စစ်ကောင်စီစစ်တပ်သည် ဆက်လက်ရှင်သန်ရေးအတွက် အပြင်းအထန် ရုန်းကန်နေရသည့် လက္ခဏာများ ပိုမိုပြသလာနေသည်။
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းချိန်မှစတင်ပြီး နိုင်ငံသည် စစ်မျက်နှာအများအပြားရှိသော ပြည်တွင်းစစ်အတွင်း ကျဆင်းသွားသည်။
စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏တည်ငြိမ်မှုနှင့် လုံခြုံမှုကို မထိန်းသိမ်းနိုင်ဘဲ နိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံအများအပြားအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ခြေကို ဖန်တီးပေးလိုက်သည်။
စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏တည်ငြိမ်မှုနှင့် လုံခြုံမှုကို မထိန်းသိမ်းနိုင်ဘဲ နိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံအများအပြားအဖြစ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်ခြေကို ဖန်တီးပေးလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ ထိပ်တန်းအရာရှိများအတွက် ပြည်တွင်းစစ်သည် ၎င်းတို့ စစ်တပ်ကို ဖျက်သိမ်းခြင်း ဖြစ်သွားနိုင်သည်။
ယုံကြည်လောက်သော သတင်းအများအပြားက မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များနှင့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ် (ကယားပြည်နယ်) အပါအဝင် တနိုင်ငံလုံးမှ တိုက်ပွဲများအတွင်း အကြီးအကျယ် ထိခိုက်သေဆုံးနေကြောင်း အပတ်စဉ် ဖော်ပြနေကြသည်။
တခါတရံ အဆင့်မြင့်အရာရှိများပင်ပါသော ထိုထိခိုက်သေဆုံးမှုများသည် စစ်တပ်၏ ခွန်အားနှင့် စိတ်ဓာတ်ကို အကြီးအကျယ် ကုန်ခန်းသွားစေသည်။ ကချင်ပြည်နယ်တွင် စစ်တပ်မှ စစ်သားများသည် EAO သို့မဟုတ် PDF များ၏ သတ်ဖြတ်ခံရမည်ကို စိုးရိမ်သောကြောင့် စခန်းပြင်ပသို့ မထွက်ရဲကြပေ။
စစ်ကောင်စီသည် လက်ရှိစစ်သားများကို ထိန်းထားရန်အတွက်သာမက သေဆုံး၊ ဒဏ်ရာရသူများနေရာတွင် အစားထိုးရေးအတွက် လူသစ်ရှာရန်လည်း ခက်ခဲသောအချိန်ကို ရင်ဆိုင်နေရသည်။ ဗိုလ်မှူးအနည်းငယ် အပါအဝင် ရာပေါင်းများစွာသော စစ်သားများသည် ခွင့်မဲ့ပျက်ကွက် သို့မဟုတ် EAOs သို့မဟုတ် PDFs များနှင့် သွားရောက်ပူးပေါင်းနေကြသည်။
ယခင်က စစ်တပ်အတွက် လူသစ်အများအပြားရရှိခဲ့သော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် လူငယ်များသည် စစ်တပ်သို့မဝင်ဘဲ PDFs များသို့သာ ဝင်ရောက်ကြသည်။
စစ်သားစုဆောင်းသူများသည် လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေရပြီး အချို့သည် ကလေးစစ်သားများကို စုဆောင်းနေသည်ဟု ဆိုသည်။ ယခင်က စစ်တပ်အတွက် လူသစ်အများအပြားရရှိခဲ့သော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် လူငယ်များသည် စစ်တပ်သို့မဝင်ဘဲ PDFs များသို့သာ ဝင်ရောက်ကြသည်။
ထို့ကြောင့် မြန်မာစစ်တပ်တပ်ဖွဲ့များ၏ အရွယ်အစားမှာ ပုံမှန်အောက် ရောက်နေသည်။ ထိုကွာဟမှုကို ဖြည့်ဆည်းရန်အတွက် စစ်တပ်သည် ရဲများက စစ်ရေးအကူအညီပေးစေရန် အတင်းအကျပ် လုပ်ဆောင်နေသည်။ စစ်ပွဲတာဝန်များကို ရှောင်ရှားရန် ရဲတပ်ဖွဲ့ဝင်အချို့ နုတ်ထွက်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။
မြန်မာစစ်တပ်သည် စစ်သားဟောင်းများနှင့် စစ်တပ်လိုလားသော ဗုဒ္ဓဘာသာ အစွန်းရောက်များဖြင့် ပျူစောထီး ခါးပိုက်ဆောင်တပ်များ ဖွဲ့စည်းခြင်းဖြင့် အင်အားတိုးမြှင့်ရန် ကြိုးစားနေသည်။
ပျူစောထီး ခါးပိုက်ဆောင်တပ်များသည် ဒေသခံပြည်သူများကို အကြမ်းဖက်သည့် နည်းဗျူဟာများအသုံးပြုပြီး PDFs အဖွဲ့ဝင် သို့မဟုတ် ထောက်ခံသူဖြစ်သည်ဟု ၎င်းတို့ယူဆသည့် ရွာသားများကို မကြာခဏဆိုသလို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။
ပြည်တွင်းစစ်ကို လေ့လာစောင့်ကြည့်နေသည့် ရင်းမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့်ကို EAOs နှင့် PDFs များက ထိန်းချုပ်ထားသည်။
EAOs နှင့် PDFs များကို ဆက်လက် ထိုးစစ်ဆင်ရန်အတွက် ထိုသို့ အမျိုးမျိုးသော ရင်းမြစ်များကို အသုံးပြုနေသော်လည်း မြန်မာစစ်တပ်သည် နိုင်ငံအပေါ်ထိန်းချုပ်မှု ဆုံးရှုံးနေသည်။ ပြည်တွင်းစစ်ကို လေ့လာစောင့်ကြည့်နေသည့် ရင်းမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့်ကို EAOs နှင့် PDFs များက ထိန်းချုပ်ထားသည်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်အများစုကို စီမံအုပ်ချုပ်နေပြီး စစ်ကောင်စီနှင့် မသက်ဆိုင်သည့် လွတ်လပ်သော သီးခြားအုပ်ချုပ်ရေးအဖွဲ့များ ထူထောင်ထားသည်ဟု ဆိုသည်။ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့၏ မဟာမိတ်အဖွဲ့တခုက ချင်းပြည်နယ်မှ လွတ်မြောက်ဒေသများတွက် အစိုးရသစ်ထူထောင်ရန် အစီအစဉ်ရေးဆွဲနေသည်။
ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ၎င်းတို့၏ မဟာမိတ် EAOs များသည် ကချင်နှင့် ရှမ်းပြည်နယ်များတွင် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို တိုးချဲ့ထားကြသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ၎င်းတို့အတွက် လုပ်ကိုင်ပေးလိုသူများကို ရှာဖွေရန် ခက်ခဲလာနေသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခြင်းသည် မြန်မာစစ်တပ်ကို အန္တရာယ်ကျရောက်သွားစေသည့် အခြားအချက်တခုဖြစ်သည်။ ရုရှားသည် စစ်တပ်ကို လက်နက် အဓိက ထောက်ပံ့သည့် နိုင်ငံများအနက် တနိုင်ငံ ဖြစ်သည်။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်တွင် လက်နက်ပေးပို့ခြင်းသည် နှေးကွေးသွားသည်။
တရုတ်သည်လည်း မြန်မာစစ်တပ်သို့ လက်နက်ထောက်ပံ့သည့် နောက်ထပ် အဓိက နိုင်ငံတခုဖြစ်သော်လည်း ပဋိပက္ခ၏နှစ်ဘက်လုံးနှင့် အဆင်ပြေရေးမူ၏ တစိတ်တပိုင်းအဖြစ် အဓိကကျသည့် EAOs အများအပြားကိုလည်း လက်နက်ထောက်ပံ့သည်။ စစ်တပ်တွင် ၎င်းတို့ပိုင် လက်နက်ထုတ်လုပ်ရေး စက်ရုံများရှိသော်လည်း ၎င်းတို့တပ်များကို လက်နက်လုံလုံလောက်လောက် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရပေ။
EAOs များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပူးပေါင်းကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာရပ်ခံနေခြင်းသည် မြန်မာစစ်တပ် အန္တရာယ် ကျရောက်နေကြောင်း ပြသသည့် နောက်ထပ် သက်သေသာဓက ဖြစ်သည်။
EAOs များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပူးပေါင်းကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာရပ်ခံနေခြင်းသည် မြန်မာစစ်တပ် အန္တရာယ် ကျရောက်နေကြောင်း ပြသသည့် နောက်ထပ် သက်သေသာဓက ဖြစ်သည်။
မြန်မာမှ ယခင်စစ်အုပ်ချုပ်ရေးကာလ (၁၉၆၂-၂၀၁၁) အတွင်းက မြန်မာစစ်တပ်သည် EAOs များတွင် ထိုးစစ်ဆင်ရန် အခက်အခဲရှိသောအခါ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးလေ့ရှိသည်။ တခါတရံတွင် စစ်တပ်သည် EAO တခုနှင့် ဆွေးနွေးပွဲများ ကျင်းပပြီး တပ်အင်အားများထုတ်ယူကာ အခြား EAO တခုကို သွားရောက်ထိုးစစ်ဆင်သည်။ စစ်တပ်သည် နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေးများ အားလုံးနီးပါးကို ဖောက်ဖျက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မေတ္တာရပ်ခံခြင်းကို အဓိကကျသည့် EAOs အားလုံးနီးပါးက ပယ်ချသည်မှာ အံ့သြစရာ မဟုတ်ပေ။
မြန်မာစစ်တပ်၏ လက်နက်ပြဿနာကို EAOs နှင့် PDFs ကိုယ်စားလှယ် အများအပြားက တောင်းဆိုနေသော လက်နက် အကူအညီကလည်း တစိတ်တပိုင်းအားဖြင့် ရှင်းလင်းပြသနေသည်။ ၎င်းတို့၏ အကဲဖြတ်ချက်အရ Stinger ကဲ့သို့သော ပခုံးထမ်းလောင်ချာ ၅၀ မှ ၁၀၀ ကြားနှင့် စစ်သုံးအဆင့် M4 အော်တိုမက်တစ် ရိုင်ဖယ် ထောင်ဂဏန်း အနည်းငယ်သည် စစ်ကောင်စီကို ဖြုတ်ချရန် လုံလောက်သည့် လက်နက်အင်အားဖြစ်သည်။
EAOs သို့မဟုတ် PDFs တဖွဲ့စီသို့ ၎င်းတို့တောင်းဆိုသည့် လက်နက်များပေးရန် ဒေါ်လာ သန်း ၃၀ အောက်တွင်သာ ကုန်ကျသည်။ မည်သည့် EAOs နှင့် PDFs များကို ပေးသည်ဆိုသည့် အချက်ပေါ် မူတည်ပြီး စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံပင် ကုန်မည်မဟုတ်ပေ။ ထိုပမာဏသည် အမေရိကန် သမ္မတ ဘိုင်ဒင်အစိုးရက ယူကရိန်းကိုပေးနေသည် အကူအညီ၏ အပိုင်းကိန်းတခုမျှသာ ရှိသည်။
သို့သော် သမ္မတ ဘိုင်ဒင်အစိုးရသည် EAOs နှင့် PDFs များကို ၎င်းတို့တောင်းသည့် စစ်ရေးအကူအညီ ပေးမည့်ပုံမရှိပေ။
သို့သော် သမ္မတ ဘိုင်ဒင်အစိုးရသည် EAOs နှင့် PDFs များကို ၎င်းတို့တောင်းသည့် စစ်ရေးအကူအညီ ပေးမည့်ပုံမရှိပေ။
သမ္မတ ဘိုင်ဒင်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ဘုံသဘောတူညီချက် ၅ ချက်ကိုသာ လက်ခံထားပြီး မြန်မာစစ်တပ်ကို တကမ္ဘာလုံးက လက်နက်ပိတ်ပင်ရန် အကြိမ်ကြိမ်တောင်းဆိုနေသည်။
ထို့ကြောင့် EAOs နှင့် PDFs များကို လက်နက်ထောက်ပံ့ခြင်းသည် သူ၏လက်ရှိ မူဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံရသည်။ အလားတူစွာပင် ဥရောပ သမဂ္ဂသည်လည်း EAOs နှင့် PDFs များက စစ်ကောင်စီကို ချေမှုန်းရန် လိုအပ်သည့် လက်နက်များကို ထောက်ပံ့မည့် အလားအလာမရှိပေ။
ထို့ကြောင့် မြန်မာမှ ဒီမိုကရေစီလိုလားသော အင်အားစုများသည် ရရာလက်နက်ဖြင့် ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။ KIA နှင့် UWSA ကဲ့သို့သော EAOs အချို့သည် လက်နက်အချို့ကို ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း EAOs နှင့် PDFs အားလုံးကို လုံလုံလောက်လောက် ပေးနိုင်အောင် မထုတ်လုပ်နိုင်ကြောင်း ထင်ရှားသည်။
တော်လှန်ရေးကို ထောက်ခံသူများ၏ နိုင်ငံတကာကွန်ရက်တခုသည် EAOs နှင့် PDFs များအတွက် လက်နက်ဝယ်ယူပေးရန် ကြိုးစားနေသော်လည်း ဘဏ္ဍာရေးနှင့် ဥပဒေရေး ပြဿနာများ ရင်ဆိုင်နေရသည်။
တော်လှန်ရေးကို ထောက်ခံသူများ၏ နိုင်ငံတကာကွန်ရက်တခုသည် EAOs နှင့် PDFs များအတွက် လက်နက်ဝယ်ယူပေးရန် ကြိုးစားနေသော်လည်း ဘဏ္ဍာရေးနှင့် ဥပဒေရေး ပြဿနာများ ရင်ဆိုင်နေရသည်။ မြန်မာပြည်သူများအတွက်မှာမူ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေသရွေ့ ဒုက္ခများကို ဆက်လက် ခံစားနေရမည်ဖြစ်သည်။
(သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန [CSIS] မှ ဖော်ပြသည့် မိုက်ကယ် အက်ဖ် မာတင် [Michael F. Martin] ၏ Is Myanmar’s Military on Its Last Legs? ကို ဘာသာပြန် ဖော်ပြသည်။ မိုက်ကယ် အက်ဖ် မာတင်သည် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၏ အရှေ့တောင်အာရှ အစီအစဉ်မှ တွဲဖက် သုတေသီ ဖြစ်သည်။)
You may also like these stories:
အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ
မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း
ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော
နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ်