ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ကားကို နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပါတယ်။
ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားကို အမေရိကန်၊ စင်္ကာပူ၊ မလေးရှားနိုင်ငံ၊ ဩစတြေးလျ၊ ထိုင်းနိုင်ငံ၊ ကိုရီးယား နဲ့ အင်္ဂလန်နိုင်ငံ တို့မှာ ပြသခဲ့ပြီးဖြစ်ကာ ဂျပန်နိုင်ငံမှာ ဆက်လက်ပြသသွားဖို့ရှိနေပါတယ်။
ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင် ဇာဏ်ခီတို့ဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။
ဒါ့အပြင် ဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာလည်း အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်စာရင်းထဲပါဝင်သူဖြစ်ပြီး လက်ရှိအချိန်ထိ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
နိုင်ငံအသီးသီးက မြို့တွေမှာ ပြသနေတဲ့ ဒီရုပ်ရှင်ဟာ လက်မှတ်အကုန်ရောင်းရပြီး အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













