• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရဲတိုက် သို့မဟုတ် အနုပညာနဲ့ ရှင်သန်သူ

by ဧရာဝတီ
14 May 2022
in ဆောင်းပါး
A A
၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

၂၀၁၈ ခုနှစ်အတွင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ တွေ့ရတဲ့ ရဲတိုက်

13.9k
VIEWS
Share on FacebookShare on Twitter

“သူက မွေးဖွားလာတာကိုက အနုပညာနဲ့ မွေးဖွားလာတာ။ တခြား ဘယ်အလုပ်မှ သူနဲ့ ကီးမကိုက်ဘူး။ သူ့ကို ကြည့်လိုက်ရင် အနုပညာ အလုပ်နဲ့ သူက တွဲလျှက်ပဲ” လို့ ရဲတိုက်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦးက ဧရာဝတီကို ပြောပါတယ်။

“ရဲတိုက်” အားလုံး သိကြတဲ့ အတိုင်းပဲ။ နာမည်ကလည်း ဆန်းတယ်။ သရုပ်ဆောင်တာလည်း သဘာဝဆန်ဆန် သရုပ်ဆောင်တယ်။ မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ။

မျက်လုံးတွေက ညှို့အား ရှိတယ်လို့ ပရိသတ်တွေက ဆိုကြတဲ့ ရဲတိုက် အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ထဲ ပြန်ဝင်ရတာ တနှစ်ကျော် ရှိသွားပါပြီ

သရုပ်ဆောင်တာ အပြင်၊ တခြားသော အနုပညာတွေကိုပါ ရူးသွပ်သူလို့ သူနဲ့ ရင်းနှီးသူ အများစုက သိကြတဲ့ ရဲတိုက်ဟာ ဒီမတိုင်ခင်မှာလည်း အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော်လောက် နေခဲ့ရသူပါ။

“ကျနော်က သရုပ်မဆောင်ရရင် မနေနိုင်ဘူး” လို့ ပြီးခဲ့တဲ့တခေါက် ထောင်က ထွက်လာပြီးနောက် ၂၀၁၈ ခုနှစ်အတွင်း အနုပညာ အလုပ်တွေ ပြန်စလုပ်တော့မယ့်အချိန် ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်း အနုပညာလောကကို ပြန်လည် ဝင်ရောက်ခဲ့ပြီး သူ့ပရိသတ်တွေကို ကျေနပ်မှု ပေးနိုင်ခဲ့ပြီးကာမှ အခုတဖန် အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်မှုတွေကြောင့် အခုတော့ ထောင်ထဲ ပြန်လည် ဝင်ရောက်နေရပြန်ပါပြီ။

သူ့ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကိုလည်း ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကိုလည်း ထောင်တွင်းမှာသာ ဖြတ်သန်းခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ပုဒ်မ ၅၀၅-က အမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

အနုပညာရှင်တချို့ မတ်လ ၂ ရက်က လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်လာကြပေမယ့် ရဲတိုက် မပါဝင်ခဲ့ပါဘူး။ သူကတော့ ထောင်ဒဏ်ကျခံရင်း နောက်တမှုကိုပါ ရင်ဆိုင်နေရပါတယ်။

အနုပညာရှင်တချို့ မတ်လ ၂ ရက်က လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်လာကြပေမယ့် ရဲတိုက် မပါဝင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။

အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်ကို CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု) ကိစ္စနဲ့ ပတ်သက်တဲ့ အင်တာဗျူး ဖြေဆိုခဲ့ခြင်းနဲ့ Facebook လူမှုကွန်ရက်မှာ တင်ထားတဲ့ စာသားများကြောင့် စစ်ကောင်စီက လသာမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခဲ့တာပါ။

ဒါ့အပြင် ရဲတိုက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့လည်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲတိုက်ကို ၁၆ (ဂ) အမှုကနေ အပြစ်မရှိကြောင်း လျှောက်လဲချက် တင်ဖို့ ရှေ့နေ အဖွဲ့က ကြိုးပမ်းနေပြီး ဒီအမှုကနေ အမြန်ဆုံး အပြီးအပြတ် လွှတ်ပေးဖို့လည်း လျှောက်လဲချက် တင်သွားမယ်လို့ သူ့ရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

“မေလ ၁၂ ရက်နေ့မှာ ရဲတိုက်ကို ဒီအမှုကနေ အပြီးအပြတ် လွှတ်ပေးဖို့ လျှောက်လဲချက် တင်ပါမယ်။ အဲဒါပြီးမှပဲ အပြီးသတ် အမိန့်ချပါမယ်” လို့ ရဲတိုက်ရဲ့ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောပါတယ်။

ရဲတိုက်ရဲ့ ၁၆ (ဂ) အမှုကို စစ်ဆေးစဉ်မှာတော့ ရဲဘက်က စွပ်စွဲထားသလို ရဲတိုက်ကို ဖမ်းဆီးစဉ်မှာ ပြောက်ကျားလွယ်အိတ်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ခြင်းကို စွပ်စွဲချက် ခိုင်မာအောင် လူပုဂ္ဂိုလ် သက်သေပြနိုင်ခဲ့ခြင်း မရှိဘူးလို့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ရဲတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပထမအကြိမ် ထောင်ကထွက်လာပြီးနောက် စိတ်ကျရောဂါ (Depression) ခံစားဖူးသူ ဖြစ်တာကြောင့် အင်းစိန်ထောင်တွင်းက လက်ရှိ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို အမြဲတမ်း စိတ်ပူနေရတယ်လို့ သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေက ဆိုပါတယ်။

ရဲတိုက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်ကလည်း အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ၅၀၅-က အမှု ရင်ဆိုင်ရင်း သတိလစ် မေ့မြောသွားခဲ့ပါတယ်။

အဲဒီအချိန်က သူ့ရဲ့ကျန်းမာရေး အခြေအနေဟာ ညဘက် အိပ်ရေးပျက်ပြီး အိပ်ရေးမဝတာတွေကြောင့် စိတ်ကျရောဂါ ဝေဒနာ ခံစားနေရပြီး သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ တင်းကျပ်မှု တစုံတရာ လုပ်ခဲ့ရင် သူ့အနေနဲ့ Depression ကြောင့် ရုတ်တရက် အသက်ရှူ ရပ်သွားနိုင်တာမျိုး၊ နှလုံးရပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ရှေ့နေက ပြောပြခဲ့ပါတယ်။

ရဲတိုက်ကို နောက်တကြိမ် ဒီလို ထပ်ဖြစ်ခဲ့ရင် အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူစေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရဲတိုက်ကို နောက်တကြိမ် ဒီလို ထပ်ဖြစ်ခဲ့ရင် အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် အင်းစိန်ထောင်တွင်း ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူစေခဲ့ပါတယ်။

ရဲတိုက်ရဲ့ မိတ်ဆွေက “တကယ်လို့သာ သူမလုပ်တဲ့ အမှုတခုအတွက် မတရား စွပ်စွဲခံရပြီးတော့ နှစ်ရှည်လများ ထောင်ဒဏ် ထပ်ကျမယ်ဆို သူ့ Depression၊ သူ့ရောဂါနဲ့က အသက်အန္တရာယ် ထပ်ဆိုးမှာ စိုးရိမ်ရတယ်။ အဲဒါကြောင့်မို့လို့ လွတ်လာစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရဲတိုက်ရဲ့ ကျန်းမာရေးက ကောင်းမွန်တယ်လို့ သိရပြီး ကျန်းကျန်းမာမာနဲ့ အမှုကို ဆက်ရင်ဆိုင်နေပါတယ်။

ရဲတိုက်က သင်္ကြန်မတိုင်ခင် ရုံးချိန်းတခုမှာလည်း သူ့အနေနဲ့ လွတ်ငြိမ်းခွင့်မှာ ပါဝင်ချင်တဲ့ ဆန္ဒရှိတာကြောင့် ကျန်ရှိနေတဲ့ အမှုကို မြန်မြန် စစ်ဆေးပေးစေလိုကြောင်း တရားသူကြီးထံ တိုက်ရိုက် တောင်းဆိုခဲ့ပါသေးတယ်။

ရှေ့နေ ဦးခင်မောင်မြင့်က “ဒီအမှုကို မြန်မြန်လေး စစ်ဆေးပေးဖို့ သူကိုယ်တိုင် တရားသူကြီးကို တင်ပြပါတယ်။ တရားသူကြီးကလည်း ဒါကို မြန်မြန် စစ်ဆေးပေးမယ်လို့လည်း ပြောပါတယ်” လို့ ပြောပါတယ်။

ရဲတိုက်ရဲ့ အနုပညာလက်ရာ ပန်းချီကားတွေကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ လေလံတင် ရောင်းချပြီး ရဲတိုက်ကို တစိတ်တဒေသ ပံ့ပိုး ကူညီပေးခဲ့ပါတယ်။

အခုလက်ရှိ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ရဲတိုက်ကို သူ့မိတ်ဆွေတွေက ကူညီကြပါတယ်။ ထောင်ကျနေစဉ် ကာလအတွင်း သူ့အတွက် လိုအပ်တဲ့ အသုံးစရိတ်တွေ ကူညီပေးဖို့အတွက် သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေက GARUDA Entertainment ဆိုတဲ့ Page ကနေ ရဲတိုက်ရဲ့ အနုပညာလက်ရာ ပန်းချီကားတွေကို သူ့ရဲ့ ခွင့်ပြုချက်နဲ့ လေလံတင် ရောင်းချပြီး ရဲတိုက်ကို တစိတ်တဒေသ ပံ့ပိုး ကူညီပေးခဲ့ပါတယ်။

ပန်းချီကားတွေကိုလည်း ရဲတိုက်ဆီက ခွင့်ပြုချက်ရမှ ရောင်းတာလို့ သိရပါတယ်။ ပန်းချီကား အများစုဟာ ရဲတိုက် ကိုယ်တိုင် ရေးဆွဲပြီး တချို့ ပန်းချီကားတွေကိုတော့ သူ့မိတ်ဆွေက လက်ဆောင် ပေးခဲ့တာလို့ သိရပါတယ်။

“ရဲတိုက်ကို ၂ ပတ် တခေါက် ထောင်ဝင်စာ သွားပေးတယ်။ ပုံမှန်ကတော့ စားဖို့သောက်ဖို့ ဟင်း အကြော်အလှော်၊ သူစားနေကျ မုန့်တွေနဲ့ သူ့အတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ပို့ဖြစ်တယ်” လို့ ရဲတိုက်ရဲ့ မိတ်ဆွေက ပြောပါတယ်။

ရဲတိုက်ဟာ အနုပညာမှာဆိုရင် သရုပ်ဆောင်အလုပ်တင် မကဘဲ၊ ပန်းချီဆွဲတာ၊ ကဗျာရေးတာ၊ ဇာတ်ညွှန်း ရေးသားတာနဲ့ စာရေးတာ စတဲ့ အလုပ်တွေကိုလည်း ဘောင်ခတ်မထားဘဲ ရူးသွပ်စွာ လုပ်ကိုင်တတ်တယ်လို့ သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါတယ်။

သူက ဇာတ်လမ်းတိုင်းကို သရုပ်ဆောင်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ သူရိုက်တဲ့ ဇာတ်ကားတွေဟာ လေးနက်မှုရှိတယ်။ ထူးခြားတယ်။

သူက ဇာတ်လမ်းတိုင်းကို သရုပ်ဆောင်တဲ့ သူမျိုးလည်း မဟုတ်ပါဘူး။ သူရိုက်တဲ့ ဇာတ်ကားတွေဟာ လေးနက်မှုရှိတယ်။ ထူးခြားတယ်။ သရုပ်ဆောင်မှုအပိုင်းကလည်း တခုခု စွဲကျန်တယ်။ ပရိသတ်ကို လေးနက်တဲ့ မက်ဆေ့ချ် ပေးတဲ့ ဇာတ်ကားမျိုးကိုသာ သူရိုက်တယ်။

၂၀၀၅ ခုနှစ်မှာ အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့တဲ့ ရဲတိုက်ဟာ သူ့ရဲ့ အနုပညာ သက်တမ်း တလျှောက်မှာ ဇာတ်ကားပေါင်း ၆၀ ခန့် ရိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပေါပေါပဲပဲ တကားမှ သူ ရိုက်ခဲ့တာ မရှိဘူး။ ပေါကားတွေ မရိုက်ဘူး။ လူငယ်တွေ အဆိပ်အတောက် ဖြစ်စေမယ့်ကားမျိုး သူ မရိုက်ဘူး။ အဲဒီတခုကတော့ လေးစားဖို့ တော်တော် ကောင်းတယ်။ သူက ပရိသတ်ကို ဘယ်တော့မှ ညာမစားဘူး။ သူ့ရဲ့ အနုပညာ ခံစားမှုက ရိုးသားတယ်” လို့ ရဲတိုက်ရဲ့ မိတ်ဆွေက မှတ်ချက်ပြုတယ်။

ရဲတိုက်ဟာ ၂ဝဝ၆ ခုနှစ်မှာ “အမှောင်ငွေ့ရနံ့” ဆိုတဲ့ ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့ပြီး ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ရဲတိုက်

ရဲတိုက်ရဲ့ နာမည်ကြီး ဇာတ်ကားတွေကတော့ “လွမ်းတစိမ့်စိမ့်” ၊ “အမျှင်” ၊ “ချစ်သူ” ၊ “ရွာ” စတဲ့ ဇာတ်ကားတွေပါ။ ရဲတိုက်ဟာ ထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက် အနုပညာ လောကထဲ တကျော့ပြန် ဝင်ရောက်တဲ့အနေနဲ့ ၂၀၁၈ အတွင်းမှာ “ဒဏ္ဍာရီမိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်ခဲ့ပါတယ်။

“ရဲတိုက်က Intelligent (ဉာဏ်ရည် ပါးနပ်မှု) ရှိတယ်။ သရုပ်ဆောင်တာ တော်တယ်။ ကျနော်တို့နဲ့ တူတဲ့အပိုင်းတွေ ရှိတော့ ပလဲနံပ သင့်တယ်။ စကားပြောလို့ရတယ်။ ဘာသာစကား အချင်းချင်း တူတော့ နားလည်တယ်။ ကျနော်တို့ အလုပ်တွေ အများကြီး တွဲလုပ်ဖြစ်ကြတယ်” လို့ ဒါရိုက်တာ ရီဇော်က ရဲတိုက်အပေါ် မှတ်ချက်ပြုပါတယ်။

သူရဲ့ သရုပ်ဆောင်မှုတွေကြောင့် ရဲတိုက်ကို စပေါ်ကတည်းက အားပေးခဲ့ရတာပါလို့လည်း အမာခံ အမျိုးသမီး ပရိတ်သတ် တဦးက ဆိုပါတယ်။

အနုပညာ မရှိတဲ့ ရပ်ဝန်းမှာ ရှင်သန်နေရတာ ဘယ်လောက် ခက်ခဲလိမ့်မလဲ ဆိုတာ မှန်းဆ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ရဲတိုက်ရဲ့ အမာခံ ပရိသတ်က “အကြိုက်ဆုံးက သူ့ရဲ့သရုပ်ဆောင်မှုပေါ့။ ဆွဲဆောင်မှု ရှိတယ်။ တခြား မင်းသားတွေနဲ့ မတူတာ အဓိက သူ့ရဲ့ မျက်လုံး အိုက်တင်ပေါ့” လို့ ပြောပါတယ်။

ရဲတိုက်ကို ချစ်တဲ့စိတ်နဲ့ ပရိသတ် တဦးကတော့ “ဒဏ္ဍာရီမိုး” ဇာတ်ကားမှာ ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာကို လေလံ ဝယ်ယူအားပေးခဲ့ပြီး ရဲတိုက် ပြန်လွတ်လာရင် အဲဒီအင်္ကျီလေးကို လက်ဆောင်အဖြစ် ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။

အဲဒီ အင်္ကျီကိုတော့ GARUDA Entertainment Page မှာ ရဲတိုက် ၅၀၅-က အမှုနဲ့ ထောင်ဒဏ် ၃ နှစ် ချခံရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လေလံကြမ်းခင်းဈေး ၃ သိန်းနဲ့ ဖွင့်ခဲ့တာပါ။

“သူ့အင်္ကျီလေးကို ဝတ်ချင်လို့လည်း မဟုတ်ဘူး။ သူ သိပ်မြတ်နိုးတဲ့ အဝတ်အစား ဖြစ်တဲ့အတွက် သူပြန်လွတ်လာရင် လက်ဆောင်ပေးချင်လို့ သိမ်းထားဖို့ ဝယ်လိုက်တာပါ” လို့ အဲဒီ ပရိသတ်က ပြောပါတယ်။

“ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ စိတ်ဓာတ်မကျပါနဲ့။ အပြင်လောကကို ရောက်လာရင် ရန်ကုန်မှာ တခေါက် ဆုံဖူးချင်ပါတယ်” လို့ ရဲတိုက်ရဲ့ ပရိသတ်က သူ့ဆန္ဒကို ပြောပါတယ်။
သူ့ဆန္ဒက အထွေအထူး မရှိပါဘူး။ မကြာခင် ရဲတိုက် အမြန်ဆုံး ပြတ်လွတ်ဖို့ပါပဲ။ ဒါကြောင့် “အဖမ်းခံရတာကနေ လွတ်ဖို့ပါပဲ” လို့ သူက ရိုးရိုးရှင်းရှင်း ပြောပါတယ်။

အနုပညာတွေကို ဈာန်ဝင်စားသူ ရဲတိုက်ကို လွတ်မြောက်လာစေချင်တာက သူ့မိတ်ဆွေ၊ သူ့ရဲ့ ပရိသတ် အားလုံးလိုလိုရဲ့ ဆန္ဒပါပဲ။

You may also like these stories:

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

သံတိုင်များနောက်က လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115

ရုပ်ရှင်ဖန်တီးသူမအိမ့် အလုပ်ကြမ်းနှင့် ထောင် ၃ နှစ် ချခံရ

ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

အကျဉ်းကျခံနေဆဲ အမျိုးသမီးထုရဲ့ “Glow Nation” ဘလော့ဂါ ဝင်းမင်းသန်း

Your Thoughts …
Tags: ကဗျာဒါရိုက်တာရီဇော်ပန်းချီပုဒ်မ ၅၀၅ (က)ရဲတိုက်သရုပ်ဆောင်အနုပညာအာဏာသိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

Next Post
ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့ / ပကဖ(ရေဦး)

ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရုပ်အလောင်း ၃၀ နီးပါထိ တွေ့လာ

စစ်ကောင်စီ အတွက် သေမင်းတမန်လမ်းဖြစ်လာတဲ့ မင်းတပ်- မတူပီလမ်း (ရုပ်/သံ)

စစ်ကောင်စီ အတွက် သေမင်းတမန်လမ်းဖြစ်လာတဲ့ မင်းတပ်- မတူပီလမ်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved