စစ်ကော်မရှင်က ၂၀၁၅ ကနေ ၂၀၂၅ ကာလ ဆယ်စုနှစ်တခုအတွင်း ဘွဲ့ရရှိထားသူတွေရဲ့ စာရင်းတွေကို လိုက်လံကောက်ခံနေတယ်လို့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းက ဧရာဝတီကို ပြောပါတယ်။
ပညာရေးဘွဲ့ (B.Ed) အပါအဝင် ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာ၊အင်ဂျင်နီယာ၊ ဥပဒေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့စစ်ဘက်ဆိုင်ရာဘွဲ့တွေပါဝင်တယ်လို့ စစ်ကော်မရှင် လက်အောက်မှာတာဝန်ထမ်းနေကြတဲ့ အုပ်ချုပ်ရေးမှူး တချို့က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေအပါအဝင် မြို့တချို့မှာကောက်ခံမှုရှိနေတယ်လို့စုံစမ်းသိရပေမယ့် ဘယ်အတွက် ရည်ရွယ်ပြီးကောက်ခံတယ်ဆိုတာကိုတော့ စစ်ကော်မရှင်က တိတိကျကျ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
#မြန်မာ #ဧရာဝတီ #ဘွဲ့ရ #ပညာရေးဘွဲ့ #ဆရာဝန် #သူနာပြု #ဥပဒေဘွဲ့ #စာရင်းကောက်ယူ #WhathappensInMyanmar













