်ဝင်စားစရာကောင်းသော်လည်း စီမံမှု ညံ့ဖျင်းပြီး မြန်မာနိုင်ငံပြင်ပတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ၏ ကွန်ရက်များလည်း ပါဝင်နေသည့် လက္ခဏာများ ရှိနေသည်။

ဖြိုးဟိန်းထွဋ်သည် သံအမတ်၏ ရုံးနှင့်အဆက်အသွယ်ရှိပုံရပြီး ထိုင်းမှ လက်နက်ပွဲစားက သူ့ကိုသိနေသည်။

ရဲဇော်ဟိန်းက ဖြိုးဟိန်းထွဋ်ထံ ငွေလွှဲပေးကြောင်း ဝန်ခံပြီး သူသည် ထိုလက်နက်ပွဲစားကိုယ်စား ငွေပုံမှန် လွှဲပေးကြောင်းနှင့် မကြာသေးမီက လက်နက်ပွဲစား၏ တောင်းဆိုမှုကြောင့် အခြားသူနှစ်ဦး အမေရိကန် ပြည်ထောင်စုသို့ ခရီးသွးာရန် စီစဉ်ပေးခဲ့ကြောင်း ဝန်ခံသည်။

ထိုလက်နက်ပွဲစားသည် မည်သူနည်း။ ထိုင်းနိုင်ငံသားလော သို့မဟုတ် မြန်မာနိုင်ငံသားလော။ သူသည် မြန်မာနိုင်ငံသားတယောက်ဖြစ်ဖွယ်ရှိသည်။

စစ်ကောင်စီနှင့်နီးစပ်ပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် နေထိုင်ကြသူ ကြွယ်ဝချမ်းသာနေသည့် ထင်ရှားသော သို့မဟုတ် လျှို့ဝှက်လုပ်ကိုင်နေသော စီးပွားရေးသမား အများအပြားရှိသည်။

၎င်းတို့သည် စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးကုမ္ပဏီများဖွင့်ပြီး အိမ်ကြီးများကိုဝယ်ကာ ဘန်ကောက်တွင် နေထိုင်ကြသည်။ ဘန်ကောက်မှ မြန်မာစီးပွားရေးသမားအချို့သည် စစ်တပ်ကိုထောက်ခံပြီး အာဏာသိမ်းခေါင်းဆောင် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်နီးစပ်သောကြောင့် အာဏာသိမ်းပြီးနောက် လှုပ်လှု့ပ်ရှားရှားဖြစ်လာသည်။

ဒီပဲရင်းလုပ်ကြံမှုကို စစ်အုပ်စု၏ အမြင့်ဆုံးအမိန့်ပေးကွင်းဆက်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံ စစ်တိုင်းမှူးများ၊ ရဲအရာရှိများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ထင်ရှားသော အဖွဲ့ဝင်များ ပါဝင်ပတ်သက်သည်။

၎င်းတို့သည် မြန်မာနယ်စပ်တွင်လည်း ကျယ်ပြန့်သော ကွန်ရက်များ ရှိကြသည်။ ထိုနယ်စပ်သည် ကုန်ပစ္စည်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အရက်၊ ကားနှင့်လက်နက်များကို မြန်မာနိုင်ငံသို့တင်ပို့နေသော နယ်စပ်ဖြစ်သည်။

အတိတ်က လုပ်ကြံသတ်ဖြတ်မှု အရှုပ်ထုတ်များ

မြန်မာနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဝေးရောက် အတိုက်အခံများ ထူးဆန်းစွာ ပျောက်ဆုံးခြင်း သတ်ဖြတ်ခံရခြင်း အများအပြား ဖြစ်ပေါ်ခဲ့ဖူးသည်။

မြန်မာန်ိုင်ငံသည် ယခင်ကလည်း ထင်ရှားသော နိုင်ငံရေးသမားများအား စစ်တပ်အုပ်ချုပ်သူများက စပွန်ဆာပေး လုပ်ကြံမှုများကို ကြုံတွေ့ခဲ့ရဖူးသည်။ ၂၀၀၃ ခုနှစ်မေလတွင် စစ်အုပ်စုက ထူထောင်ထားသော လက်မရွံ့များသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်ကိုင်း ဒီပဲယင်း မြို့နယ်တွင် ချောင်းမြောင်းတိုက်ခိုက်သည်။

ထိုလုပ်ကြံမှုကို စစ်အုပ်စု၏ အမြင့်ဆုံးအမိန့်ပေးကွင်းဆက်မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဒေသခံ စစ်တိုင်းမှူးများ၊ ရဲအရာရှိများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ဟု ခေါ်သည့် စစ်အုပ်စု၏ လူထုအဖွဲ့အစည်းမှ ထင်ရှားသော အဖွဲ့ဝင်များ ပါဝင်ပတ်သက်သည်။ ထောင်နှင့်ချီသောသူများကို မြန်မာနိုင်ငံမှဝေးကွာသော ကျေးလက်ဒေသသို့ပို့ဆောင်ပြီး တိုက်ခိုက်သူများသည် လက်နက်ကောင်းစွာ တပ်ဆင်ထားပြီး သေနင်္ဂဗျူဟာကျသည့် သတ်ကွင်းနှစ်ခုတွင် နေရာယူထားခဲ့သည်။

လူအများအပြား သတ်ဖြတ်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားအချို့ ထိုလုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်သော်လည်း စစ်အုပ်စုက ပြန်လည်ဖမ်းဆီးခဲ့သည်။ ထိုသတ်ဖြတ်မှုနှင့် အကွက်ချ တိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂ၊ အမေရိကန်နှင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများက ဒေါသထွက်ပြီး ထိုနိုင်ငံတော် စပွန်ဆာ လူသတ်ပွဲအတွက် စိုးရိမ်ကြောင်းပြောကြားပြီး စစ်အုပ်စုကို ရှုတ်ချသည်။

၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလတွင် ကရင်အမျိုုးသားအစည်းအရုံးမှ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သည့် ထင်ရှားသော ကရင်ခေါင်းဆောင် ပဒို မန်းရှာလာဖန်းကိုလည်း ထိုင်းနိုင်ငံ မဲဆောက်ရှိ သူ၏နေအိမ်တွင် ကရင်သေနတ်သမားနှစ်ဦးက ပစ်သတ်သည်။

သူသည် မြန်မာစစ်အုပ်စု၏ အမိန့်ဖြင့် သတ်ဖြတ်ခံရကြောင်း ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြသည်။ ပဒိုမန်းရှာဟု လူသိများသော သူသည် နိုင်ငံအတွင်း ကွဲပြားနေသော လက်နက်ကိုင်အင်အားစုများကို ညီညွတ်သော နိုင်ငံရေးအင်အားစုအဖြစ် စုစည်းပေးနိုင်သော ကရင်ခေါင်းဆောင်ဖြစ်သည်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းလိုက်သောအခါ လုံလုံခြုံခြုံဖြစ်သွားသည်ဟု ယူဆရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကြံပေး ဦကိုနီကိုလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေ့ခင်းကြောင်တောင် ပစ်သတ်သည်။

ထိုထင်ရှားသောရှေ့နေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်ကို သတ်ဖြတ်မှုတွင် ငှားရမ်းထားသော လူသတ်သမားတဦးနှင့် စစ်အရာရှိဟောင်း အများအပြား ပါဝင်ပတ်သက်သည်။

ဦးကိုနီကို ပစ်သတ်သူ ကြေးစားသေနတ်သမား ကြည်လင်း၊ ကြည်လင်းနှင့် ပူးပေါင်းဆောင်ရွက်သူ စစ်ဗိုလ်ဟောင်း အောင်ဝင်းဇော်တို့ကို ၂၀၁၉ ခုနှစ်တွင် သေဒဏ်ချမှတ်သည်။

သို့သော် နောက်ကွယ်မှ ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းလိုက်သောအခါ အောင်ဝင်းခိုင်သည် လုံလုံ ခြုံခြုံဖြစ်သွားသည်ဟု ယူဆရသည်။

၁၉၉၀ ခုနှစ် ဒီဇင်ဘာလက ထိုင်းနယ်စပ်တဖက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရ (NCGUB) သည် ပျောက်ဆုံးမှု၊ သတ်ဖြတ်ခံရမှုများ ကြုံတွေ့ခံစားရသည်။

ထိုအစိုးရမှ ဝန်ကြီး ၂ ဦးဖြစ်သော ဦးဝင်းကိုနှင့် ဦးလှဖေတို့သည် ၁၉၉၂ ခုနှစ် သီးခြားစီပျောက်ဆုံးသွားပြီး နောက်တနှစ်တွင် သတ်ဖြတ်ခံရသည်။

ဦးလှဖေကို ဘန်ကောက်တွင် ထူးဆန်းသော အခြေအနေအောက်တွင် သတ်ဖြတ်သည်။ NCGUB ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ဟိုတယ်တခုတွင် သတ်ဖြတ်ထားခံရကြောင်း တွေ့ရသည်။ ထိုသေဆုံးမှုများအတွက် မည်သူမျှ တာဝန်ယူခြင်းမရှိပေ။

ဘန်ကောက်မှ တက်ကြွလှုပ်ရှားနေသော ကွန်ရက်

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) ဟုခေါ်သည့် ယခင်စစ်အုပ်စု အာဏာသိမ်းထားစဉ်က ဘန်ကောက်ရှိ မြန်မာသံရုံးသည် ဘန်ကောက်မှ မြန်မာအတိုက်အခံခေါင်းဆောင်များနှင့် နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်များကို စောင့်ကြည့်ရာတွင် တက်ကြွစွာဆောင်ရွက်သည်။

အတိတ်က စစ်သံမှူးများနှင့် သတင်းပေးများသည် ထောက်လှမ်းရေးသတင်းစုဆောင်းခြင်းနှင့် တရားမဝင် လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်သည်။

အတိတ်က စစ်သံမှူးများနှင့် သတင်းပေးများသည် ထောက်လှမ်းရေးသတင်းစုဆောင်းခြင်းနှင့် တရားမဝင် လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်သည်။ ဥပမာအားဖြင့်ဆိုရပါက ၁၉၉၀ ခုနှစ်များက ခန့်ထားသည့် လေတပ်နှင့်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးသိန်းဆွေသည် ဘန်ကောက်မှ ထိုင်းကွန်ရက်များနှင့် လက်မရွံ့ လူသတ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း ထင်ရှားသည်။ မြန်မာနိုင်ငံမှ ကြောက်စရာအကောင်းဆုံး စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်က နောင်တွင် သူ့ကို ဗိုလ်မှူးချုပ်ရာထူးသို့တိုးပေးပြီး စစ်အုပ်စု ဝါဒဖြန့်ချိရေးအာဘော် ၂၀၀၀ ခုနှစ်က တည်ထောင်သည့် Myanmar Times ကို စီမံရန် တာဝန်ပေးသည်။

သို့သော် စစ်ကောင်စီနှင့် စစ်တပ်၏ ဘန်ကောက်မှ စီးပွားရေးနှင့် ရာဇဝတ်မှုကွန်ရက်၏ ကျယ်ပြန့်မှုအတိုင်းအတာ အတိအကျကို မသိရသေးပေ။

မြန်မာစစ်တပ်နှင့် အဆက်အသွယ်ရှိသော များပြားလှသည့် ကျော်ကြားသော သို့မဟုတ် လျှို့ဝှက်သော စီးပွားရေးုလုပ်ငန်းရှင်ကြီးများသည် နေထိုင်ရန်၊ အနားယူရန်နှင့် အလုပ်လုပ်ရန် အဆင်မြင့်ကွန်ဒိုများနှင့် နေအိမ်ကြီးများကို ဝယ်ယူကြသည်။ ရက်သတ္တပတ်ကုန်များတွင် ၎င်းတို့သည် ဘန်ကောက်ရှိ အပမ်းဖြေ ဂေါက်ကွင်းများသို့ သွားရောက်ပြီး မြန်မာသံတမန်များ အရာရှိများနှင့် ဂေါက်သီးရိုက်ကြသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
0
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
471
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
180

မြန်မာလုပ်ငန်းရှင် လက်နက်ပွဲစား ဦးတေဇသည်လည်း ဘန်ကောက်နှင့် စင်္ကာပူတွင် နေအိမ်ကြီးများ ဝယ်ယူထားသည်။ မကြာသေးမီက မြန်မာစစ်ကောင်စီခေါင်းဆောင်များက ရုရှားမှ စစ်လက်နက်ပစ္စည်းများနှင့် ဂျက်တိုက်လေယာဉ်များ ဝယ်ယူသောအခါ သူသည် သတင်းများတွင် ပြန်လည်ဖော်ပြခံလာရသည်။

ဘာဆက်ဖြစ်မလဲ

နယူးယောက်မှ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို အလေးအနက်ထားသင့်သည်။ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ရာပေါင်းမျာစွာသော ဆန္ဒပြသူများကို စစ်ကောင်စီတပ်များက သတ်ဖြတ်ခြင်းနှင့် စစ်ကောင်စီလက်ဖြောင့်တပ်သားများက အပြစ်မဲပြည်သူများကို ပစ်သတ်သည်ကို ပြည်တွင်းပြည်ပမှ လူအများအပြား တွေ့မြင်ပြီးဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ ထိုလူသတ်ကွင်းများအပြင် စစ်ကောင်စီသည် ပြည်ပမှ အလားအလာရှိသော ပစ်မှတ်များနှင့် ရန်သူများကိုလည်း စောင့်ကြည့်နေသည်။

မြန်မာသည် မြောက်ကိုရီးယားခြေလှမ်းအတိုင်းလိုက်ပြီး ပြည်ပတွင် နိုင်ငံရေးအရ သတ်ဖြတ်မှု၊ လုပ်ကြံမှုများကို ကျူးလွန်မည့် ကိစ္စသည် အမှန်တကယ် စိုးရိမ်ဖွယ်ဖြစ်သည်။

နယူယောက်တွင် မြန်မာနိုင်ငံသား ၂ ဦးကိုဖမ်းဆီးခြင်းကို ကြည့်ပါက မြန်မာသည် မြောက်ကိုရီးယားခြေလှမ်းအတိုင်းလိုက်ပြီး ပြည်ပတွင် နိုင်ငံရေးအရ သတ်ဖြတ်မှု၊ လုပ်ကြံမှုများကို ကျူးလွန်မည့် ကိစ္စသည် အမှန်တကယ် စိုးရိမ်ဖွယ်ဖြစ်သည်။

“ထိုတရားခံများသည် နယ်စပ်များ၊ သမုဒ္ဒရာများကိုကျော်ဖြတ်ပြီး အမေရိကန်မြေပေါ်တွင် နိုင်ငံတကာ ခေါင်းဆောင်တဦးကို အကြမ်းဖက်ရန် အကြံအစည်ကို စီစဉ်ကြသည်” ဟု နယူးယောက် ရဲမင်းကြီး ဒါးမော့ ရှီအာက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

အစိုးရရှေ့နေရုံး ကြေညာချက်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရထံမှ အာဏာလုယူသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီ ပါဝင်ပတ်သက်သည်ဟု တိုက်ရိုက်မစွပ်စွဲသေးပေ။ ထိုစစ်ကောင်စီသည် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ သွေးချောင်းစီး နှိမ်နင်းမှုများအတွက် နိုင်ငံတကာဆန့်ကျင်မှု လှိုင်းသစ်ကို ရင်ဆိုင်နေရသည်။ သို့သော်သောကြာနေ့က ဖမ်းဆီးမှုများကြောင့် စစ်ကောင်စီသည် အဆင့်မြင့်သံတမန်တဦးကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ခြင်း ရှိ မရှိ ခန့်မှန်းပြောဆိုချက်များကို ဖြစ်စေမည်မှာ သေချာသည်။

စနေနေ့နံနက်က လူမှုကွန်ရက်တွင်တင်သည့် ကြေညာချက်တစောင်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ် အင်ဒရူးက ထိုလုပ်ကြံသတ်ဖြတ်ရန် ကြိုစားမှုကို သိရသောကြောင့် စက်ဆုတ်ကြောင်းပြောသည်။

“ ဒီဒေါသထွက်စရာဖြစ်စဉ်နောက်မှာ ဘယ်သူရှိလဲ၊ သူတို့ကို ဘယ်သူက အရေးယူမလဲ” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Who Was Behind the Plan to Kill Myanmar’s UN Ambassador? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တိုင်ကြား

အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ

ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ

ကျနော် ဒလန် မဟုတ်ပါ

Your Thoughts …
Tags: FBIကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

ကျားဖြန့်နှိမ်နင်းရေး မြန်မာစစ်ခေါင်းဆောင် ကိုယ်လွတ်ရုန်းဖို့ ကြိုးစားနေ

by စွယ်တော်
22 December 2025
5.4k

ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲလုပ်သည်။ ထိုင်းနှင့် တရုတ် အရာရှိကြီးများကိုလည်း ဖိတ်ကြားပြီး ဖြိုချဖျက်ဆီးထားသော KK Park သို့ ခေါ်ပြခဲ့သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၅)

by ဉာဏ်သစ်
15 December 2024
5.1k

ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုအောက်တွင် ယင်းတို့၏ အမိန့်အရ မည်သည့် အစိုးရ ဌာနမဆို ထောက်လှမ်းရေး လုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။

ရှီကျီကျန်းပြီးတော့ စောချစ်သူအလှည့်လား

ရှီကျီကျန်းပြီးတော့ စောချစ်သူအလှည့်လား

by ဧရာဝတီ
17 November 2025
1.9k

BGF သည် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်တွင် လုပ်ကိုင်သည်။ DKBA သည် စစ်အုပ်စုနှင့် မဟာမိတ် ဖွဲ့ထားသော်လည်း ပိုမိုလွတ်လပ်စွာ လှုပ်ရှားသည်။

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

by ဧရာဝတီ
19 November 2025
255

အမေရိကန်က ဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးစီမံကိန်းရဲ့ နောက်ကွယ်မှာ နက်နဲ့တဲ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသွားပါတယ်။

ထရမ့်မိသားစုကို မာရာလာဂို အိမ်ရှေ့တွင် မြင်ရစဉ် / Getty Images

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

by ဧရာဝတီ
10 August 2022
7.3k

သူ၏ မာရာလာဂို အိမ်ကို FBI ထောက်လှမ်းရေးများ ဝင်ရောက်စီးနင်းကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောသည်။

ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တရားမဝင် ယူဆောင်သွားခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည့် သမ္မတ‌ဟောင်း ဒေါ်နယ် ထရမ့် / AFP

လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်

by ဧရာဝတီ
17 June 2023
2.4k

ထရမ့်အတွက် အကြီးမားဆုံးအန္တရာယ်မှာ တရားရေး စွပ်စွဲချက်များကို နှောင့်ယှက်ရန် ကြံစည်မှုဖြစ်ပြီး ထိုအမှုသည် ထောင် ၂၀ နှစ်အထိ အများဆုံး ချမှတ်နိုင်သည်။

Next Post
အိမ်စောင့် အစိုးရဖွဲ့လိုက်တာ အာဏာသိမ်းတာ မအောင်မြင်ဘူးဆိုတာကို ပြတာပဲ (ရုပ်/သံ)

အိမ်စောင့် အစိုးရဖွဲ့လိုက်တာ အာဏာသိမ်းတာ မအောင်မြင်ဘူးဆိုတာကို ပြတာပဲ (ရုပ်/သံ)

မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး တို့အတူရုန်း သပိတ် (ရုပ်/သံ)

မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး တို့အတူရုန်း သပိတ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved