• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်ဖိအားကို ဂရုမစိုက်သော မြန်မာ့တော်လှန်ရေး

by Jason Tower
10 December 2024
in ဆောင်းပါး
A A
တရုတ်ဖိအားကို ဂရုမစိုက်သော မြန်မာ့တော်လှန်ရေး

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် မြင်တွေ့ရသည့် ဆန္ဒပြမှု / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

သြဂုတ်လအစောပိုင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ တော်လှန်ရေးအင်အားစုများသည် မြန်မာစစ်တပ်အတွက် နောက်ထပ် သမိုင်းဝင်ရှုံးနိမ့်မှု ဖြစ်စေခဲ့သည်။ ၃၅ ရက်သာ တိုက်ခိုက်ပြီးနောက် တော်လှန်ရေးအင်အားစုများသည် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုချလိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းမှ ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်လိုက်သည်။ ထိုဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံတဝန်း ရိုက်ခတ်ပြီး တော်လှန်ရေးအင်အားစုကို အားအင်တိုးစေသော်လည်း တရုတ်အစိုးရထံမှ ထူးခြားသောတုံ့ပြန်မှုတခု ဖြစ်ခဲ့သည်။

သြဂုတ်လမှ စတင်ပြီး တရုတ်နိုင်ငံသည် အဓိက တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားသည့် အရေးယူသော အစီအမံများပြုလုပ်ပြီး အသစ်သိမ်းပိုက်ထားသည့် နယ်မြေများမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မောင်းထုတ်ရန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ခွင့်ပြုသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ယခင်မကြုံဖူးသည့် တရားဝင်မှုအဆင့်များ ပေးလိုက်သည်။

တော်လှန်ရေးအင်အားစုများသည် တရုတ်ဖိအားကို အကြီးအကျယ် ခံနိုင်ရည်ရှိကြောင်း ပြသနေပြီး နိုင်ငံမြောက်ပိုင်းတွင်သာမက တောင်ပိုင်းတွင်ပါ တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် တရုတ်ကို အာခံကြသည်။

သို့သော် တော်လှန်ရေးအင်အားစုများသည် တရုတ်ဖိအားကို အကြီးအကျယ် ခံနိုင်ရည်ရှိကြောင်း ပြသနေပြီး နိုင်ငံမြောက်ပိုင်းတွင်သာမက တောင်ပိုင်းတွင်ပါ တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် တရုတ်ကို အာခံကြသည်။ နိုဝင်ဘာလက နောက်ထပ် အောင်ပွဲများသည် ကမ္ဘာ့အကြွယ်ဝဆုံး မြေရှားသတ္တုသိုက်များ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီး ထိုဈေးကွက်တွင် တရုတ်လွှမ်းမိုးသည့် အနေအထားကို စိန်ခေါ်မှုများ ဖြစ်စေသည်။

အထက်ပါ ဖြစ်ပေါ်တိုးတက်မှုကို တရုတ်၏ တုံ့ပြန်မှုသည် မြန်မာနိုင်ငံထက် များစွာကျော်လွန်သည့် ရိုက်ခတ်မှုများ ရှိသည်။

ပထဝီနိုင်ငံရေးအရ အရေးပါသည့် အခြားနေရာများတွင် တရုတ်က မည်သို့ ပြင်းပြင်းထန်ထန် လုပ်မည်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လုံခြုံစေရန် မည်သို့လုပ်မည်ကို ပြသသည့် စံနမူနာအဖြစ် ထိုတုံ့ပြန်မှုကို ယူဆနိုင်သည်။

တော်လှန်ရေးအင်အားစုများ၏ ခံနိုင်ရည်နှင့် မြန်မာ့စီးပွားရေးအပေါ် ၎င်းတို့၏ ကြီးထွားလာသည့် သြဇာသည် အခြားနိုင်ငံတကာမှ ပတ်သက်နေသူများအတွက် ထူးခြားသော အခွင့်အလမ်းတခု ဖြစ်စေသည်။ အမေရိကန် ပြည်ထောင်စု၊ အချို့ အနောက်နိုင်ငံများနှင့် အိန္ဒိယတို့သည် မြန်မာတွင် သေနင်္ဂဗျူဟာကျသည့် အားသာချက်ကို တရုတ် မရရှိအောင် တားဆီးရေးအတွက် ပိုမိုဂရုစိုက်ပြီး ထိရောက်သော သေနင်္ဂဗျူဟာများ ချမှတ်သင့်သည်။

၂၀၂၁ ခုနှစ် မတ်လအတွင်း တရုတ်ပိုင် အထည်ချုပ်စက်ရုံများ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် တိုက်ခိုက်ခံခဲ့ရစဉ်/Getty Images

သမိုင်းဝင် တော်လှန်ရေးအောင်ပွဲများ

ဟိုင်ဂင်သဘောတူစာချုပ်ဟုခေါ်သည့် တရုတ်ကြားဝင်သော အပစ်အခတ်ရပ်စဲရေးကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ ပဋိပက္ခကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလလယ်မှ ဇွန်လလယ်အထိ ထိထိရောက်ရောက် ရပ်ဆိုင်းသွားစေသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ဟုခေါ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

တရုတ်သည် ဒေသတွင်းတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြန်လည် စတင်နိုင်ရန် ပိုမို အသေးစိတ် သဘောတူညီချက်ရရေးအတွက် သက်ဆိုင်သူများကို ထိုကာလအတွင်း တွန်းအားပေးသည်။ သို့သော် မြန်မာစစ်တပ်နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့သည် တိုက်ပွဲများ ပြန်လည် စတင်ရန် ထိုကာလအတွင်း ပြင်ဆင်နေကြသည်။

ထို့ကြောင့် ဆွေးနွေးပွဲများ မေလလယ်တွင် ပျက်ပြားသည်။ နောက်တလကြာသောအခါ ဟိုင်ဂင်သဘောတူညီချက်လည်း ပျက်သည်။ တရုတ်ဖိအားကို အာခံပြီး ထိုအဖွဲ့များ တိုက်ပွဲပြန်စသည်။

တရုတ်အစိုးရကို အငိုက်မိသွားစေဖွယ်ရှိသည်မှာ ညီနောင်မဟာမိတ်အဖွဲ့က စစ်စခန်းတခုပြီး တခု စတင်သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းမှ အဓိကမြို့နယ်များကို ရက်သတ္တပတ် အနည်းငယ်အတွင်း သိမ်းသည့် လျင်မြန်မှုဖြစ်သည်။

ထိုကိစ္စသည် တရုတ်အတွက် အံ့သြစရာမဖြစ်သင့်ပေ။ သို့သော် တရုတ်အစိုးရကို အငိုက်မိသွားစေဖွယ်ရှိသည်မှာ ညီနောင်မဟာမိတ်အဖွဲ့က စစ်စခန်းတခုပြီး တခု စတင်သိမ်းပိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းမှ အဓိကမြို့နယ်များကို ရက်သတ္တပတ် အနည်းငယ်အတွင်း သိမ်းသည့် လျင်မြန်မှုဖြစ်သည်။

ဇူလိုင်လအစောပိုင်းသို့ ရောက်သောအခါ တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးသို့ ရောက်လာသည်။ ထိုမြို့တွင် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လည်း ရှိသည်။ ရက်သတ္တပတ်ပေါင်းများစွာ တိုက်ခိုက်ပြီးသောအခါ သြဂုတ်လ ၃ ရက်နေ့တွင် လားရှိုးတမြို့လုံးနှင့် ရမခ စစ်ဌာနချုပ်သည် တော်လှန်ရေးအင်အားစုများလက်သို့ ကျရောက်သည်။

ပြိုကွဲလုနီးပါး စစ်တပ်ကို ကယ်ရန် တရုတ် ကြားဝင်

သြဂုတ်လ ပထမ နှစ်ပတ်တွင် တော်လှန်ရေးအင်အားစုများသည် ဆက်လက် ချီတက်နေပြီး မန္တလေးသို့ ဝင်ရောက်မည့် သဘောထားမျိုး ဖော်ပြကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးတရုံး လားရှိုးတွင် ဖွင့်ရန်နှင့် စစ်တပ်ကို ချေမှုန်းပြီးပါက MNDAA ခေါင်းဆောင် ဖုန်တာရွှင် (ဖုန်တဲရန်) ကို ဒုသမ္မတသစ်အဖြစ်ခန့်ရန် MNDAA နှင့် NUG တို့ သဘောတူညီချက် ရထားသည်ဆိုသည့် ကောလာဟလများ စတင်ပျံ့နှံ့လာပြီး တရုတ်ဘာသာ လူမှုကွန်ရက်များတွင်ပါ ရောက်လာလာသည်။ MNDAA က ထိုအချက်များကို ပုံဖျက်သတင်းများအဖြစ် ပယ်ချသော်လည်း ထိုအချိန်တွင် တရုတ်က မကြံစဖူး တုံ့ပြန်မှုများကို ပြုလုပ်နေပြီးဖြစ်သည်။

သြဂုတ်လ လက်ကျန်အချိန် တလျှောက်လုံးတွင် တရုတ်သည် ရှမ်းပြည်မြောက်ပိုင်းမှ တောင်လှန်ရေးအင်အားစုများထံ ရင်းမြစ်စီးဆင်းမှုများ အားလုံးကို ဆက်လက် ဖြတ်တောက်သည်။ တရုတ်သည် နယ်စပ်ဂိတ်များကိုလည်း ပိတ်ပစ်ပြီး လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဖြတ်တောက်ကာ MNDAA, TNLA တို့နှင့် ဆက်ဆံရာတွင် အလားတူမူဝါဒများ ကျင့်သုံးရန်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များတွင် အင်အားအကြီးဆုံးဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုပင် ဖိအားပေးသည်။

တရုတ်သံတမန်တဦးနှင့် UWSA ဝါရင့်ခေါင်းဆောင်နှစ်ဦးအကြား သြဂုတ်လ ၂၇ ရက်နေ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြား ပျံ့နှံ့လာသောအခါ တရုတ်က EAO များကို အနိုင်ကျင့်သည့် အတိုင်းအတာသည် ထင်ရှားလာသည်။

MNDAA က လားရှိုးကို သိမ်းပိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေးကို နက်ရှိုင်းစွာ ထိခိုက်စေပြီး ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်ခြင်းသည် တရုတ်အကျိုးစီးပွား ထိခိုက်စေသည်ဟု တရုတ်က ယူဆကြောင်း ထိုပေါက်ကြားမှုက ပြသနေသည်။ MNDAA ပိုင်နက်အတွင်းသို့ လျှပ်စစ်ဓာတ်အား၊ ရေ၊ အင်တာနက်၊ အခြေခံကုန်စည်နှင့် လူဖြတ်သန်းမှု လုံးဝဖြတ်တောက်ရန် ပျက်ကွက်ခြင်းအတွက် တရုတ်က UWSA ကိုလည်း အပြစ်တင်သည်။

တရုတ်၏ အခြေခံစည်းမှာ TNLA နှင့် MNDAA တို့ တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်မှု မရပ်မချင်း၊ MNDAA က လားရှိုးကို မြန်မာစစ်တပ်သို့ ပြန်မလွှဲမချင်း ၎င်းတို့အပေါ် “ဖြတ်ငါးဖြတ်မူ” ဖြင့် ဆက်လက် အရေးယူသင့်သည်ဆိုသည့် အချက်ဖြစ်သည်။

စက်တင်ဘာလတွင် EAO များအပေါ် တရုတ်ဖိအားသည် ပိုမိုပြင်းထန်လာသည်။ တရုတ်သည် အစဉ်အလာအားဖြင့် ၎င်း၏နယ်စပ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းကို အပြင်းအထန် တုံ့ပြန်တတ်သည်။ သို့သော် မြန်မာစစ်ကောင်စီက ရှမ်းပြည်တဝန်းမှ MNDAA နှင့် TNLA စခန်းများကို သိမ်းကျုံးပြီး လေကြောင်းမှ တိုက်ခိုက်သောအခါ တရုတ်က ရပ်ကြည့်နေသည်။

စက်တင်ဘာလတွင် EAO များအပေါ် တရုတ်ဖိအားသည် ပိုမိုပြင်းထန်လာသည်။ တရုတ်သည် အစဉ်အလာအားဖြင့် ၎င်း၏နယ်စပ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းကို အပြင်းအထန် တုံ့ပြန်တတ်သည်။

သို့သော် မြန်မာစစ်ကောင်စီက ရှမ်းပြည်တဝန်းမှ MNDAA နှင့် TNLA စခန်းများကို သိမ်းကျုံးပြီး လေကြောင်းမှ တိုက်ခိုက်သောအခါ တရုတ်က ရပ်ကြည့်နေသည်။ လားရှိုးရှိ အရေးအပါဆုံး တရုတ်ဘုရားကျောင်းတခုကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သောအခါတွင်ပင် တုံ့ပြန်ရန် ငြင်းဆန်သည်။

MNDAA ပိုင်နက်အတွင်းသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် တရုတ်ဖိအားကို တုံ့ပြန်သည့်အနေဖြင့် UWSA သည် ရှမ်းမြောက်ပိုင်း ပဋိပက္ခဒေသများသို့ ကုန်မှောင်ခိုကူးမှုဖြင့် လူ ကိုးဦးကို နိုဝင်ဘာလအစောပိုင်းတွင် လူသိရှင်ကြား ပြစ်ဒဏ်စီရင်သည်။

သို့သော် အားလုံးတွင် စိုးရိမ်စရာအကောင်းဆုံး ဖြစ်လာသည်မှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင် (ဖုန်တဲရန်) ရုတ်တရက် ပျောက်ဆုံးနေခြင်းဖြစ်သည်။ သူ့ကို သြဂုတ်လလယ်က အများပြည်သူ မြင်ကွင်းတွင် နောက်ဆုံးတွေ့ရသည်။ EAO သတင်းရင်းမြစ်များ၏ အဆိုအရ ဖုန်တဲရန်သည် စက်တင်ဘာလလယ်တွင် ကျန်းမာရေးကိစ္စအတွက် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ သွားသော်လည်း ထိုအချိန်မှစတင် အဆက်အသွယ် ပြတ်နေသည်။

တရားဝင်အားဖြင့် တရုတ်ကလည်း ဖုန်တဲရန်သည် ဆေးကုရန် ကူမင်းသို့ရောက်နေသည်ဟု ပြောသည်။ သို့သော် ဖုန်တဲရန်သည် ရာထူးမြင့်မားသူဖြစ်သောကြောင့် အဆက်အသွယ် ပြတ်နေခြင်းသည် လွန်စွာထူးခြားသည်။ ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းအရ ဖုန်တဲရန် မည်မျှကြာကြာ MNDAA ခေါင်းဆောင် ဖြစ်နိုင်သည်ကို တရုတ်အရာရှိများ မေးခွန်းထုတ်ကြောင်း ဖော်ပြနေသည်။

ထိုအခြေအနေအားလုံးအပြင် တရုတ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို နိုဝင်ဘာလ အစောပိုင်းတွင် ဖိတ်ခေါ်သည်။ တရုတ်အစိုးရသည် မင်းအောင်လှိုင်ကို မကြာသေးမီ နှစ်များအတွင်း လျစ်လျူရှုထားပြီး ရပ်ဝန်းနှင့် လမ်းအစီအစဉ် အခမ်းအနားများတွင် ပါဝင်ခွင့်မပြုပေ။

မင်းအောင်လှိုင်သည် ဘေဂျင်းသို့ သွားရောက်နိုင်ခြင်း၊ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်း မလုပ်နိုင်ခဲ့သော်လည်း ထိုခရီးသည် မမျှော်လင့်သော အောင်မြင်မှုဖြစ်သည်။ စစ်ခေါင်းဆောင်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အတွင်း မဲခေါင်ဒေသခွဲအုပ်စုမှ ခေါင်းဆောင်အများအပြားနှင့် တွေ့ခွင့်ရသည်။ တရုတ်နှင့် ထိုဒေသခွဲအုပ်စုသည် မြန်မာစစ်တပ်နှင့် အမြင့်ဆုံးအဆင့်တွင် ပြန်လည် ထိတွေ့ဆက်ဆံခြင်းကို လိုလားကြောင်း ထိုအစည်းအဝေးများက အာဆီယံသို့ ခိုင်မာသော သတင်းစကားပေးပို့လိုက်ခြင်းပင်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
189
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အနီး တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိသည့် စစ်ကောင်စီစခန်းတခုသို့ ရောက်ရှိနေသည့် MNDAA အဖွဲ့ဝင်များ / The Kokang / AFP

တရုတ်အကူအညီအတွက် ပေးဆပ်ရသည့်တန်ဖိုး

တရုတ်ပြည်မှ မင်းအောင်လှိုင် ပြန်လာပြီး ချက်ချင်းပင် အပေးအယူသည် ရှင်းလင်းပေါ်လွင်လာသည်။ ထိုသို့ထောက်ခံမှုအတွက် တရုတ်က မြန်မာစစ်တပ်ထံမှ အဓိကကျသည့် လိုက်လျောမှုတခု တောင်းဆိုသည်။ မြန်မာမှ နယ်စပ်ဖြတ်ကျော် တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် လက်နက်ကိုင် တရုတ်လုံခြုံရေးအစောင့်များ ဖြန့်ကြက်ခြင်း အပါအဝင် ကာကွယ်ရန် တရုတ်ကို ခွင့်ပြုမည့် ဖက်စပ် လုံခြုံရေးကုမ္ပဏီ ထူထောင်ရန် မြန်မာဥပဒေများကို ပြင်ဆင်ရေးဖြစ်သည်။

တရုတ်၏ တောင်းဆိုမှုနှင့် ပတ်သက်သည့်သတင်းကို အများပြည်သူသို့ စစ်ကောင်စီက အသိပေးခဲ့သည်။ ထိုသို့လုပ်ခြင်းကြောင့် ထိုတောင်းဆိုမှုသည် အငြင်းပွားဖွယ်ဖြစ်သည်ဟု စစ်တပ်ကမြင်ကြောင်း ပြသခြင်းဖြစ်သည်။

တရုတ်၏ တောင်းဆိုမှုနှင့် ပတ်သက်သည့်သတင်းကို အများပြည်သူသို့ စစ်ကောင်စီက အသိပေးခဲ့သည်။ ထိုသို့လုပ်ခြင်းကြောင့် ထိုတောင်းဆိုမှုသည် အငြင်းပွားဖွယ်ဖြစ်သည်ဟု စစ်တပ်ကမြင်ကြောင်း ပြသခြင်းဖြစ်သည်။ ထိုလုပ်ရပ်သည် မြန်မာရှိ တရုတ်စီမံကိန်းများအတွက် လုံခြုံရေးပေးသည့်ကိစ္စကို စစ်တပ်က လက်ဝါးကြီးအုပ်ထားသည့်အပေါ် စွက်ဖက်ခြင်း ဖြစ်သည်။ ထိုသို့ လက်ဝါးကြီးအုပ်ထားခြင်းသည် တရုတ်အပေါ် မြန်မာစစ်တပ်က သြဇာသက်ရောက်စေနိုင်သည့် အရေးပါသော လုပ်ရပ်များအနက်တခု ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မြန်မာစစ်တပ်အတွက် ပစ္စည်းကိရိယာနှင့် ထောက်လှမ်းရေးသတင်း အသုံးပြုနိုင်သည့် နည်းလမ်းသစ်ဖြစ်နိုင်သည်၊ သေချာလေ့ကျင့်ထားသည့် တရုတ်လုံခြုံရေးများ ရှိခြင်းသည် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရန် မြန်မာစစ်တပ်များ၊ လုံခြုံရေး အစောင့်များနှင့် ရဲများကို အခြားနေရာများသို့ ပြန်လည်ဖြန့်ကြက်နိုင်စေသည်ဟု စောဒက တက်ကောင်းတက်နိုင်သည်။

သို့သော် မြန်မာသို့ ရောက်သောအခါ တရုတ်လုံခြုံရေးသည် စစ်တပ်၏အကျိုးစီးပွားကို ဆန့်ကျင်သည့် ပုံစံများဖြင့်လည်း လုပ်ဆောင်နိုင်သည်။

နှစ်ဖက် တိုက်ပွဲကြားက ရပ်ဝန်းနှင့် လမ်းအစီအစဉ်

မြန်မာရှိ ရင်းနှီးမြှုပ်နှံမှုများကို သေချာလုံခြုံစေရန် တရုတ်၏ဆန္ဒသည် လွန်စွာပြဿနာများသော စဉ်းစားတွေးခေါ်မှုကို အခြေခံသည်။ တော်လှန်ရေးအင်အားစုများကို ဗြောင်ကျကျ ရန်လိုသည့် တရုတ်၏ပုံစံနှင့် ပေါင်းစပ်လိုက်သောအခါ ထိုဆန္ဒသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို နှစ်ဖက်တိုက်ပွဲအတွင်း တိုက်ရိုက် ဆွဲသွင်းလိုက်နိုင်သည်။

တရုတ်လုံခြုံရေးဝန်ထမ်းများ ဝင်ရောက်နိုင်ရန် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းခြင်းဖြင့် တရုတ်သည် တရုတ်စီမံကိန်း အများအပြားရှိသော နေရာများအပါအဝင် ကျယ်ပြန့်သော ပိုင်နက်များသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဆိုသည့်အချက်ကို လျစ်လျူရှုသည်။ ထို့ကြောင့် ထိုစီမံကိန်းများသည် ရန်သူတပ်နှင့် မဟာမိတ်ဖြစ်သည်ဟု ပြည်သူများနှင့် တော်လှန်ရေးအင်အားစု အဆင့်ဆင့်က မြင်လာနိုင်သည်။

ထိုပြဿနာကို ဖြေရှင်းရန် တရုတ်သုတေသီများက အစီအစဉ်တခုကို အဆိုပြုထားသည်။ ယင်းမှာ လုံခြုံရေးကုမ္ပဏီတွင် EAO များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှ လူသစ်များ စုဆောင်းရန်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတို့အပေါ် တရုတ်အကျိုးစီးပွားများက လွှမ်းမိုးခြင်းကို တားဆီးရန် သေနင်္ဂဗျူဟာများ ရှာဖွေရေး လုပ်ဆောင်နိုင်သည်။ စစ်တပ်ကလည်း ထိုလုံခြုံရေးကုမ္ပဏီတွင် တော်လှန်ရေးအင်အားစုများ ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးနိုင်ပြီး စီမံကိန်းများက ပဋိပက္ခအတွင်းသို့ ပိုမိုကျရောက်စေမည် ဖြစ်သည်။

သို့သော် ထိုသို့လုပ်ခြင်းသည် မြန်မာတွင် များစွာ ပို၍ ဖရိုဖရဲဖြစ်စေနိုင်သည်။ တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတို့အပေါ် တရုတ်အကျိုးစီးပွားများက လွှမ်းမိုးခြင်းကို တားဆီးရန် သေနင်္ဂဗျူဟာများ ရှာဖွေရေး လုပ်ဆောင်နိုင်သည်။

စစ်တပ်ကလည်း ထိုလုံခြုံရေးကုမ္ပဏီတွင် တော်လှန်ရေးအင်အားစုများ ထိုးဖောက်ဝင်ရောက်ခြင်းကို တားဆီးနိုင်ပြီး စီမံကိန်းများက ပဋိပက္ခအတွင်းသို့ ပိုမိုကျရောက်စေမည် ဖြစ်သည်။

မြန်မာအနာဂတ်အတွက် တရုတ်၏ အကြံအစည်များ

မြန်မာအတွက် တရုတ်၏ ကစားကွက်များ ပိုမိုရှင်းလင်းလာသည်။ ပထမအချက်မှာ အနိုင်ကျင့်ခြင်း၊ စီးပွားရေး အကျပ်ကိုင်ခြင်းနှင့် မြန်မာတဝန်းမှ EAO များအကြား တင်းမာမှုကို အသုံးချခြင်းတို့ဖြင့် တော်လှန်ရေးအင်အားစုများ အစိတ်စိတ်အမွှာမွှာ ဖြစ်စေရန်၊ နောက်ဆုံးတွင် အင်အားချိနဲ့စေရန်နှင့် တချိန်တည်းတွင် မြန်မာစစ်တပ်ကို ထောက်ခံရန် တရုတ်က ရည်ရွယ်သည်။

နောက်ဆုံးရည်မှန်းချက်မှာ မြန်မာကို စစ်အုပ်ချုပ်ရေး ခိုင်မာစေခြင်းနှင့် စီးပွားရှာသည့် အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းပေါ် တင်ပေးရေး ဖြစ်သည်။

ဒုတိယအချက်မှာ စစ်ကောင်စီ၏စွမ်းရည် ကျဆင်းလာသည်ကို မြင်ပြီးနောက် တရုတ်သည် မြန်မာမှ ၎င်း၏ ပထဝီသေနင်္ဂဗျူဟာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပိုင်ဆိုင်မှုများကို တိုက်ရိုက်ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ တိုက်ရိုက်ကာကွယ်နိုင်ရန် အချုပ်အခြာအာဏာအချို့ကို အပေးအယူလုပ်ရန် စစ်တပ်ကို အတင်းအကျပ် ဖိအားပေးရေးတွင် မြောက်ပိုင်း EAO များအပေါ် ၎င်းတို့၏ လက်ရှိသြဇာကို အသုံးပြုနိုင်သည်။

တတိယ အချက်မှာ နိုင်ငံကွန်ရက်များနှင့် ဒေသခွဲအဆင့် စားပွဲဝိုင်းများမှတဆင့် သြဇာနှင့် သွေးခွဲအနိုင်ယူရေး နည်းဗျူဟာများကို သုံးခြင်းဖြင့် တရုတ်သည် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေးလမ်းကြောင်းသို့ ယိမ်းအောင် အာဆီယံနှင့် အခြား ပြင်ပနိုင်ငံများကို လုပ်ရန် ရည်ရွယ်သည်။

စတုတ္ထအချက်မှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံခြင်းဖြင့် တရုတ်သည် စစ်ကောင်စီ၏ “တည်ငြိမ်ရေး” လမ်းပြမြေပုံ ၅ ချက် အောင်မြင်အောင် ကူညီရန် ရည်မှန်းသည်။ စစ်ကောင်စီ ဦးဆောင်သည့် ရွေးကောက်ပွဲသည် နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးအတွက် လမ်းဖွင့်ပေးနိုင်သည်ဟု ဆင်ခြေပေးသည့် နိုင်ငံအနည်းငယ်တွင် တရုတ်လည်း ပါဝင်သည်။

ရွေးကောက်ပွဲပြီးလျှင် မင်းအောင်လှိုင်သည် မြန်မာစစ်တပ်အပေါ် ထိန်းချုပ်မှုကို စွန့်လွှတ်မည်ဆိုသည့် ယူဆချက်ကို အခြေခံပြောခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်ကို မင်းအောင်လှိုင် မလုပ်မည်မှာ လုံးဝနီးပါး သေချာသည်။

သို့သော် မင်းအောင်လှိုင်က ထိုသို့ ကတိကဝတ်ပေးမည်မှာ လွန်စွာ မဖြစ်နိုင်သလို ထိုဆင်ခြေသည် ရွေးကောက်ပွဲပြီးလျှင် မင်းအောင်လှိုင်သည် မြန်မာစစ်တပ်အပေါ် ထိန်းချုပ်မှုကို စွန့်လွှတ်မည်ဆိုသည့် ယူဆချက်ကို အခြေခံပြောခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်ကို မင်းအောင်လှိုင် မလုပ်မည်မှာ လုံးဝနီးပါး သေချာသည်။

သို့သော် မင်းအောင်လှိုင်က ထိုသို့သော ကတိကဝတ်တခု လုပ်ခဲ့လျှင်ပင် လက်ရှိအခြေအနေတွင် ကျင်းပသည့် မည်သည့် ရွေးကောက်ပွဲမဆိုသည် ပိုမိုကြီးမားသည့် အကြမ်းဖက်မှုအတွက် အားပေးခြင်းမှလွဲပြီး အခြား မဖြစ်နိုင်ပေ။

KIA က သိမ်းယူလိုက်သော ချီဖွေမြို့နယ်အတွင်းရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတခု/CJ

EAO များ၏ ကြံ့ကြံ့ခံနိုင်ရည်

တရုတ်၏ လုပ်ရပ်သဘောထား ပြောင်းလဲခြင်းသည် တော်လှန်ရေးအင်အားစုကို အကြီးအကျယ် ထိခိုက်စေသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ တော်လှန်ရေးအင်အားစုများက တရုတ်ဖိအားကို နိုင်ငံတဝန်းတွင် ဆက်လက် အာခံကြသည်။

ထိုအာခံမှု ရှေ့တန်းစစ်မျက်နှာများသည် ကချင်ပြည်နယ်တွင် ဖြစ်သည်။ ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် သြဂုတ်လလယ်မှ စတင်ပြီး စစ်ဆင်ရေးများ၏ အရှိန်အဟုန်ကို သိသိသာသာ မြှင့်တင်သည်။

တိုက်ခိုက်မှုရပ်ပြီး စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းရန် တရုတ်က တောင်းဆိုသော်လည်း KIA သည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် စစ်ကောင်စီမဟာမိတ် ပြည်သူ့စစ်ကို မကြာသေးမီက ချေမှုန်းလိုက်သည်။

“မြေရှားပြည်သူ့စစ်” ဟု သိကြသည့် ထိုအုပ်စုသည် ကချင်ပြည်နယ်၊ ပန်ဝါကို တရုတ်သို့ မြေရှားသတ္တုတင်သွင်းသည့် အခြေခံရင်းမြစ်ဖြစ်အောင် ပြောင်းလဲရေးအတွက် ၂၀၁၆ ခုနှစ်မှ စတင်ပြီး တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီများနှင့် အနီးကပ် မဟာမိတ်ဖွဲ့ထားသည်။

သို့သော် အောက်တိုဘာလ နှောင်းပိုင်းတွင် KIA က ပန်ဝါဒေသတခုလုံးကို ထိန်းချုပ်လိုက်ပြီး ထိုသတ္တုတူးဖော်ရေး လုပ်ငန်းများအားလုံးကို ထိန်းချုပ်လိုက်သည်။ ထို့ကြောင့် ထိုသတ္တုများ ဈေးနှုန်းတက်လာမည်ဖြစ်ကြောင်း တရုတ်လုပ်ငန်း အတွင်းလူများက လူသိရှင်ကြား ကြေညာသောကြောင့် နိုဝင်ဘာလတွင် တရုတ် စတော့ဈေးကွက်တွင် သိသိသာသာ မတည်မငြိမ်ဖြစ်စေသည်။

တရုတ်အတွက် ကြီးမားသည့် တုန်လှုပ်မှုဖြစ်ကြောင်း လက္ခဏာအဖြစ် တရုတ်အစိုးရသည် ရက်အနည်းငယ်အကြာတွင် ၎င်း၏ ထိပ်တန်း သတ္တုတူးဖော်ရေးကုမ္ပဏီများအနက် ခြောက်ခုတွင် ခေါင်းဆောင်ပိုင်း အကြီးအကျယ် အပြောင်းအလဲလုပ်ပြီး အမေရိကန် ပြည်ထောင်စုသို့ မြေရှားသတ္တု တင်ပို့ခြင်းကို ပိတ်ပင်သည်။

ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် မြေရှားသတ္တုတွင်းများကို ထိန်းချုပ်လိုက်ခြင်းဖြင့် KIA သည် ပိုမိုရဲတင်းသည့် သတင်းစကားကို တရုတ်အား သိစေလိုက်သည်။ မြေရှားသတ္တုလုပ်ငန်းကို ဝန်ဆောင်မှုပေးနေသည့် အဓိက နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း KIA ကြေညာပြီး ယခင်အတိုင်း ပြန်လည်ဆက်ဆံရန် အလျင်လိုမည် မဟုတ်ကြောင်း ပြသသည်။

ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် မြေရှားသတ္တုတွင်းများကို ထိန်းချုပ်လိုက်ခြင်းဖြင့် KIA သည် ပိုမိုရဲတင်းသည့် သတင်းစကားကို တရုတ်အား သိစေလိုက်သည်။ မြေရှားသတ္တုလုပ်ငန်းကို ဝန်ဆောင်မှုပေးနေသည့် အဓိက နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း KIA ကြေညာပြီး ယခင်အတိုင်း ပြန်လည်ဆက်ဆံရန် အလျင်လိုမည် မဟုတ်ကြောင်း ပြသသည်။

KIA သည် ထိုလုပ်ရပ်များကို တရုတ် အနိုင်ကျင့်မခံလိုသည့် စိတ်ဓာတ်ကသာ မဟုတ်ဘဲ ကချင်ပြည်သူလူထုကြောင့်လည်း ပြုလုပ်ခြင်းဖြစ်သည်။ ကချင်ပြည်သူလူထုသည် မြေရှားသတ္တု တူးဖော်ခြင်းကြောင့် ပြင်းထန်သောပတ်ဝန်းကျင်နှင့် ကျန်းမာရေး ရိုက်ခတ်များကို အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ KIA အနေဖြင့် ပိုမိုရေရှည်တည်တံ့သည့် အလေ့အထများ မလုပ်ပါက လူထုဖိအားကို ခံရနိုင်သည်။

ထိုသို့ကြံ့ကြံ့ခံနိုင်သည်မှာ KIA တဖွဲ့တည်းသာ မဟုတ်ပေ။ တရုတ် ဖိအားရှိသော်လည်း MNDAA သည် လားရှိုးတွင် ဆက်လက် ခြေကုပ်ယူထားသည်။ သို့သော် မန္တလေးသို့ ဆက်လက်ချီတက်ရာတွင် ပါဝင်မည် မဟုတ်ကြောင်း ကြေညာချက်များ ထုတ်ပြန်သည်။ တချိန်တည်းတွင် ရခိုင်ပြည်နယ်တွင် AA သည် စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်နေပြီး တရုတ်ဖိအားနှင့်ပတ်သက်၍ မည်သည့်စိုးရိမ်မှုမှ မရှိပေ။

နိုင်ငံတကာ ရိုက်ခတ်မှုများ

တရုတ်နိုင်ငံသည် မြန်မာပြဿနာတွင် အာဆီယံဗဟိုပြုမှုနှင့် ခေါင်းဆောင်မှုကို နှုတ်အားဖြင့် ဆက်လက် ထောက်ခံသော်လည်း ဖြစ်ပေါ်တိုးတက်မှုများကို ၎င်း၏ အကျိုးအတွက် ရှေးရှုရန် တွန်းအားပေးနေသည့် အဓိက လွှမ်းမိုးသော ပြည်ပနိုင်ငံဖြစ်ကြောင်း ထင်ရှားနေသည်။

ပြည်ပတွင် ပိုမိုတောင့်တင်းသော တရုတ်လုံခြုံရေး ပါဝင်ပတ်သက်မှုအတွက် မြန်မာသည် အစမ်းသပ်ခံ ဖြစ်လာနေသည်။ တရုတ်နယ်စပ်ကို ကျော်လွန်ကာ တရုတ်ရဲများ ဖြန့်ကြက်ခြင်းမှသည် လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းရန် နည်းပညာအသုံးပြုခြင်း၊ ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများအတွက် ပြည်ပလုံခြုံရေး ချဉ်းကပ်ပုံနည်းလမ်းသစ် အသုံးပြုခြင်းနှင့် အာဆီယံကဲ့သို့သော စင်မြင့်များတွင် သေနင်္ဂဗျူကျသော ကောင်းကျိုးများရခြင်းအထိ အရာရာကိုလုပ်ရန် အဆင်သင့်ရှိနေသည်။

ထိုသို့ စွက်ဖက်မှုနှင့် စွက်ဖက်မှုကြောင့် ဖြစ်လာသည့် တင်းမာမှုများ၊ ဖရိုဖရဲအခြေအနေများ ရှိသော်လည်း မြန်မာတော်လှန်ရေးအင်အားစုသည် ဆက်လက် ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး တရုတ်နှင့် စစ်ကောင်စီ နှစ်ဖက်လုံးအပေါ် စီးပွားရေးသြဇာ အသာစီးရနေသည်။

ပိုမိုအရေးကြီးသည့် အချက်မှာ တော်လှန်ရေးအင်အားစုများသည် ယခုအခါ တည်ငြိမ်မှုသို့ ပြန်သွားရေးအတွက် လက်တွေ့ကျသည့်လမ်းကြောင်းကို ပေးနိုင်သည့် တခုတည်းသော အင်အားစုများဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။

ပိုမိုအရေးကြီးသည့် အချက်မှာ တော်လှန်ရေးအင်အားစုများသည် ယခုအခါ တည်ငြိမ်မှုသို့ ပြန်သွားရေးအတွက် လက်တွေ့ကျသည့်လမ်းကြောင်းကို ပေးနိုင်သည့် တခုတည်းသော အင်အားစုများဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၊ အခြားအနောက်နိုင်ငံများ၊ အထူးသဖြင့် အိန္ဒိယသည် မြန်မာတော်လှန်ရေးအင်အားစုများ ပါဝင်သည့် အရေးပါသော အခန်းကဏ္ဍကို ဂရုတစိုက် မှတ်သားသင့်ပြီး တရုတ်က ၎င်း၏သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် မြန်မာကို အမြတ်ထုတ်မည့်လုပ်ရပ်များကို ထိုတော်လှန်ရေးအင်အားစုများ၏ မယုံနိုင်လောက်သည့် ခံနိုင်ရည်နှင့် ကြီးထွားနေသည့် သြဇာက မည်သို့ သက်ရောက်နိုင်မည်ကို စဉ်းစားသုံးသပ်သင့်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ အရေးပါသော မြေရှားသတ္တုများထိန်းချုပ်မှု ပြောင်းလဲခြင်းနှင့် မြေရှားသတ္တု ဖြန့်ချိရေးကွင်းဆက်များကို တရုတ်လွှမ်းမိုးမှု ပြိုကွဲခြင်း၏ ဖြစ်နိုင်ခြေရှိသော ရိုက်ခတ်မှုများကိုလည်း ထိုနိုင်ငံများက အနီးကပ် စောင့်ကြည့်သင့်သည်။

(အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု [USIP] ပါ Jason Tower ၏ Myanmar’s Resistance Manages to Defy Chinese Pressure—For Now ကို ဘာသာပြန်သည်။ Jason Tower သည် USIP ၏ မြန်မာ့အရေးဆိုင်ရာ ဒါရိုက်တာဖြစ်သည်။)

You may also like these stories:

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား

တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

တရုတ် ပုဂ္ဂလိကကြေးစားတပ်များ မြန်မာပြည် ရောက်ပြီလား

မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEAOKIAMNDAANUGPDFSliderTNLAUWSAစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးညီနောင်မဟာမိတ်သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုပြည်သူ့စစ်ဖြတ်ငါးဖြတ်မြေရှားသတ္တုရွေးကောက်ပွဲလုံခြုံရေးကုမ္ပဏီလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
Jason Tower

Jason Tower

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ

ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved