• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

by ဧရာဝတီ
25 January 2025
in သတင်း
A A
ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

ဘီလီယံနာ သူဌေးကြီးတွေ ဖြစ်တဲ့ အီလွန်မတ်စ်၊ သမ္မတ ဒေါ်နယ်ထရမ့်၊ Amazon တည်ထောင်သူ Jeff Bezos နဲ့ Meta စီအီးအို မတ်ဇူကာဘတ် / MSNBC

4.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့မှာ သမ္မတ ဒေါ်နယ် ထရမ့် အစိုးရ အဖွဲ့မှာ ပါဝင်မယ့် ဘီလီယံနာ သူဌေးသူကြွယ်တွေ ရောက်ရှိနေပြီး တန်ဖိုးကြီး အိမ်ရာတွေကို အလုအယက် ဝယ်ယူ နေကြပါတယ်။

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ အစိုးရအဖွဲ့မှာ ဘီလီယံနာတွေ ဒါဇင်နဲ့ချီ ပါဝင်နေပြီး သူတို့ဟာ ဦးဆောင်သူ နေရာတွေကို ရယူသွားမယ် လို့လည်း ဆိုပါတယ်။

Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ဒေါ်လာ ၄၂၉ ဘီလီယံ ကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်က အဆိုပါ စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

ထရမ့် ကတော့ ခန့်မှန်းချေ ၆ ဒသမ ၈ ဘီလီယံ ခန့် ကြွယ်ဝတယ်လို့ သိရပါတယ်။

ပိုက်ဆံထက် ပါဝါ အာဏာက ပိုအရေးပါတဲ့ ဝါရှင်တန်မြို့မှာ သူကြွယ်တွေ ဝင်ရောက်လာတာဟာ ပုံမှန်မဟုတ်တဲ့ အပြင် ငွေကြေးနဲ့ အာဏာက အရင်ကထက် ပိုမို ရောယှက်နေပြီ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ထရမ့်ဟာ အမေရိကန် အလုပ်သမား လူတန်းစားကို ဦးစားပေး မဲဆွဲခဲ့ပေမယ့် သူ့အစိုးရအဖွဲ့ ထိပ်ပိုင်း ဦးဆောင်မှု နေရာတွေကို သူ့ရဲ့အချမ်းသာဆုံး အလှူရှင်တွေထဲက တချို့ကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
402
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
143
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

အဆိုပါ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဝင်ငွေတွေ ရရှိနေတဲ့ နယ်ပယ်တွေကို ကြီးကြပ်သွားမယ် လို့လည်း ဆိုပါတယ်။

“လက်ရှိ အခြေအနေကို ရွှေရောင်ခေတ်နဲ့ နှိုင်းယှဉ်ရတာ နှစ်သက်စရာပါ။ ဒါပေမယ့် John D. Rockefeller က McKinley ရဲ့မဲဆွယ်ပွဲတွေကို တကယ်တမ်း ပုံဖော်ပေးခဲ့တာ မဟုတ်ခဲ့တဲ့ အပြင် အိမ်ဖြူတော်ကိုလည်း ရောက်ရှိ မလာခဲ့ပါဘူး” လို့ သမ္မတ ဘီလ်ကလင်တန် (Bill Clinton) ရဲ့ မိန့်ခွန်းရေး အဖွဲ့ခေါင်းဆောင် Michael Waldman က ပြောဆိုပါတယ်။

အခုတော့ သူက နိုင်ငံရေးမှာ ငွေကြေးကဏ္ဍကို စိစစ်ပေးဖို့ တရားဝင် စနစ် ပြုပြင် ပြောင်းလဲရေးကို ပြုလုပ်မယ့် Brennan Center for Justice မှာ ဥက္ကဌ နဲ့ အမှုဆောင် အရာရှိချုပ် အဖြစ် ထမ်းဆောင်မယ် လို့လည်း သိရပါတယ်။

သူက ထရမ့် အနိုင်ရဖို့ ဒေါ်လာသန်း ၂၅၀ ကျော် ကူညီခဲ့တဲ့ အီလွန်မတ်စ်ကို ရည်ညွှန်း ပြောဆိုခဲ့တာဖြစ်ပြီး မတ်စ်ဟာ အိမ်ဖြူတော်မှာ ရုံးခန်းတနေရာ ရယူမယ်လို့ မျှော်လင့်ရကြောင်း ပြောဆိုပါတယ်။

ဝါရှင်တန်မှာတော့ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာ ဈေးကွက်အတွင်း လှုပ်ခတ်မှုတွေ ဖြစ်သွားစေပါတယ်။

ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ဝန်ကြီး အဖြစ် ထရမ့် ရွေးချယ်ခဲ့ပြီး ဘဏ္ဍာရေး ကျွမ်းကျင်သူ Howard Lutnick ဟာ Fox သတင်း တင်ဆက်သူ Bret Baier ရဲ့ Foxhall လမ်းက ပြင်သစ်စတိုင် နေအိမ်ကို ဒေါ်လာ ၂၅ သန်းနဲ့ ပြီးခဲ့တဲ့လက ဝယ်ယူခဲ့ရာ အဆိုပါနေရာ တဝိုက် အတွက် စံချိန်တင် နှုန်းထားဖြစ်တယ်လို့ သိရပါတယ်။

Forbes မဂ္ဂဇင်း က Howard Lutnick ဟာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကြွယ်ဝတယ်လို့ ဖော်ပြပါတယ်။

ဘဏ္ဍာရေး ဝန်ကြီး အဖြစ် အမည်စာရင်း တင်သွင်းထားသူ Scott Bessent ဟာလည်း သူ့ရဲ့ ဘဏ္ဍာရေး ထုတ်ပြန်ချက် အရ ဒေါ်လာ သန်း ၇၀၀ ကျော် ကြွယ်ဝသူ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာလည်း Georgetown, N Street က ဒေါ်လာ ၇ သန်းတန် Federal-style အိမ်တလုံးကို ကြည့်ရှုခဲ့ပြီး အဆိုပါ အိမ်ဟာ ဆောင်းပါး ရေးသားသူ Joseph Alsop ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတတွေ အားထားခဲ့ရတဲ့ ရှေ့နေတဦးဖြစ်သူ (ကွယ်လွန်) Boyden Gray ရဲ့ Georgetown က ၁၈၅၀ အီတလီစတိုင် နေအိမ်ကိုလည်း ပြီးခဲ့တဲ့လက ဒေါ်လာ ၁၀ ဒသမ ၅ သန်းနဲ့ ရောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ကျင်းပတဲ့ သမ္မတ ဒေါ်နယ်ထရမ့် ကျမ်းကျိန်ပွဲမှာ မတ်ဇူကာဘတ်၊ Jeff bezos ၊ Google စီအီးအို Sundar Pichai နဲ့ အီလွန်မတ်စ် တို့ကို တွေ့ရစဉ် / AP

အိမ်ခြံမြေ အေးဂျင့်တွေက ဝယ်သူကို မဖော်ပြပေမယ့် ထရမ့်ရဲ့ ဒုတိယအကြိမ် သမ္မတ ရွေးကောက်ခံရမှုကြောင့် ဝါရှင်တန်မှာ ဇိမ်ခံအိမ်တွေ ဈေးကွက်ထဲ နည်းပါးနေပြီ လို့လည်း ပြောဆိုကြပါတယ်။

“ရွေးကောက်ပွဲ ကာလကတည်းက ဝါရှင်တန်ကို ရောက်လာခဲ့တဲ့ ကြွယ်ဝ ချမ်းသာမှုတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပါပြီ” လို့ TTR Sotheby’s International Realty အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ရဲ့ အမှုဆောင် ဒုဥက္ကဌ ဖြစ်သူ Jim Bell ကလည်း ပြောပါတယ်။

သူ့ရဲ့အဆိုအရ အေးဂျင့်တွေဟာ ဝါရှင်တန်က ဖောက်သည်တွေဆီ ဆက်သွယ်ပြီး ပြောင်းရွှေ့ လာသူတွေကို ရောင်းချဖို့ စိတ်ဝင်စားမှု ရှိမရှိ မေးမြန်းမှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဂျာနယ်လစ် နဲ့ စာရေးဆရာမ ဖြစ်သူ Sally Quinn ကလည်း ကွယ်လွန်သူ ခင်ပွန်းဖြစ်တဲ့ ဝါရှင်တန်ပို့စ် သတင်းစာ အမှုဆောင် အယ်ဒီတာ Benjamin C. Bradlee နဲ့ နှစ်ပေါင်း ၃၀ ကျော် အတူ နေထိုင်ခဲ့တဲ့ အခန်း ၁၈ ခန်းပါ 1790s Georgetown နေအိမ်ကို ရောင်းချမယ် ဆိုရင် ပေါက်ဈေးထက် နှစ်ဆရမယ် ဆိုပြီး ကမ်းလှမ်းခဲ့တဲ့ အေးဂျင့်ရဲ့ဖုန်းကို လက်ခံ ရရှိခဲ့သေးတယ်လို့ ပြောဆိုပါတယ်။

အဆိုပါအိမ်ကို အေဘရာဟင် လင်ကွန်းရဲ့ သားဖြစ်သူ ရောဘတ်တော့ဒ် လင်ကွန်း ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Ms. Quinn က ဖုန်းခေါ်ဆိုမှု အတွက် ဝမ်းသာပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဘယ်တော့မှ မရောင်းဘူး။ ဒါငါ့အိမ်လို့ ကျမ ပြောခဲ့တယ်” လို့ သူက ပြောပြပါတယ်။

အီလွန်မတ်စ်က လူနေထူထပ်ပြီး ဘားတွေများစွာ ရှိတဲ့ Adams Morgan ရပ်ကွက်ထဲက Line ဟိုတယ်ကို ဝယ်ယူပြီး ကိုယ်ပိုင် ကလပ်အဖြစ် ပြောင်းမယ်လို့ ဒေသသတင်းတွေက ဖော်ပြနေပေမယ့်လည်း ဝါရှင်တန်ရဲ့ဘယ်နေရာမှာ နေမယ် ဆိုတာ သေချာ မသိရသေးဘူးလို့ ဆိုပါတယ်။

SpaceX နဲ့ Tesla တည်ထောင်သူ အီလွန်မတ်စ်ဟာ ဗဟိုအစိုးရ နဲ့ ဘီလီယံချီ တန်တဲ့ စာချုပ်တွေ ချုပ်ထားတယ်လို့ သိရပါတယ်။

အတည်ပြုနိုင်ဖို့ သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီးကို ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

မတ်စ် ဟာ အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေး ဌာနရဲ့ ပူးတွဲဦးဆောင်သူ အဖြစ် အိမ်ဖြူတော်ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ Eisenhower Executive Building မှာ ရုံးထိုင်မယ် လို့လည်း ဆိုကြပါတယ်။

မတ်စ်နဲ့ ပူးတွဲ ဦးဆောင်မယ့် သူက ဆေးဝါးဆိုင်ရာ စွန့်ဦးတီထွင်သူ Vivek Ramaswamy ဖြစ်ပြီး Forbes ရဲ့ ဖော်ပြချက် အရ ဒေါ်လာ ၁ ဘီလီယံ ကြွယ်ဝတယ်လို့ ဆိုပါတယ်။

Vivek Ramaswamy ဟာ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ၂၀၂၆ မှာ စတင် တာဝန်ယူဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။

TTR Sotheby ရဲ့တည်ထောင်သူနဲ့ ပူးတွဲစီမံသူ Jonathan Taylor က အစိုးရအဖွဲ့မှာ မပါဝင်ပေမယ့်လည်း အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ ကြွယ်ဝ ချမ်းသာသူတွေလည်း ဝါရှင်တန်ကို ပြောင်းရွှေ့လာနေကြတယ်လို့ ဆိုပါတယ်။

“စားပွဲမှာ နေရာ တနေရာရဖို့ ကြိုးစားနေတဲ့ ချမ်းသာ ကြွယ်ဝသူတွေ အများကြီးပဲ” လို့လည်း သူက ပြောဆိုပါတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း ပြီးခဲ့တဲ့အပတ် သူ့ရဲ့နှုတ်ဆက်ပွဲမှာ အာဏာရှင်ပုံစံ အမေရိကန်မှာ ပေါ်လွင် လာနေတယ်လို့ သတိပေးခဲ့ပါတယ်။

Ref : The New York Times

Your Thoughts …
Tags: ဒေါ်နယ် ထရမ့်ဘာသာပြန်ဘီလီယံနာဝါရှင်တန်အမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

Next Post
အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)

အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)

ဂျိုးဆက် စတာလင် (၂)

ဂျိုးဆက် စတာလင် (၂)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved