လက်ရှိအချိန်တွင် မြန်မာပြည်အနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေသည်ကို အားလုံး တွေ့မြင်နေကြရသည်။ မြန်မာပြည် ပြည်တွင်းစစ် နှစ်၇၀ ကျော် သမိုင်း၌ တိုင်းနယ်ပြည်နယ် အားလုံးတွင် တပြိုင်နက် စစ်ပွဲဖြစ်ပွားခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်၏။
လွတ်လပ်ရေးရပြီးနောက် ရန်ကုန်အစိုးရဟု အခေါ်ခံရသောကာလ၌ပင် ကချင်၊ ချင်း၊ ရှမ်း ပြည်နယ်တို့တွင် တော်လှန်ပုန်ကန်မှုများ မရှိခဲ့ပေ။ ယခုကာလတွင် ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီးများအပါ တိုက်ပွဲမဖြစ်သည့် တိုင်းနှင့်ပြည်နယ် မရှိသည်ကို တွေ့ရသည်။
တဖက်ကလည်း မြန်မာစစ်တပ်သည် ဖွဲ့စည်းပုံကြီးသော်လည်း တပ်အင်အား ကျဆင်းနေသည်ကို တွေ့ရ၏။ ၁၉၈၈ မတိုင်မီက တပ်ရင်းတရင်းလျှင် စစ်ထွက်အင်အား ၅၀၀ ခန့်ရှိခဲ့သော ခြေလျင်၊ ခြေမြန်တပ်ရင်းများသည် ယခုအခါ ပျမ်းမျှ စစ်ထွက်အင်အား ၁၅၀ ခန့်နှင့် လည်ပတ်နေရသည်။ ထို့ကြောင့်လည်း လက်ရုံးတပ်များ၊ ကပစ များမှ တပ်အင်အားကို ထုတ်နုတ်၍ သုံးနေရ၏။
ရဲအင်အားကို အသုံးချနေရသည့်အပြင် ပျူစောထီးအပါ ခေါင်းစဉ်အမျိုးမျိုးဖြင့် အရံအင်အားများ စုစည်း၍ လေ့ကျင့် လက်နက်တပ်ဆင်ပေးနေရသည်။ စစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူကို အဓိက အားထားနေရ၏။ စစ်ရေးအတွေ့အကြုံ နုနယ်သေးသည့် PDF များကို လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ မပါဘဲ တိုက်ခိုက်ခြင်း မပြုနိုင်သည်ကို တွေ့ရသည်။
လက်တွေ့စစ်မြေပြင်မှ တွေ့ရသည်မှာ မြန်မာစစ်တပ်သည် သမိုင်းတလျှောက် တိုက်ခိုက်ရေးအင်အား အနည်းဆုံး၊ တိုက်ရည်ခိုက်ရည် အနိမ့်ဆုံး၊ တိုက်စိတ်ခိုက်စိတ် အကျဆင်းဆုံးအချိန်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ စစ်ဗျူဟာခင်းကျင်းမှုလည်း အနိမ့်ဆုံး၊ အညံ့ဆုံးဟု ဆိုရမည်။
လက်တွေ့စစ်မြေပြင်မှ တွေ့ရသည်မှာ မြန်မာစစ်တပ်သည် သမိုင်းတလျှောက် တိုက်ခိုက်ရေးအင်အား အနည်းဆုံး၊ တိုက်ရည်ခိုက်ရည် အနိမ့်ဆုံး၊ တိုက်စိတ်ခိုက်စိတ် အကျဆင်းဆုံးအချိန်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ စစ်ဗျူဟာခင်းကျင်းမှုလည်း အနိမ့်ဆုံး၊ အညံ့ဆုံးဟု ဆိုရမည်။
လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်မှစသည့် စစ်ဆင်ရေးများကို ပြန်ကြည့်ပါက ၂၀၁၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ စတင်သည်။ KIA ၏ စခန်းနှင့် နယ်မြေတချို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသော်လည်း KIA အား အနိုင်မတိုက်နိုင်၊ အပြတ်မရှင်းနိုင်သည့်အပြင် KIA ပို၍ အင်အားကောင်းလာသည်ကို တွေ့ရ၏။
ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအား စစ်ဆင်ရေးများ ပြုလုပ်သည်။ အနိုင်မတိုက်နိုင်သည့်အပြင် SSPP ပို၍ အင်အားကောင်းလာသည်ကို တွေ့ရ၏။
၂၀၁၅ ခုနှစ်တွင် ကိုးကန့် MNDAA နှင့် တိုက်ပွဲများဖြစ်သည်။ MNDAA အား မနိုင်ရုံသာမက ပို၍ အင်အားကောင်းလာသည်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှစ၍ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ MNDAA, တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) တို့နှင့် တိုက်ပွဲများဖြစ်ပွား၏။
ထိုသုံးဖွဲ့အား အနိုင်မတိုက်နိုင်သည်သာမက ပို၍အားကောင်းလာသည်ကို တွေ့ရသည်။ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်က ရခိုင်တွင် AA တဖွဲ့တည်းနှင့် တိုက်သည်။ အနိုင်မတိုက်နိုင်သည်သာမက AA ပို၍ အားကောင်းလာသည်ကို တွေ့ရ၏။
KIA, ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ SSPP နှင့် အခြား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များသည်လည်း အင်အားတိုးလာရာ လက်နက်ကိုင်အင်အား ၇၀,၀၀၀ ခန့်အထိ တိုးလာသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ လက်ရှိ မြန်မာစစ်ဖက်ခေါင်းဆောင် ဦးစီးချုပ်ဖြစ်ပြီး ၂၀၂၀ အထိ လက်နက်ကိုင် တော်လှန်သည့် AA, TNLA စသည့်အဖွဲ့သစ်များ ထွက်ပေါ်လာသကဲ့သို့ MNDAA လည်း ပြန်အားကောင်းလာသည်။ ထို့အပြင် KIA, ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ SSPP နှင့် အခြား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များသည်လည်း အင်အားတိုးလာရာ လက်နက်ကိုင်အင်အား ၇၀,၀၀၀ ခန့်အထိ တိုးလာသည်ကို တွေ့ရသည်။
ဤသို့တိုးလာရသည့် အကြောင်းအရင်းမှာ နိုင်ငံရေးအရ ပြဿနာကို အဖြေရှာရန် မကြိုးစားဘဲ ၎င်းတို့စစ်တပ်၏ အလိုဆန္ဒအတိုင်းသာ တိုင်းရင်းသားအင်အားစုများကို နာခံစေရန် အတင်းအဓမ္မကြိုးစားမှုက အကြောင်းရင်း ဖြစ်သည်။
ထို့အပြင် စစ်လက်နက်အင်အားကိုသာ အားကိုးဖြေရှင်းရန် အဓိကထားပြီး လူထုစည်းရုံးရေးနှင့် လုထုထောက်ခံမှုရယူရန် ပျက်ကွက်ခြင်းဖြစ်၏။ စစ်ဆင်ရေးအား သေနင်္ဂဗျူဟာအရ ရေရှည်အမြင်နှင့် လုပ်ဆောင်ခြင်းမရှိဘဲ တပွဲထိုးပြုလုပ်ခြင်း၊ မလိုအပ်သော တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများအား ဂုဏ်သိက္ခာသက်သက်အတွက် တိုက်ခိုက်ခြင်းဖြင့် စစ်အင်အား၊ စစ်လက်နက်အင်အားတို့ ဖြုန်းတီးခြင်းဖြစ်သည်။ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တို့၏ ပြီးခဲ့သော ၁၀ နှစ်အတွင်း နိုင်ငံရေးအရရော စစ်ရေးအရရော မှားယွင်းမှုဖြစ်၏။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန်တိုအတွင်းမှာပင် မြန်မာစစ်တပ်ကို လက်နက်ကိုင်ပုန်ကန်သူ အင်အားစုများသည် အများအပြား ထွက်ပေါ်လာသည်။ ပြီးခဲ့သော ၁၀ နှစ် ကာလအတွင်း ပေါ်ပေါက်လာသော အရေအတွက်နီးပါး သို့မဟုတ် ထိုအရေအတွက်ထက် ပိုသော အင်အားများသည် အချိန်တိုအတွင်း ပေါ်ထွက်လာခဲ့၏။
စစ်ကောင်စီသည်ပြီးခဲ့သော ၁၀ နှစ်ကာလကဲ့သို့ပင် ဆက်လက်၍ အမှားကျူးလွန်ပြန်ပါသည်။ နိုင်ငံရေး ဆွေးနွေးဖြေရှင်းရေးကို ကျောခိုင်းသည်။ စစ်ရေးအရ ရေတိုအမြင်ဖြင့် ဖြေရှင်းရန် ကြိုးစားသည်။ စစ်ကောင်စီသည် နိုင်ငံရေးအရ ခိုင်မာသော မူဝါဒမရှိသကဲ့သို့ စစ်ရေးအရ မဟာဗျူဟာအမြင် မရှိပေ။
လက်တွေ့တွင် အောက်ပါအတိုင်းတွေ့ရသည်။ နိုင်ငံရေးအရ အတိုက်အခံ ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရမည်ကို စစ်ကောင်စီက ပယ်ချထားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ မပါသော တနည်းအားဖြင့် ပြည်မဒီမိုကရက်တစ် အင်အားစုများ မပါသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်သာ ဆွေးနွေးမည်ဟုဆို၏။
လက်ရှိ နိုင်ငံရေးပြဿနာ ဖြေရှင်းလိုလျှင် NUG နှင့် PDF ကို ဖယ်ရှား၍ မရနိုင်ဆိုသည်မှာ ပကတိမြန်မာပြည်၏ အရှိတရားဖြစ်သည်။ အာဆီယံနှင့် နိုင်ငံတကာကလည်း ဤအတိုင်း ကြည့်မြင်သည့်အပြင် ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားကြ၏။ သို့သော် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း သေဒဏ်ချမှတ်ထားသူများအား သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံ၏ ကြားဝင်ဖြေရှင်းခြင်းကို အဆုံးသတ် ဖျက်ဆီးခဲ့သည်။
လက်ရှိ နိုင်ငံရေးပြဿနာ ဖြေရှင်းလိုလျှင် NUG နှင့် PDF ကို ဖယ်ရှား၍ မရနိုင်ဆိုသည်မှာ ပကတိမြန်မာပြည်၏ အရှိတရားဖြစ်သည်။ အာဆီယံနှင့် နိုင်ငံတကာကလည်း ဤအတိုင်း ကြည့်မြင်သည့်အပြင် ကြားဝင်ဖြေရှင်းပေးရန် ကြိုးစားကြ၏။ သို့သော် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း သေဒဏ်ချမှတ်ထားသူများအား သေဒဏ်စီရင်ခြင်းဖြင့် အာဆီယံ၏ ကြားဝင်ဖြေရှင်းခြင်းကို အဆုံးသတ် ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံရေးအရ မိုက်တွင်းနက်ခဲ့သည်။ ပြည်တွင်းရော ပြည်ပကပါ စစ်ကောင်စီအား စိတ်ပျက် ရွံရှာခဲ့ကြသည်။ ထို့ပြင် စစ်ကောင်စီ၏ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးပွဲအား အင်အားရှိသည့် အဖွဲ့အများစုက မတက်ရောက်ခဲ့ကြသည့်အပြင် တက်ရောက်သည့် အဖွဲ့များသည်လည်း စစ်ကောင်စီအား မယုံကြည်ခဲ့ကြ။
ဒို့တာဝန် အရေးသုံးပါး၊ စစ်တပ်၏ နိုင်ငံရေးမူ ၆ ချက်နှင့် ၂၀၀၈ အခြေခံဥပဒေတို့ကို အသေဆုပ်ကိုင်ထားသော စစ်ကောင်စီနှင့် လက်တွေ့ အလုပ်မဖြစ်နိုင်သည်ကို မြင်တွေ့နေကြ၍ ဖြစ်၏။
ထို့အပြင် စစ်ရေးအရလည်း မြေပြင်တွင် အောက်ပါအတိုင်းတွေ့နေရသည်။
လက်ရှိတွင် မြန်မာစစ်တပ် အဓိကအလေးထားပြီး စစ်ဆင်ရေးပြုလုပ်နေသော ဒေသများမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်များဖြစ်ပြီး ထိုဒေသများတွင် နယ်မြေခံတပ်များသာမက တပ်မတပ်များပါ အင်အားဖြည့်ပြီး အချိန်ပြည့် ထိုးစစ်ဆင်နေ၏။ ထို့အပြင် တိုင်းတပ်၊ စရဖနှင့် ရဲအင်အားကို အသုံးပြုပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများကို တည်ငြိမ်အောင် အာရုံစိုက် အလေးထားနေသည်ကို တွေ့ရသည်။
သို့သော် ထိုဒေသများအား မြန်မာစစ်တပ်က လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိသည်ကို တွေ့နေရ၏။ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့တွင်လည်း တိုင်းတပ်၊ ရဲနှင့်ပျူစောထီးများအား အသုံးပြု၍ တိုက်ခိုက်မှုပေါ်သည့် နေရာများအား လိုက်လံရှင်းလင်းနေသော်လည်း အောင်မြင်မှု မရသည်ကို တွေ့ရ၏။ ထို့အပြင် တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) များ အသုံးပြု၍ ပဲခူးတိုင်း အရှေ့ဖက်ခြမ်း ရေတာရှည်၊ ပျဉ်မနား၊ တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင် တကြောလုံးအား ကရင်နီနှင့် ကရင်မှတပ်များ ထိုးဖောက်လာမည့်အရေးမှ ကာကွယ်နေရသည်။
အနောက်ဖက် ရခိုင်ရိုးမ၊ ပုသိမ်-ချောင်းသာလမ်း၊ ဂွ-ငသိုင်းချောင်းလမ်း၊ ပြည်-တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြားလမ်းများအား စစ်အင်အားများချ၍ ရခိုင်ဖက်မှ ဝင်လာနိုင်ခြေရှိသည့် တော်လှန်ရေး အင်အားစုများကို ပိတ်ဆို့ထားနေရ၏။
ထို့အပြင် စစ်ကောင်စီအတွက် စီးပွားရေးအရ အချက်အခြာကျသည့်အပြင် တိုင်းရင်းသားအဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲကြီးများ ဖြစ်ပွားနိုင်သည့် ရခိုင်နှင့် ရှမ်းမြောက်တွင် နယ်ခံတိုင်းတပ်များသာမက တပ်မ၊ စကခမှ တပ်များအပါ အနည်းဆုံး တပ်ရင်းအင်အား ၆၀ ခန့်စီ ချထားပြီး ထိုဒေသ၏ မြို့ပြနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးကို အလေးထားနေသည်ကို တွေ့ရသည်။
မြန်မာစစ်တပ်အတွက် အဓိကပြဿနာမှ တပ်အင်အား မလုံလောက်ခြင်းဖြစ်၏။ လေကြောင်းစစ်ဆင်ရေးများ တနှစ်ခန့် အပြင်းအထန်ပြုလုပ်ခဲ့၏။ တလလျှင် လေကြောင်းစစ်ဆင်ရေး အကြိမ်ရေ ၅၀၀ အထက် ပြုလုပ်ခဲ့ရာ ဆက်လက်၍ အကန့်အသတ်မရှိ လုပ်ဆောင်ရန် အခက်အခဲရှိနေပြီ ဖြစ်သည်
စစ်ကောင်စီအတွက် မစိုးရိမ်ရသည့်ဒေသဟု ယခင်က ရှမ်းတောင်နှင့် ရှမ်းအရှေ့သာ ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစ၍ ရှမ်းတောင်သည်လည်း စစ်ကောင်စီအတွက် စစ်ပူသည့်နေရာများ ဖြစ်လာ၏။ သို့သော် မြန်မာစစ်တပ်အတွက် အဓိကပြဿနာမှ တပ်အင်အား မလုံလောက်ခြင်းဖြစ်၏။ လေကြောင်းစစ်ဆင်ရေးများ တနှစ်ခန့် အပြင်းအထန်ပြုလုပ်ခဲ့၏။ တလလျှင် လေကြောင်းစစ်ဆင်ရေး အကြိမ်ရေ ၅၀၀ အထက် ပြုလုပ်ခဲ့ရာ ဆက်လက်၍ အကန့်အသတ်မရှိ လုပ်ဆောင်ရန် အခက်အခဲရှိနေပြီ ဖြစ်သည်ကို တွေ့ရသည်။
ထို့ကြောင့်လည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကတည်းက အပစ်ရပ်ထားခဲ့သော AA နှင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစ၍ တင်းမာလာသည်။ ရခိုင်မြို့ပြအုပ်ချုပ်ရေးများကို တိုး၍တိုး၍ ထိမ်းချုပ်လာသည့်အပြင် ဒေသတွင်း မွတ်စလင်များကို စည်းရုံးလာနိုင်သော AA တပ်ဖွဲ့များအား ကန့်သတ်လာခဲ့သဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ ခပ်စိပ်စိပ် ဖြစ်လာခဲ့၏။
ကရင်ပြည်နယ်တွင်းရှိ AA စခန်းတခုအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မောင်တောမြောက်ပိုင်းတွင် AA က လက်တုန့်ပြန် ချေမှုန်းရေးတိုက်ပွဲတခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ စစ်ရေးအရ မာမာထန်ထန် ပြန်လည် တုန့်ပြန်ရဲခြင်း မရှိသည်ကို တွေ့ရသည်။
၂၀၁၅ ခုနှစ်က AA နှင့် မဆွေးနွေးနိုင် လုံးဝ လက်နက်ချရမည်ဟုဆိုခဲ့သည့်၊ ၂၀၁၈-၁၉ တွင် “AA ဓာတ်ခဲအား အမြစ်ဖြတ်မည်”ဟု ဆိုခဲ့သည့်၊ ၂၀၁၉ တွင် AA သည် လိုင်ဇာတွင်သာ ရှိရမည်ဆိုခဲ့သည့်၊ ၂၀၂၀ တွင် AA အား လက်ခံလျှင် လိုင်ဇာအား တိုက်ခိုက်မည်ဟု ဆိုခဲ့သည့် မြန်မာစစ်တပ်သည် ၂၀၂၀ ပြည့်နှစ်တွင် အောက်ကြေးနှင့် AA အား အပစ်ရပ်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် မြန်မာစစ်တပ် အင်အား ၄၀ ခန့်အား AA က ချေမှုန်းလိုက်သည့်အခါတွင်လည်း ရခိုင်ပြည်သူတွေ၏ မျက်နှာထောက်ထားလို့ပါဟု အရူးကွက်နင်းနေ၏။ စစ်ရေးအရ တုန့်ပြန်နိုင်ခြင်း မရှိ။ စစ်ရေးအရ တုန့်ပြန်ရဲခြင်း မရှိသည်မှာ မြန်မာစစ်တပ် စစ်အင်အား မလုံလောက်သည်ကို ပြသနေသကဲ့သို့ AA ၏ စစ်အင်အား၊ တိုက်ခိုက်နိုင်အားပေါ်မူတည်၍ ပုတ်သင်ညိုလို အရောင်ပြောင်းနေသည့် မြန်မာစစ်တပ် သဘောထားကို တွေ့မြင်ရပေသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်း SSPP နှင့် တင်းမာမှုများ စတင်ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်မတ်လတွင် မိုင်းကိုင်၊ ပင်လုံဒေသရှိ SSPP တပ်စခန်းများကို ဆုတ်ခိုင်းသော်လည်း SSPP က ပယ်ချခဲ့၏။ ၂၀၂၂ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လများတွင် မိုင်းရှူးမြို့နယ်အတွင်းရှိ လွယ်နိုင်းအပါ စခန်း ၃ ခုကို ဖယ်ရှားရန် အကြိမ်ကြိမ် ရာဇသံပေးသော်လည်း SSPP က ပယ်ချခဲ့သည်။
မြန်မာစစ်တပ်က စစ်အင်အားဖြည့်တင်းခြင်း၊ သံချပ်ကာကားများပို့ခြင်း၊ လေကြောင်းမှ ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ထိုစခန်းများကို တိုက်ခိုက်ခြင်း မပြုနိုင်သေးသည်ကို တွေ့ရသည်။ မြန်မာစစ်တပ်အနေနှင့် တကယ်တမ်း တိုက်ခိုက်ချင်နေသော်လည်း SSPP နှင့် တွဲနေသည့် UWSA ၏ စစ်အင်အား၊ စစ်လက်နက်အင်အား၊ ကျယ်ပြန့်လာမည့် စစ်နယ်မြေတို့ကို တွက်ဆနေပုံရသည်။
မြန်မာစစ်တပ်သည် စစ်အင်အား မလုံလောက်မှုကို ပြသနေပြီး စိတ်သွားတိုင်းကိုယ်မပါတော့။ စစ်အင်အား သူတင်ကိုယ်တင် ယှဉ်နိုင်သည့်အဖွဲ့များဆိုလျှင် မြန်မာစစ်တပ်သည် လက်လွတ်စပယ် မလုပ်ရဲပေ။ ဖြဲခြောက်ကြည့်၍ မကြောက်လျှင် အရူးကွက်နင်းခါ လျှောချသည်။
မြန်မာစစ်တပ်သည် စစ်အင်အား မလုံလောက်မှုကို ပြသနေပြီး စိတ်သွားတိုင်းကိုယ်မပါတော့။ စစ်အင်အား သူတင်ကိုယ်တင် ယှဉ်နိုင်သည့်အဖွဲ့များဆိုလျှင် မြန်မာစစ်တပ်သည် လက်လွတ်စပယ် မလုပ်ရဲပေ။ ဖြဲခြောက်ကြည့်၍ မကြောက်လျှင် အရူးကွက်နင်းခါ လျှောချသည်။
မြန်မာစစ်တပ်၏ ရာဇသံဆိုသည်မှာ အင်အားရှိသော တိုင်းရင်းသားတပ်ဖွဲ့များအတွက် ရယ်စရာ ပြက်လုံးတခု ဖြစ်နေ၏။ ဤသည်မှာ လက်ရှိ မြန်မာစစ်တပ်၏ သရုပ်မှန်ဖြစ်၏။ မရဲဘဲ ကျွဲပြဲစီးနေသော မြန်မာစစ်တပ်၏ သရုပ်မှန်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် နိုင်ငံရေးအရ တင်းမာပြီး ၎င်းတို့ သ ဘောထားကို လျှော့ချပေးမည့် အလားအလာ မရှိပေ။ အင်အားသုံး အနိုင်ယူရန်သာ ဆုံးဖြတ်ထားသည်။ သို့သော် စစ်အင်အား မလုံလောက်သည်က ၎င်းတို့အတွက် အဟန့်အတားဖြစ်၏။ အကန့်အသတ်ဖြစ်၏။ သူတို့၏ အားနည်းချက်ဖြစ်၏။
၎င်းတို့အား စစ်အင်အား သူတင်ကိုယ်တင် ယှဉ်နိုင်လျှင်တော့ စစ်အင်အား မလုံလောက်သဖြင့် သူတို့လုပ်ရဲကိုင်ရဲ မရှိတော့။ မယှဉ်ရဲကြတော့။ သို့ဖြစ်ရာ မြန်မာစစ်တပ်အား ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူကြမည့် ပြည်သူဘက်တော်သားများ အနေဖြင့် မိမိစစ်အင်အားကို ကောင်းစွာ တည်ဆောက်ပါက ‘မရဲဘဲ ကျွဲပြဲစီးနေသော’ စကစ အား ကောင်းစွာ ရင်ဆိုင်ယှဉ်ပြိုင်လိမ့်မည်။ အောင်နိုင်ပေလိမ့်မည်။
You may also like these stories:
စစ်အာဏာသိမ်းမှုနှင့် ကြားကာလ တိုင်းရင်းသားအဖွဲ့အစည်းများ
ကော်သူးလေတပ်မတော် ဘာကြောင့်ပေါ်လာသလဲ
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်
စစ်ကောင်စီတပ် ချည့်နဲ့နေပြီလား