• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုးမကို ကျော်လာသည် ရခိုင်စစ်

by စောလွင်
25 January 2025
in သတင်း
A A
ရိုးမကို ကျော်လာသည် ရခိုင်စစ်

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလက ကြည်း- ရေ- လေ ပူးတွဲပြုလုပ်သည့် ဆင်ဖြူရှင် စစ်ရေးလေ့ကျင့်မှု (CINCDS)

9.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်စစ်ပွဲက တဖြည်းဖြည်း ပျံ့နှံလာရာ ယခုဆိုလျှင် ရိုးမကိုကျော်၍ ဧရာဝတီတိုင်းရှိ ရေကြည်မြို့နယ်တွင်းကိုပါ ချဉ်းနင်းဝင် ရောက်လာပြီဟု ဆိုရမည်။

အာရက္ခတပ်တော် (AA)၏ ဇန်နဝါရီ ၂၀ ရက် ထုတ်ပြန်ချက်အရ ဆိုလျှင် ရေကြည်မြို့ချင်းစုကျေး ရွာအနီး၊ ဂွ- ငါးသိုင်း ချောင်းလမ်းပေါ်ရှိ ဧရာဝတီတိုင်းအပိုင်တွင် ပါသော ပွိုင့် (၃၆၉)တွင် ဖြစ်ပွားနေကြောင်း သိရသည်။

ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်မြို့နယ်၏ မြေမျက်နှာသွင်ပြင်က ရခိုင်ရိုးမနှင့် ဆက်စပ်နေသလို ငဝန်မြစ်က ဖြတ်သန်းစီးပြီး အရှေ့ဘက်၌ ကျုံပျော်၊ တောင်ဘက်၌ ကျောင်းကုန်း၊ အနောက်ဘက်၌ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ မြောက်ဘက်၌ လေးမျက်နှာမြို့နယ်များနှင့် ထိစပ်နေပြီး ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့တို့နှင့် ဖွဲ့စည်းထားသည်။

ရေကြည်မြို့အနောက်ဘက် ရခိုင်ရိုးမခြေတွင် ဘိုးတော်၊ ကြက်ပေါင်၊ ကွင်းချောင်းစသည့် သစ်တောကြိုးဝိုင်းကြီးများ ကာရံ ထားပြီး ယခုအခါ သာပေါင်းမြို့ မြောက်ဘက်၊ ရိုးမအစပ်နေရာများ၌ တိုက်ပွဲများဖြစ်နေကြောင်း၊ ရေကြည်ဘက်မှ လက်နက်ကြီးသံအချို့ ကြားရကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ရေကြည်မြို့ပေါ်တွင် ထူးခြားသည့် စစ်ရေးပြင်ဆင်မှုများ စစ်ကောင်စီဘက်က ပြုလုပ်လာသည်ကို မတွေ့ရ သေးသော်လည်း လုံခြုံရေးအခြေအနေကြောင့် ညနေပိုင်းဆိုလျှင် ဈေးဆိုင်များ စောစောပိတ်သိမ်းကြသည်ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ဇန်နဝါရီ ၈ ရက်၌ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှ မိုင် ၂၀ ကျော်အကွာရှိ မကျီးဇင်ကျေးရွာတွင် AA က တိုက်ပွဲ စတင်ဖော် ဆောင်ခဲ့ပြီးနောက် ယခုအခါ ထိတွေ့တိုက်ပွဲငယ်တချို့ ဧရာဝတီတိုင်းအတွင်းပိုင်း တိုးဝင်ဖြစ်ပွားလာခြင်းဖြစ်သည်။

စစ်ရေးလေ့လာသူတဦးက“PDF တွေကတော့ ဧရာဝတီထဲကို ရအောင်ထိုးဖောက်လိမ့်မယ်လို့ထင်တယ်။ ဂွတို့၊ မကျီးဇင်တို့ သိမ်းပြီးတော့ ငရုတ်ကောင်း၊ သာပေါင်း၊ အပေါ်ဘက်ဆို ငသိုင်းချောင်း၊ ရေကြည် ကြိုက်တဲ့နေရာ ထိုးလို့ရတာကိုး” ဟု သုံးသပ်သည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
40
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
205
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

ရေကြည်မြို့နယ်သည် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပေါ်တွင် ရှိသလို ကားလမ်းအရလည်း ပုသိမ်- မုံရွာလမ်းပိုင်း တွင်ရှိပြီး စီးပွားရေးမြို့တော် ရန်ကုန်နှင့်လည်း ဆက်သွယ်ထားကာ ဒေသတွင်း ဖြတ်သန်းစီးဆင်းနေသည့် ငဝန်မြစ်ကို သုံး၍ ပုသိမ်သို့ သွားနိုင်သည်။

ရခိုင်ကမ်းမြှောင်နှင့် ထိစပ်နေသည် ဧရာဝတီတိုင်းဒေသအချို့ကို ပြသည့် မြေပုံ / ဧရာဝတီ

ဧရာဝတီတိုင်း မြို့တော်ပုသိမ်သည် ဆိပ်ကမ်းမြို့ ဖြစ်ကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လည်း အခြေစိုက်ထားသလို ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြစ်ဝကျွန်းပေါ်သည် ကရင့်တော်လှန်ရေးတွင် အရေးပါပြီး အမျိုးသားရေး အမြင် သက်သက်ဖြင့် တိုက်ခဲ့သည့် အင်းစိန်တိုက်ပွဲအပြီး ပထမလမ်းစဉ် ကျရှုံးပြီးနောက် ဝိန့်ထောင် ကွန့်ဖရင့်ကျင်းပကာ ဒုတိယလမ်းစဉ်ကို ချမှတ်၍ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးတွဲပြီး ဧရာဝတီတိုင်းကို အခြေခံကာ ၁၉၇၀ကျော် ကာလ များတိုင် တပါတီအာဏာရှင်ကို တိုက်ခိုက်ခဲ့သလို ထို့အတူ ၁၉၉၂ ခုနှစ် ပင်လယ်နှင့် နီးသော ဘိုကလေးမြို့နယ်ကို အခြေခံဒေသတည်ဆောက်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကြိုးစားခဲ့ဖူးသည်။

လက်ရှိ စစ်တပ်နှင့် AA ကြား တိုက်ပွဲများက ရခိုင်ကမ်းမြှောင်နှင့် ထိစပ်နေသည့် ပုသိမ်ခရိုင်တွင်း ပျံနှံ့လာရာ ချောင်းသာ ကမ်းခြေမှ မိုင် ၃၀ ကျော်ကွာသည့် ဘောမိကျေးရွာသည်လည်း စစ်ကောင်စီ ဗုံးဒဏ်ကြောင့် ပြာပုံသာကျန်တော့သလို
တဆက်တည်းရှိသည့် ရွှေသောင်ယံ၊ ငွေသောင်ယံမှ ဒေသခံတို့ မြို့တော်ပုသိမ်ဘက်သို့ ထွက်ပြေးခိုလှုံနေပြီး ချောင်းသာ ငွေဆောင် စသည့် ကမ်းခြေသို့ လည်ပတ်မည့်သူများလည်း ခရီးစဉ်ဖျက်သိမ်းကာ ဟိုတယ်များလည်း ပိတ်သိမ်းလာသည်။

စစ်ကောင်စီဘက်ကလည်း ပုသိမ်နှင့် အခြားမြို့နယ်များမှ သံချပ်ကာကားများ အပါအဝင် တပ်များကို ရွှေသောင်ယံ၊ ငွေဆောင်နှင့် ချောင်းသာမြို့များသို့ ဖြန့်ကျက်ပြီး ခံစစ်စည်းများ ပြင်ဆင်နေကြောင်း စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်း မြစ်များက ဆိုသည်။

ရွှေသောင်ယံ ဒေသခံတဦးက “မကျီးဇင်ဘက်မှာ တိုက်ပွဲတွေစကတည်းက ဒီရွှေသောင်ယံတကြောကို အင်အားတွေ တောက်လျှောက်ဖြည့်နေခဲ့တာ။ တင့်ကားတွေ၊ အမိုးအုပ်ထားတဲ့ကားတွေ၊ စစ်ကားတွေအစုံပဲ။ ကားတွေက တခါခါလာရင် အစီး ၂၀/ ၃၀ အများကြီးပါတယ်။ ဘောမိတိုက်ပွဲပြီးတော့လည်း သင်္ဘောတွေနဲ့ပါ ထပ်ဖြည့်ထားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်းသို့ AA ထိုးစစ်မဆင်မီ ရက်အနည်းငယ်လို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အသစ်စုဆောင်းထားသည့် စစ်သားများကို အားပေးရန် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ) အခြေစိုက်ရာ တိုင်းမြို့တော် ပုသိမ်မြို့ကို သွားရောက်ခဲ့သည်။

ထို့နောက် ဇန်နဝါရီ ဒုတိယပတ်နှင့် တတိယပတ်တွင်း၌ပင် AA နှင့် PDF ပူးပေါင်းတပ်များက ရွှေသောင်ယံဒေသအတွင်းရှိ မကျီးဇင်ကျေးရွာနှင့် ဘောမိကျေးရွာတို့ကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။ ရွှေသောင်ယံသည် ပုသိမ်မြို့ အနောက်မြောက် ဘက် ကီလိုမီတာ ၄၀ ခန့်ရှိ ဧရာဝတီကမ်းခြေမြို့ဖြစ်သည်။

ရွှေသောင်ယံနှင့် ၁၅ မိုင်ခန့်ဝေးသည့် ဘောမိရွာတွင် စစ်ကောင်စီက တင့်ကားများ ပါဝင်သည့် အင်အား ၄၀၀ ကျော်ဖြင့် ခံစစ်ပြင်ထားခဲ့သည့်အပြင် တိုက်ပွဲအတွင်း ရေကြောင်း၊ လေကြောင်းတို့ကပါ ပစ်ကူပေးခဲ့သော်လည်း ဇန်နဝါရီ ၁၈ ရက်၌ တွင် ထိခိုက်ကျဆုံးများစွာဖြင့် ဘောမိရွာမှ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ရွှေသောင်ယံ ဒေသခံတဦးက “ဘောမိရသွားတော့ ကမ်းခြေပတ်လမ်း ပွင့်သွားပြီလို့တော့ ပြောလို့မရသေးဘူး။ ရွှေသောင်ယံနဲ့ ဘောမိကြားက တချို့ပင်လယ်ဝရွာတွေနဲ့ ရွှေသောင်ယံမှာက ဘောမိမှာထက် ခံစစ်ကို အဆပေါင်းများစွာ ပြင်ထားတော့လေ” ဟု ပြောသည်။

စစ်ကောင်စီက ရွှေသောင်ယံတွင် ပုသိမ်တပ်နယ်အပြင် ရန်ကုန်တိုင်းမှ အင်အားများပါ ဖြည့်ထားသည့်အတွက် ခန့်မှန်း အင်အား ၄၀၀၀ ခန့်ထိ ရှိနိုင်ကြောင်းနှင့် တင့်ကားများ၊ ဟောင်ဝစ်ဇာများဖြင့်လည်း ခံစစ်အခိုင်အမာ ပြင်ထားသည်ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု (ဆင်ဖြူရှင်စစ်ဆင်ရေး) ကို အင်အား ၈,၀၀၀ ကျော်ဖြင့် ရွှေသောင်ယံ၊ ဝက်သေကျေးရွာ၌ စစ်ရေးပြခဲ့မှုအပြီး လက်ရှိ အင်အားထောင်ချီ ဖြည့်တင်းထားမှုသည် ရွှေသောင်ယံတွင် ဒုတိယအကြိမ် အများဆုံး ထပ်မံရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်၊ ဂွ မှ ဧရာဝတီတိုင်းအတွင်းသို့ မကျီးဇင်-ရွှေသောင်ယံ-ချောင်းသာ တကြောင်း၊ မကျီးဇင်-ဘောမိ မှ ရိုးပေါ်ဖြတ်၍ သာပေါင်းဘက်တကြောင်းနှင့် ဂွမှ ငသိုင်းချောင်းကားလမ်းအတိုင်း တကြောင်း ဝင်ရောက်နိုင်ပြီး လက်ရှိတွင် AA သည် ရွှေသောင်ယံ၊ ချောင်းသာကမ်းခြေပတ်လမ်းဘက်နှင့် ရခိုင်ရိုးမအစပ်တို့တွင် စစ်ရေးထိုးဖောက်နေသည်ကို တွေ့ရကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်က ဖေဖေါ်ဝါရီက ပုသိမ်မြို့နယ် ရှောပြာကျေးရွာအနီး သစ်တောကြိုးဝိုင်းများကို အခြေခံကာ ဆင်ဖြူရှင်အမည်ပေးထားသည့် ကြည်း-ရေ- လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ခဲ့သေးသည်။

You may also like these stories:

ဧရာဝတီကမ်းခြေမြို့များတွင် စစ်ကောင်စီ ခံစစ်ပြင်

ရုရှားခရီးသွားများအား ဆွဲဆောင်မည့် ချောင်းသာ တိုက်ပွဲကြောင့် ပိတ်ရ

အမ်း-ပဒါန်းလမ်းပေါ်မှ စခန်းများ AA ပူးပေါင်းတပ်တို့ တိုက်ခိုက်

Your Thoughts …
Tags: AAရခိုင်ရိုးမရေကြည်ဧရာဝတီတိုင်း
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)

အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved