• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

စစ်တွေဆေးရုံတွင် ဆရာဝန် မရှိသဖြင့် လူနာများ အခက်ကြုံ

by ဧရာဝတီ
12 March 2021
in သတင်းတို
A A
ရခိုင်ပြည်နယ် စစ်တွေဆေးရုံ  / ဧရာဝတီ

ရခိုင်ပြည်နယ် စစ်တွေဆေးရုံ / ဧရာဝတီ

13k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် အရိုးအထူးကုဆရာဝန်ကြီး အပါအဝင် ဆရာဝန်တချို့မရှိတော့သဖြင့် ဆေးရုံ တက်ရောက် ကုသနေသော လူနာတချို့ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်တွေပြည်သူ့ ဆေးရုံကြီး အရိုးလူနာဆောင်တွင် တက်ရောက် ကုသနေသူ ကိုထွန်းတင်က “ကျနော်က ဆိုင်ကယ် မတော်တဆဖြစ်ပြီး ပေါင်ကျိုးသွားတာ။ မတ်လ ၉ ရက် ခွဲစိတ်ကုသရမယ်ဆိုပြီး Date ပေးထားတာ။ မနေ့ တာဝန်ကျ ဆရာမတွေ လာပြောတယ်။ ဆရာဝန်တွေ မရှိဘူး၊ ရန်ကုန် သွားတယ်၊ နှစ်ပတ်လောက်ကြာမယ်။ ဘယ်နေ့ ပြန်လာ မယ်ဆိုတာလည်း မသိဘူး။ အိမ်ပြန်ချင်လည်း ပြန်ကြလို့ ပြောတယ်။ ဆရာဝန်တွေ ပြန်ရောက်ရင် ဆက်သွယ်လိုက် မယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ဆရာဝန် မရှိတော့ လူနာတော်တော်များများက ဒုက္ခရောက်ကြတာပေါ့။ ကျနော့်ဘေးနားက လက်ကျိုးသွားတဲ့ လူတယောက်လည်း ရွာပြန်သွားတယ်။ တချို့တတ်နိုင်တဲ့ လူနာတွေကတော့ ပုဂ္ဂလိက ဆေးခန်း တွေကို ပြောင်းကုကြတယ်။ ငွေလည်း အများကြီး မတတ်နိုင်လို့ အခုအခြေအနေမှာ ပုဂ္ဂလိက ဆေးရုံတွေမှာလည်း အရိုးအထူးကု ဆရာဝန်တွေ ရှိလား၊ မရှိဘူးလား ဆိုတာ မသေချာတော့ ရွာမှာရှိတဲ့ ဆေးဆရာနဲ့ပဲ ကုဖို့ ဆုံးဖြတ် လိုက်တာ” ဟု ပြောဆိုသည်။

စစ်တွေဆေးရုံကြီး ဖျားနာဆောင်မှ အထွေထွေ ရောဂါကုသမားတော်ကြီး တဦးသည် ဖေဖော်ဝါရီလ ၁ ရက် တပ်မ တော်က အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဆေးရုံသို့ မလာရောက်သည့်အတွက် လူနာများ အခက်အခဲ ဖြစ်နေရကြောင်း ဆေးရုံကြီးသို့ တက်ရောက် ကုခဲ့သည့် လူနာတချို့ က ပြောပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်အား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက စစ်တွေ ဆေးရုံကြီးတွင် တက်ရောက်ကုသော လူနာ များ အခက်အခဲရှိပါက စစ်ဆေးရုံကြီးမှ စစ်ဆရာဝန်ကြီးများ လာရောက် ကုသပေးမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆေးရုံ ကြီး၌ အခက်အခဲ ဖြစ်ပေါ်နေသည့် ကိစ္စအားလည်း ယနေ့ ပြည်နယ် စီမံအုပ်ချုပ်ရေးရုံးတွင် အစည်းအဝေး ပြုလုပ်ကာ ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

၎င်းက“ဆေးရုံကြီးကတော့ အခု ဆရာဝန် ၁၉ ယောက်ရှိတယ်။ အဲဒီ ဆရာဝန် ၁၉ ယောက်နဲ့ ထိန်းသိမ်းပြီး လုပ်နေ တယ်။ တကယ်လို့ လိုအပ်ရင် ကျနော်တို့ တပ်မတော်က ဆရာဝန်တွေ လုပ်ပေးလို့ ရပါတယ်။ အဆင်သင့် ရှိတယ်။ အဲဒီကိစ္စ ကျနော်တို့ အစည်းအဝေးမှာလည်း ဆွေးနွေးကြဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်က အာဏာသိမ်းသည့်နောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ဆေးရုံ ဆေးရုံကြီးတွင် တာဝန်ကျသော ဆရာဝန်များထဲတွင် ဆရာဝန် ၂၀ ကျော်မှာ ဆေးရုံသို့ လာရောက်ခြင်း မရှိဘဲ ရန်ကုန်သို့ ပြန်သွားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ဖော်ဖော်ဝါရီလ ၁ ရက် တပ်မတော်က အာဏာသိမ်းယူပြီးသည့် နောက်ပိုင်းက စစ်တွေဆေးရုံကြီးတွင် အလုပ်ခွင် မလာရောက်သည့် ဆရာဝန်၂၀ ကျော်ရှိပြီး အထွေထွေရောဂါကုသရေး သမားတော်ကြီး၊ အရိုး အထူးကုသဆောင်မှ ဆရာဝန်၂ ဦး ၊ မျက်စိအထူးကုသဆောင်မှ ဆရာဝန် ၁ ဦး၊ ကလေး ကုသဆောင်မှ ဆရာဝန်၂ ဦး နှင့်တခြားသော ကုသဆောင်များမှ ဆရာဝန်များလည်း ပါဝင်ကြောင်း သိရသည်။

You may also like these stories:

စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ

စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ

အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ

Your Thoughts …
Tags: စစ်ဆရာဝန်စစ်တွေဆေးရုံဆရာဝန်လူနာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမှန်မှာ မှားနေတယ်

အမှန်မှာ မှားနေတယ်

by နန္ဒာသိန်းဇံ
25 May 2024
1.3k

အယူအဆ တခုဟာ ရှေ့နောက် ဆီလျော် ညီညွတ်နေပေမယ့် လက်တွေ့ ဘဝမှာ မမှန်နိုင် မဖြစ်နိုင်တာမျိုး ရှိတတ်တယ်…

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

by ဧရာဝတီ
23 March 2025
659

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာမှာရှိတဲ့ ကျေးရွာဆေးပေးခန်းကို မတ်လ ၂၂ ရက် နေ့မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးခန်းထိုင်နေတဲ့ ဆရာဝန် အပါ မိသားစုဝင် ၃ ဦးနဲ့ အရပ်သားပြည်သူ ၈ ဦး စုစုပေါင်း...

မန္တလေးဆေးရုံကြီးတွင် လူနာများ ပြည့်လျှံပြီး ဆေးဝါး မလုံလောက်

မန္တလေးဆေးရုံကြီးတွင် လူနာများ ပြည့်လျှံပြီး ဆေးဝါး မလုံလောက်

by ဧရာဝတီ
30 March 2025
586

ဆေးရုံကြီးသို့ ရောက်ရှိနေသည့် လူနာအများစုမှာ ခြေကျိုး၊ လက်ကျိုး၊ ခါးထိ၊ ဦးခေါင်းထိလူနာများဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးကြီးလူနာများကို ကျန်းမာရေးဝန်ထမ်းများက ကုသပေးနေသော်လည်း အများစုမှာ ဒဏ်ရာပြင်းထန်ရကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း

တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံကြီး / DMS

ဖမ်းဆီးခံရသည့် အထူးကု ဆရာဝန်ကြီးနှင့် ဇနီး စစ်ကြောရေးပို့ခံရ

by ဧရာဝတီ
23 May 2022
15.9k

စဝ်စံထွန်းဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးမြစန်းနှင့် မိခင်နှင့် ကလေး ဆေးရုံကြီးမှ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး တို့ကို

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

ဒေါက်တာ အောင်ကြီးရဲ့ လူတွေ လူတွေ

by ကိုရွှေအောင်
29 August 2022
7.2k

ဒေါက်တာ အောင်ကြီးက သူ ကျင်လည်ကျက်စားရာ ဆေးပညာနယ်ပယ်အကြောင်း၊ ခရီးတွေသွား စာတွေသင်ရင်း ကြုံတွေ့ရပုံတွေအကြောင်း သူ စိတ်ဝင်စားရင် ဝင်စားသလို စာတွေရေးထားတာ ဖြစ်တယ်။

ဘွဲ့ရသူတွေစာရင်း စစ်ကော်မရှင်လိုက်ကောက်နေ (ရုပ်/သံ)

ဘွဲ့ရသူတွေစာရင်း စစ်ကော်မရှင်လိုက်ကောက်နေ (ရုပ်/သံ)

by ဧရာဝတီ
24 December 2025
132

စစ်ကော်မရှင်က ၂၀၁၅ ကနေ ၂၀၂၅ ကာလ ဆယ်စုနှစ်တခုအတွင်း ဘွဲ့ရရှိထားသူတွေရဲ့ စာရင်းတွေကို လိုက်လံကောက်ခံနေတယ်လို့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းက ဧရာဝတီကို ပြောပါတယ်။

Next Post
သရုပ်ဆောင် ဇင်မာဦးရဲ့ ဈာပန / Thant Sin YT's Facebook

သရုပ်ဆောင် ဇင်မာဦး ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

ရန်ကုန်မြို့တွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများက R2P ကို တောင်းဆိုနေကြစဉ်/Facebook

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved