• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူမှုကူညီရေးအသင်းဝင်လိုင်စင်မဲ့ကားအချို့ ကူညီမှုရပ်နား

by ဒီလှိုင်းဝင်း
25 June 2018
in သတင်း
A A
မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းဝင်ကားများ / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းဝင်ကားများ / ဒီလှိုင်းဝင်း / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတဝှမ်းရှိ လူမှုကူညီရေးအသင်းများမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည်ဆိုသည့် သတင်းများကြောင့် လူမှု ကူညီရေးအသင်းကား အချို့ ကူညီမှု ရပ်နားထားရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

“ကျနော်တို့အသင်းမှာ လိုင်စင်နဲ့ကားက ၅စီး၊ လိုင်စင်မဲ့ ၃ စီးရှိတယ်၊ လောလောဆယ်တော့ အခုဖြစ်နေတဲ့အခြေအနေတွေ ကြောင့် နယ်ဝေး ပို့တာတွေကို ရပ်နားထားပါတယ်၊ ရပ်ဆိုင်းရတဲ့အကြောင်းရင်းက ကားတင်ဖြစ်မှာမဟုတ်ဘူး၊ လူပါပြသနာ တက်လာနိုင်တာမို့ ရပ်ဆိုင်းထားတာပါ၊ နောက်တခု မြို့တွင်းမှာပါ ဖမ်းမယ်ဆီးမယ်တွေလုပ်မယ်ဆိုရင် အက်ဆီးဒင့်လူနာတွေ ကောက်ဖို့ တော်တော်ခက်ခဲသွားကြမှာဖြစ်တယ်”ဟု မန္တလေးမြို့ရှိ သာသနာ့ပါလအသင်း အတွင်းရေးမှူး ဦးသိဒ္ဓိက ပြောသည်။

တကိုယ်တော်လှုပ်ရှားသူ One to One ပရဟိတအဖွဲ့မှ ကိုဝမ်းကလည်း လူမှုကူညီရေးအသင်းကားများ ရပ်နားထားရခြင်း နှင့်ပက်သက်၍ “လူမှုရေးအသင်းကားတွေနဲ့ပတ်သက်ပြီး HSE လိုင်စင်တွေချထားပေးထားပါတယ်၊ အခုက ဆက်ပြီးချထား ပေးတာမရှိဘူး၊ အဲဒီတော့ အသုံးပြုနေရတဲ့ကားတွေက without (လိုင်စင်မဲ့) လိုဖြစ်နေရတယ်၊ ဒါကို without ကားတွေ ဖမ်းဆီးမယ်၊ ဒီတလကိုတော့ ပညာပေးကာလအဖြစ် သတ်မှတ်ထားပါတယ်၊ ပညာပေးကာလကုန်ပြီးရင် ဖမ်းတော့မယ်လို့ သိရတယ်၊ အဲဒီတော့ နယ်ကနေ အရေးပေါ်လူနာတွေကို မန္တလေးဆေးရုံကြီးကို သယ်လာဖို့ အခက်အခဲဖြစ်တယ်၊ သူတို့အနေနဲ့ ကားအဖမ်းခံရမှာ လူ အဖမ်းခံရမှာကို ကြောက်တာပေါ့နော်၊ အဲဒီလိုပဲ မြို့ပေါ်အသင်းတွေကလည်း လူနာတွေ မပို့ရဲတော့ဘူးဖြစ်နေတယ်”ဟု ပြောသည်။

လိုင်စင်မဲ့ လူမှုကူညီရေးကားများ ဖမ်းဆီးမည်ဆိုသည့်သတင်းများကြောင့် လူမှုကူညီရေးအသင်းကားအချို့ရပ်နားထားရခြင်းကို ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာတွင် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ လူမှုကူညီရေးအသင်း ၄၀ ကျော်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

လိုင်စင်မဲ့လူမှုကူညီရေးကားများ ဖမ်းဆီးမည့်အကြောင်းကို ခရိုင်အချို့တွင် တရားဝင်စာများထွက်၍ လူမှုကူညီရေးအသင်း များသို့ အသိပေးအကြောင်း ထားကြောင်း သိရသည်။

“တိုင်းဒေသကြီးရဲ့တားမြစ်တဲ့စာ ဇွန်လ ၂၃ ရက်နေ့က ထွက်လာပါတယ်၊ မြင်းမူနယ်မှာက တရားဝင်လိုင်စင်ကားက ၂၉စီး ပဲရှိတယ်၊ ကားအစီးရေက ၆၂ စီးရှိတယ်၊ တရားဝင်လိုင်စင်နဲ့ကားက လက်ရှိပေါက်ဈေးအတိုင်းဆိုရင် သိန်း ၇၀၀ လောက်မှ ရမယ်၊ စေတနာရှင်တွေ ဝယ်လှူထားတာက လိုင်စင်မဲ့ကားတွေပါ၊ တန်ဖိုးအနေနဲ့ သိန်း ၁၀၀ မကျော်ဘူး၊ ဒီတော့ ရပ်နားရမယ်ဆိုရင် တကယ်နစ်နာမှာက ပြည်သူပဲ”ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မြတ်သုခလူမှုရေးအသင်းဥက္ကဋ္ဌ ဦးချွန်မာက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သင်္ဂဟလူမှူကူညီရေးအသင်းဥက္ကဋ္ဌ ဦးကြည်မောင်ကလည်း “မကွေးတိုင်းအစိုးရက ခရိုင်၊ မြို့နယ်တွေကို စာထုတ်ပါတယ်၊ ဇူလိုင် ၁၁ ရက်နေ့နောက်ပိုင်း လမ်းပေါ်မှာတွေ့ရင် အရေးယူမယ်လို့ ပြောပါတယ်၊ သိရှိနိုင်အောင်အသိပေးတာပါဆိုပြီး ထွေအုပ်ကနေ မှတ်ပုံတင်ထားတဲ့အသင်းတွေကို ဇွန်လ၂၀ ရက်နေ့က ခေါ်ယူပြောပါ တယ်၊ ကျနော်တို့ဘက်က ဝေဒနာရှင်တွေဟာ မန္တလေးဆေးရုံကြီး၊ နေပြည်တော်၊ ပခုက္ကူ၊ မကွေးဆေးရုံကြီး စတဲ့ အထူး ကုဆေးရုံကြီးတွေကို အားကိုးနေရတယ်၊ ဒါကို ကျနော်တို့လူမှုရေးအသင်းတွေက တထောင့်တနေရာကနေ အခမဲ့ကူညီ ပေးနေကြတာပါ”ဟု ပြောသည်။

နာမှုကူညီရေးအသင်းများမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည့် ကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်း ၅ သင်းက ဖြစ်ပေါ်နိုင်သည့်အခက်အခဲများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံတွင် စာတင်ပြ ထားမှုရှိကြောင်း သိရသည်။

“တကယ်တမ်း တရားမဝင်ကားတွေ အရေးယူမယ်ဆိုရင် ကျနော်တို့အသင်းတွေ ထိခိုက်တာထက် ကျေးလက်နေထိုင်သူ ဆင်းရဲနွမ်းပါးတဲ့ ဝေဒနာရှင်တွေ ထိခိုက်နစ်နာမှာ ဖြစ်တဲ့အတွက် သင့်တော်တဲ့နည်းလမ်းနဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးပါဆိုပြီး မကွေးတိုင်းအစိုးရ ဝန်ကြီးချုပ်ထံကို အသနားခံစာတင်ပြထားပါတယ်”ဟု ဆိပ်ဖြူမြို့နယ်၊ သင်္ဂဟလူမှူ ကူညီရေးအသင်းဥက္ကဋ္ဌ ဦးကြည်မောင်က ဆက်လက် ပြောသည်။

တရားဝင် ထွက်ရှိ အသိပေးထားသည့် အကြောင်းကြားစာတွင် လိုင်စင်မရှိသည့် မော်တော်ယာဉ်များဖြင့် ဆက်လက်လုပ် ကိုင်ခြင်းမရှိရန်နှင့် လမ်းမပေါ်တွင် သွားလာခြင်းမရှိရန်ဟု ပါရှိပြီး ဇူလိုင်လ ၁၁ ရက်နေ့အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“၂၄ရက်နေ့ကစပြီး အဝေး လူနာပို့ လမ်းကြာင်းကို တရားဝင် ရပ်ဆိုင်းလိုက်ပါပြီ၊ အောင်ဇေယျာလူမှူကူညီရေးအသင်းမှာ HSE က ၁၁ စီးရှိတယ်၊ လူနာတင်လို့ မရတဲ့အတွက် ရပ်နားထားပါပြီ၊ ရွှေဘိုမှာ လူနာတငိယာဉ် ၁ စီးပဲရှိပါတယ်၊ ရွှေဘို ကနေ တရက်ကို လမ်းကြောင်းက ၁၀ ခု လောက် အနည်းဆုံးထွက်နေရပါတယ်၊ ကျန်တဲ့အသင်းတွေကလည်း ပညာပေး ကာလပြီးရင် ဆက်ထွက်ရမှာလား၊ ရပ်နားရမှာလား ဆိုတာကို စဉ်းစားနေကြရပါပြီ၊ ဇူလိုင်လ ၁၁ ရက်နေ့နောက်ဆုံးလို့ သိရပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ အောင်ဇေယျာ လူမှူကူညီရေး အသင်းမှ ကိုဇာနည်က ပြောသည်။

လိုင်စင်မဲ့ လူမှုကူညီရေး အသင်းကားများကို ဖမ်းဆီးမည်ဆိုပါက လူမှုကူညီရေး အသင်းများထက် အမှန်တကယ် အကူအညီ လိုအပ်သည့် မရှိဆင်းရဲသား လူနာများ ထိခိုက်နိုင်ကြောင်း လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များက ပြောသည်။

“လူမှုရေးအသင်းကားတွေကို လမ်းမပေါ်ထွက်လာလို့ ဖမ်းမယ်ဆိုရင် အားလုံး ရပ်ဆိုင်းသွားနိုင်ပါတယ်၊ ဆေးရုံတွေကနေ ရွာတွေကို ပြန်ပို့ရမယ့်လူနာတွေ၊ ရွာတွေကနေဆေးရုံကိုပို့ရမယ့် လူနာတွေကို ဒီကားတွေနဲ့ပဲအသုံးပြုနေရတာ၊ အခုလို လုပ်နေတာတွေကို အစားထိုးမယ့် အဖွဲ့အစည်းတွေကမရှိသေးဘူးဆိုတော့ တကယ်ဒုက္ခရောက်ကြရမှာက ပြည်သူတွေ ပါပဲ၊ အခုဆိုရင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ မပို့ရဲဘူးဖြစ်နေရပြီ၊ အသင်းတွေမှာ အသုံးပြုနေတဲ့ကားတွေက တရားမဝင်ကား တွေဖြစ်နေတော့ ဖမ်းဆီးခံရမှာ သိမ်းဆည်းခံရမှာကြောက်ပြီး မထွက်တော့ အရေးပေါ်လူနာတွေမှာ ဒုက္ခရောက်နေကြရ ပါတယ်၊ အသင်းအချို့ဆိုရင် ကားတွေ မထွက်တော့ဘဲ ရပ်နားထားလိုက်ပြီလို့ သိရပါတယ်” ဟု ကိုဝမ်းက ဆက်လက်ပြော သည်။

မန္တလေးမြို့ရှိ သာသနာ့ပါလအသင်း အတွင်းရေးမှူး ဦးသိဒ္ဓိကလည်း “HSE လိုင်စင်ဆိုတာကလည်း လူနာတင်လို့မရဘူး၊ လူသေမှ တင်လို့ရတယ်၊ HSE ကားတွေနဲ့ ကျနော်တို့ အသင်းအဖွဲ့တွေက နားလည်မှုနဲ့ လူနာတွေပါ တင်နေကြရတာပါ၊ အသင်းတော်တော် များများမှာရှိတဲ့ကားတွေက လိုင်စင်မရှိကြပါဘူး၊ အခုဆိုရင် အသင်းတွေတော်တော်များက အခက်အခဲ တွေ ကြုံလာကြပြီး၊ ကျနော်တို့ လူမှုရေးအသင်တွေ ခက်ခဲတာထက် ပြည်သူလူထုက ပိုပြီးခက်ခဲဖြစ်လာမှာပါ”ဟု ပြောသည်။

“ဒီလကုန်ကစပြီး ကျနော်တို့အသင်းက လုံးဝရပ်နားပါတော့မယ်၊ ပွင့်လင်းစွာပြောရရင် ဆိပ်ဖြုတမြို့နယ်လုံးမှာ ၄၄ စီး ရှိတယ်၊ ၆ စီးလောက်ပဲ HSE လိုင်စင်ရှိတယ်၊ ဒီတော့ တကယ်တမ်းနစ်နာသွားမှာက နွမ်းပါးတဲ့ ပြည်သူပဲ၊ ဒါပေမယ့်လည်း အရေးပေါ် အရေးကြီးတဲ့လူနာတွေကို အပြင်ပုဂ္ဂလက ယာဉ်တွေကိုငှားပြီး သင်တင့်တဲ့နှုန်းနဲ့ ကူညီပေးနိုင်ဖို့ လုပ်ဆောင် သွားပါမယ်”ဟု ဦးကြည်မောင်က ဆက်လက်ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေသည့်အခက်အခဲများနှင့် ပတ်သက်၍ လူမှုကူညီရေးအသင်းများ စုပေါင်း၍ သက်ဆိုင်ရာသို့တင်ပြနိုင်ရန် ဆွေးနွေးပွဲတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

“ပြည်သူကို တကယ်အကျိုးပြုနေတဲ့ အသင်းတွေ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နိုင်လို့ရအောင် ဥပဒေဘောင် အတွင်းကနေ တခုခုတော့ လုပ်ပေးစေချင်ပါတယ်၊ ပရဟိတအသင်းတွေစုပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို တိုင်ပင်ဆွေးနွေးသွားမယ်၊ အဲဒီလို စုပေါင်းပြီး တိုင်ပင် ဆွေးနွေးပြီးရင် သက်ဆိုင်ရာတိုင်း၊ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေ ဆီကို တင်ပြသွားမှာဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ တင်ပြသွားပါမယ်”ဟု ကိုဝမ်းက ဆက်လက်ပြောသည်။

“တကယ်လို့ ကျနော်တို့ကားတွေကို ဖမ်းမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝိုင်းဝန်းပြီး အဖြေရှာရမယ်၊ သူတို့ဘက် က ကျနော်တို့အသင်းတွေကို ဘယ်လိုငဲ့ညှာပေးမှာလဲ၊ ကျနော်တို့က ဘယ်လိုစည်းကမ်းတွေနဲ့ လိုက်နာဆောင်ရွက်ရ မှာလဲ၊ အသင်းကသုံးနေတဲ့ လိုင်စင်မဲ့ကားတွေကို ဘယ်လိုအသိအမှတ်ပြုပေးမှာလဲ၊ ဘယ်လိုတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ လုပ်ပေးနိုင်မလဲဆိုတာတွေကို စဉ်းစားပေးသင့်တယ်၊ ကျနော်တို့ ကူညီပေးနေတာက အခက်အခဲရှိတဲ့ ပြည်သူတွေကို အခမဲ့ကူညီပေးနေကြတာပါ”ဟု ဦးသိဒ္ဓိက ဆက်လက်ပြောသည်။

ယခုကဲ့သို့ လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည်ဆိုသည့် သတင်းများကြောင့် လူမှုကူညီရေးအသင်းကားအချို့ ကူညီမှု ရပ်နားထားရမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ သွားရောက်မေးမြန်းရာ တစုံတရာပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

လိုင်စင်မဲ့ကားများဖမ်းဆီးရခြင်းမှာလည်း လူမှုကူညီရေးအသင်းနာမည်ပါသည့် ကားများဖြင့် တရားမဝင် သစ်များသယ်ခြင်း၊ ဆေးပြား များ သယ်ခြင်းများကို ပြုလုပ်မှုရှိလာခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

Your Thoughts …
Tags: လိုင်စင်မဲ့လူမှုကူညီရေးအသင်း
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦး ပစ်ခတ်ခံရချိန် ကြက်ခြေနီအဖွဲ့ဝင်များက သယ်ဆောင်ယူလာစဉ် / ဧရာဝတီ

အာဏာသိမ်းမှုအောက်က ပရဟိတသမားများ

by ဧရာဝတီ
3 September 2022
4.3k

အာဏာသိမ်း စစ်တပ်သည် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိပ်ကွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ပရဟိတသမားများကိုပင်လျှင် အလွတ်မပေးပေ။

ရှင်းလင်းခံရသည့် နေအိမ်မှ မိသားစုဝင်များအား လူမှုကူညီရေးအသင်းများက ကူညီပေး  / CJ

မန္တလေး ကျူးရှင်းလင်းမှု လူမှုကူညီရေးအသင်း အဆောက်အအုံများပါ ဖျက်ခံရ

by ဧရာဝတီ
18 January 2022
9.5k

မြရည်နန္ဒာအသင်းဆိုရင် ဆောက်ထားတာက ကြံ့ခိုင်ရေးရုံးဝင်းထဲမှာ။ ဦးသိန်းစိန် အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီ အပိုင်သဘောမျိုး လုပ်ထားတဲ့ မြေကွက်ပေါ့။ အဲဒီအချိန်က မြို့နယ်အဆင့် လူကြီးတွေထိ အသိအမှတ်ပြု ပြီးမှ အသင်းရုံးကို ဆောက်ခဲ့ကြတာ။ အခု အဲဒီဝင်းကြီးပါ အဖျက်ခံရတဲ့အထဲမှာ ပါတော့...

ကိုဗစ်ကာလအတွင်း ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် မန္တလေးမြို့က ကူညီရေးအသင်းများ  / ဧရာဝတီ

စက်သုံးဆီ အခက်အခဲကြောင့် ပရဟိတအသင်းအချို့ ယာယီရပ်နား

by ဧရာဝတီ
19 August 2022
7.4k

နိုင်ငံတဝန်း စက်သုံးဆီဆိုင်အများစုတွင် ဆီ ပြတ်လပ်မှုများနှင့်အတူ ဈေးနှုန်းကြီးမြင့်မှု၊ ဆီဝယ်ယူရရှိနိုင်ရေး အခက်အခဲ များကြောင့် မန္တလေးတိုင်းအတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအချို့ ယာယီရပ်နားလာကြကြောင်း သိရသည်။

မအူပင်က လူမှုကူညီရေး အသင်းကားများ

စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ

by ဧရာဝတီ
10 March 2021
16.7k

သူတို့ အဓိက ပြဿနာရှာနေတာက လူမှုရေးပြစ်ဒဏ်ခတ်တာ (Social Punishment) ကို မကျေနပ်တာရယ်၊ CDM လုပ်သူတွေကို ထောက်ပံ့နေတာတွေ မကြိုက်တာရယ်လို့ ယူဆပါတယ်

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ လုံခြုံရေးကင်းလှည့်နေစဉ်  / CJ

စစ်တပ်က အရပ်သားဟန်ဆောင်ကာ PDF များကို တိုက်ခိုက်

by ဧရာဝတီ
21 October 2021
12.6k

စစ်ကိုင်း၊ မြောင်၊မင်းကင်း၊ ပုလဲ ၊ ရေစကြို ၊ ချောင်းဦး အစရှိသည့် မြို့နယ်များတွင် အရပ်ဖက်ကားများကို သုံးကာ ကျေးရွာ များအား စီးနင်းခြင်း၊ PDF စခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်းများရှိကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကဆို...

Next Post
ရေဝင်နစ်မြုပ်ခဲ့ရသော ဆားကြမ်းဂိုဒေါင်များ  / ဉာဏ်စိုးဝင်း / ဧရာဝတီ

ရေကြီးမှုကြောင့် သံဖြူဇရပ်ရှိ ဆားနှင့် ရေလုပ်ငန်းတို့မှ ကျပ်သိန်း ၇ ထောင်ကျော်ဆုံးရှုံး

ဂိုးရှေ့ကို ချပေးလိုက်ပြီ

ဂိုးရှေ့ကို ချပေးလိုက်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved