• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ

by ဧရာဝတီ
15 September 2021
in Entertainment
A A
What happened to the wolf ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတချို့

What happened to the wolf ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတချို့

47.5k
VIEWS
Share on FacebookShare on Twitter

ဂျာမဏီနိုင်ငံမှ ရုပ်ရှင်ပွဲတော် တခုဖြစ်သည့် Oldenburg International Film Festival တွင် ဒါရိုက်တာ ဏကြီး ရိုက်ကူးထားသည့် What happened to the wolf ရုပ်ရှင်ဇာတ်ကားဖြင့် Seymour Cassel Award for Outstanding Performance ဆန်ခါတင်အဖြစ် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ရွေးချယ်ခံထားရကြောင်း သိရ သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဂျာမဏီနိုင်ငံတွင် ကျင်းပမည့် Oldenburg International Film Festival တွင် ယနေ့ (စက်တင်ဘာလ ၁၅ ရက်) မှ စက်တင်ဘာ ၁၉ ရက်အထိ World Premiere အဖြစ် ပြသသွားမည် ဖြစ် ကြောင်း သိရသည်။

What happened to the wolf ရုပ်ရှင်ကား စတင်ရိုက်ကူးစဉ်က ဇာတ်ကား နာမည်အား ဖော်ပြခဲ့ခြင်း မရှိပေ။ အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက သူကျောင်းပြီးစဉ် အချိန်ကတည်းက ရိုက်ကူးချင်ခဲ့သည့် ဇာတ်ကား ဖြစ်သည့် အကြောင်းလည်း ပြောကြားထားသည်။

What happened to the wolf ရုပ်ရှင်ဇာတ်ကားထဲတွင် သရုပ်ဆောင်များအဖြစ် အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊ အောင်မြင့်မြတ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်များအဖြစ် ကျော် ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာ တို့က သရုပ်ဆောင်ထားကြသည်။

 

မိတ်ကပ် ပညာရှင် မေဦးက “မီ ရုပ်ရှင်ပြီးတော့ မေဦးနဲ့ မေဦးရဲ့ make up team က ပြင်ပေးရတဲ့ အမှတ်တရ များစွာနဲ့ ရုပ်ရှင်ကားလေး။ ဒီကားလေးမှာ ရင်ထဲက အနုပညာတွေနဲ့ ကြိုးစားခဲ့ကြတဲ့ အစ်မနဲ့ သုသု ကိုဏကြီးနဲ့ အောင်မြင့်မြတ် မေဦးတို့ အားလုံးက အခုဆို တနေရာစီမှာ ဒုက္ခကိုယ်စီနဲ့ ဖြတ်သန်းရင်း ဒီရုပ်ရှင်ကားလေး ပိတ်ကားပေါ် ရောက်မယ့်ရက်ကို စောင့်ဆိုင်းနေကြပါတယ်။ လွမ်းတယ် အစ်မနဲ့ သမီးလေးသု” ဟု ပြောသည်။

အမေရိကန် ရုပ်ရှင်ဝေဖန်ရေးဆရာ Chris Gore ၏ “Ultimate Film Festival Guide” တွင် Oldenburg International Film Festival အား Independent Film Festivals များထဲတွင် Top 5 အဖြစ် သတ်မှတ် ဖော်ပြထားသည်။

Top 25 Coolest Film Festivals in the World အဖြစ် သတ်မှတ်ခြင်းခံရသည့် Oldenburg သည် ၎င်း၏ အောင်မြင်မှုအား တီထွင်ကြံဆမှုနှင့် Independent Filmmaking များအတွက် ခိုင်မာသည့် ရပ်တည် ပေး ဆပ်မှုဖြင့် တည်ဆောက်ခဲ့သည်။

Oldenburg သည် Independent Filmmakers များ၏ (ပုံမှန်နှင့်) မတူကွဲပြားသည့် အမြင်နှင့် ထုတ်ဖော်သံများ ကို ထောက်ပံ့ အားပေး ချီးမြှောက်ရန်နှင့် အနုပညာသမားများ၏ ဖန်တီးနိုင်အားကို ဂုဏ်ပြုရန် ရည်ရွယ်လျက် ရုပ်ရှင်ရိုက်ကူးသူများ၊ ပရိသတ်များနှင့် Media Professionals များအတွက် တမူထူးခြားသည့် အတွေ့အကြုံနှင့် စိတ်အားတက်ကြွဖွယ် ဆုံရပ်နေရာအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

လက်ရှိတွင် အဆိုပါ ရုပ်ရှင်၌ ပါဝင်ထားကြသည့် ဒါရိုက်တာနှင့်တကွ သရုပ်ဆောင်အများစုမှာ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ပြည်သူများနှင့် တသားတည်း ရပ်တည် ဆန္ဒပြခဲ့ခြင်းကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေ မှု ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရပြီး အိန္ဒြာကျော်ဇင်မှာ အင်းစိန်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရ သည်။

You may also like these stories:

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

သရုပ်ဆောင်များထဲမှ မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာ

၅၀၅ (က) ဖြင့် တရားစွဲခံရသည့် အနုပညာရှင်တချို့ အဖမ်းမခံရစေရန် ခံဝန်ရေးထိုး

Your Thoughts …
Tags: What happened to the wolfဂျာမဏီရုပ်ရှင်ပွဲတော်ပိုင်ဖြိုးသုအိန္ဒြာကျော်ဇင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
1.5k

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

by ဧရာဝတီ
8 July 2023
4.6k

ကျနော်တို့က ရှောင်လာရတဲ့ အနုပညာသမားတွေနဲ့ ဖန်တီးမှု အနုပညာလုပ်ငန်းက လူတွေကို ကူညီချင်တယ်။

သရုပ်ဆောင် မေတိုးခိုင်  / ချစ်ပိုး / ဧရာဝတီ

“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်

by ချစ်ပိုး
4 November 2019
10.5k

ပုဆိုးကြီး မပြီး စကားပြောတာတွေလည်း သဘောကျတယ်။ ဖူးကို ဘယ်လို ဇာတ်ရုပ်ဖြစ်ဖြစ် ဖူးတကယ်ကြိုက်တယ်၊ နှစ်သက်တယ် လုပ်နိုင်မယ်ဆိုရင် ဖူးလည်း အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါ။

ကမ္ဘာပတ်နေတဲ့ “ထာဝရနှောင်ကြိုး” (ရုပ်/သံ)

ကမ္ဘာပတ်နေတဲ့ “ထာဝရနှောင်ကြိုး” (ရုပ်/သံ)

by ဧရာဝတီ
20 November 2025
109

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ကားကို နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု / ဝေဝေနှင်း / ဧရာဝတီ

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

by ချစ်ပိုး
4 February 2020
6.5k

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားကို လက်ခံဖြစ်တာက ဆရာမ နုနုရည် (အင်းဝ) က သု အရမ်းကြိုက်တဲ့ စာရေးဆရာမ ဖြစ်နေတော့ ကမာရွတ်မီဒီယာက ဆက်သွယ်လာတာနဲ့ ရိုက်ဖြစ်တာပါ။

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

Next Post
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များကို ၂၀၁၇ ခုနှစ်က တနိုင်းမြို့နယ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ

ရန်ကုန်မြို့ရှိ တယ်လီနော၏ သုံးစွဲသူဝန်ဆောင်ရေး ဌာနတခု / ဧရာဝတီ

မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved