• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ

by ဧရာဝတီ
10 March 2021
in သတင်း
A A
မအူပင်က လူမှုကူညီရေး အသင်းကားများ

မအူပင်က လူမှုကူညီရေး အသင်းကားများ

16.7k
VIEWS
Share on FacebookShare on Twitter

ရဲနှင့် စစ်သားမိသားစုဝင်များ၏ နာရေးကိစ္စ ကူညီဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် မအူပင်မှ လူမှုရေးအသင်းအဖွဲ့ ၁၄ ဖွဲ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ပြီး ဦးဆောင်သူ ၂ ဦးကို လည်း ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း သိရသည်။

ယမန်နေ့ (မတ် ၉ ရက်) ညတွင် ရဲနှင့်စစ်သားများက စေတနာရှင်၊ မာဃ၊ ကရုဏာ၊ ပါရမီ၊ မေတ္တာရှင်၊ အာရုဏ်ဦး အသင်း ၆ သင်းမှ တာဝန်ရှိသူများကို ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မာဃနှင့် ပါရမီအသင်းမှ ဦးဆောင်သူ ၂ ဦးကို ဖမ်း မိသွားခြင်း ဖြစ်ကြောင်း အသင်းဝင် တဦးက ပြောသည်။

၎င်းက “သူတို့ အဓိက ပြဿနာရှာနေတာက လူမှုရေးပြစ်ဒဏ်ခတ်တာ (Social Punishment) ကို မကျေနပ်တာရယ်၊ CDM လုပ်သူတွေကို ထောက်ပံ့နေတာတွေ မကြိုက်တာရယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် အဆိုပါ လူမှုရေးအသင်းအဖွဲ့ ၁၄ အဖွဲ့က ရဲနှင့် စစ်သားမိသားစုဝင်များ၊ သတင်းပေး လုပ်သူများနှင့် မိသားစုဝင်များ၊ CDM မလုပ်သည့် ဝန်ထမ်းနှင့် မိသားစုဝင်များ၏ နာရေးကိစ္စများကို ကူညီဆောင် ရွက်ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အမှုဖွင့်ခြင်း၊ ဝင်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။

၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဆန္ဒဖော်ထုတ်နေသော သူများကို စစ်တပ်နှင့်ရဲက ပစ်ခတ်ရာ သေဆုံးသူမှာ ၅၀ ကျော် ရှိလာပြီ ဖြစ်သည့်အပြင် လူနာတင် ယာဉ်မောင်းများအပေါ် အကြမ်းဖက် တိုက်ခိုက်သည့် လုပ်ရပ်ကြောင့် နိုင်ငံအတွက် နစ်နာစေသော လုပ်ရပ်များ ကျူးလွန်သူများ၏ နာရေးကိစ္စများနှင့် ပတ်သက်၍ မတ် ၃ ရက်မှ စတင်၍ မအူပင်မြို့ရှိ လူမှုရေး အသင်းများမှ ကူညီဆောင်ရွက်ပေးတော့မည် မဟုတ်ဟုလည်း အသိပေး ဖော်ပြထားသည်။

အဆိုပါ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ များလာသည့် အတွက် ထိရောက်မှုရှိကြောင်း၊ ကျန်ရှိနေသေးသည့် အသင်းများကိုလည်း ညဘက် လိုက်ဆွဲမည့် သဘော ရှိနေပြီး အသင်းဦးဆောင်သူများ အနေဖြင့် တိမ်းရှောင်နေရကြောင်း ဒေသခံတဦးက ပြောသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ထောင်သူ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့် ခင်ဖေ (ရွှေဇီးကွက်) တို့ကိုလည်း CDM တွင် ပါဝင်သူများအား ကူညီမှုဖြင့် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန် ကုန်တိုင်း၊ မရမ်းကုန်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်။

ထို့နောက် မတ်လ ၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စစ်တပ်နှင့် ရဲများက ညသန်းခေါင် အချိန်၌ ဝင်ရာက် အကြမ်းဖက် စီးနင်းရှာဖွေခဲ့ပြီး ရုံးအတွင်းရှိပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကာ စာရွက်စာတမ်းများကို သိမ်းဆည်းသွားခဲ့သလို စစ်တပ်နှင့်ရဲ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသင်းသား ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)သည် နိုင်ငံသား အစုအဖွဲ့ တခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ ကြောက်ရွံ့စေလျှင် (သို့) ကြောက်ရွံ့စေရန် ကြံရွယ်လျှင် ၃ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

 You may also like these stories:

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
29
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

မဇ္ဈိမနှင့် ကမာရွတ်မီဒီယာရုံးများ စီးနင်းဖျက်ဆီးခံရ

ကမာရွတ်မီဒီယာကို ရဲနှင့်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အယ်ဒီတာ ၂ ဦးကို ဖမ်းဆီး

Your Thoughts …
Tags: ၅၀၅မအူပင်လူမှုကူညီရေးအသင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လွတ်ငြိမ်းထဲ နိုင်/ကျဉ်း ၆၀၀ ပါတယ်လို့ စစ်ကောင်စီပြော (ရုပ်/သံ)

လွတ်ငြိမ်းထဲ နိုင်/ကျဉ်း ၆၀၀ ပါတယ်လို့ စစ်ကောင်စီပြော (ရုပ်/သံ)

by ဧရာဝတီ
4 January 2025
521

အာဏာသိမ်း စစ်ကောင်စီ က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ်အကျဉ်းသား ၅၈၆၄ ဦးလွှတ်ပေးတဲ့ထဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးခံထားရသူ ၆၀၀ လောက်ပါဝင်တယ်လို့ စစ်ကောင်စီဘက် ကပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦး ပစ်ခတ်ခံရချိန် ကြက်ခြေနီအဖွဲ့ဝင်များက သယ်ဆောင်ယူလာစဉ် / ဧရာဝတီ

အာဏာသိမ်းမှုအောက်က ပရဟိတသမားများ

by ဧရာဝတီ
3 September 2022
4.3k

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။

မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းဝင်ကားများ / ဒီလှိုင်းဝင်း / ဧရာဝတီ

လူမှုကူညီရေးအသင်းဝင်လိုင်စင်မဲ့ကားအချို့ ကူညီမှုရပ်နား

by ဒီလှိုင်းဝင်း
25 June 2018
6k

လိုင်စင်မဲ့လူမှုကူညီရေးကားများ ဖမ်းဆီးမည့်အကြောင်းကို ခရိုင်အချို့တွင် တရားဝင်စာများထွက်၍ လူမှုကူညီရေးအသင်း များသို့ အသိပေးအကြောင်း ထားကြောင်း သိရသည်။

ရှင်းလင်းခံရသည့် နေအိမ်မှ မိသားစုဝင်များအား လူမှုကူညီရေးအသင်းများက ကူညီပေး  / CJ

မန္တလေး ကျူးရှင်းလင်းမှု လူမှုကူညီရေးအသင်း အဆောက်အအုံများပါ ဖျက်ခံရ

by ဧရာဝတီ
18 January 2022
9.5k

မြရည်နန္ဒာအသင်းဆိုရင် ဆောက်ထားတာက ကြံ့ခိုင်ရေးရုံးဝင်းထဲမှာ။ ဦးသိန်းစိန် အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီ အပိုင်သဘောမျိုး လုပ်ထားတဲ့ မြေကွက်ပေါ့။ အဲဒီအချိန်က မြို့နယ်အဆင့် လူကြီးတွေထိ အသိအမှတ်ပြု ပြီးမှ အသင်းရုံးကို ဆောက်ခဲ့ကြတာ။ အခု အဲဒီဝင်းကြီးပါ အဖျက်ခံရတဲ့အထဲမှာ ပါတော့...

ကိုဗစ်ကာလအတွင်း ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် မန္တလေးမြို့က ကူညီရေးအသင်းများ  / ဧရာဝတီ

စက်သုံးဆီ အခက်အခဲကြောင့် ပရဟိတအသင်းအချို့ ယာယီရပ်နား

by ဧရာဝတီ
19 August 2022
7.4k

နိုင်ငံတဝန်း စက်သုံးဆီဆိုင်အများစုတွင် ဆီ ပြတ်လပ်မှုများနှင့်အတူ ဈေးနှုန်းကြီးမြင့်မှု၊ ဆီဝယ်ယူရရှိနိုင်ရေး အခက်အခဲ များကြောင့် မန္တလေးတိုင်းအတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအချို့ ယာယီရပ်နားလာကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မအူပင်ခရီးစဉ်တွင် တင်ပြတိုင်ကြားနေသည့် မလက်တိုဒေသမှ လယ်သူမ မစိန်စိန်စိုး / ဆလိုင်းသန့်စင် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားသည့် လယ်သူမတဦး တရားစွဲ စစ်ဆေးခြင်းခံနေရ

by ဆလိုင်းသန့်စင်
19 June 2019
104.1k

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ခရီးစဉ်တွင် ဒေသခံ လယ်သမားများ၏ အခက် အခဲများကို တင်ပြတိုင်ကြားခဲ့၍ တရားစွဲခံထားရသည့် လယ်သူမတဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သတင်းရရှိ သည်။

Next Post
သေဆုံးသွားသည့် ပန်းပဲတန်းမြို့နယ် ၇ ရပ်ကွက်၊ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်(အင်္ကျီအဖြူ၊ ကချင်ပုဆိုး) နှင့်အား၂၀၂၀ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

စစ်တပ်နဲ့ ရဲတပ်စွဲ၊ အမျိုးသမီးနဲ့ ကလေးငယ်များ ပိတ်မိနေ (ရုပ်/သံ)

စစ်တပ်နဲ့ ရဲတပ်စွဲ၊ အမျိုးသမီးနဲ့ ကလေးငယ်များ ပိတ်မိနေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved