• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
in ဆောင်းပါး
A A
ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

မင်းသမီး ပိုင်ဖြိုးသုနှင့် ဒါရိုက်တာ ဏကြီး

1.5k
VIEWS
Share on FacebookShare on Twitter

ယခုနှစ် အိုလ်ဒင်ဘာ့ဂ် ရုပ်ရှင်ပွဲတော်တွင် ဂုဏ်ပြုခံရသည့် ဒါရိုက်တာ ဏကြီးနှင့် ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသု တို့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံမှထွက်ပြေးရသော်လည်း လွတ်မြောက်ရေး အားထုတ်မှုများကို ပြည်ပမှ ဆက်လက်လုပ်ကိုင်နေသည်။

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဖြုတ်ချမီက ဒါရိုက်တာ ဏကြီးနှင့် မင်းသမီး ပိုင်ဖြိုးသုတို့သည် မြန်မာရုပ်ရှင်လောက၏ စံနမူနာ ဇနီးမောင်နှံ ဖြစ်သည်။ ပိုင်ဖြိုးသုသည် မြန်မာမှ အအောင်မြင်ဆုံး မင်းသမီးများအနက် တဦးဖြစ်ပြီး ဏကြီးသည် လူသိအများဆုံး ဒါရိုက်တာများအနက် တဦးဖြစ်သည်။ သို့သော် ဒီမိုကရေစီ ဆန္ဒပြသူများကို ထောက်ခံမှုကြောင့် ၎င်းတို့သည် စစ်ကောင်စီ၏ပစ်မှတ် ဖြစ်လာသည်။

ပိုင်ဖြိုးသုသည် စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကို ထောက်ခံပြီး စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေသည့် သပိတ်မှောက်ဝန်ထမ်းများကို ဘဏ္ဍာရေး အကူအညီပေးသည်။ Hunger Games ရုပ်ရှင်များမှ အာဏာဖီဆန်သည့် သင်္ကေတဖြစ်သော လက်သုံးချောင်းထောင် အလေးပြုသည့် သူ၏ ဆန္ဒပြပွဲမှဓာတ်ပုံများ ပျံ့နှံ့လာသာအခါ သူသည်တော်လှန်ရေး၏ သင်္ကေတဖြစ်လာသည်။

ပိုင်ဖြိုးသုသည် စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကို ထောက်ခံပြီး စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်နေသည့် သပိတ်မှောက်ဝန်ထမ်းများကို ဘဏ္ဍာရေး အကူအညီပေးသည်။ Hunger Games ရုပ်ရှင်များမှ အာဏာဖီဆန်သည့် သင်္ကေတဖြစ်သော လက်သုံးချောင်းထောင် အလေးပြုသည့် သူ၏ ဆန္ဒပြပွဲမှဓာတ်ပုံများ ပျံ့နှံ့လာသာအခါ သူသည်တော်လှန်ရေး၏ သင်္ကေတဖြစ်လာသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် သူနှင့် ဏကြီးကို ဖမ်းရန် စစ်ကောင်စီက ဝရမ်းထုတ်သည်။ ၎င်းတို့ဇနီးမောင်နှံသည် ပြည်သူ့ဝန်ထမ်းများ ဆန္ဒပြပွဲများတွင် ပါဝင်ရေးအတွက် ၎င်းတို့၏ “ကျော်ကြားမှုကို အသုံးပြု” ကာ အားပေးသည်ဟု စစ်ကောင်စီက စွပ်စွဲသည်။ ၎င်းတို့သည် ပြည်ပတွင် ဆက်လက် ပုန်းအောင်းနေရသည်။

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ

နေရာတွင် ၎င်းတို့ဇနီးမောင်နှံသည် အဝေးရောက် မြန်မာအနုပညာရှင်များကို ထောက်ပံ့ကာကွယ်ရန် ကြိုးစားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် အနုပညာရှင်များ ခိုကိုးရာ (Artists’ Shelter) ကို ထူထောင်ကြသည်။

“နိုင်ငံကနေထွက်ပြေးလာရတဲ့ လူအများအပြားထဲမှာ အရာရာကို ချန်ထားခဲ့ရတဲ့ အနုပညာသမား အများအပြား ပါဝင်တယ်” ဟု ဒါရိုက်တာ ဏကြီးက Hollywood Reporter သို့ Zoom မှတဆင့် ပြောသည်။

“သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းတွေ၊ သူတို့ရဲ့ ပရိသတ်တွေ အားလုံးကို ထားခဲ့ရတယ်။ သူတို့ပြည်တွင်းမှာ သူတို့ရဲ့အသံတွေ မကျန်အောင် စစ်ကောင်စီကလုပ်ပြီး ရုပ်သံမှာ၊ လူမှုကွန်ရက်မှာ အရာရာမှ သူတို့ကို ပိတ်ပင်တယ်။ ကျနော်တို့က သူတို့ရဲ့ အသံတွေ ပြန်လည် ထွက်ပေါ်နိုင်ဖို့ မျှော်လင့်တယ်” ဟု ရှင်းပြသည်။

၎င်းတို့ဇနီးမောင်နှံသည် ထိုင်းနိုင်ငံမှ ထုတ်ဖော် မပြောလိုသည့် နေရာတခုတွင် အဝေးရောက် ရုပ်ရှင်သမားများ အလုပ်လုပ်ရန်နှင့် ၎င်းတို့ ဖော်ထုတ်တင်ဆက်ရန်အတွက် ထုတ်လုပ်ရေး စတူဒီယိုတခု ထူထောင်ထားပြီး အသံသွင်း စတူဒီယိုတခု၊ တည်းဖြတ် စတူဒီယိုတခု၊ စာကြည့်တိုက်ငယ်တခုနှင့် ပူးတွဲအလုပ်လုပ်ရန်နေရာတို့ကို တည်ဆောက်ထားသည်။ အဖွဲ့ဝင် ၃၀၀ ကျော်နှင့် ဆက်လက် တိုးတက်များပြားနေပြီး Artists’ Shelter သည် နောက်ထပ် ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များ၊ ဂီတ၊ ဗီဒီယိုများနှင့် အခြားလက်ရာများကို ၎င်းတို့ဝက်ဘ်ဆိုက်နှင့် Facebook တွင် တင်ဆက်သည်။

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” မှ ဇာတ်ဝင်ခန်းတခု

“ခင်ဗျားတို့ အဲဒီဝက်ဘ်ဆိုက်ကိုသွား ရုပ်ရှင်ကြည့်ပြီး မြန်မာက ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံဖို့ ကူညီလှူဒါန်းနိုင်တယ်” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။ “ကျနော်တို့ အဝေးရောက်ဘဝမှာ ရိုက်ကူးတဲ့ ဒုတိယရုပ်ရှင် ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ကိုလည်း ကမ္ဘာတဝန်းနိုင်ငံ ၁၄ နိုင်ငံက မြို့ကြီး ၄၇ မြို့ကနေ နိုင်ငံတကာမှာ ကြည့်နိုင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြေအောက်အုပ်စုတွေအတွက် ရန်ပုံငွေရှာဖို့ အသုံးပြုတယ်” ဟု ၎င်းက ပြောသည်။

ဂျာမနီမှ လွတ်လပ်သော ထိပ်တန်းရုပ်ရှင်ပွဲတော်ဖြစ်သည့် အိုလ်ဒင်ဘာ့ဂ် ရုပ်ရှင်ပွဲတော်သည် ၂၀၂၁ ခုနှစ်အတွက် ရုပ်ရှင်ပွဲတော်တွင် ထိုဇနီးမောင်နှံနှင့် ၎င်းတို့၏ကံကြမ္မာကို မီးမောင်းထိုးပြပြီး ဒါရိုက်တာ ဏကြီး၏ What Happened to the Wolf? (ဝံပုလွေတွေ ဘာဖြစ်သွားလဲ) ကို ကမ္ဘာ့ရုံတင်ပွဲတွင် ပြသသည်။ ထိုဇာတ်ကားတွင် ပိုင်ဖြိုးသု သရုပ်ဆောင်သည်။

ဂျာမနီမှ လွတ်လပ်သော ထိပ်တန်းရုပ်ရှင်ပွဲတော်ဖြစ်သည့် အိုလ်ဒင်ဘာ့ဂ် ရုပ်ရှင်ပွဲတော်သည် ၂၀၂၁ ခုနှစ်အတွက် ရုပ်ရှင်ပွဲတော်တွင် ထိုဇနီးမောင်နှံနှင့် ၎င်းတို့၏ကံကြမ္မာကို မီးမောင်းထိုးပြပြီး ဒါရိုက်တာ ဏကြီး၏ What Happened to the Wolf? (ဝံပုလွေတွေ ဘာဖြစ်သွားလဲ) ကို ကမ္ဘာ့ရုံတင်ပွဲတွင် ပြသသည်။ ထိုဇာတ်ကားတွင် ပိုင်ဖြိုးသု သရုပ်ဆောင်သည်။

ပိုင်ဖြိုးသုနှင့် အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်သည့် လွန်စွာ နာဖျားမကျန်းဖြစ်နေသည့် ဂေး အချစ်ဇာတ်လမ်းသည် LBGTQ+ ဇာတ်လမ်းကြောင့် စစ်တပ်ကို ဒေါသဖြစ်စေသည်။ ထို ရုပ်ရှင်နမူနာသည် အိုလ်ဒင်ဘာ့ဂ် Facebook တွင် ပေါက်ပြီး ကြည့်ရှုသူ ၁ သန်းကျော်ကို ဆွဲဆောင်နိုင်သည်။

မင်းသမီး အိန္ဒြာကျော်ဇင်သည် ထိုရုပ်ရှင်ပွဲတော်မှ အကောင်းဆုံးမင်းသမီးဆု ဖြစ်သည့် ဆိုင်းမော ကက်ဆယ်ဆု ရသော်လည်း ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် ထောင်ချခံထားရသောကြောင့် ထိုဆုကို လူကိုယ်တိုင် သွားရောက် လက်ခံနိုင်ခဲ့ခြင်း မရှိပေ။ ထိုအချိန်တွင် ဒါရိုက်တာ ဏကြီးနှင့် မင်းသမီး ပိုင်ဖြိုးသုသည် နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

ယခုနှစ်တွင် အိုလ်ဒင်ဘာ့ဂ်သည် မြန်မာရုပ်ရှင်ရိုက်ကူးသူများ၏ လက်ရာများကို ပြန်လည် ပြသပြီး ဂုဏ်ပြုနေသည်။ What Happened to the Wolf? ဇာတ်ကားအပြင် ထိုဇာတ်ကားများတွင် ၎င်းတို့၏ ပထမဆုံး ပူးပေါင်းရိုက်ကူးမှုဖြစ်သည့် ၂၀၁၉ ခုနှစ်က “မီ” ဇာတ်ကားလည်း ပါဝင်သည်။

What Happened to the Wolf? မှ ဇာတ်ဝင်ခန်းတခု

ပိုင်ဖြိုးသုက အဆုတ်ရောဂါကြောင့် သေလုမျောပါး ဖြစ်နေသူ လွတ်လွတ်လပ်လပ် နေတတ်သူအဖြစ် သရုပ်ဆောင်သည့် ၁၉၄၀ ပြည့်နှစ်များနောက်ခံ စာပေလက်ရာကို မှီငြမ်းမှုဖြစ်သည့် “မီ” သည် အရေးပါပြီး နိုင်ငံတွင်ပေါက်သော ဇာတ်ကား ဖြစ်သည်။

အိုလ်ဒင်ဘာ့ဂ်သည် ၎င်းတို့၏ ရုပ်ရှင်ပူးပေါင်းဆောင်ရွက်မှု ဇာတ်လမ်းတို သုံးခု ဖြစ်သော “Guilt” (အပြစ်)၊ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် “My Lost Nation” (ပျောက်ဆုံးသွားသော ငါတို့နိုင်ငံ) တို့ကိုလည်း ပြသမည်ဖြစ်သည်။ ထိုဂုဏ်ပြုပြသမှုများ အားလုံးသည် အိုလ်ဒင်ဘာ့ဂ်တွင် ပရိသတ်ကို အခမဲ့ပြသမည်ဖြစ်ပြီး လှူဒါန်းမှုများကို Artists’ Shelter အား ထောက်ပံ့မည် ဖြစ်သည်။

“နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံအခြေအနေကို စိတ်ဝင်စားမှု လျော့ကျနေလို့ အိုလ်ဒင်ဘာ့ဂ်က ဂုဏ်ပြုမှုဟာ ကျမတို့အတွက် အထောက်အကူ အများကြီးပြုတယ်” ဟု ပိုင်ဖြိုးသုက ပြောသည်။ “ဒါဟာ အာဏာသိမ်းမှုဖြစ်နေပြီး ပြည်သူတွေ ဒုက္ခခံစားနေရတာကို သတိပေးဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းကပြောသည်။

ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံ၏ အဝေးရောက်ဘဝသည် ခက်ခဲကြမ်းတမ်းသည်။ “အာဏာသိမ်းပြီးနောက် ကျနော်တို့ မပျော်ရွှင်တော့ဘူး။ အခု သုံးနှစ်ရှိပြီး လူတိုင်း ပင်ပန်းနွမ်းနယ်နေကြတယ်။ ကျနော်တို့ ပင်ပန်းနွမ်းနယ်နေပြီ။ မြန်မာက ပြည်သူတွေ ပင်ပန်းနွမ်းနယ်နေပြီ။ ဒါပေမယ့် ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ရမယ်” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။

တိုးတက်မှုများကတော့ ရှိနေသည်။ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) သည် မြို့များနှင့် ဒေသများကို တဖြည်းဖြည်း သိမ်းပိုက်နေပြီး မြန်မာမှဒေသများကို စစ်ကောင်စီလက်အောက်မှ လွတ်မြောက်စေသည်။

“အရေအတွက် အတိအကျက တနေ့နဲ့တနေ့ ပြောင်းလဲနေပေမယ့် နိုင်ငံတဝန်းက မြို့ ၂၇ မြို့လောက်ရှိတယ်။ တော်လှန်ရေးက တဖြည်းဖြည်း ကြီးထွားနေတယ်” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။

“အရေအတွက် အတိအကျက တနေ့နဲ့တနေ့ ပြောင်းလဲနေပေမယ့် နိုင်ငံတဝန်းက မြို့ ၂၇ မြို့လောက်ရှိတယ်။ တော်လှန်ရေးက တဖြည်းဖြည်း ကြီးထွားနေတယ်” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။

ပြည်ပမှ မင်းသမီး ပိုင်ဖြိုးသုက မြန်မာပရိသတ်ကို စကားပြောနေစဉ် / ဏကြီး

ထိုဒေသများတွင် ဒါရိုက်တာ ဏကြီးနှင့် မင်းသမီး ပိုင်ဖြိုးသုတို့က ၎င်းတို့၏ ရုပ်ရှင်များကို ပြသနိုင်ကြပြီး ပြသပြီးနောက် ပရိသတ်များနှင့် Zoom မှတဆင့် အမေးအဖြေ လုပ်နိုင်ကြသည်။

“မယုံကြည်နိုင်လောက်အောင်ပဲ။ ဒါဟာ ကျနော်တို့ကို ရှေ့ဆက်စေတယ်။ ဒီပရိသတ်တွေ၊ ဒီမြန်မာပြည်သူတွေကို ရှေ့ဆက်စေတယ်” ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။ “ရွာတရွာမှာ အမေအိုတယောက်က ကျနော်တို့ ရုပ်ရှင်ကို ကြည့်ပြီး သူ့ရဲ့နားကပ်ကို တော်လှန်ရေးအတွက် လှူတယ်။ အဲဒီ နားကပ်ကို အမေရိကန် ပြည်ထောင်စု၊ မေရီလန်းမှာ လေလံတင်တယ်လို့ ကျနော်ထင်တယ်။ အဲဒီငွေကို အဲဒီရွာနဲ့ PDF ကို ကျနော်တို့ လှူလိုက်တယ်” ဟု ၎င်းက ပြောသည်။

“မြန်မာပြည်သူတွေ ဒုက္ခခံစားနေရတယ်။ ကျမတို့ထက် အများကြီးပိုဆိုးတယ်။ ကျမတို့ ပြည်သူတွေနဲ့အတူ ရပ်တည်ရမယ်။ ကျမတို့ ဆက်လက် တိုက်ပွဲဝင်ရမယ်” ဟု မင်းသမီး ပိုင်ဖြိုးသုက ပြောသည်။

(Hollywood Reporter ပါ Scott Roxborough ၏ The Myanmar Filmmakers Fighting the Junta From Abroad ကို ဘာသာပြန်သည်။)

You may also like these stories:

ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ

ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

ရုပ်ရှင်နဲ့ ပြဇာတ်ဌာနမှ ဆရာ၊ ဆရာမများ အလုပ်ထုတ်ခံရပါက ကူညီမယ့် ဒါရိုက်တာ ဏကြီး

ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

လင်းလင်း၊ ချစ်သုဝေ အပါအဝင် လူသိများသူအချို့ နေအိမ်များ ချိပ်ပိတ်ခံရ

Your Thoughts …
Tags: Artists’ ShelterLBGTQ+PDFဂျာမနီစစ်ကောင်စီစစ်အာဏာသိမ်းမှုဏကြီးပိုင်ဖြိုးသုရုပ်ရှင်ပွဲတော်အနုပညာအာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုအိန္ဒြာကျော်ဇင်
Scott Roxborough

Scott Roxborough

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)

အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ (ရုပ်/သံ)

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved