• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

by ရိုးကျော်
18 August 2024
in Military, သတင်း
A A
ဂွ မကျရေး စစ်ကောင်စီ တပ်အင်အားဖြည့်နေ

ရခိုင်ပြည်နယ် တောင်ဘက်စွန်းရှိ ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့ ရိုးမဖြတ်လမ်းသာမက ကမ်းခြေပတ်လမ်းများမှလည်း ဝင်ရောက်နိုင်သည် (ဧရာဝတီ)

8.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် တောင်ဘက်စွန်းရှိ ဂွမြို့နယ်တွင်းသို့ ယခုလ ဒုတိယအပတ်မှစ၍ အာရက္ခတပ်တော်(AA)နှင့် စစ်တပ်တို့ ကြား တိုက်ပွဲများ ကူးစက်လာရာ ယခုရက်ပိုင်း ဂွ- ငါးသိုင်းချောင်း ရိုးမဖြတ်လမ်းကို သုံး၍ စစ်ကောင်စီက သံချပ်ကာကား များအပါအဝင် စစ်အင်အားများ ဆက်တိုက် ဖြည့်တင်းနေကြောင်း သိရသည်။

ဩဂုတ်လ၁၅ ရက် နံနက်နှင့် နေ့လယ်ပိုင်းက ကျိန္တလီစစ်မျက်နှာသို့ စစ်ကား ၁၅စီးအပြင် ကုန်းကြောင်းဖြင့်လည်း သွားနေသည့် စစ်သားများ မြင်တွေ့ခဲ့ရသလို ညနေပိုင်းမှာလည်း ရိုးမဖြတ်လမ်းပေါ်၌ စစ်ယာဉ်တန်းများ ဖြတ်သွားသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

သတင်းရင်းမြစ်တဦးက “ဧရာဝတီတိုင်းဘက်ကနေ တက်လာတဲ့ လက်နက်ကြီးတင်တဲ့ ကားတွေ ၃စီးလောက်မြင် လိုက်တယ်၊ တာယာဘီးတပ် သံချပ်ကာကား၊ စစ်သားတင်တဲ့ ကားပေါ်မှာလည်း လက်နက်ကြီး တင်ထားတယ်” ဟု ပြောသည်။

တခြားသော အမည်မဖော်လိုသည့် ဒေသခံတဦးကလည်း ယခုတပတ်အတွင်း ရိုးမဖြတ်လမ်းကို သုံး၍ ရခိုင်ဘက်သို့ လူသူ လက်နက်ရိက္ခာအပြည်နှင့် စစ်ကားအနည်းဆုံး ၅ စီးဆင်းလာသည်ကို ခပ်စိတ်စိတ်မြင်တွေ့ရကြောင်း အတည်ပြုပြောသည်။

ရခိုင်တောင်ပိုင်း သံတွဲဒေသ၌ ဧပြီလလယ်က စခဲ့သည့် တိုက်ပွဲများသည် တဖြည်းဖြည်း အရှိန်မြှင့်လာရာ ဇွန်လ ၂၄ရက် တွင် ငပလီ မဇင်လေဆိပ်နှင့် ဇူလိုင် ၁၇ရက်ခန့်က သံတွဲမြို့တို့ အာရက္ခတပ်တော်(AA) လက်သို့ ကျရောက်ပြီးနောက် စစ်ကောင်စီတပ် ဆုတ်ခွာရာ ဂွမြို့နယ်ဘက်သို့ တိုက်ပွဲများ ဆက်လာခြင်းဖြစ်သည်။

ဆုတ်ခွာလာသည့် စစ်တပ်သည် ဇူလိုင်လ ၂၄ ရက်တွင် ကျိန္တလီမြို့အနီးရှိ ချင်းကွင်းတံတားကို ဖျက်ဆီးကာ ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးများအပါဝင် တပ်စွဲကာ စခန်းချထားရာ ဩဂုတ် ၈ရက်တွင် AA က ရှော့တိုက်ဒုံးဖြင့် စတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ချင်းကွင်း၊ သဖန်းကွင်း၊ ကျိန္တလီမြို့ပေါ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

AA က ဂွနှင့် တောင်ကုတ်အပါအဝင် ကျန်နေသည့် စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသလို သံတွဲမှ ဂွဘက်သို့ အချိန်တိုအတွင်းရောက်ရှိလာသည့် တိုက်ပွဲများကြောင့် ဂွမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ရှောင်ဦးရေ တိုးလာနေကြောင်း ဒေသခံများထံက သိရသည်။

ဂွမြို့နယ်အတွင်း စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးနေပုံ/ DMG

ဂွမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံတဦးက “ကျိန္တလီနဲ့ ကုလားပြင်မှာ ဖြစ်နေတဲ့အခြေအနေတွေကို မြင်ရတာ AA ထိုးစစ်ဆင်နေတာကို စစ်တပ်က ထိတ်လန့်နေတယ်၊ AA ရဲ့ တိုက်တာခိုက်တာတွေက ကြံ့ခိုင်မှုအပိုင်းကို မြင်နေရပြီး စစ်တပ်ဘက်က AA ကို လန့်နေတဲ့ အနေအထားတွေကို မြေပြင်မှာ တွေ့ရတယ်လို့ ပြောပြကြတယ်” ဟု ဆိုသည်။

ကျိန္တလီနှင့် မိုင် ၄၀ ဝန်းကျင် ကွာသည့် ရခိုင်ပြည်နယ်၏ တောင်ဘက် အစွန်ဆုံးမြို့တမြို့ဖြစ်သော ဂွမြို့တွင်မူ စစ်ရေး အရိပ်အယောင် ထူးထူးခြားခြား မမြင်ရသေးသော်လည်း ဌာနဆိုင်ရာ အများစု ထွက်ပြေးသွားကြပြီဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် အင်အားလျော့နည်းနေကြောင်း ဂွမြို့ ဒေသခံတဦးက ပြောသည်။

၎င်းက “ဂွမြို့မှာအသံမကြားရသေးဘူး၊ လေယာဉ်ကတော့ နေ့တိုင်းလိုလို ပျံတယ်၊ အရင်ထက် ပျံတာ နိမ့်လာပြီ”ဟု ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
40
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
205
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

လက်ရှိတွင် စစ်ကောင်စီသည် ကျိန္တလီနှင့် ၅မိုင်အကွာရှိ ကျိန္တလီတံတား တဖက်ကမ်းရှိ ရတနာမြိုင် (ကုလားပြင်) ရွာမှ စ၍ ဂွမြို့အထိ လက်နက်ကြီးချကာ တပ်စွဲထားပြီး စစ်ရှောင်ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ထားသည့်အတွက် ကျိန္တလီဖက်အခြမ်းတွင် ပိတ်မိနေကြသည့် ဒေသခံများ ကျန်ရှိနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ယခင်က ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းကိုသာမက ပြီးခဲ့သည့်နှစ်က ဖွင့်ခဲ့သည့် ဂွမြစ်ကူးတံတားမှတဆင့် မန်ကျည်းစင်-ဘောမိ-ရွှေသောင်ယံ ကမ်းခြေပတ်လမ်းမှလည်း သွားလာနိုင်သည်။

စစ်ကောင်စီသည် ကျိန္တလီမြို့ကို လေကြောင်းမှ နေ့ရောညပါ အဆက်မပြတ်ဗုံးကြဲခဲ့ခြင်းကြောင့် ကျိန္တလီမြို့ ပြည်သူဆေးရုံနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ဩဂုတ်လ ၁၅ ရက်တွင် ဘုရားရှိခိုးကျောင်း၌ ခိုလှုံနေသည့် ဒေသခံ ၁၁ဦးသေဆုံးကာ ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အလားတူ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် ရခိုင်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီးဝန်းကျင်အား ယခုရက်ပိုင်းအတွင်း လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေကာ လူသေဆုံးမှု မရှိသေးသော်လည်း သာသနိက အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများရှိနေသည်။

You may also like these stories:

ကျိန္တလီမြို့ကို AA သိမ်းပိုက်

တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ

ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ထိ AA ထိုးစစ် ဆင်းလာ

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

Your Thoughts …
Tags: AAကျိန္တလီဂွငါးသိုင်းချောင်းရခိုင်ပြည်နယ်ဧရာဝတီတိုင်း
ရိုးကျော်

ရိုးကျော်

ရိုးကျော်သည် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားဟောင်းတဦးဖြစ်ပြီး ယခုအခါ အမျိုးသမီးအရေးကဏ္ဍနှင့် ဒေသတွင်း သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ယူဂန်ဒါ အမှိုက်ပုံ ပြိုကျမှု သေဆုံးသူ ၂၆ ဦးအထိ ရှိလာပြီး ၃၉ ဦး ပျောက်ဆုံးနေဆဲ

ယူဂန်ဒါ အမှိုက်ပုံ ပြိုကျမှု သေဆုံးသူ ၂၆ ဦးအထိ ရှိလာပြီး ၃၉ ဦး ပျောက်ဆုံးနေဆဲ

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved