• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ်

by ဧရာဝတီ
21 June 2022
in အင်တာဗျူး
A A
လက်နက်ကိုင်တော်လှန်ရေးတွေ စတဲ့အချိန်တိုင်းမှာ ကျေးလက်က အဓိကကျတဲ့နေရာ ဖြစ်တယ်

လက်နက်ကိုင်တော်လှန်ရေးတွေ စတဲ့အချိန်တိုင်းမှာ ကျေးလက်က အဓိကကျတဲ့နေရာ ဖြစ်တယ်

12.7k
VIEWS
Share on FacebookShare on Twitter

မကြာသေးခင်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် လူထုရေးရာ မူဝါဒဆိုင်ရာ သုတေသန အဖွဲ့အစည်းဖြစ်သည့် The Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသန လုပ်နေသည့် ကိုရဲမျိုးဟိန်းက “မြန်မာ့လက်နက်ကိုင် ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော်” ဟု အမည်ပေးထားသည့် သုတေသန အစီရင်ခံစာတစောင် ရေးသားပြုစုထုတ်ဝေ ဖြန့်ချိခဲ့သည်။

ကိုရဲမျိုးဟိန်းသည် တကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။ ၎င်းရေးသားထားသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းထားချက် အပိုင်း ၂ ဖြစ်သည်။

အပိုင်း ၁ ကို အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ် တွင် ဖတ်ရှုနိုင်သည်။

မေး ။ ။ လက်ရှိ ပြောက်ကျားစစ် အနေအထားပေါ့။ အခုပြောက်ကျားစစ်ရဲ့ အနေအထားက ဘယ်အနေအထားမှာ ရောက်နေပြီလို့ သုံးသပ်မိလဲ။ ကျနော်တို့ ဧရာဝတီနဲ့ NUG (အမျိုးသားညီညွတ်ရေး အစိုးရ) သမ္မတရဲ့ မေးမြန်းမှုမှာ သူကနေ တရုတ်ပြည် တော်လှန်ရေးခေါင်းဆောင် မော်စီတုံးကို ကိုးကားပြီး ကျေးလက်ကို အခြေခံ၊ မြို့ပြကို ဝိုင်းထားပြီလို့တောင် ဆိုတယ်။ ကိုရဲမျိုးဟိန်း သဘောတူလားဗျ။

ဖြေ ။ ။ ကျေးလက်ကို အခြေခံပြီး မြို့ပြကို ဝိုင်းမယ်ဆိုတာ ဒါမဟာဗျူဟာပေါ့။ လက်နက်ကိုင် တော်လှန်ရေးတွေ ပြောက်ကျားစစ်ပွဲတွေကတော့ အဓိကသူ့ရဲ့ အလုပ်လုပ်နိုင်တဲ့ ကြီးထွားရှင်သန်လာနိုင်တဲ့ နေရာက ကျေးလက်သာ အဓိက အခြေခံဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးတွေ စတဲ့အချိန်တိုင်းမှာ ကျေးလက်က အဓိကကျတဲ့နေရာ ဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့မရဘူးပေါ့။

လက်နက်ကိုင် တော်လှန်ရေးတွေ ပြောက်ကျားစစ်ပွဲတွေကတော့ အဓိကသူ့ရဲ့ အလုပ်လုပ်နိုင်တဲ့ ကြီးထွားရှင်သန်လာနိုင်တဲ့ နေရာက ကျေးလက်သာ အဓိက အခြေခံဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးတွေ စတဲ့အချိန်တိုင်းမှာ ကျေးလက်က အဓိကကျတဲ့နေရာ ဖြစ်တယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့မရဘူးပေါ့။

ပညာရှင်တွေလည်း လေ့လာကြတာရှိတယ်။ ကျနော်တို့လည်း လေ့လာတယ်။ နိုင်ငံပေါင်း ၈၉ နိုင်ငံက လက်နက်ကိုင်တော်လှန်ရေးကို လေ့လာကြည့်လိုက်တဲ့ အခါကျတော့ ကျေးလက်မှာ အခြေခံပြီးတော့ ကြီးထွားလာတဲ့ အနေအထားမျိုးတွေ့ရတယ်။ သို့သော်ငြားလည်း လက်နက်ကိုင် တော်လှန်ရေးရဲ့ အဆင့်ကို ပြောတဲ့အခါမှာတော့ ပညာရပ်ဆိုင်ရာ နယ်ပယ်မှာလည်း လေ့လာကြတာရှိတယ်။ ချေဂွေဗားရားရဲ့ အယူအဆကို အခြေခံပြီးတော့ လက်နက်ကိုင် တော်လှန်ရေး အဆင့် ၃ ဆင့်ခွဲပြီးလေ့လာတာကို ကျနော်တို့တွေ့ရတယ်။

ပထမအဆင့်ကတော့ မဟာဗျူဟာအရ ခံစစ်လုပ်နိုင်မယ့် အနေအထားပေါ့။ ဒုတိယအဆင့်ကတော့ ရန်သူနဲ့ မျှခြေဖြစ်လာတဲ့ အနေအထားပေါ့။ တတိယ တဆင့်ကတော့ ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲအဆင့်ကနေပြီးတော့ ချေမှုန်းတဲ့အဆင့်ပေါ့။ အဲဒီလို ၃ ဆင့်ခွဲပြတယ်။

လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် ကျနော့်အမြင်မှာတော့ တော်လှန်စစ် ပြောက်ကျားစစ်က ကျေးလက်အခြေပြုပြီးတော့ စတင်လှုပ်ရှားတယ်။ ကျေးလက်မှာ တော်တော်လေး အားကောင်းလာတဲ့ အနေအထားမျိုးကို တွေ့ရတယ်။

Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသန လုပ်နေသည့် ကိုရဲမျိုးဟိန်း

NUG ကလည်း ပြောထားတာရှိတယ်။ PDF တွေနဲ့ ပူးပေါင်းနေတဲ့ EAO တွေက နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကို၊ အထူးသဖြင့် ကျေးလက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ ပြောထားတာ တွေ့ရတယ်။ သို့သော်ငြားလည်း ၅၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလားဆိုတာကို ပြောဖို့၊ လေ့လာဖို့၊ လက်ခံဖို့တော့ ခက်ဦးမယ်။ ကျနော်တို့ ကောက်ချက်ချမိတာတခုကတော့ NUG နဲ့ ဒီဘက်က တော်လှန်ရေး အင်အားစုတွေက ၅၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီလား ပြောဖို့ခက်ပေမယ့် စစ်ကောင်စီကတော့ ၅၀ ရာခိုင်နှုန်းမှာ သူ့ရဲ့ အုပ်ချုပ်ရေးအာဏာ မသက်ရောက်ဘူးဆိုတာတော့ ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။

အဲဒီတော့ ကျေးလက်မှာတော့ အခြေခံတယ်။ အားကောင်းလာတယ်။ အထူးသဖြင့် ချင်းတို့ဘာတို့ဆိုရင် မြို့ပြကလွဲပြီးတော့ ကျေးလက်ဒေသတွေမှာ တော်လှန်ရေး အင်အားစုတွေက တော်တော်လေး ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုး တွေ့လာတယ်။ သို့သော်ငြားလည်း တော်လှန်ရေးက ဘယ်အဆင့်ရောက်ပြီလဲ ပြောတဲ့နေရာမှာ ကျနော့်အမြင်ကတော့ ခုနကပြောတဲ့ ၃ ခုပေါ့။

ကျနော့်အမြင်အရ ပထမအဆင့်ဖြစ်တဲ့ မဟာဗျူဟာအရ ခံစစ်လုပ်တဲ့အဆင့်ကို ပိုခိုင်မာအောင် တည်ဆောက်နေတဲ့ အနေအထားမျိုး ရောက်နေတယ်လို့ သုံးသပ်မိတယ်။ ပထမဆုံးအဆင့်ကို ခိုင်မာအောင် တည်ဆောက်နေတယ်။ အဲဒီကမှတဆင့် နောက်တဆင့်ကတော့ ပိုအားကောင်းလာရင်တော့ အင်အားမျှခြေဖြစ်လာအောင် လုပ်နိုင်တဲ့အဆင့် တက်နိုင်အောင် လုပ်လာမျိုးလို့ မြင်ပါတယ်။

အဲဒီမှာတော့ ကျနော့်အမြင်အရ ပထမအဆင့်ဖြစ်တဲ့ မဟာဗျူဟာအရ ခံစစ်လုပ်တဲ့အဆင့်ကို ပိုခိုင်မာအောင် တည်ဆောက်နေတဲ့ အနေအထားမျိုး ရောက်နေတယ်လို့ သုံးသပ်မိတယ်။ ပထမဆုံးအဆင့်ကို ခိုင်မာအောင် တည်ဆောက်နေတယ်။ အဲဒီကမှတဆင့် နောက်တဆင့်ကတော့ ပိုအားကောင်းလာရင်တော့ အင်အားမျှခြေဖြစ်လာအောင် လုပ်နိုင်တဲ့အဆင့် တက်နိုင်အောင် လုပ်လာမျိုးလို့ မြင်ပါတယ်။

မေး ။ နောက်လာမယ့် တနှစ်အတွင်းမှာရော စစ်နယ်ဝန်းကြီးတွေရဲ့ အနေအထား ဘယ်လိုဖြစ်လာနိုင်မလဲ။ PDF တွေက ဆက်ပြီး ကြီးထွားလာနိုင်မလား။ အမိန့်ပေးစနစ် တခုထဲအောက်မှာ Professional စစ်တပ်ဖြစ်လာနိုင်မလား။ နောက်ဆုံး နွေဦးတော်လှန်ရေးအစမှာ မျှော်မှန်းခဲ့ကြတဲ့ ဖက်ဒရယ်အာမီဆိုတာကို PDF တွေ သယ်ဆောင်လာနိုင်မလား။ NUG ကာကွယ်ရေးဝန်ကြီး ကျနော့်ကို ပြောတုန်းကတော့ C3C အမိန့်ပေးစနစ် တည်ဆောက်ပြီးတာတွေ တိုင်းရင်းသားတပ်တွေနဲ့ မြေပြင်မှာ ပူးတွဲစစ်ဆင်ရေးဆင်တာတွေကို ထောက်ပြပြီးတော့ ဖက်ဒရယ်အာမီဟာ စနေပြီလို့တောင် ပြောသွားတယ်။ ကိုရဲမျိုးဟိန်းအနေနဲ့ရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ပထမဆုံးအချက်က လက်ရှိ အရှိန်အဟုန်နဲ့ သွားနေတဲ့ အနေအထားမျိုးဖြစ်တယ်။ အရမ်းကို အရွေ့က များနေတဲ့အခါကျတော့ စစ်မျက်နှာတွေ ဘယ်လိုဖြစ်မလဲဆိုတာတော့ ပြောဖို့တော့ အတော်လေးခက်ပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့အချက်တချို့ ရှိတယ်။ လက်ရှိ ရှိနေတဲ့ စစ်ပွဲတွေက လာမယ့်အနာဂတ်မှာ ပိုပြီးအားကောင်းလာမယ်၊ တိုက်ပွဲက ပိုမြင့်လာမယ့် အနေအထားမျိုးရှိတယ်လို့ သုံးသပ်မိတယ်။

ဒုတိယအချက်ကတော့ လာမယ့်မိုးတွင်းမှာတော့ ဘယ်လိုဆက်ဖြစ်လာနိုင်လဲဆိုတာ အများကြီးပုံပေါ်လာနိုင်တယ်လို့ မြင်ပါတယ်။ ခုနက ပြောတဲ့ မဟာဗျူဟာခံစစ်ကို ခိုင်မာအောင် တည်ဆောက်ပြီး အင်အားမျှခြေကို သွားနေတဲ့ အနေအထားမျိုးက မိုးတွင်းကာလမှာ ပုံပေါ်လာနိုင်မလားပေါ့။ အဲဒါမျိုးတွေးဆတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။

NUG ရှိနေတဲ့ PDF တွေကတော့ မဟာဗျူဟာခံစစ်ကို ပိုပြီးခိုင်မာအောင် တည်ဆောက်နိုင်မလားဆိုတဲ့ အနေအထားမျိုးက ပုံပေါ်လာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ သို့သော်ငြားလည်း ဘယ်လောက်ထိ သေသေချာချာ တည်ဆောက်နိုင်မလဲဆိုတာလည်း ကြည့်ရဦးမှာပေါ့။

PDF တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာမှာ အစီရင်ခံစာတစောင် ထုတ်ပါတယ်။ PDF ကို လေ့လာတဲ့ဟာပေါ့။

PDF တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ သီအိုရီတွေမှာလည်း လေ့လာထားတာရှိပါတယ်။ မော်စီတုံးရဲ့ သဘောတရားကို အခြေခံပြီးတော့ ဗီယက်နမ်က ဟိုချီမင်းတို့ကနေပြီးတော့ တော်လှန်ရေး အင်အားစုတွေ ဖြစ်ပျက်ပြောင်းလဲပုံကို အဆင့် ၃ ဆင့်ခွဲပြီး ပြောတာ တွေ့ရတယ်။

ပထမဆုံးအဆင့်က ဒီတော်လှန်ရေး အင်အားစုတွေက စုစည်းတယ်။ ပြင်ဆင်တယ်။ လေ့ကျင့်တယ်။ အခြေခိုင်အောင်လုပ်တဲ့ အဆင့်။ အဲဒီကနေ နောက်တဆင့်က ပြောက်ကျားစစ်ကို တိုက်တယ်။ ရန်သူကို အားနည်းသွားအောင် လုပ်ပြီးတော့ ကိုယ့်အခြေစိုက် နယ်မြေတွေမှာ ကိုယ့်အုပ်ချုပ်ရေး အခြေခိုင်အောင် တည်ဆောက်တဲ့အဆင့်ပေါ့။
တတိယတဆင့်ကတော့ တကယ့်ကို ခိုင်မာတဲ့ စစ်တပ်ပုံစံဖွဲ့စည်းပြီးတော့ ရန်သူကို ချေမှုန်းနိုင်မယ့်အဆင့်ပေါ့။ အဆင့် ၃ ဆင့်သွားတယ်လို့ ပြောကြတယ်။

လက်ရှိရှိနေတဲ့ အနေအထားအရဆိုရင် PDF တွေ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေက ပထမအဆင့်ကိုတော့ လွန်မြောက်လာပြီလို့ မြင်ပါတယ်။ တနှစ်အတွင်းမှာ။

မော်စီတုံးပဲ ပြောခဲ့တာရှိပါတယ်။ ဒီတော်လှန်ရေး အင်အားစု၊ လက်နက်ကိုင် အင်အားစုတွေရဲ့ ပထမအဆင့်ကို ကျော်လွန်ပြီးတော့ လူထုထောက်ခံမှုရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြား ရပြီဆိုရင် အဲဒီတော်လှန်ရေး အင်အားစုကို ချေမှုန်းဖို့ တော်တော်ခက်တယ်လို့ ဆိုပါတယ်။

အဲဒီတော့ မော်စီတုံးပဲ ပြောခဲ့တာရှိပါတယ်။ ဒီတော်လှန်ရေး အင်အားစု၊ လက်နက်ကိုင် အင်အားစုတွေရဲ့ ပထမအဆင့်ကို ကျော်လွန်ပြီးတော့ လူထုထောက်ခံမှုရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းကြား ရပြီဆိုရင် အဲဒီတော်လှန်ရေး အင်အားစုကို ချေမှုန်းဖို့ တော်တော်ခက်တယ်လို့ ဆိုပါတယ်။ ဒါလည်း သူက သမိုင်းတလျှောက်လုံးကို လေ့လာပြီးပြောတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင် တော်လှန်ရေး အင်အားစုတွေက ပထမအဆင့်ကိုလည်း ကျော်လွန်ပြီ။ လူထုထောက်ခံမှုကလည်း အတိုင်းအတာတခုအထိ ရနေတယ်လို့ မြင်တယ်။ တဖက်ကလည်း စစ်ကောင်စီဘက်ကလည်း တော်လှန်ရေးနေ့တို့ ဘာတို့မှာ PDF တွေကို အပြီးသတ်ချေမှုန်းဖို့ ဆိုတဲ့ဟာမျိုးပြောတယ်။

သီအိုရီနဲ့ ကြည့်မယ်ဆိုရင် အပြီးသတ်ချေမှုန်းဖို့ အရမ်းခက်သွားတဲ့ အနေအထားမျိုး ဖြစ်လာပြီလို့ မြင်ပါတယ်။ ဒါပထမအဆင့်ပေါ့။ သို့သော်ငြားလည်း ဒီကနေမှတဆင့် နောက်တဆင့်ကို တက်ဖို့ဆိုရင်တော့ တခြားသော အကြောင်းအရာတွေရှိတယ်။ ဒါလည်း လေ့လာကြတာတွေ ရှိပါတယ်။

တခြားသောအကြောင်းအရာတွေက ဘာလဲဆိုရင် လူထုထောက်ခံမှု အရေးကြီးပါတယ်။ နိုင်ငံရေးအားကောင်းမှု တော်တော်လေး အရေးကြီးပါတယ်။ နောက်တခု အမြဲပြောတာရှိတယ်။ ဒီအဖွဲ့တွေရဲ့ ခေါင်းဆောင်အရည်အသွေး တော်တော်လေး အရေးကြီးပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေး၊ တပ်ဖွဲ့ဝင်တွေရဲ့ Training ကအစ စုဖွဲ့မှုကအစ ဘယ်လိုမျိုးအရည်အသွေး ပိုကောင်းလဲပေါ့။

နောက်အရေးကြီးတဲ့ အချက်တချက်က စစ်ရေးအရ အထက်အောက် အမိန့်ပေးမှုစနစ် ပိုအားကောင်းခိုင်မာလာဖို့ အရေးကြီးပါတယ်။ နောက်တချက်က စစ်ရေးအရ ဘယ်လောက်ထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လဲ။ နောက်တချက်က လက်နက်အင်အားရရှိမှု တော်တော်လေး အရေးကြီးပါတယ်။ ပြီးတော့ အခြေစိုက်ဧရိယာရဲ့ နယ်မြေအနေအထား စုစည်းနိုင်မှု၊ ခိုင်မာမှု တော်တော်လေးအရေးကြီးပါတယ်။ နောက်တချက်ကတော့ သူတို့ရဲ့ ခိုလှုံရာနေရာပေါ့။ ပြောက်ကျားစစ်ရဲ့ သဘောက အမြဲတမ်းရွှေ့နေရတာဖြစ်တဲ့အတွက် အရမ်းကို တဖက်က အင်အားနဲ့ တိုက်တဲ့အခါမှာ ယှဉ်ပြီး တိုက်တာထက်စာရင် ခိုပြီးတိုက်လို့ရတဲ့ နေရာမျိုးပေါ့။

နောက်တဆင့်ကို ဆက်တက်မယ်ဆိုရင်တော့ အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတဲ့အနေအထားမျိုး၊ ဒါလည်း သုတေသနတွေ လေ့လာမှုတွေ အများကြီးမှာ ပြောပါတယ်။

ကျနော်တို့ အခုလက်ရှိ တနှစ်ကို လေ့လာကြည့်မယ်ဆိုရင် ဒီလောက်အရှိန်အဟုန်နဲ့ တက်ခဲ့တာ တပ်ဖွဲ့ကြီးတွေဖွဲ့ပြီး တက်လာခဲ့တဲ့ အနေအထားမျိုး မဟုတ်ဘူး။ ပြောမယ်ဆိုရင်တော့ ကွန်ရက်လို ချိတ်ဆက်ပြီးတော့ လက်နက်ကိုင်တော်လှန် တိုက်ခိုက်ခဲ့တဲ့အဆင့် အားကောင်းလာတဲ့ အနေအထားမျိုးဖြစ်တယ်။ တချို့ဆိုရင်လည်း ကွန်ရက်လို ချိတ်ဆက်တာ မဟုတ်ဘဲနဲ့ နေရာစုံကနေပြီးတော့ ဆဲလ်တွေလိုမျိုး နေရာစုံကနေ တိုက်ခိုက်ရင်း အားကောင်းလာတာ။ အဲဒီလိုကနေ နောက်တဆင့်ကို ဆက်တက်မယ်ဆိုရင်တော့ အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတဲ့အနေအထားမျိုး၊ ဒါလည်း သုတေသနတွေ လေ့လာမှုတွေ အများကြီးမှာ ပြောပါတယ်။

“မြန်မာ့လက်နက်ကိုင် ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော်” သုတေသန အစီရင်ခံစာ

သိပ်မကြာခင်ကပဲ ပညာရှင် နှစ်ယောက်ကနေ သုတေသနတခု လုပ်တယ်။ အမိန့်ပေးကွပ်ကဲမှုရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးက ကွန်ရက်တွေချိတ်ပြီး တိုက်နေတဲ့ တော်လှန်ရေးထက် အောင်မြင်မှုပိုများတဲ့ အနေအထားမျိုး တွေ့တာပေါ့။ အဲဒါက အတော်လေး အရေးကြီးတဲ့အနေအထားမျိုးရှိတယ်လို့ မြင်ပါတယ်။

အဓိကက ကျနော့်အမြင်ကတော့ နောက်တဆင့်ကို တက်နိုင်ဖို့ဆိုရင် အဓိကကြည့်ရမယ့် အချက် ၃ ချက်ပေါ့။ လူထုထောက်ခံမှုကို ဘယ်လောက်ထိ ထပ်ပြီး သယ်ဆောင်လာမလဲ။ နိုင်ငံရေးဘယ်လောက်ထိ အားကောင်းအောင် တည်ဆောက်နိုင်မလဲ။ စစ်ရေးအရ အမိန့်ပေးကွပ်ကဲတဲ့ စနစ်ကို ဘယ်လောက်အထိ ခိုင်မာအောင် တည်ဆောက်နိုင်မလဲ။ အဲဒီ ၃ ချက်က အတော်လေးအရေးကြီးတယ်လို့ မြင်ပါတယ်။ အဲဒီကမှတဆင့် C3C ပေါ့။

အမိန့်ပေးကွပ်ကဲမှုစနစ်ကို လုပ်ဖို့ကြိုးစားတယ်။ သို့သော်ငြားလည်း လက်ရှိအချိန်အထိတော့ C3C က တည်ဆောက်နေရဆဲ အဆင့်လို့ မြင်ပါတယ်။ ပိုခိုင်မာအောင် တည်ဆောက်ဖို့တော့ လိုနေသေးတယ်လို့ မြင်တယ်။ နောက်တခုကတော့ C3C ပိုခိုင်မာလာတဲ့အခါကျရင် လက်ရှိလက်နက်ကိုင် တော်လှန်ရေးမှာ NUG က စစ်ဒေသကြီး ၃ ခုက ၁ ခုတည်း စစ်ရေးလှုပ်ရေးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာနိုင်တယ်။ အဲဒီအဆင့်အထိရောက်ဖို့ လိုနေသေးတယ်လို့ မြင်ပါတယ်။

နောက်တချက်ကတော့ C3C က ဒီထက်ခိုင်မာပြီးတော့ ဖက်ဒရယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ နိုင်ငံရေးအရ သဘောတူညီချက်တွေက အရေးကြီးတယ်။ အဲဒါတွေ အများကြီး လိုနေသေးတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းကတော့ မြန်မာစစ်တပ်အကြောင်းပါပဲ။ ဒီစစ်တပ်အာဏာသိမ်းအပြီး စစ်တပ်ထဲကနေ CDM လုပ်ပြီး ထွက်နေကြတာတွေရော၊ စစ်မြေပြင်တိုက်ပွဲတွေမှာ လွယ်လွယ်နဲ့ အရှုံးပေးလိုက်ကြတာတို့ စိတ်ဓာတ်ရေးရာရော စစ်ရေးစွမ်းအင်ပါ ကျဆင်းနေပြီလို့ သုံးသပ်နေတာတွေရှိတယ်။ ဆောင်းပါးရှင်တယောက်ကဆိုရင် စစ်တပ်ဟာ မကျရှုံးနိုင်လောက်အောင် မကြီးမားတော့ဘူးလို့ ဆိုတယ်။ ကိုရဲမျိုးဟိန်းရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျနော်မြင်တာတော့ လက်ရှိစစ်တပ်က အကြီးအကျယ် စိန်ခေါ်မှု ၇ ခုလောက် ရင်ဆိုင်နေရတယ်လို့ မြင်တယ်။ ပထမဆုံးအချက်ကတော့ တပ်က အရင်တုန်းက အားကောင်းခိုင်မာတယ် ပြောကြတယ်။ တကယ့်တကယ်က နှစ်ပေါင်းများစွာ တပ်က နိုင်ငံရေးမှာ ဝင်ပါခဲ့တဲ့ အနေအထားမျိုးပေါ့။ အကျိုးစီးပွားတွေနဲ့ ရောယှက်ခဲ့တဲ့ အနေအထားမျိုးပေါ့။ တပ်ရဲ့ အခြေခံ Institution က အတွင်းထဲမှာ လှိုက်စားနေတဲ့ အနေအထားမျိုး တွေ့ရတယ်။ တကယ့်တကယ် စိန်ခေါ်မှုတွေ ရင်ဆိုင်လာရတဲ့ အခါမှာတော့ အဲဒီဟာက ထင်ထင်ရှားရှား ပေါ်လာတဲ့ အနေအထားမျိုး တွေ့ရတယ်ပေါ့။

တပ်က အရင်တုန်းက အားကောင်းခိုင်မာတယ် ပြောကြတယ်။ တကယ့်တကယ်က နှစ်ပေါင်းများစွာ တပ်က နိုင်ငံရေးမှာ ဝင်ပါခဲ့တဲ့ အနေအထားမျိုးပေါ့။ အကျိုးစီးပွားတွေနဲ့ ရောယှက်ခဲ့တဲ့ အနေအထားမျိုးပေါ့။ တပ်ရဲ့ အခြေခံ Institution က အတွင်းထဲမှာ လှိုက်စားနေတဲ့ အနေအထားမျိုး တွေ့ရတယ်။

နောက်တခုကတော့ လက်ရှိတပ်က နိုင်ငံတကာဖိအားကို မကြုံဖူးအောင် ခံနေရတယ်ပေါ့။ သမိုင်းတလျှောက်လုံးမှာ နိုင်ငံတကာဖိအားကို အခံရဆုံးအချိန်ပေါ့။ နိုင်ငံတကာ တရားဝင်မှု ဆိုရင်လည်း အခုအချိန်ထိ မရသေးတာ တွေ့ရတယ်။

တတိယစိန်ခေါ်မှုကတော့ စစ်အာဏာသိမ်းမှုပြီး နောက်ပိုင်းမှာ ပြည်သူတွေနဲ့ပါ စစ်တိုက်နေရတဲ့ အနေအထားမျိုးပေါ့။ အထူးသဖြင့်တော့ စစ်ကိုင်းလို အညာစစ်နယ်ဝန်းမှာဆို ဗမာလူမျိုးစုတွေနဲ့ စစ်တိုက်နေရတဲ့ အနေအထားမျိုးတွေ ကြုံလာရတယ်။ အဲဒီကမှတဆင့် လူအင်အား အရင်းအမြစ်တွေက အကန့်အသတ်တွေနဲ့ ဖြစ်လာတယ်။ ဒါက စတုတ္ထစိန်ခေါ်မှုပေါ့။

စစ်နယ်ဝန်းတွေက တနေရာထဲက တိုက်ရတာမဟုတ်ဘဲနဲ့ တနိုင်ငံလုံးကို ဖြန့်တိုက်ရတဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ တနေရာထဲမှာ လူကိုစုပြီး မတိုက်နိုင်ဘူး။ နေရာကို ဖြန့်ခွဲပြီးတိုက်ရတယ်။ အရင်ထဲမှ လူအင်အားအရင်းအမြစ် အကန့်အသတ်နဲ့ ဖြစ်လာတဲ့ အနေအထားမျိုးမှာ ဝန်ထုပ်ဝန်ပိုးလည်း ပိုလာတယ်။ အဲဒါကို ဖြန့်ခွဲတိုက်ရတော့ စိန်ခေါ်မှုဖြစ်လာတယ်။

၅ အချက်တော့ ကျနော်တို့ သူ့ရဲ့စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုကိုပါ သူ့ထဲမှာ မေးခွန်းထုတ်လာတာ တွေ့လာရတယ်။ နောက် နံပါတ် ၆ စိန်ခေါ်မှုကတော့ တလျှောက်လုံးပြီးခဲ့တဲ့ တနှစ်ကို ကြည့်မယ်ဆိုရင် တပ်က အမှားတွေ ဆက်တိုက်ကျူးလွန်ခဲ့တဲ့ အနေအထားမျိုးပေါ့။ အထူးသဖြင့် ရက်ရက်စက်စက် လူထုအပေါ်လုပ်တာတွေ၊ ရက်ရက်စက်စက် ချေမှုန်းတာတွေ၊ တိုက်ခိုက်တာတွေ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်ကနေစပြီးတော့ ရက်စက်စွာ ချေမှုန်းတာကအစ အမှားတွေ ဆက်တိုက်လုပ်တာပေါ့။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
404
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
163
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.4k
တနိုင်ငံလုံးတွင် လက်လက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာပြ မြေပုံ

အဲဒီလိုလုပ်တဲ့အခါမှာ ရက်ရက်စက်စက် လုပ်တဲ့ အနေအထားမျိုးတွေက စစ်ရေးနယ်ပယ်မှာ ပြောတာတွေလည်း ရှိတယ်။ လူထုကို ဆက်ဆံတာက သူ့စစ်ရေးရည်မှန်းချက်ကိုပါ ပြန်ဖျက်နေသလို ဖြစ်လာတာကို တွေ့ရတယ်။ ဒါကလည်း သူ့ရဲ့စိန်ခေါ်မှုတခုပဲ။

နောက်တချက်ကတော့ ကျနော်တို့ မထင်မှတ်ထားတဲ့ PDF လို လက်နက်ကိုင် အင်အားစုတွေက အားကောင်းကောင်းနဲ့ ပေါ်လာသလို တဖက်မှာလည်း EAO တွေက တော်တော်လေး အားကောင်းလာတဲ့ အနေအထားမျိုးပေါ့။ ရခိုင်လို လက်နက်ကိုင်အဖွဲ့တွေ တော်တော်လေး အားကောင်းလာတဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အဓိက စိန်ခေါ်မှုက ၇ ခုလောက် ရှိတယ်။ အဲဒီအနေအထားမျိုးမှာတော့ တပ်က ပြိုလဲလောက်အောင်လို့ မကြီးတော့တဲ့ အနေအထားမျိုးတွေပေါ့။ အားနည်းလာတဲ့ အနေအထားမျိုးကတော့ တော်တော်လေး ပေါ်လာတယ်။ အရင်လိုမျိုး တနိုင်ငံလုံးကို သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ထိန်းနိုင်ဖို့တော့ လက်ရှိအချိန်မှာ မလွယ်တော့ဘူးလို့ သုံးသပ်မိတယ်။

အားနည်းလာတဲ့အပိုင်းမှာ ကျနော်တို့ ဘာပေါ်လာလဲဆိုရင် ရက်ရက်စက်စက်လုပ်တဲ့ အနေအထားမျိုးတွေ ပိုပြီးသိသာလာတယ်။ သမိုင်းတလျှောက်လုံးမှာ ဘာကြောင့်စစ်တပ်တွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်ဆိုတာ အဓိကအချက် သွားတွေ့တယ်။

ကိုယ့်ရဲ့ စစ်ရေးရည်မှန်းချက်က ထင်ထားသလို မပေါက်မြောက်တဲ့ အခါကျရင် ရက်ရက်စက်စက် လုပ်တာမျိုးတွေ ရှိတယ်။ ဖိအားတွေ အရမ်းများလာတဲ့အခါကျရင် အဲဒါကို ကျော်လွန်အောင် လုပ်တာမျိုးတွေ လုပ်လေ့လုပ်ထရှိတယ်။ အခုလက်ရှိ ရှိနေတဲ့ ရက်ရက်စက်စက် လုပ်တာမျိုးတွေ ကြည့်ခြင်းအားဖြင့် တပ်က အားနည်းလာတယ်လို့ သုံးသပ်မိတယ်။

အဲဒါက ကိုယ့်ရဲ့ စစ်ရေးရည်မှန်းချက်က ထင်ထားသလို မပေါက်မြောက်တဲ့ အခါကျရင် ရက်ရက်စက်စက် လုပ်တာမျိုးတွေ ရှိတယ်။ ဖိအားတွေ အရမ်းများလာတဲ့အခါကျရင် အဲဒါကို ကျော်လွန်အောင် လုပ်တာမျိုးတွေ လုပ်လေ့လုပ်ထရှိတယ်။ အခုလက်ရှိ ရှိနေတဲ့ ရက်ရက်စက်စက် လုပ်တာမျိုးတွေ ကြည့်ခြင်းအားဖြင့် တပ်က အားနည်းလာတယ်လို့ သုံးသပ်မိတယ်။

တဖက်ကလည်း လက်ရှိတော်လှန်ရေး အင်အားစုတွေရဲ့ အနေအထားကတော့ တနှစ်အတွင်းမှာ အရှိန်အဟုန် များလာတယ်။ သို့သော်ငြားလည်း နောက်တဆင့်ကို ထပ်တက်ဖို့ဆိုရင်တော့ စိန်ခေါ်မှုတွေ ဖြစ်လာမယ်လို့ ထင်တယ်။ အဲဒါကတော့ နိုင်ငံရေးအရ ဘယ်လောက်အား ကောင်းအောင် တည်ဆောက်မလဲ။ လူထုရဲ့ ထောက်ခံမှုကို ရေရှည်ဘယ်လောက်ထိ စွဲပြီးခိုင်မာအောင် တည်ဆောက်သွားမလဲ။

နောက်တချက်ကတော့ ခေါင်းဆောင်မှုပေါ့။ လက်ရှိ တော်လှန်ရေးအင်အားစုတွေ စုပေါင်းခေါင်းဆောင်မှုလို့ ပြောကြတယ်။ အဲဒါကို ဘယ်လောက်ထိ တည်ဆောက်နိုင်မလဲဆိုတာ တော်တော်လေး အရေးကြီးပါတယ်။ နောက်တခုက စစ်ရေးအရ တကယ့်ကို ခိုင်မာတဲ့ ချုပ်ကိုင်မှု အားကောင်းတဲ့ အထက်အောက် အမိန့်ပေးမှုတွေကို ဘယ်လောက်အထိ ခိုင်မာအောင် တည်ဆောက်မလဲ။ အဲဒါ အရေးကြီးပါတယ်။

နောက်တခုကတော့ လက်နက်ရရှိမှုပေါ့။ တော်တော်လေး အားနည်းနေသေးတယ်ဆိုတော့ လက်နက်ရရှိမှုကို ဘယ်လိုမျိုး လုပ်မလဲ။ အတော်လေး အရေးကြီးနေတဲ့ အနေအထားမျိုးပေါ့။ သူ့မှာလည်း အဲဒီစိန်ခေါ်မှုတွေ ရှိနေတယ်လို့ သုံးသပ်မိပါတယ်။

You may also like these stories:

အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်

စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး

ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

Your Thoughts …
Tags: C3CEAOsNUGPDFsစစ်ကောင်စီစစ်အင်အားတကောင်း နိုင်ငံရေးလေ့လာမှု အင်စတီကျုပြည်တွင်းစစ်ပြောက်ကျားစစ်မော်စီတုံးလက်နက်ကိုင် တော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ပွန်ပီမိုလ် ကန်ချနာလက်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် တွေ့ရစဉ်  / Flickr

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ် (ရုပ်/သံ)

နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved