• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနိုင်း- ရှင်ဗွေယန်လမ်းတွင် KIA နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေ

by ဧရာဝတီ
15 September 2021
in သတင်း
A A
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များကို ၂၀၁၇ ခုနှစ်က တနိုင်းမြို့နယ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များကို ၂၀၁၇ ခုနှစ်က တနိုင်းမြို့နယ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

64.3k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ တနိုင်း- ရှင်ဗွေယန်ကားလမ်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်များကြား တိုက်ခိုက်မှုများ၊ စစ်ရေး တင်းမာမှုများ ရှိနေသည်ဟု သတင်းရရှိသည်။

တနိုင်းမြို့မှ ရှင်ဗွေယန်မြို့သို့ သွားသည့် ကားလမ်းရှိ တရုန်ကျေးရွာအနီးတွင် KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၅ နှင့် စစ်ကောင်စီ ၏ တပ်များကြား စက်တင်ဘာ ၇ ရက်မှစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ယနေ့ မနက် ပိုင်းတွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားထားသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပွဲဖြစ်တာကတော့ စစ်ကောင်စီဘက်က တနိုင်း ဒကစကနေ ရှင်ဗွေယန်၊ ဒိန်ခက် ဆိုတဲ့ဘက်မှာ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာပါ ခင်ဗျ။ အသေးစိတ် ကတော့ မသိပါဘူး။ အဲဒီဘက်က ကျနော်တို့ တပ်ရင်း ၄၆ နယ်မြေ ဖြစ်နေတာ။ အဲဒီဘက်မှာ စစ်ရေးလှုပ်ရှားလာ တယ်။ ကြားရတဲ့ သတင်းက ရွာမှာလည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ခရစ်ယာန်ကျောင်းမှာလည်း နေရာယူ ထားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

KIA နှင့် စစ်ကောင်စီတပ်များကြား စစ်ရေး တင်းမာနေသည့် နေရာများ

တနိုင်း- ရှင်ဗွေယန် လမ်း၌ ဖြစ်သည့် တိုက်ပွဲများသည် စစ်ကောင်စီဘက်မှ KIA တပ်များရှိရာဘက်သို့ တိုးဝင်လာ သဖြင့် တိုက်ပွဲဖြစ်ရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “သူတို့ အင်အားတွေ ဘယ်လောက်များလဲ ကျနော်တော့ မသိပါဘူး။ အဲဒီဘက်မှာက တိုက်ပွဲ တွေက ၃ ကြိမ် ရှိပါပြီဖြစ်တာက။ သူတို့ နောက်မဆုတ်ဘဲ ဆက်တက်ရင်တော့ တိုက်ပွဲက ဆက်ဖြစ်ဖို့ ရှိပါတယ်။ သူတို့ တပ်တွေ ပြန်ဆုတ်သွားရင်တော့ ပြန်ပြီး တည်ငြိမ်သွားမှာပါ။ မဟုတ်ဘဲ KIA တပ်တွေ ရှိတဲ့ဘက်ကို ဦးတည် လှုပ်ရှားရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့တော့ ရှိပါတယ်” ဟု ဆိုသည်။

စစ်ရေး အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် စစ်ကောင်စီဘက်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ဒေသခံများက စစ်ကောင်စီ၏ တပ်များသည် စစ်အာဏာသိမ်းမှု မဖြစ်ခင်အချိန်ထိ တရုန်ကျေးရွာတွင်း စခန်းချကာ နေထိုင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် တပ်ဖွဲ့များ နောက်ဆုတ်ခြင်းများ လုပ်ဆောင်ရာ တရုန်သို့ KIA တပ်များ ဝင်လာခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

KIA ဝင်ရောက်လာပြီးနောက်တွင် တရုန် ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတခုကို မီးရှို့ဖျက်ဆီးလိုက်ပြီး တနိုင်း-ရှင်ဗွေယန် ကားလမ်းတွင် နေ့စဉ်သွားလာနေသည့် ကုန်ကားများ၊ ခရီးသွားကားများကိုလည်း ငွေကြေး ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

တနိုင်းဘက်မှ တရုန်ကျေးရွာဘက်သို့ တက်လာသည့် စစ်ကောင်စီ၏ တပ်များသည် အင်အား ရာနှင့်ချီ ရှိသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ပြောသည်။

စက်တင်ဘာ ၇ ရက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများက တနိုင်းမြို့ဘက်မှ တနိုင်း-ရှင်ဗွေယန် လမ်းအတိုင်း တက်လာရာ KIA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး စက်တင်ဘာ ၁၀ ရက်တွင် KIA တပ်ဖွဲ့များ နောက်ဆုတ်သွားရာ စစ်ကောင်စီတပ်များက တရုန်ကျေးရွာတွင်း ဝင်ရောက် နေရာ ယူလိုက်သည်ဟု သိရသည်။

ဒေသခံတဦးက “၁၀ ရက်နေ့က စစ်ကောင်စီက တရုန်ကို ရသွားတယ်။ ရသွားတော့ တပ်ရင်း ၄ ခု ဝင်လာတယ်။ နောက်ရက်ကျ အစည်းအဝေးလုပ်ပြီး ရွာကလူတွေကို ပြောထားတာ။ ငါတို့ကို KIA တွေ လာပစ်ရင် မင်းတို့ရွာကို မီးရှို့မယ်လို့ ပြောတယ်။ သူတို့အခု အကုန်လုံးအခု ဘုန်းကြီးကျောင်းမှာ နေတယ်။ နဂိုရှိတဲ့ သူတို့စခန်းက ၆ ရက်၊၇ ရက်လောက်တည်းက KIA က အကုန်မီးရှို့ပေးလိုက်တာ ဘာမှကို မကျန်ဘူး” ဟု ပြောသည်။

စစ်ကောင်စီဘက်မှ တရုန်ရွာမှ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများကို အစည်းအဝေးခေါ်ယူကာ ပြောဆိုသဖြင့် ဘာသာရေးဆရာများသည်လည်း ရွာတွင်းသို့ လာရောက် မပစ်ခတ်ရန် KIA ထံသို့ စာပို့ခဲ့ကြရသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် တရုန်ကျေးရွာတွင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး တရုန်ရွာ ဧရိယာအတွင်းနှင့် တနိုင်း- ရှင်ဗွေယန် ကားလမ်းအနီးတွင် တပ်စခန်းများ ပြန်တည်ဆောက်ရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်များ တရုန်ကျေးရွာသို့ ဝင်ရောက်လာပြီးနောက် တရုန်ဒေသခံများသည်လည်း တနိုင်းမြို့ပေါ်သို့ ထွက်ပြေး သူများ ရှိကြသည်။

ဒေသခံ တဦးကလည်း “သူတို့ အခု ဝင်တာ စစ်ကြောင်း ၃ ကြောင်း၊ တပ်ရင်း ၄ ရင်း ပါတယ်တဲ့။ အခု တရုန်မှာ အိမ် စောင့်လောက်ပဲ ကျန်ခဲ့တာ။ အကုန်နီးပါး ပြေးကုန်ကြပြီ။ ၁၀ ရက်နေ့ စဝင်တော့ သူတို့က မှောင်တဲ့ အချိန်မှာ ရွာထဲ ဝင်တာ၊ ရွာသားတယောက်က မသိဘဲ တံတားမှာ လမ်းလျှောက်နေတာကို ဖမ်းရိုက်လိုက်တာ သေသွားတယ်။ အဲဒီ ညပဲ အမျိုးသမီးတယောက်လည်း ကားနဲ့ တနိုင်းဘက်ပြေးတာ လှမ်းပစ်လို့ ကျည်တော့ မထိဘူး။ မှန်ကွဲပြီး မှန်စတွေ ထိသွားတယ်။ ခြေထောက်မှာလည်း ထိထားတယ်”ဟု ပြောသည်။

တရုန်ကျေးရွာမှ တနိုင်းမြို့သို့ သွားသည့် လမ်းတွင် တည်ရှိသည့် လဂျားဘွမ်ကျေးရွာမှ မုဆိုးနှစ်ဦးကိုလည်း စစ် ကောင်စီတပ်များက တောတွင်းတွေ့သဖြင့် ဖမ်းဆီးရ်ိုက်နှက်ခြင်းများ ပြုလုပ်ထားသည်။

အဆိုပါ မုဆိုးနှစ်ဦးသည် မိသားစု စားနပ်ရိက္ခာ ဝယ်ယူရန် ရွာမှ ထွက်လာခြင်းဖြစ်ပြီး တူမီးသေနတ်များ ပါလာသဖြင့် ၎င်းတို့ကို KIA တပ်ဖွဲ့များအဖြစ် စွပ်စွဲကာ ဖမ်းဆီး စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

လဂျားဘွမ် ကျေးရွာမှ ဒေသခံတဦးကလည်း “အေးအေးဆေးဆေးပဲ။ တရုန်ကတော့ အများကြီး ဆိုင်ကယ်နဲ့ တနိုင်း ဘက် တက်ပြေးကြတာ မြင်နေရတယ်။ ကလေးတွေ အဖေတွေ ဆိုင်ကယ်နဲ့ အသားကုန်ပြေးကြတာ ဒီမှာဖြတ်သွား တာ မြင်နေရတာ။ တရုန်နဲ့ တနိုင်းက ၁၅ မိုင်နဲ့ မိုင် ၂၀ လောက် ရှိပါတယ်။ ကျနော်တို့က ကြားက ရွာဆိုတော့ သူတို့ ဖြတ်သွားတာ မြင်နေရတာပါ။ ကျနော်တို့လည်း ကြားကရွာဆိုတော့ လုံခြုံတယ်လို့တော့ မခံစားရဘူး” ဟု ပြော သည်။

စစ်ကောင်စီ တပ်များသည် ဒေသခံများကို ပြောဆိုရာတွင် KIA က တနိုင်း-ရှင်ဗွေယန် ကားလမ်း၌ သွားလာနေသည့် ကားများကို ငွေကြေးကောက်ခံမှုများ ပြုလုပ်သဖြင့် ၎င်းတို့က လာရောက်ရှင်းလင်းခြင်းနှင့် လမ်းရှင်းခြင်း လုပ်ဆောင် ရသည်ဟု ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။

KIA နှင့် စစ်ကောင်စီတပ်များကြား တိုက်ခိုက်မှုများ ဖြစ်ပွားထားပြီး စစ်ရေးတင်းမာမှု ရှိနေသည့် တနိုင်း-ရှင်ဗွေယန် လမ်းသည် မြစ်ကြီးနား-တနိုင်း- ရှင်ဗွေယန် လမ်းမှတဆင့် စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း -ပန်ဆောင်မြို့များသို့ ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ကာ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ အားလုံး ကိုလည်း အဓိက သယ်ဆောင်သည့် လမ်းဖြစ်သည်။

လက်ရှိတွင် တိုက်ခိုက်မှုများ ရှိသော်လည်း တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်း မဟုတ်သဖြင့် ဒေသခံ ကားသမားများ၊ ကုန်ကားများမှာ စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး နေ့စဉ် လမ်းကို အသုံးပြုခြင်း၊ ကုန်သွယ်ခြင်းများ လုပ်ဆောင် နေကြဆဲ ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီနှင့် KIA သည် တနိုင်းမြို့နယ်တနေရာတည်းတွင်သာ တိုက်ပွဲဖြစ်ပွားနေခြင်း မဟုတ်ဘဲ ကချင် ပြည်နယ် အတွင်း ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဖားကန့်၊ မိုးမောက်၊ ရွှေကူ၊ ဗန်းမော်၊ ပူတာအို မြို့နယ်တို့အတွင်း၌ လည်း တိုက်ပွဲများ ဖြစ်ပွားထားသည်။

စစ်တပ်က အာဏာမသိမ်းခင်ကာလတွင် KIA သည် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်ကို ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေခဲ့သဖြင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများ မဖြစ်စေရန် ၂ နှစ်ခန့် စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းထားခဲ့ သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း လူထုက လမ်းပေါ်ထွက် ဆန္ဒပြ ဆန့် ကျင်ကြရာတွင် စစ်တပ်အနေဖြင့် လူထုအား သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် KIA က စကားပါး ခဲ့သည်။

ထို့နောက် မတ်လအတွင်း မြစ်ကြီးနားမြို့ပေါ်၌ ဆန္ဒပြလူထုကို ပစ်ခတ်ဖြိုခွင်းရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီးနောက် ၃ ရက်အကြာ၊ မတ် ၁၁ ရက်မှစ၍ KIA က စစ်ကောင်စီတပ်များ၊ ရဲကင်း စခန်းများကို တိုက်ခိုက်ခြင်းများ ပြုလုပ်ကာ လူထုနှင့် ရပ်တည်မည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီဘက်ကလည်း KIA နှင့် ဖြစ်သည့် တိုက်ပွဲများတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြု တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ကချင်ပြည်နယ်တွင်းသို့လည်း စစ်အင်အားများကို ထောင်နှင့်ချီ ထပ်မံတိုးချဲ့ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်တင်းခြင်းများကို ပြုလုပ်လျက် ရှိသည်ဟု KIA ဘက်က ပြောသည်။

စက်တင်ဘာလအတွင်း၌လည်း KIA၏ ဗဟိုအုပ်ချုပ်ရေး နယ်မြေ၊ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ ရှေ့တန်းတပ်များတွင် စစ်ကောင်စီက အင်အားများ ထပ်မံဖြည့်တင်းခြင်းများ လုပ်ဆောင်ထားသည်ကို တွေ့ရသည်ဟု KIA ထံက သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

You may also like these stories:

စစ်ကောင်စီ သတ်သွားသည့် ဂန့်ဂေါဒေသခံများ လိင်အင်္ဂါများပါ ဖြတ်ခံထားရ

ကယားတွင် ဒေသခံ ၂၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး

လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်

Your Thoughts …
Tags: KIAစစ်ကောင်စီတနိုင်းမြို့နယ်တိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်မြို့ရှိ တယ်လီနော၏ သုံးစွဲသူဝန်ဆောင်ရေး ဌာနတခု / ဧရာဝတီ

မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြင်ဦးလွင် ခရီးစဉ်  / CINCDS

နိုင်ငံတော်ကို ခေတ္တတာဝန်ယူခြင်းသာ ဖြစ်ကြောင်း စစ်ခေါင်းဆောင် တပ်အတွင်းရှင်းပြနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved