• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ၏ အရှုံး နိဒါန်းပျိုးပြီလား

by Anthony Davis
2 June 2022
in ဆောင်းပါး
A A
မြန်မာစစ်ကောင်စီတပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က သိမ်းပိုက်အပြီး

မြန်မာစစ်ကောင်စီတပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့က သိမ်းပိုက်အပြီး

16.3k
VIEWS
Share on FacebookShare on Twitter

အနောက်တောင်မုတ်သုန်လေအစ မေလသည် ထုံးစံအားဖြင့် မြန်မာပြည်၏ မဆုံးနိုင်သော တောတွင်းစစ်ပွဲတွင် စစ်နားချိန်ဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်ဒေသများတွင် မိုးရွာသွန်းကာ တောင်ကုန်းတောင်တန်းများသည် ခေတ္တ နားချိန်ရမည်ဖြစ်သည်။

နေပြည်တော်စစ်အုပ်စု အာဏာသိမ်းခြင်းကို လူထုဆန့်ကျင်မှုသည် အရေအတွက်ကြီးမားလာပြီး အတွေ့အကြုံ ရင့်ကျက်လာကာ စစ်တပ်သည် အရပ်သားပြည်သူများကို ဗြောင်ကျကျတိုက်ခိုက်သည့် နိုင်ငံရေးလမ်းဆုံးသို့ ရောက်သွားသည်။ ကျယ်ပြန့်လာသော ပဋိပက္ခသည် ပြန်လမ်းမရှိသည့် အရေးပါသော အဆင့်သို့ ရောက်လာကာ စစ်အုပ်ချုပ်ရေး ဆက်လက်ရှင်သန်နိုင်မှုနှင့်ပတ်သက်သည့် သက်တမ်းရှည် ယူဆချက်များကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

RelatedPosts

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
756
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
210
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
3.6k

နိုင်ငံတဝှမ်း အရပ်သား သိန်းချီ နေရပ်စွန့်ခွာထွက်ပြေးရစေသည့် ခြောက်သွေ့ရာသီတိုက်ပွဲများ နောက်ပိုင်း လာမည့်လများတွင် စစ်ပွဲကို ပုံဖေါ်ပေးပြီး စစ်၏လမ်းကြောင်းကို အဆုံးအဖြတ်ပေးမည့် ပြတ်သားသော ပကတိ အရှိတရားနှစ်ခု ထွက်ပေါ်လာသည်။

ပထမတခုမှာ စစ်ကောင်စီက တပြိုင်နက်တိုက်သည့် စစ်ဆင်ရေးများသည် မြန်မာနိုင်ငံဗဟိုချက် ဗမာလူမျိုးစု ဒေသမှ စစ်ကောင်စီခုခံရေးတပ်ဖွဲ့များကို ချေမှုန်းရန် မတတ်နိုင်ဘဲ ထိန်းချုပ်နိုင်ခြင်းပင် မရှိပေ။ လက်တွေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတခုလုံးမှ လူမှုအသိုက်အဝန်းများ အားလုံးကို မီးရှို့လုယက်သည့် အခြေအနေ ရောက်သွားသော ပုန်ကန်မှုနှိမ်နင်းရေး ထိုးစစ်သည် လက်နက်ကိုင်ဆန့်ကျင်မှုကို ပို၍ပင် ပြင်းထန်စေသည်။

လက်တွေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတခုလုံးမှ လူမှုအသိုက်အဝန်းများ အားလုံးကို မီးရှို့လုယက်သည့် အခြေအနေ ရောက်သွားသော ပုန်ကန်မှုနှိမ်နင်းရေး ထိုးစစ်သည် လက်နက်ကိုင်ဆန့်ကျင်မှုကို ပို၍ပင် ပြင်းထန်စေသည်။

ဒုတိယအချက်မှာ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များသည် နေပြည်တော်မှ စစ်ကောင်စီကို မြို့နယ်အဆင့်တွင်သာ ဆန့်ကျင်လှုပ်ရှားနေသော်လည်း ပိုမိုအင်အားကြီးမား၊ ပိုမို စနစ်ကျလာပြီး တစုံတရာသောအဆင့်အထိ လက်နက်ကောင်းစွာ တပ်ဆင်လာကြခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် သြဂုတ်လတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အကောင်းဆုံး နိုင်ငံရေးလမ်းကြောင်းအဖြစ် အာရုံစိုက်နေပြီး စီးပွားရေးအရ သံတမန်ရေးအရ ရုန်းကန်နေရသော အာဏာသိမ်းစစ်ကောင်စီအတွက် ထိုအပြောင်းအလဲနှစ်ခုလုံးက အလားအလာဆိုးများသာ သယ်ယူလာသည်။ စစ်တပ်လိုလားသော ရွေးကောက်ပွဲစည်းမျဉ်းများအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲ ကျင်းပရန် လိုအပ်သော တည်ငြိမ်မှုတို့သည် ရုပ်ပြ အရပ်သားအစိုးရ တခုထူထောင်ရန်နှင့် နိုင်ငံတကာ တရားဝင်မှုအနည်းငယ်ကို ပြန်လည်ရယူရန် မည်သည့်အားထုတ်မှုမဆိုအတွက် ပလန်အေ (က အဆင့်စီမံချက်)ဖြစ်သည်။ မည်သည့် ပလန်ဘီ (ခ အဆင့်စီမံချက်) ကိုမျှ မတွေ့ရပေ။

မျှော်လင့်ချက်ကင်းမဲသော စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ကိုယ် ၎င်းတို့ သံသယမဖြစ်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာကို အုပ်ထိန်းသူ အဖြစ်သာမက အမျိုးသား အသက်ဝိညာဉ်၏ လက္ခဏာပါဖြစ်သည်ဟု ၎င်းတို့အဖွဲ့အစည်းကို ထင်နေလျှင် သေချာပေါက် မှားယွင်းပေမည်။

နေ့စဉ်ဖြစ်ရပ်များအား လေ့လာစောင့်ကြည့်ခြင်းဖြင့် ပဋိပက္ခ၏ ကျယ်ပြန့်သော ဗဟိုချက်တွင် မြန်မာနိုင်ငံ အနောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ အရေးပါသော နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ ပါဝင်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။

သို့သော် စစ်မြေပြင်နှင့် ၎င်း၏နောက်ကွယ်ရှိ လက်ရှိ ဖြစ်ရပ်များ ပေါင်းဆုံဆည်းခြင်းက စစ်ကောင်စီသည် တဘက်အဆုံးတွင် အလင်းရောင်မမြင်ရသည့် လုံခြုံရေးယိုယွင်းပျက်စီးမှု လှိုဏ်ခေါင်းထဲ ပိုမို တုန်လှုပ်လာနေကြောင်း တွေးထင်စရာဖြစ်လာနေသည်။

ခြောက်သွေ့ရာသီ ဖရိုဖရဲအခြေအနေများ

၂၀၂၁ ခုနှစ်နှောင်းပိုင်း ပွင့်လင်းရာသီ တလျှောက်လုံးတွင် မြန်မာနိုင်ငံအလယ်ပိုင်း အနှံ့အပြားတွင် ဖြစ်ပေါ်သော ဖရိုဖရဲ အကြမ်းဖက်မှုများကို စစ်ရေးအမြင်အရ ကြည့်ပါက စိန်ခေါ်မှုများစွာတွေ့ရသည်။

စစ်ကောင်စီတပ်က ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့စဉ်

ရှေ့နောက်ညီညွတ်သော ခွဲခြမ်းစိတ်ဖြာလေ့လာမှုကို များပြားကျယ်ပြန့်သော တပ်ဖွဲ့ငယ် တိုက်ပွဲများနှင့် နိုင်ငံ၏ကျယ်ပြန့်သော ဒေသများမှ တိုက်ခိုက်မှုများက ရှုပ်ထွေးစေပြီး ပြည်တွင်းစစ်ရှေ့တန်း စစ်မျက်နှာမှ ဘက်မလိုက်သော သတင်းဖေါ်ပြမှု ကင်းမဲ့ခြင်းကြောင့် ပြင်ပကမ္ဘာက အခြေအနေမှန်ကို မမြင်နိုင်ကြပေ။

နေ့စဉ်ဖြစ်ရပ်များအား လေ့လာစောင့်ကြည့်ခြင်းဖြင့် ပဋိပက္ခ၏ ကျယ်ပြန့်သော ဗဟိုချက်တွင် မြန်မာနိုင်ငံ အနောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ အရေးပါသော နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ ပါဝင်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ ထိုဒေသ ၂ ခုလုံးသည် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း အထိ ကျယ်ပြန့်သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အစဉ်အလာအားဖြင့် ထောက်ခံသည့် အချက်အခြာဒေသများဖြစ်သည်။

တိုက်ပွဲအများအပြားသည် လွင်ပြင်ဒေသများမှ ခံတပ်မြို့ကြီးများဖြစ်သော မန္တလေး၊ မုံရွာနှင့် ပခုက္ကူတို့နှင့် တိုင်းရင်းသားလက်နက်ကိုင်ခုခံရေး အင်အားစုများ လွှမ်းမိုးသည့် တောင်တန်းဒေသများ အဓိကအားဖြင့် အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် မြောက်ဘက်တွင် ကချင်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် အဓိက လမ်းတလျှောက်နှင့် မြစ်ကြောင်းများတွင် ဖြစ်ပေါ်နေသည်။

ထိုဒေသတွင် နေ့စဉ်ဖြစ်ပေါ်နေသည့် အနည်းနှင့်အများဆိုသလို ပြင်းထန်သော တိုက်ပွဲများသည် လွန်စွာ ဒေသဆန်သော တိုက်ပွဲများဖြစ်ပြီး စစ်တပ်အတွက် အကြောင်းရင်းနှင့်အကျိုးဆက်ကို ခွဲခြားရန်ခက်ခဲစေသော အပြန်အလှန် အကြမ်းဖက်မှုများကို ဖြစ်ပွားစေသည်။

မြို့နယ်ဗဟိုချက်များနှင့် အဓိကမြို့စစ်ဌာနချုပ်များတွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်များက PDFs ကို ထောက်ခံသည်ဟု ယူဆသည့် ကျေးရွာ လူမှုအသိုက်အဝန်းများကို ဒဏ်ခတ်စီးနင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ကာ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ခုခံတိုက်ခိုက်ရေးသမားများနှင့် ပတ်သက်သည့် နေအိမ်များကို မီးရှို့ဖျက်ဆီးကြသည်။

စစ်ကောင်စီတပ်များကို နှောင့်ယှက်တိုက်ခိုက်ရန် PDFs အားလုံးနီးပါးသည် အရွယ်အစားနှင့် ထိရောက်မှု အမျိုးမျိုးရှိသော လက်လုပ်ဖေါက်ခွဲရေး ကိရိယာများကိုသာ အဓိက အားဖြင့် မှီခိုနေရသည်။

ထိုသို့သော စစ်ဆင်ရေးများကို အများအားဖြင့် တပ်ခွဲတခွဲ (အင်အား ၅၀ မှ ၁၀၀ အထိ) ရှိသော စစ်ကြောင်းများနှင့် ပျူစောထီး ခါးပိုက်ဆောင်တပ်များဖြင့် ပြုလုပ်ကြသည်။ ထိုပျူစောထီးများမှာ စစ်သားဟောင်းများ၊ အမျိုးသားရေးအစွန်းရောက်များ၊ စစ်တပ်လက်ဝေခံပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သစ္စာခံများဖြင့် ဖွဲ့စည်းထားသည့် တပ်များဖြစ်သည်။

PDF အခြေစိုက်စခန်းများ သို့မဟုတ် စုစည်းနေသည်ဟု သိရသော နေရာများကို ပစ်မှတ်ထားတိုက်ရန် ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့များ သယ်ပို့ခြင်းကိုလည်း စစ်ကောင်စီက တခါတရံ လုပ်ဆောင်သည်။ သို့သော် သက်တမ်းအိုမင်းနေပြီဖြစ်သည့် ပိုလန်ထုတ် Mi-2 နှင့် ပိုမိုခေတ်မီသည့် ရုရှားလုပ် Mi-17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် မလုံလောက်ခြင်းကြောင့် ခေတ်သစ်တပ်များက ပုန်ကန်မှု နှိမ်နင်းရာတွင် စံအဖြစ်သတ်မှတ်ထားသည့် ထိုနည်းဗျူဟာကို အကန့်အသတ်ဖြစ်စေသည်။

နိုင်ငံတဝှမ်း လက်နက်ရိက္ခာ ပြန်လည်ဖြည့်တင်းပေးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထိခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ရေးလုပ်ငန်းများအတွက် လေတပ်တွင် အသုံးပြုနိုင်သော ရဟတ်ယာဉ်အရေအတွက်မှာ ၃၀ ပင် မပြည့်ဘဲ တခါတရံ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဖြစ်သော ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-24/Mi-35 ၁၁ စီးနှင့် ပူးပေါင်းပြီး တိုက်ခိုက်ရေးတွင် အားဖြည့်နေရသည်။

စစ်ကောင်စီတပ်များကို နှောင့်ယှက်တိုက်ခိုက်ရန် PDFs အားလုံးနီးပါးသည် အရွယ်အစားနှင့် ထိရောက်မှု အမျိုးမျိုးရှိသော လက်လုပ်ဖေါက်ခွဲရေး ကိရိယာများကိုသာ အဓိက အားဖြင့် မှီခိုနေရသည်။ စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ ပစ်အားနှင့် အင်အားအပေါ် မူတည်သည်။

လက်နက်မကောင်းသော အုပ်စုများသည် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုများကို ရှောင်ထွက်ကြပြီး ထွက်ပြေးနေသော အရပ်သားများကို ကူညီရန်သာ အာရုံစိုက် လုပ်ကိုင်သည်။ အခြားတနည်းမှာ လက်နက်ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသော PDFs များသည် ကျူးကျော်လာသော စစ်ကောင်စီ စစ်ကြောင်းများနှင့် တိုက်ခိုက်ကြသည်။ ထိုသို့သော တိုက်ပွဲများသည် ယခင်နှစ်က မိနစ်အနည်းငယ်သာ ကြာသော်လည်း မကြာသေးမီလများအတွင်း နာရီများစွာကြာလာသည်။ ထိုအချက်သည် စစ်မြေပြင် အနေအထား ပြောင်းလဲသွားကြောင်း အထင်အရှား ပြသနေသော အချက်ဖြစ်သည်။

မကြာခဏဆိုသလို စစ်ကောင်စီတပ်များသည် မလှုပ်ရှားနိုင်အောင် တိုက်ခိုက်ခံရပြီး လေကြောင်းပစ်ကူ သို့မဟုတ် မြေပြင်မှ စစ်ကူများ လိုအပ်လာသည်။ ထိုမြေပြင်စစ်ကူများသည်လည်း မကြာခဏ ခြုံခို တိုက်ခိုက်ခံရသည်။ ထိုသို့သော ခုခံရေးစစ်ပွဲအောင်မြင်မှုများကြောင့် စစ်တပ်က အနီးမှကျေးရွာများကို ပြန်လည်လက်စားချေကာ အကြမ်းဖက်မှုသံသရာ အရှိန်မြင့်မားလာသည်။

ပွင့်လင်းရာသီအတွင်း ထိုပြောင်းလဲလာသည့် အကြမ်းဖက်မှုအခြေအနေကို သရုပ်ခွဲလေ့လာပါက ကျယ်ပြန့်သည့် ကောက်ချက် ၄ ခုကို ပြသနေသည်။

ပထမ အချက်မှာ စစ်ကောင်စီတပ်များသည် PDF လှုပ်ရှားမှုကို နှောင့်ယှက်ဟန့်တားရာတွင် အောင်မြင်ပြီး တခါတရံ စခန်းများနှင့် လက်နက်များကို သိမ်းဆည်းမိသော်လည်း ယခင်နှစ်က ပြိုလဲသွားသည့် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည်ထူထောင်ရန် အသာထား နယ်မြေကိုပင် သိမ်းပိုက်ထားနိုင်ခြင်း မရှိပေ။

တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရပြီး လူအင်အားအကြီးအကျယ် မလုံမလောက် ဖြစ်နေသော စစ်ကောင်စီတပ်များသည် ပျူစောထီး ခါးပိုက်ဆောင်တပ် မိသားစုများ လွမ်းမိုးသည့် အဓိကလမ်းများမှ ကျေးရွာလူမှုအသိုက်အဝန်း လက်တဆုပ်စာမှအပ ကျန်ကျေးလက်ဒေသများကို ဆုံးရှုံးကုန်သည်။

ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များမှ အစွန်အဖျားဒေသများကို ခုခံရေး အင်အားစုများက ပို၍ပို၍ လွှမ်းမိုးလာပြီး အချို့ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပုံစံဖြင့် စင်ပြိုင်အစိုးရ၏ ကနဦးစနစ်ကို ထူထောင်လာသည်။

ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များမှ အစွန်အဖျားဒေသများကို ခုခံရေး အင်အားစုများက ပို၍ပို၍ လွှမ်းမိုးလာပြီး အချို့ဒေသများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပုံစံဖြင့် စင်ပြိုင်အစိုးရ၏ ကနဦးစနစ်ကို ထူထောင်လာသည်။ ထိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အချို့မှာ စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရထံမှ ဘဏ္ဍာငွေ ထောက်ပံ့မှု ရရှိကြသည်။

ဒုတိယအချက်မှာ လေ့လာတွေ့ရှိခဲ့သည့် ခက်ခဲသော သင်ခန်းစာများက ပိုမိုကောင်းမွန်စနစ်ကျသည့် စစ်ရေး တုံ့ပြန်မှုကို ပေါ်ပေါက်စေခြင်းဖြစ်သည်။ သီးခြားအုပ်စု အများအပြားဖြင့် ကျစ်လစ်သိပ်သည်းမှု နည်းပုံရသော်လည်း လွန်ခဲ့သောနှစ်က အနှံ့အပြား ပေါ်ပေါက်လာသော PDFs များသည် အင်အား ရာနှင့်ချီသုံးပြီး တိုက်နိုင်သည့် မဟာမိတ်ဖွဲ့စည်းမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြသည်။ ထိုအင်အားစုများသည် NUG နှင့် ချိတ်ဆက်မိသည်ဖြစ်စေ မချိတ်ဆက်မိဘဲ သီးခြားလွတ်လပ်သော အင်အားစု အဖြစ်ဆက်လက်ကျန်ရှိနေသည်ဖြစ်စေ ထိုသို့ မဟာမိတ်ဖွဲ့စည်းသည့် ပုံစံများ ဆက်လက်ဖြစ်ပေါ်နေသည်။

အခြားအရေးကြီးသည့် အဆင့်တခုမှာ ထိုပွင့်လင်းရာသီလများအတွင်း လက်နက်ပိုင်းဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာကြောင်း အထောက်အထားများက ပြသနေခြင်းဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းသို့ လက်နက်များ တောင်းဆိုခဲ့သည့် အချက်က မီးမောင်းထိုးပြနေသည်မှာ ခေတ်မီလက်နက်များ အကြီးအကျယ် မလုံလောက်နေကြောင်း ပြသခြင်းပင်။

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့အပြီး ပြာကျသွားသော စစ်ကိုင်းတိုင်းအတွင်းက ရွာတရွာ

PDFs အများအပြားသည် ၎င်းတို့ ယခင်နှစ်က အသုံးပြုခဲ့သည့် တူမီးသေနတ်များနေရာတွင် သိမ်းဆည်းမိသော တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ လက်လုပ်ဒုံးကျည်စနစ်များနှင့် အနီးပတ်ဝန်းကျင်ရှိ တိုင်းရင်းသားလက်နက်ကိုင် ဒေသများမှ ရောက်ရှိလာသော လက်နက်ငယ်များဖြင့် အင်အားဖြည့်တင်းကြသည်။ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ကချင်ပြည်နယ်တွင် လက်နက်ထုတ်လုပ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်သည်။

PDF တပ်ဖွဲ့များသည် စစ်ကောင်စီစခန်းများကို ဗုံးပစ်ဒုံးကျည်များ (RPGs)၊ ၄၀ မမ ဗုံးသီးပစ် လောင်ချာများ၊ ၆၀ မမ အပေါ့စား မော်တာများဖြင့် တိုက်ခိုက်သည် ဆိုသည်ကို သတင်းအများအပြားတွင် ဖေါ်ပြကြသည်။ စစ်ကောင်စီစခန်းများပေါ်သို့ စီးပွားရေးလုပ်ငန်းများအတွက်သုံးသည့် ဒရုန်းများဖြင့် ဗုံးများ ကျဲချနိုင်ခြင်းသည် ယနေ့တွင် ပုံမှန်အသုံးပြုသည့် နည်းလမ်းဖြစ်လာသောကြောင့် စစ်ကောင်စီတပ်များသည် တရုတ်လုပ် ထိန်းချုပ်လှိုင်းဖျက် ကိရိယာများကို ၎င်းတို့တတ်နိုင်သောနေရာများတွင် အသုံးပြုလာရသည်။

တတိယအချက်မှာ တိုက်ပွဲအများစုသည် ကျေးလက်ဒေသများတွင်ဖြစ်နေသော်လည်း PDFs များသည် ၎င်းတို့၏ ရန်သူကို သွားရောက်တိုက်ခိုက်လာနိုင်သည်။ နှစ်ဘက် အားပြိုင်နေသည့် မြို့နယ်များဖြစ်သော ပုလဲ၊ ဘုတလင်နှင့် ပင်လယ်ဘူးမြို့နယ်များတွင်သာမက အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ရှိသော မုံရွာနှင့် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ရှိသော ပခုက္ကူ တို့မှ ရဲစခန်းများနှင့် စစ်တပ်စခန်းများကိုပင် တိုက်ခိုက်သည့် သတင်းများ မကြာသေးမီအပတ်များအတွင်း ထွက်ပေါ်လာသည်။

နောက်ဆုံးအချက်မှာ ကျူးကျော်လာသော စစ်ကောင်စီတပ်များနှင့် ခါးပိုက်ဆောင်တပ်များက ရပ်ရွာများကို မီးရှို့ခြင်းကြောင့် နေရပ်စွန့်ခွာအောင် လုပ်ခြင်းသည် ဒေသအလိုက် လက်စားချေခြင်းဆိုသည့် ဘေးထွက်ပစ္စည်း မဟုတ်ဘဲ အဓိကကျသည့် စစ်ရေး သေနင်္ဂဗျူဟာ ဖြစ်လာပါသလားဆိုသည့် မေးခွန်း ပေါ်ပေါက်လာသည်။

ခုခံရေးအင်အားစုများကို ထောက်ခံသည့် အခြားရပ်ရွာများကို ဟန့်တားရန်အတွက် သက်သက်သာမကတော့ဘဲ PDFs များအပေါ် ထောက်ပံ့ရေးနှင့် အဖွဲ့အစည်း ဝန်ထုတ်ဝန်ပိုးဖြစ်စေရန်အတွက် စနစ်တကျ မြေလှန် မီးရှို့စနစ်ကို ခုခံရေးအင်အားစုများ အခိုင်အမာရှိသည့်နေရာများတွင် စစ်တပ်က ကျင့်သုံးနေသည်။

ကျောက်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများကိုပင် ပျက်စီးစေရန် စစ်ကောင်စီတပ်များက ဓါတ်ဆီကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုကြောင်း သတင်းများက ဖေါ်ပြကြသည်။ ခုခံရေးအင်အားစုများကို ထောက်ခံသည့် အခြားရပ်ရွာများကို ဟန့်တားရန်အတွက် သက်သက်သာမကတော့ဘဲ PDFs များအပေါ် ထောက်ပံ့ရေးနှင့် အဖွဲ့အစည်း ဝန်ထုတ်ဝန်ပိုးဖြစ်စေရန်အတွက် စနစ်တကျ မြေလှန် မီးရှို့စနစ်ကို ခုခံရေးအင်အားစုများ အခိုင်အမာရှိသည့်နေရာများတွင် စစ်တပ်က ကျင့်သုံးနေကြောင်း ထိုသတင်းများက ပြသနေသည်။

ယခုအခါ နှစ်ဘက်လုံးအတွက် သေရေးရှင်ရေးဖြစ်လာသော ထိုပဋိပက္ခဖြစ်သောကြောင့် ယခုလာမည့် မိုးရာသီတွင် တိုက်ပွဲများ ရပ်နားမည့် အလားအလာမရှိပေ။

ကျောက်ခင်းမထားသည့် ကျေးလက်လမ်းများသည် ရွံ့နွံအဖြစ်ပြောင်းလဲသွားပြီး အနိမ့်ပိုင်းမိုးတိမ်များကြောင့် လေကြောင်းပျံသန်းတိုက်ခိုက်မှုများအတွက် အခက်အခဲများဖြစ်ပေါ်စေသောကြောင့် လာမည့်လများတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးများကို အဟန့်အတားဖြစ်စေပြီး ယခုအခါ နှိုင်းယှဉ်ချက်အားဖြင့် ဖွဲ့စည်းမှု ပိုမိုကောင်းလာသည့် ပြောက်ကျားတပ်များအတွက် တပမ်းသာစေသည်။

စစ်ကောင်စီတပ်၏ စစ်ဆင်ရေးနယ်မြေ ကျဉ်းမြောင်းသွားခြင်းဖြစ်ကြောင်း သေချာသည်။ မိုးကြောင့် သွားရေးလာရေးမခက်မီ ယခုအချိန်တွင်ပင် ကချင်ပြည်နယ်မြောက်ဖျားမှ သီးခြားဖြစ်နေသော ပူတာအို ကဲ့သို့သော စစ်တပ်စခန်းများသို့ ကုန်းလမ်းနှင့် မြစ်ကြောင်းမှ လက်နက်ရိက္ခာပြန်လည် ဖြည့်တင်းနေရသည်။ သို့သော် စစ်တပ်က ဝင်ရောက်နေရာယူထားရသည့် မြို့ပြင်မှ မြို့နယ်ရဲစခန်းများကဲ့သို့သော ပိုမိုအကာအကွယ်မဲ့သည့် စခန်းများကို စွန့်လွတ်ရမည် သို့မဟုတ် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့တောင်ဘက် ညောင်ရွှေမြို့နယ်မှ စစ်တပ်စခန်းတခုလက်လွှတ် ဆုံးရှုံးရခြင်း၊ ထိုင်းနယ်စပ်အနီးမှ ပိုမိုကြီးမားသည့် စခန်းတခုကို မေလအတွင်း လက်လွှတ်ဆုံးရှုံးရခြင်းများက သီးခြားဖြစ်နေပြီး အင်အားနည်းသည့် စခန်းများ မကြာမီ ကြုံတွေ့ရမည်အခြေအနေကို ထင်ရှားစွာ ပြသနေသည်။

နောက်ဆုံးကာလဖြစ်သော သေနင်္ဂဗျူဟာ ထိုးစစ်ကာလတွင် အတိုက်အခံအင်အားစုများသည် ပြောက်ကျားနည်းဖြင့် မတိုက်ကြတော့ဘဲ ပိုမိုကြီးမားသည့် အမြဲတမ်းတပ်ဖွဲ့တပိုင်း ပုံစံဖြင့် တိုက်ကြကာ စစ်ကောင်စီကို အဓိကမြို့ကြီးများတွင်သာ ကန့်သတ်ထားနိုင်ပြီး အဓိက ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေး ရုန်းကန်ရသည်။

သဘောတရားအရဆိုပါက လာမည့်လများအတွင်း စစ်ကောင်စီတပ်များ ကျုံ့ဝင်သွားသည့် ဖြစ်စဉ်ကြောင့် လူထုထောက်ခံသော ခုခံရေး အင်အားစုများသည် ပိုမိုကောင်းမွန်စွာ ဖွဲ့စည်း လေ့ကျင့်ပြီး ပိုမိုပြင်းထန်သော ထိုးစစ်ကို ဆင်နွှဲနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် အခြားသော ခေတ်သစ် ပြောက်ကျားစစ်များက ညွှန်ပြနေသည့် စစ်ပွဲအတွက် အရေးပါသော အပြောင်းအလဲကို ဖြစ်စေသည်။

မျှခြေတူ စစ်ပွဲ

မော်စီတုန်းနှင့် ဗိုငုယင်ကိယပ် တို့ရေးသားသည့် တော်လှန်သော ပြောက်ကျားစစ် ဂန္တဝင်ကျမ်းများတွင် အောင်မြင်သော ကျေးလက်အခြေစိုက် ပုန်ကန်မှုကို အဆင့် ၃ ဆင့်ကို ဖေါ်ပြထားသည်။

ကနဦးအဆင့်တွင် သေနင်္ဂဗျူဟာခံစစ်မှာ လူထုခုခံစစ်ဖြစ်ပြီး ထိုစစ်ကို လက်ရှိစစ်ကောင်စီက ချေမှုန်းရန် ရည်ရွယ်သည်။ ဒုတိယ အလယ်အလတ်အဆင့်တွင် သေနင်္ဂဗျူဟာ မျှခြေ သို့မဟုတ် ချိန်ခွင်လျှာညီမှု ပါဝင်သည်။ ထိုကာလတွင် စစ်ကောင်စီသည် ထိန်းချုပ်မှု ပြန်လည်ထူထောင်နိုင်သည့် စွမ်းရည်ဆုံးရှုံးကာ အတိုက်အခံတို့ကလည်း စစ်ကောင်စီကို ဖြုတ်ချရေးအတွက် စစ်ရေးနှင့် နိုင်ငံရေး အင်အားထူထောင်ကြသည်။

နောက်ဆုံးကာလဖြစ်သော သေနင်္ဂဗျူဟာ ထိုးစစ်ကာလတွင် အတိုက်အခံအင်အားစုများသည် ပြောက်ကျားနည်းဖြင့် မတိုက်ကြတော့ဘဲ ပိုမိုကြီးမားသည့် အမြဲတမ်းတပ်ဖွဲ့တပိုင်း ပုံစံဖြင့် တိုက်ကြကာ စစ်ကောင်စီကို အဓိကမြို့ကြီးများတွင်သာ ကန့်သတ်ထားနိုင်ပြီး အဓိက ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေး ရုန်းကန်ရသည်။

NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်များ

တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြားစစ်မျက်နှာများတွင် တွေ့ခဲ့ရသည့်အတိုင်း ထိုအဆင့်များသည် မတူညီသော ဒေသဆိုင်ရာ အခြေအနေအရ တခုနှင့် တခု ပြတ်ပြတ်သားသားမရှိဘဲ ရောထွေးနေသည်လည်း ရှိတတ်သည်။ သို့သော် ထုံးစံအားဖြင့်ဆိုရပါက နှစ်ဘက်လုံးသည် နှိုင်းယှဉ်ချက်အရ လုံခြုံသော ဇုန်များကို တောင့်တင်းအောင်လုပ်နေရသောကြောင့် သေနင်္ဂဗျူဟာ မျှခြေအနေအထားသည် အရှည်ကြာဆုံးနှင့် အရှုပ်ထွေးဆုံးဖြစ်သည်။ ထိုလုံခြုံသော ဇုန်များဆိုသည်မှာ စစ်ကောင်စီအတွက် မြို့ပြဒေသဖြစ်ပြီး အတိုက်အခံတို့အတွက် ကျေးလက်အမာခံ ဒေသများဖြစ်သည်။ နှစ်ဘက်လုံးက ရန်သူ၏ နှိုင်းယှဉ်ချက်အားဖြင့် လုံခြုံသော ဇုန်များကို ထိပါးဖျက်ဆီးရန် ကြိုးစားကြသည်။

သေနင်္ဂဗျူဟာ ထိုးစစ်အဆင့်တွင် စစ်ကောင်စီသည် စစ်ရေးပြိုကွဲမှုနှင့် ပြိုလဲမှုသို့ တွန်းပို့ခံရပြီး ထုံးစံအားဖြင့် အတိုဆုံးကာလဖြစ်ကာ စိတ်ဓါတ်ရေးရာပိုင်းသည် အဓိက အစိတ်အပိုင်းဖြစ်သည်။

ယင်းသည် တနှစ် သို့မဟုတ် တနှစ်ကျော်ကြာတတ်သည်။ ၁၉၅၉ ခုနှစ်က ကျူးဘားတွင် နှင့် ၂၀၂၁ ခုနှစ် အာဖဂန်တွင် ဖြစ်ခဲ့သည့်အတိုင်းဆိုလျှင် ထိုအဆင့်သည် ရက်သတ္တပတ် အနည်းငယ်သာ ကြာသည်။ ဒေသဆိုင်ရာ တပ်များလက်နက်ချပြီး တပ်မှူးများ ထွက်ပြေးသောကြောင့် စစ်ရေးအရ အထီးကျန်ပြီး နိုင်ငံရေးချွတ်ခြုံကျနေသည့် စစ်အုပ်ချုပ်ရေးသည် ပြိုလဲသွားသည်။

စစ်ကောင်စီရင်းမြစ်များ ကျပ်တည်းမှုကြောင့် ၂၀၂၃ ပွင့်လင်းရာသီတွင် စစ်ကောင်စီတပ်များကို အင်အားတိုးချဲ့၊ နည်းဗျူဟာ ပိုမိုကောင်းအောင်လုပ်ပြီး အတိုက်အခံများကို တနိုင်ငံလုံးတွင် ခံစစ်အနေအထားပြန်ပို့ရန် လိုအပ်သည့် မြင့်မားသော စိတ်ဓါတ်များကို ရရှိအောင် လုပ်ရန် ခက်ခဲလာသည်။

ထိုတော်လှန်ရေးအစဉ်အလာအရဆိုပါက မြန်မာမှ စစ်ပွဲကို ရှုမြင်ကြည့်ရမည့် ခိုင်မာစွာ ဖွဲ့စည်းထားသော မြင်ကွင်း တခုဖြစ်လာသည်။ ၂၀၂၂ မိုးရာသီသည် ခုခံရေးအင်အားစုများ ခံစစ်ဖြင့်နေရသည့် တနှစ်တာကာလနှင့် သေနင်္ဂဗျူဟာမျှခြေ အနေထားကို ခွဲခြာပေးသည့် အရေးပါသော လမ်းဆုံလမ်းခွဖြစ်ကြောင်း ထင်ရှားသည်။ သေနင်္ဂဗျူဟာ မျှခြေအနေအထားတွင် ခုခံရေးအင်အားစုများ ဆက်လက်ရှင်သန်မှုသည် အာမခံချက်ရှိလာပြီး ၎င်းတို့၏ တောင့်တင်းခိုင်မာမှုနှင့် တိုးတက်မှုအားကောင်းလာသည်။

တဘက်တွင်လည်း စစ်ကောင်စီရင်းမြစ်များ ကျပ်တည်းမှုကြောင့် ၂၀၂၃ ပွင့်လင်းရာသီတွင် စစ်ကောင်စီတပ်များကို အင်အားတိုးချဲ့၊ နည်းဗျူဟာ ပိုမိုကောင်းအောင်လုပ်ပြီး အတိုက်အခံများကို တနိုင်ငံလုံးတွင် ခံစစ်အနေအထားပြန်ပို့ရန် လိုအပ်သည့် မြင့်မားသော စိတ်ဓါတ်များကို ရရှိအောင် လုပ်ရန် ခက်ခဲလာသည်။

မြန်မာ၏ သေနင်္ဂဗျူဟာ မျှခြေအနေအထားသည် မည်မျှကြာမည်ကို ခန့်မှန်းရန် ခက်ခဲသည်။ လူအင်အား အကျပ်အတည်းနှင့် စိတ်ဓါတ်ရေးရာ အက်ကြောင်းများပေါ်နေသော်လည်း စစ်ကောင်စီသည် ကြီးမားသော အဖွဲ့အစည်းနှင့် ပစ်အားကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးသည်။ အတိုက်အခံများသည် ဖွဲ့စည်း တည်ဆောက် လက်နက်တပ်ဆင်ပြီး ပိုမိုကျယ်ပြန့်သည် သေနင်္ဂဗျူဟာချမှတ်ရန် ရုန်းကန်ရသည့် တောင်တက်ခရီးကို ရင်ဆိုင်နေရသည်။

ကရင်နီတပ်ဖွဲ့ဝင်များ

သို့သော် ထင်ရှားသော အချက်မှာ နယ်စပ် ကရင်၊ ကချင်၊ ချင်းနှင့် ကယား တို့မှ တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ အခန်းကဏ္ဍသည် အရေးကြီးမည်ဆိုသည့် အချက်ဖြစ်သည်။ ဗမာ PDFs များကို ဆက်လက်ထောက်ခံအားပေးခြင်း နှင့် NUG နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းရှိပါက သေနင်္ဂဗျူဟာ မျှခြေ အခြေအနေသည် သိသိသာသာ တိုတောင်းသွားမည်ဖြစ်သည်။

အနောက်ပိုင်း ရခိုင်ပြည်နယ်မှ အင်အားကြီးမားသော ရက္ခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီအကြား ထိခိုက်လွယ်သည့် လက်ရှိအပစ်အခတ်ရပ်စဲရေး ပျက်စီးသွားပါက နိုင်ငံအလယ်ပိုင်းအတွက် အဓိကကျသည့် သက်ရောက်မှုများဖြစ်စေမည့် နောက်ထပ်အတိုက်အခံ စစ်မျက်နှာတခု ပေါ်ပေါက်လာမည်ဖြစ်သည်။ လက်ပန်းကျနေပြီးဖြစ်သော နေပြည်တော်၏ တပ်များအပေါ် ဖိအားတိုးလာမည်ဖြစ်ပြီး အဆုံးအဖြတ်ကျသော အချက်ပင် ဖြစ်နိုင်သည်။

အဆုံးတွင် မြန်မာစစ်တပ်သည် မကျဆုံးနိုင်လောက်အောင် ကြီးမားခြင်း မရှိပေ။

အခြားတဘက်တွင်မူ သွေးခွဲအုပ်ချုပ်သည့် သေနင်္ဂဗျူဟာဖြင့် အာဏာကို ချုပ်ကိုင်နိုင်အောင် ဆယ်စုနှစ်များစွာ လုပ်ခဲ့သော စစ်တပ်က အလျှော့ပေးလိုက်လျှောမှု၊ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံရန် အစဉ်အလာအားဖြင့် ကွဲပြဲလွယ်သော တိုင်းရင်းသားတပ်များက စိတ်အားထက်သန်နေလျှင် ဆန့်ကျင်ဘက် သက်ရောက်မှုဖြစ်စေပြီး ပဋိပက္ခကို နှစ်ပေါင်းများစွာ ကြာသွားစေနိုင်သည်။

မည်သည့်နည်းဖြင့်ဖြစ်စေ လာမည့်လများတွင် ပြောင်းလဲနေသော စစ်အနေအထားသည် နိုင်ငံတကာ အသိုက်အဝန်းမှ အများစုက လျစ်လျူရှု ပယ်ချလိုသည့် ရှုထောင့်ကို ပိုမိုထင်ရှားလာစေမည်ဖြစ်သည်။ အဆုံးတွင် မြန်မာစစ်တပ်သည် မကျဆုံးနိုင်လောက်အောင် ကြီးမားခြင်း မရှိပေ။

( Asia Times ပါ Anthony Davis ၏ Is Myanmar’s military starting to lose the war? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)

စစ်ရေးအရှိန်မြှင့်မည်ဟု NUG ယာယီသမ္မတပြော

PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော

မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်

လက်နက်လိုအပ်နေကြောင်း ခုခံရေးအင်အားစုများက NUG ကိုပြော

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

Your Thoughts …
Tags: NUGPDFစစ်ကိုင်းတိုင်းစစ်ကောင်စီ၏ အရှုံးစစ်အာဏာသိမ်းခြင်းတိုင်းရင်းသားတပ်ဖွဲ့များနိဒါန်းပျိုးပြည်သူ့ကာကွယ်ရေးတပ်များမကွေးတိုင်းမျှခြေတူ စစ်ပွဲ
Anthony Davis

Anthony Davis

Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် RCSS တွေ့ဆုံမှု

စစ်ကောင်စီသည် ငြိမ်းချမ်းရေးကို "ဟန်ပြ" လုပ်နေခြင်းသာ ဖြစ်ဟုဆို

ပုံစာ - ရန်ကုန်မြို့၊ ကျောက်တံတားရဲစခန်းတွင် လုံခြုံရေး ယူနေသော ရဲတပ်ဖွဲ့ဝင်များ  / CJ

စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.4k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate