• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ

by ဧရာဝတီ
24 December 2024
in ဆောင်းပါး
A A
ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

စက်တင်ဘာ ၅ ရက်က သိမ်းပိုက်လိုက်သည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း/ AA

10k
VIEWS
Share on FacebookShare on Twitter

နွေဦးတော်လှန်ရေးတွင် ဧရာဝတီတိုင်းအတွက် ခေတ်စားခဲ့သော စကားတခွန်းရှိသည်။ လက်ဖက်ရည် ‘ပုံမှန်တခွက်’ ကို ‘ဧရာဝတီတခွက်’ ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းဒေသကြီး အားလုံးနီးပါးတွင် စစ်ကောင်စီအား ပုံစံမျိုးစုံဖြင့် တော်လှန်နေကြသည်။ သို့သော် ဧရာဝတီတိုင်းကမူ အာဏာမသိမ်းခင်ကအတိုင်း ပုံမှန်အခြေအနေမျိုး ဖြစ်နေသည်။ အလှူပွဲမပြတ်၊ မင်္ဂလာပွဲမပြတ် ကျင်းပနေကြသည်။ ထို့ကြောင့် ‘ပုံမှန်လက်ဖက်ရည်တခွက်’ အား ‘ဧရာဝတီတခွက်’ ဟု ပြောဆိုကြခြင်းဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော် လေးနှစ်နီးပါးကြသည်အထိ ပုံမှန်အခြေအနေမျိုးရှိခဲ့သော ဧရာဝတီတိုင်းမှာ ၂၀၂၄ နှစ်ကုန်ပိုင်းကစ၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာနေသည်။ အချို့သော မြို့နယ်များမှ ငွေကြေးတတ်နိုင်သူများသည် ရန်ကုန်သို့ပြောင်းရန် ပြင်ဆင်လာကြသည်။ အထူးသဖြင့် အာရက္ခတပ်တော် (AA) က သံတွဲနှင့် ဂွမြို့တို့အား တိုက်ခိုက်နေသည့် သတင်းနှင့်အတူ ဧရာဝတီတိုင်းတွင်လည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေသည်။

အထူးသဖြင့် ဂွမြို့အား AA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်နှင့် ရေကြည်မြို့တို့တွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာသည်။ ဂွမြို့ကျသွားပြီးနောက် ဧရာဝတီတိုင်းသို့ စစ်မီး ကူးစက်လာမည်မှာ မလွဲမသွေဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်လာချိန်တွင် ဧရာဝတီတိုင်းထဲမှ လူငယ်လူရွယ်များစွာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။ အချို့သော လူငယ်များသည့် AA ထံတွင် စစ်သင်တန်း သွားတက်သည်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်လာချိန်တွင် ဧရာဝတီတိုင်းထဲမှ လူငယ်လူရွယ်များစွာ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။ အချို့သော လူငယ်များသည့် AA ထံတွင် စစ်သင်တန်း သွားတက်သည်။

အချို့သောလူငယ်များမှာ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်တို့တွင် စစ်ပညာ သွားရောက်သင်ယူခဲ့ကြသည်။ ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေတွင်ရှိသော စစ်ကြောင်းများတွင် ဧရာဝတီတိုင်းသားများက ၃ ပုံ ၁ ပုံခန့်အထိ ရှိကြသည်။

ရခိုင်ပြည်နယ်တွင် စစ်ပညာ သွားရောက်သင်ကြားခဲ့သော လူငယ်များမှာ AA နှင့်အတူ တိုက်ပွဲများ ဝင်ရောက်တိုက်ခိုက်နေခဲ့သည်။ သံတွဲမြို့သိမ်းတိုက်ပွဲနှင့် အမ်းမြို့သိမ်းတိုက်ပွဲများတွင်မှာပါ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ရေးအတွေ့အကြုံ အထိုက်အသင့်ရရှိထားပြီး ဖြစ်သည်။ AA နှင့် တွဲတိုက်နေသော ဧရာဝတီ PDF ဟူ၍ တဗျူဟာရှိသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၇၊ ၈ ရက်များတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး AA တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရသော စစ်သင်္ဘော/AA

ထို့ပြင် ကရင်ပြည်နယ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေတွင်ရှိသော ကော်ဘရာ စစ်ကြောင်း၊ ဗီနွန်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်းများတွင် ဧရာဝတီတိုင်းမှ လူငယ်များစွာ တိုက်ပွဲဝင်နေကြသည်။ အရေအတွက်အားဖြင့် တိတိကျကျ မသိရသော်လည်း တပ်မဟာ ၆ တွင်ရှိသော ဧရာဝတီတိုင်းသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အင်အားမှာ အနည်းဆုံး တဗျူဟာ ရှိသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ဒေသများတွင် စစ်ပညာသင်ကြားကာ တိုက်ပွဲဝင်နေသော PDF လူငယ်များ၏ အိမ်မက်မှာ တချိန် ဧရာဝတီတိုင်းအတွင်း ပြန်လည်အခြေချရန် ဖြစ်သည်။

အချို့သော ဧရာဝတီတိုင်းမှ လူငယ်များသည် ၂၀၂၂ ခုနှစ်တွင် ငဝန်မြစ်အနောက်ဘက်ခြမ်း ဒေသများရှိ ရခိုင်ရိုးမတွင် ခြေချကာ စစ်ရေးဖော်ဆောင်မှုအချို့ ရှိခဲ့သည်။ ကြီးကြီးမားမား လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ဂွနှင့် သံတွဲမြို့များတွင် စစ်ကောင်စီတပ်များရှိနေသဖြင့် နောက်ကြောမလုံ ဖြစ်ရခြင်းနှင့် လက်နက်အင်အား လိုအပ်ချက်ရှိနေခြင်းကြောင့် ဖြစ်သည်။

သို့သော် AA က သံတွဲနှင့် ဂွမြို့များရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်သည့်အတွက် ဧရာဝတီတိုင်းတွင် PDF များအနေဖြင့် ရခိုင်ရိုးမရှိ တောင်ကုန်းတောင်တန်းများတွင် အခြေချခွင့် ရရှိသွားနိုင်ပြီဖြစ်သည်။

သို့သော် AA က သံတွဲနှင့် ဂွမြို့များရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ပြီး ဖြစ်သည့်အတွက် ဧရာဝတီတိုင်းတွင် PDF များအနေဖြင့် ရခိုင်ရိုးမရှိ တောင်ကုန်းတောင်တန်းများတွင် အခြေချခွင့် ရရှိသွားနိုင်ပြီဖြစ်သည်။

ထို့ပြင် AA နှင့် လက်တွဲတိုက်ခဲ့သော ဧရာဝတီတိုင်းမှ PDF တပ်ရင်းများအတွက် လက်နက်ခဲယမ်းများစွာ ရရှိလာခဲ့သည်။ အနည်းဆုံး လူ ၁ ထောင်ကျော်ကို လက်နက်တပ်ဆင်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် AA နှင့် တွဲမတိုက်သည့် လက်နက်မရှိသော ဧရာဝတီတိုင်းမှ PDF တပ်ရင်းတပ်ဖွဲ့များအား AA က လက်နက်တပ်ဆင်ပေးခဲ့သည်။

မကြာသေးခင် ရက်ပိုင်းတွင် ဧရာဝတီတိုင်းစစ်ဒေသတခုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ အင်အားစုမှာ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင်တိုက်ပွဲဝင်နေသော ဧရာဝတီတိုင်းသား PDF များ ဖြစ်သည်။ အားလုံးနီးပါး လက်နက်တပ်ဆင်ထားပြီး ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးသည် အမှတ် (၂) စစ်ဒေသအောက်တွင် ပါဝင်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်တောင်ပိုင်းမှ စစ်ကောင်စီစခန်းများအား AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။ သံတွဲ၊ ကျိန္တလီမြို့များအား တိုက်ခိုက်သိမ်းပိုက်ထားပြီး ဂွမြို့ကို သိမ်းပိုက်နိုင်ရန် အခြေအနေကောင်းနေပြီ ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က စစ်တပ် မိုင်းခွဲဖျက်ဆီးလိုက်သည့် ကုလားပြင်တံတား

ရခိုင်ပြည်တောင်ပိုင်းနှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းတွင်ရှိသည့် ဒေသများအား PDF တပ်များက သိမ်းပိုက်ထားမှသာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများအတွက် စိတ်ချရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှ PDF များအား AA က လက်နက်ခဲယမ်း ကူညီခဲ့ရခြင်း၏ အချက်တခုဖြစ်သည်။

ထို့ကဲ့သို့ ဧရာဝတီတိုင်းမှ PDF များတွင် လူအင်အား၊ လက်နက်အင်အား အားကောင်းလာချိန်တွင် စစ်ကောင်စီဘက်၌ အင်အားသိသိသာသာ လျော့ကျသွားသည်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်များသည် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ စစ်ကူလိုက်ရသည့်အတွက် ဖွဲ့စည်းပုံပျက်ခဲ့သည့်တပ်များ ရှိသည်။ ထို့ပြင် အချို့တပ်များမှာ ပဲခူးတိုင်းသို့ ရှေ့တန်းထွက်ရသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း ဧရာဝတီတိုင်း၌ တိုက်ပွဲရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်များ စစ်ကူလိုက်ရသည့်အတွက် စွမ်းရည်နှင့်အင်အားပါ လျော့ကျနေသည်။ စစ်ပန်း၍နေလေသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
120
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
173
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.7k

စစ်ကောင်စီဘက်မှာ ထိုကဲ့သို့ အခြေအနေဖြစ်နေသည်ကို ဧရာဝတီတိုင်း PDF များ ကောင်းစွာသိရှိထားသည်။ လက်ရှိအခြေအနေတွင် ဧရာဝတီတိုင်းမှ PDF များအနေဖြင့်လည်း သူတို့အတွက် ထိန်းချုပ်နယ်မြေတခု ရရှိရန် အကောင်းဆုံးအချိန် ဖြစ်သည်။

စစ်ကောင်စီဘက်မှာ ထိုကဲ့သို့ အခြေအနေဖြစ်နေသည်ကို ဧရာဝတီတိုင်း PDF များ ကောင်းစွာသိရှိထားသည်။ လက်ရှိအခြေအနေတွင် ဧရာဝတီတိုင်းမှ PDF များအနေဖြင့်လည်း သူတို့အတွက် ထိန်းချုပ်နယ်မြေတခု ရရှိရန် အကောင်းဆုံးအချိန် ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းစက်ရုံများအတွက် အသုံးပြုနေသည့် မုံရွာ-ရေဦး လမ်းအား ထိန်းချုပ်နိုင်သည်အထိ ကြိုးစားနိုင်လျှင် တော်လှန်ရေးအတွက် များစွာအကျိုးရှိသည်။

PDF တပ်ဖွဲ့များနှင့် EAO တပ်ဖွဲ့များအား ဗုံးကြဲနေသည့် ပုသိမ်လေဆိပ်အား တိုက်ခိုက်ရန် လိုအပ်သည်။ ထို့ပြင် စစ်ကောင်စီက ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအား တစုံတရာ ဟန့်တားနိုင်မည်ဖြစ်သည်။

PDF များ ဧရာဝတီတိုင်းသို့ စစ်ချီလာမည်ကို စိုးရိမ်သော စစ်ကောင်စီဘက်မှာလည်း PDF များအား ခုခံရန် ပြင်ဆင်နေသည်။ AA က ဂွမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်တွင် ငါးသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမှတ် ၃၄၄ အမြောက်တပ်တွင် စစ်ကောင်စီက ခံစစ်ပြင်ထားသည်။ လေထီးခုန် လေ့ကျင့်ခန်းများ လုပ်ဆောင်နေသည်။ အဆိုပါ အမြောက်တပ်တွင် ရဟတ်ယာဉ်ကွင်းတခု တည်ဆောက်နေသည်။ ငါးသိုင်းချောင်းတံတားတွင်လည်း ခံစစ်စခန်းတခု ပြင်ဆင်ထားသည်။

သို့သော် ဧရာဝတီတိုင်းသို့ PDF များ ဝင်ရောက်နိုင်သည့် လမ်းများစွာရှိသည်။ စစ်ကောင်စီတပ်အနေဖြင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း ဒေသတခုလုံးအား ဖြန့်ကြက်ထားနိုင်သည့် အင်အားမရှိတော့ပေ။

ရခိုင်ရိုးမကြီးသည် ဧရာဝတိုင်း PDF များအတွက် နောက်တန်းဌာနချုပ်ကြီး ဖြစ်နေသည်။ လက်ရှိ ဧရာဝတီတိုင်း PDF များ၏ အင်အားမှာ စစ်ကောင်စီ၏ မည်သည့် တပ်ရင်းဌာနချုပ်ကိုမဆို ဝင်တိုက်နိုင်သည့် အင်အားရှိသည်။

ထို့ကြောင့်လည်း PDF များအနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီစခန်းများအား သေချာပေါက် တိုက်ခိုက်သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့ စတင်တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီမှ လိုအပ်သည့် စစ်အင်အားရရှိရေး ကျေးရွာတိုင်းတွင် သူတို့ လေ့ကျင့်ပေးထားသော ပျူစောထီးများအား စစ်ပွဲများတွင် ခေါ်သုံးလာမည်မှာ သေချာသည်။ ဧရာဝတီတိုင်းတွင်လည်း စစ်ကောင်စီက မွေးထားသော ပျူစောထီးများရှိသည်။

ထို့ပြင် စစ်သားသစ်ရရှိရေး အတင်းအကျပ် စုဆောင်းမှုများ ပြုလုပ်လာတော့မည်ဖြစ်သည်။ ပုံမှန်အခြေအနေဖြစ်နေသော ဧရာဝတီတိုင်း၏ မြို့နယ်အချို့မှာ မကြာခင် စစ်ရိပ်စစ်ငွေ့သန်းလာပြီ ဖြစ်သည်။

You may also like these stories:

AA ရဲ့ စစ်ဆင်ရေး ဧရာဝတီတိုင်း ကူးမှာကို စစ်ကောင်စီ စိုးရိမ် (ရုပ်/သံ)

ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

ပဒတ်တွေတဲ့လား

မရဲဘဲ ကျွဲပြဲစီးနေသော စစ်ကောင်စီ

Your Thoughts …
Tags: AAEAOKNLAKNUNUGPDFစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနွေဦးတော်လှန်ရေးပျူစောထီးအတင်းအကျပ် စစ်သားစုဆောင်းမှုအမျိုးသားညီညွတ်ရေးအစိုးရအာရက္ခတပ်တော်ဧရာဝတီတိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်က တားလည်း စစ်ဆင်ရေး မရပ်သူများ

တရုတ်က တားလည်း စစ်ဆင်ရေး မရပ်သူများ

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved