မြန်မာ့ပြည်တွင်းရေးသည် တရုတ်ရေးသည့် ဇာတ်ညွှန်းအတိုင်း ကပြရတော့မည်လားဆိုသည့် အမေးကို အမေးများခဲ့ကြသည်။
ထိုမေးခွန်းများသည် ရှမ်းမြောက်မှ တိုင်းရင်းသားလက်နက်ကိုင်တို့၏ ထုတ်ပြန်ချက် အသီးသီးနှင့် တရုတ်စီမံကိန်းများကို တရုတ် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များဖြင့် စတင်လုပ်ဆောင်မည့် သတင်းများကြောင့် ဖြစ်သည်။
ရှမ်းမြောက်တွင် စစ်ရေးအရှိန် ရပ်တန့်သွားပါက နွေဦးတော်လှန်ရေးကို အားပျော့သွားစေမည်လား ဆိုသည့် စိုးရိမ်စိတ်ဖြင့် အမေးများလာခြင်း ဖြစ်မည်။
တရုတ်၏ ဖိအားကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စစ်ရေး အားသာမှုရှိသည့် အနေအထားမှ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရုတ်တရက် ရောက်သွားသည်။
တရုတ်၏ ဖိအားကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် စစ်ရေး အားသာမှုရှိသည့် အနေအထားမှ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရုတ်တရက် ရောက်သွားသည်။
သို့သော် ရှမ်းမြောက်ရှိ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် နှစ်ဖွဲ့ အပစ်ရပ် စကားပြောလာချိန်တွင် ကျန်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ဒေသတွင် စစ်ရှိန်မြင့်နေဆဲဖြစ်၏။ အခြား မဟာမိတ် နှစ်ဖွဲ့က ထုတ်ပြန်ချက်များအသီးသီး ထုတ်ပြန်အပြီး ဒီဇင်ဘာလ ၈ ရက်တွင် မောင်တောရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာလ ၂၀ ရက်တွင် အမ်းမြို့နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြန်သည်။
ထို့အတူ နခခ ၅ အပြီးသတ် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ရာထူးရှိ ဗိုလ်မှူးချုပ် အဆင့်တဦးကို ထွက်ပြေးစဉ် လက်ရဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ ၏ စကခမှူး ဖြစ်သည်။ နပခသိမ်းပိုက်ခံရစဉ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့အားလည်း အသက်ရှင်လျက် ဖမ်းဆီးရမိလိုက်သဖြင့် ရခိုင်ပြည်နယ် အတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။ လတ်တလောတွင် AA ဘက်က စစ်ကြောမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
AA သည် ထိုကဲ့သို့ မောင်တောကို အလုံးစုံ သိမ်းပိုက်အပြီး အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ တောင်ကုတ်အခြေစိုက် စကခ ၅ နှင့် ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်များကို ပို၍ အာရုံစိုက် တိုက်ခိုက်နေခဲ့သည်။
အမ်းမြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က နောက်ဆုံးလက်ကျန် ခံစစ်နေရာ နပခ ဌာနချုပ်ကို သိမ်းပိုက်သည်။ (ဒီဇင်ဘာ ၁၇ ရက် ညပိုင်း AA ထုတ်ပြန်ချက်အရ နပခ တိုင်းရုံး မီးလောင်ပျက်စီးနေပြီး ရာနှင့်ချီသည့် စစ်သားများ အလံဖြူထောင်၍ လက်နက်ချကြသည်။)
အလားတူ ရခိုင်ပြည်နယ် တောင်ပိုင်းရှိ တောင်ကုတ်တွင် နိုဝင်ဘာလကုန်ပိုင်း ကတည်းက မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ စခန်းနှင့် ဌာနချုပ်များကို သိမ်းပိုက်ထားပြီးနောက် နောက်ဆုံး ကျန်နေသည့် စကခ ၅ ဌာနချုပ်ကို တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ ၁၃ ရက်က စကခ ၅ ဌာနချုပ်အတွင်းမှ ဒုဗိုလ်မှူးကြီးအဆင့် ဦးစီးသည့် အင်အားများစွာ လက်နက်ချကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ လက်နက်ချအပြီး တရက်အကြာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စကခ ၅ တခုလုံးကို AA က အပြီးသတ် သိမ်းပိုက်ခဲ့သည်။
စကခ ၅ သိမ်းပိုက်အပြီး နောက်ရက် ဒီဇင်ဘာလ ၁၅ ရက်သည် နှစ် ၅၀ ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့လည်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးပို့သည့် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် AA ကို ရည်ညွှန်းသည့်သဘောဖြင့် လက်နက်စွန့်ကြရန် တိုက်တွန်းထားသေးသည်။
သိမ်းပိုက်အပြီး နောက်ရက် ဒီဇင်ဘာလ ၁၅ ရက်သည် နှစ် ၅၀ ပြည့် ရွှေရတု ရခိုင်ပြည်နယ်နေ့လည်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးပို့သည့် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် AA ကို ရည်ညွှန်းသည့်သဘောဖြင့် လက်နက်စွန့်ကြရန် တိုက်တွန်းထားသေးသည်။
စကခ ၅ ကို သိမ်းပိုက်လိုက်ခြင်းသည် ရခိုင်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) သုံးခုအနက် နောက်ဆုံး စကခကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောက်တော်က စကခ ၉ နှင့် ဘူးသီးတောင်ရှိ စကခ ၁၅ တို့ကို AA က သိမ်းပိုက်ပြီးဖြစ်သည်။
နပခမှာလည်း ဒုတိယမြောက် လက်လွှတ်ခဲ့ရသည့် စစ်တိုင်းဖြစ်ပြီး၊ ပထမဆုံး လက်လွှတ်ခဲ့ရသည့် တိုင်းစစ်ဌာနချုပ်မှာ ယခုနှစ် သြဂုတ်လက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သိမ်းခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ) ဖြစ်သည်။
တဖန် AA သည် ရခိုင်နှင့် ဧရာဝတီအစပ်ရှိ ဂွမြို့ကိုလည်း အပြီးသတ် ထိုးစစ်ဆင်နေပြန်သေးသည်။ ဂွမြို့တွင် တောင်ကုတ်အခြေစိုက် စကခ ၅ ကွပ်ကဲမှုအောက် ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းများ ရှိသည်။ ခမရ ၅၆၃ ကို AA က တိုက်ခိုက်နေပြီး တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တိုက်ပွဲအတွင်း သေဆုံးသွားကြောင်းသိရသည်။
ဂွအခြေစိုက်တပ်များကို ကွပ်ကဲသည့် စကခ ၅ ကျသွားပြီဖြစ်၍ သိပ်မကြာမီအတွင်း ဂွအခြေစိုက် တပ်များကိုလည်း စစ်ကောင်စီဘက်က မကြာမီ လက်လွတ်ရဖွယ်ရှိသည်။ ဂွမြို့ကို သိမ်းပိုက်ပြီးပါက ရခိုင်ဒေသဘက်မှ ဧရာဝတီဒေသဘက်သို့ တော်လှန်ရေးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းသွားမည်ဖြစ်သည်။
အနောက်ပိုင်းက စစ်ရေးအခြေအနေများကို လေ့လာပြီးနောက် မြန်မာပြည်မြောက်ပိုင်းမှ စစ်ရေးကို လေ့လာကြည့်မိသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် စစ်ရေးအရှိန် မြှင့်လျှက်ရှိသည်။
ကချင်ပြည်နယ်အတွင်း ဝိုင်းမော်၊ မံစီ၊ ဗန်းမော်၊ ပူတာအိုနှင့် ရွှေကူတို့ကို KIA က ဖြတ်တောက် ပိတ်ဆို့ထားရုံသာမက စစ်တပ်နှင့် ဦးပိုင်လီမီတက်တို့၏ အကျိုးစီးပွားရှိရာ ဖားကန့်ကိုပါ ဝိုင်းပတ် ပိတ်ဆို့ထားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးကို အောက်တိုဘာလ ၈ ရက်နေ့က သိမ်းပိုက်ထားပြီး အင်းတော်နှင့် ထီးချိုင့်တို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ KIA နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ ယခုကာလအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၃ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးကို အောက်တိုဘာလ ၈ ရက်နေ့က သိမ်းပိုက်ထားပြီး အင်းတော်နှင့် ထီးချိုင့်တို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ KIA နှင့် ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှ ယခုကာလအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၃ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။
သိပ်မကြာမီကာလ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်နေရာများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် နိုဝင်ဘာလ ၂၈ ရက်တွင် နဝတ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ ၁ ကို ဖျက်သိမ်းလိုက်သည်။ ဒီဇင်ဘာလ ၄ ရက်က စတင်၍ KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့များကို တိုက်ခိုက်လျက်ရှိသည်။
ဗန်းမော်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)၊ တပ်ရင်းဌာနချုပ်များနှင့် စခန်းများကို တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ အခြေအနေအရ တိုက်ပွဲများအတွင်း KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဟု တင်စားကြသည့် ဗန်းမော်မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ဗန်းမော်တိုက်ပွဲ စတင်အပြီး လေးရက်မြောက် ဒီဇင်ဘာလ ၈ ရက်တွင် တရုတ်ဘက်က တွေ့ဆုံရန် ဖိတ်ခေါ်သဖြင့် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အဖွဲ့ တရုတ်ပြည်သို့ သွားရောက်ခဲ့သည်။
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် အရာရှိ ဝူကန်းနှင့် ဘေဂျင်းမြို့၌ တွေ့ဆုံ ဆွေးနွေးနေစဉ် ဒီဇင်ဘာလ ၁၃ ရက် နံနက်က ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ် အားလုံး ပြန်လည် ဖွင့်လိုက်ပြီဖြစ်သည်။
ထို့သိုသော အခြေအနေတွင် KIA သည် ရပ်တန့်မသွားဘဲ ဗန်းမော်မြို့ကို သိမ်းပိုက်ရန် နီးကပ်လာနေသည်ကို တွေ့ရသည်။ KIA အနေဖြင့် တရုတ်ဖိအားကြောင့် မြစ်ကြီးနားတွင် အခြေစိုက်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို မသိမ်းနိုင်သေးလျှင်ပင် စကခ (၂၁) အခြေစိုက်ရာ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းဖွယ်ရှိသည်။
မြန်မာပြည်အနောက်ပိုင်းနှင့် မြောက်ပိုင်းက လတ်တလော စစ်ရေးအခြေအနေများကို လေ့လာကြည့်သည့်အခါ အနောက်ပိုင်းတွင် AA, မြောက်ပိုင်းတွင် KIA တို့ စစ်ရေး အရှိန်မြင့်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် မြန်မာပြည်အနောက်ပိုင်းနှင့် မြောက်ပိုင်းက လတ်တလော စစ်ရေးအခြေအနေများကို လေ့လာကြည့်သည့်အခါ အနောက်ပိုင်းတွင် AA, မြောက်ပိုင်းတွင် KIA တို့ စစ်ရေး အရှိန်မြင့်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
AA အနေဖြင့် စစ်ကောင်စီ၏ ဂွမြို့နယ်တို့ကို အပြီးသတ် သိမ်းယူတော့မည် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ငါးသိုင်းချောင်း-ဂွလမ်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုဖြစ်သော ဒေါင်းချောင်းဂိတ်နှင့် ဗေဒါဂိတ်စခန်းတို့အား AAနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ရခိုင်နှင့် ဧရာဝတီအစပ် မြို့များမှတဆင့် ဧရာဝတီဘက်ကို စစ်နယ်မချဲ့ခဲ့လျှင်ပင် ဧရာဝတီက တော်လှန်ရေးအင်အားစုများကို လက်နက်ခဲယမ်းနှင့် အခြား စစ်ရေးအကူအညီများ ထောက်ပံ့သွားဖွယ် ရှိနေသည်။
တရုတ်နယ်နိမိတ်တွင် အခြေခံနယ်မြေရှိသည့် KIA အနေဖြင့်လည်း ဖိအားကြောင့် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခြိမ်းခြောက် သိမ်းပိုက်ခြင်းမပြုနိုင်သေးသော်လည်း စကခ (၂၁) နှင့် ဗန်းမော်မြို့ ကိုမူ သိမ်းယူမည်ဖြစ်သည်။
ထို့နောက် KIA အနေဖြင့် စစ်ကိုင်းဒေသအထက်ပိုင်း တိုက်ပွဲများကို ပိုမို အာရုံစိုက် တိုက်ခိုက်လာဖွယ် ရှိနေသည်။ ထို့ကြောင့် AA, KIA နှင့် တော်လှန်ရေးအင်အားစုများ၏ မြန်မာပြည်အနောက်ပိုင်းနှင့် မြောက်ပိုင်း စစ်ရေးအခြေအနေကို ကြည့်ပါက လတ်တလောအထိ စစ်ကောင်စီရွေးကောက်ပွဲနှင့် အားလုံးပါဝင်ရေးအတွက် တရုတ်ဇာတ်ညွှန်းကို ဖီလာတိုက်၍ ကျော်လွန် လှုပ်ရှားနေကြဆဲဖြစ်ကြောင်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
ချင်းပြည်နယ်ဘက်ကို ကြည့်သည့်အခါတွင်လည်း ဒီဇင်ဘာ ၂၂ ရက်တွင် ချင်းတောင်ပိုင်းမြို့ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်နိုင်ပြီး မတူပီ၊ ကန်ပလက်နှင့် ပလက်ဝမြို့များ၌ စစ်ကောင်စီတပ် ကင်းစင်သွားခဲ့ပြီ ဟု ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ကြေညာသည်။ မြောက်ပိုင်းရှိ CNDF နှင့် ချင်းလက်နက်ကိုင်များအနေဖြင့်လည်း ဖလမ်းနှင့် ထန်တလန်မြို့တို့ကို အပြီးသတ် သိမ်းပိုက်ရန် နီးစပ်နေပြီဖြစ်သည်။
ကရင်ပြည်နယ် တပ်မဟာ ၅ တွင် ဖာပွန်နယ်ရှိ ဆင်စွယ်နှင့် တောင်သုံးလုံး စခန်းများကို သိမ်းပိုက် ရရှိထားသည်။ ဖာပွန်မြို့တွင် တခုတည်း ကျန်ရှိသည့် စစ်ဗျူဟာအဖွဲ့ အခြေချ (ဖာပွန်) ကို အပြီးသတ် မသိမ်းမီ ပတ်ဝန်းကျင်က လမ်းကြောင်းထိန်းစခန်းများကို သိမ်းပိုက်နေခြင်းဖြစ်သည်။ စစ်ကူပေးပို့ရန် လုံးဝ မဖြစ်နိုင်သည့် အနေအထားဖြစ်အောင် ပိတ်ဆို့နေခြင်းဖြစ်သည်။
ထို့ပြင် ကရင်ပြည်နယ် တပ်မဟာ ၅ တွင် ဖာပွန်နယ်ရှိ ဆင်စွယ်နှင့် တောင်သုံးလုံး စခန်းများကို သိမ်းပိုက် ရရှိထားသည်။ ဖာပွန်မြို့တွင် တခုတည်း ကျန်ရှိသည့် စစ်ဗျူဟာအဖွဲ့ အခြေချ (ဖာပွန်) ကို အပြီးသတ် မသိမ်းမီ ပတ်ဝန်းကျင်က လမ်းကြောင်းထိန်းစခန်းများကို သိမ်းပိုက်နေခြင်းဖြစ်သည်။ စစ်ကူပေးပို့ရန် လုံးဝ မဖြစ်နိုင်သည့် အနေအထားဖြစ်အောင် ပိတ်ဆို့နေခြင်းဖြစ်သည်။
ထို့အတူ KNU တပ်မဟာ ၆ ဘက်တွင် အောင်ဇေယျ စစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်ချေမှုန်းနိုင်ရန် နီးစပ်နေသည်။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်ကို DKBA ကသာ ထိန်းချုပ်ထားပြီး ဘုရားသုံးဆူ၊ သံဖြူဇရပ်လမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအဆင့် အနန်းကွင်းစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားသည်။
စစ်ရေးငြိမ်သယောင်ရှိသော်လည်း ကရင်နီ (ကယား) ဘက်တွင် စစ်ကောင်စီက လွိုင်ကော်မှတဆင့် နယ်မြေချဲ့ထွင်ရေး ဆောင်ရွက်ရန် ကြံစည်နေသည်။ ငြိမ်ပြီးစောင့်နေသော KNDF သည် မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကို ပြန်စိုးမိုးရန် ကြိုးစားသည့် တပ်မ ၆၆ ကွပ်ကဲမှုအောက် ခလရ ၈၀ တပ်ရင်းက စစ်ကြောင်းကို အပြုတ်ဆော်သွားသည်ကို တွေ့ရသည်။ ဆင်ဖြူရှင်စီမံချက်ကို အသက်သွင်းရန် မဖြစ်နိုင်သော စစ်ကောင်စီသည် ထိုစီမံချက်မှ အင်အားအချို့ကို ထုတ်နုတ်ကာ ကရင်နီဘက်သို့ ပို့ရန် စီစဉ်နေသည်။
ရှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအစပ်နေရာများတွင်လည်း တိုက်ပွဲက လုံးဝ ရပ်တန့်သွားသည်တော့ မဟုတ်ပေ။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ဖိအားကို ဂရုမစိုက်သော မြန်မာ့တော်လှန်ရေး
သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်
စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ