• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

by မိုးစက်ငြိမ်းချမ်း
5 February 2024
in ဆောင်းပါး
A A
ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ/ AA

12.7k
VIEWS
Share on FacebookShare on Twitter

ရက္ခိုင့်တပ်တော် (AA) သည် ၂၀၁၅ ခုနှစ် ရခိုင်တွင် စတင်လှုပ်ရှားသည်မှ စ၍ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်များတွင် ပြောက်ကျားစစ်ပွဲဆင်နွှဲပြီး ရခိုင်တွင် ခြေကုပ်ရယူနိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၌ ရခိုင်တွင် စစ်ဆင်ရေး စတင်ခဲ့သည်။ ဤအကြိမ်တွင် ရက္ခိုင့်တပ်တော်၏ စစ်ဆင်ရေးပုံစံသည် ပြောက်ကျားစစ် မဟုတ်တော့ပေ။ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခြင်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်ခြင်း၊ ပုံမှန်စစ်ဆင်ခြင်း ဖြစ်သွားပြီကို တွေ့ရသည်။ စစ်တပ်သည် လုံးဝ ခံစစ်သေ ဖြစ်သွားခဲ့၏။

ရက္ခိုင့်တပ်တော်သည် စစ်ဆင်ရေး စတင်သည်နှင့် ပလက်ဝဒေသတွင် တိုက်ပွဲကြီးတပွဲ ဦးစွာတိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၉၊ တပ်မ ၁၁၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းတပ်များ အပါအဝင် တပ်မ နှစ်ခုစာ စစ်အင်အားများ စခန်းထိုင်သည့် တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ၊ ပွိုင့် ၃၇၇၊ ခဝဲ၊ ဆမီး၊ မီးဝ၊ နှမဒါ၊ တင်းမ၊ တောင်ရှည်ဗျူဟာကုန်းများနှင့် ပလက်ဝ ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ ဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့ပြီး နှစ်လ (၆၂ ရက်) အကြာ ဇန်နဝါရီဝါရီ ၁၄ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်၏ လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူများသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို မဟန့်တားနိုင်ခဲ့ပေ။

RelatedPosts

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
126
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
3.5k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
689

ပလက်ဝ တိုက်ပွဲကြီးသည် ရခိုင်စစ်မျက်နှာ၏ အလှည့်အပြောင်း ဖြစ်ခဲ့သကဲ့သို့ ရက္ခိုင့်တပ်တော်၏ ပထမ စစ်ရေးရည်မှန်းချက် အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပလက်ဝ တိုက်ပွဲကြီးသည် ရခိုင်စစ်မျက်နှာ၏ အလှည့်အပြောင်း ဖြစ်ခဲ့သကဲ့သို့ ရက္ခိုင့်တပ်တော်၏ ပထမ စစ်ရေးရည်မှန်းချက် အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

တဆက်တည်းတွင် ရက္ခိုင့်တပ်တော်သည် ဒုတိယ စစ်ရေးရည်မှန်းချက်အတွက် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ဝှမ်းရှိ ပေါက်တော၊ မင်းပြား၊ ကန်စောက်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်တို့အား ရှေ့ဆင့်နောက်ဆင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။

ပေါက်တောတိုက်ပွဲ

ပေါက်တောတိုက်ပွဲသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် စတင်ခဲ့သည်။ အခြေစိုက်တပ်ရင်း မရှိသည့် ပေါက်တောသို့ စစ်တွေ နပခ မှ ရေကြောင်းဖြင့် စစ်ကူပေးပို့ခဲ့သည့်အပြင် စစ်တွေမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရေတပ်သင်္ဘောများမှ လက်နက်ကြီးပစ်ကူပေးခြင်း၊ လေကြောင်းမှ ပစ်ကူပေးခြင်း စသည့် စစ်ကောင်စီက ကြည်း‌၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၏။

သို့သော် ရေရှည်တွင် စစ်ကောင်စီမှ အကျအဆုံးများခဲ့ပြီး စစ်ကူထပ်မံပေးပို့နိုင်ခြင်း မရှိတော့ဘဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် ပေါက်‌တောအား ထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော်က ကြေညာခဲ့သည်။ ၆၅ ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး ရက္ခိုင့်တပ်တော်က ဒုတိယမြောက် သိမ်းပိုက်နိုင်သည့်မြို့ ဖြစ်ခဲ့၏။

ကန်စောက်တိုက်ပွဲ

ကန်စောက်သည် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကြား ကားလမ်းပေါ်တွင် တည်ရှိပြီး စကခ ၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၃၉ နှင့် အမြောက်တပ်ရင်းဖြစ်သည့် အမတ ၃၇၇ အခြေစိုက်၏။ အမတ ၃၇၇ တပ်ရင်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၊ ခမရ ၅၃၉ တပ်ရင်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် ရက္ခိုင့်တပ်တော်မှ ရက်ပိုင်းအတွင်း အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ခမရ ၅၃၉ မှ ၃၀၀ ကျော် လက်နက်ချခဲ့၏။ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။ ကန်စောက်အား ရက္ခိုင့်တပ်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။

မင်းပြားတိုက်ပွဲ

မင်းပြားတွင် စကခ ၉ လက်အောက်ခံ ခမရ ၃၇၉၊ ခမရ ၃၈၀နှင့် ခမရ ၅၄၁ တပ်ရင်းများ ရှိ၏။ ထို့ပြင် မင်းပြားမြို့နယ် ကြာအင်းတောင်တွင် တတက ၉ (တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း အမှတ် ၉) ရှိ၏။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်ခန့်မှစ၍ မင်းပြားရှိ တပ်ရင်း ၃ ရင်းအား ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့၏။ စစ်တပ်၏ လက်နက်ကြီးများထားရှိရာ ကျိန်းတောင်အား ဦးစွာသိမ်းပိုက်ခဲ့၏။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မင်းပြားမြို့သို့ စစ်ကူတက်လာသော တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၅ အား ရက္ခိုင့်တပ်တော်က ဖြတ်တောက် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။ ထို့အပြင် ရန်သူ၏ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။ မင်းပြား၊ ရာမောင်မြစ်အတွင်း စစ်ကောင်စီတပ်မှ အလောင်း ၂၀ ခန့် မျောနေသည်ဟု ဒေသခံများထံမှ သိရ၏။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်ခန့်မှစ၍ မင်းပြားရှိ တပ်ရင်း ၃ ရင်းအား ရက္ခိုင့်တပ်တော်က စတင်တိုက်ခိုက်ခဲ့၏။ စစ်တပ်၏ လက်နက်ကြီးများထားရှိရာ ကျိန်းတောင်အား ဦးစွာသိမ်းပိုက်ခဲ့၏။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မင်းပြား၏ တောင်ဘက် မြေပုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်း၊ ၎င်းအနီးအနား စခန်းကုန်းများရှိ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါ ဗျူဟာကုန်းအား စွန့်လွှတ်ခဲ့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားခဲ့သည်။ ရက္ခိုင့်တပ်တော်မှ ထွက်ပြေးသွားသူများကို လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့သောကြောင့် ၎င်းစစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့သည်။

ပလက်ဝဒေသတွင် စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီထံမှ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိသော နေရာများ / AA Info Desk

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၈၀ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ကွန်မန်ဒိုတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် ခမရ ၃၇၉ မှ တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး သုံ့ပမ်း ၅၀ ကျော် ဖမ်းမိသည်ဟု မြေပြင်သတင်းများအရ သိရသည်။ ခမရ ၃၇၉ မှ လက်ကျန်များနှင့် ခမရ ၅၄၁ အား ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။

ကျောက်တော်တိုက်ပွဲ

ကျောက်တော်တွင် စကခ ၉ ဌာနချုပ်၊ ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆ တို့ အခြေစိုက်သည်။ ပလက်ဝ ကျပြီးနောက် ကျောက်တော် မြို့မရဲစခန်းရှိ ရဲနှင့် စစ်သားများ၊ မဟာမုနိဘုရားတွင် ‌တပ်စွဲထားသည့် စစ်သားများ၊ လင်းမြွေတောင်ရှိ စစ်အင်အားများ အားလုံး စကခ ၉ သို့ ဆုတ်ပြီး ခံစစ်ယူသည်။

လင်းမြွေတောင်မှ ဆုတ်လာသော တပ်များ၊ မဟာမုနိမှ ဆုတ်လာသော တပ်များကို ကြားဖြတ် တိုက်ခိုက်ပြီးနောက် ကျောက်တော်အခြေစိုက်တပ်များအား ရက္ခိုင့်တပ်တော်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သည်။ ထိုသို့ တိုက်ခိုက်နေရာမှ ခမရ ၃၇၄ တပ်ရင်းတခုလုံးကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ကျန်တပ်ရင်းများအား ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၏။

မြောက်ဦးတိုက်ပွဲ

မြောက်ဦးတွင် စကခ ၉ လက်အောက်ခံ ခမရ ၃၇၇၊ ခမရ ၃၇၈၊ ခမရ ၅၄၀ တို့အပြင် ရဲတပ်ရင်း ၃၁ အခြေပြုသည်။ ထို့ပြင် တပ်မ ၅၅ မှ တပ်အချို့ အားဖြည့်ထားသည်ဟု ဆိုပါသည်။ မြောက်ဦးရှိ ၎င်းတပ်ရင်းများကိုလည်း စစ်ဆင်‌ရေး စကတည်းက ရက္ခိုင့်တပ်တော်က ဝိုင်းထားပြီး ခရိုင်ရဲစခန်း၊ ရုံးဌာနများနှင့် ဆေးရုံတို့အား သိမ်းပိုက်ထား၏။ ပလက်ဝ ကျပြီးနောက် မြောက်ဦးရှိတပ်များအား ရက္ခိုင့်တပ်တော်က ဇန်နဝါရီလအတွင်း တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ပလက်ဝ ကျပြီးနောက် မြောက်ဦးရှိတပ်များအား ရက္ခိုင့်တပ်တော်က ဇန်နဝါရီလအတွင်း တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

မြောက်ဦး အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများထဲမှ ခမရ ၅၄၀ တပ်ရင်းတရင်းလုံးအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် ညတွင် ရက္ခိုင့်တပ်တော်က ချေမှုန်းနိုင်ခဲ့ပြီးနောက် အလုံးစုံ သိမ်းပိုက်ထားနိုင်ခဲ့ပြီဟု သိရသည်။ ခမရ ၅၄၀ မှ ၃၀၀ ကျော် လက်နက်ချ အညံ့ခံသည်ဟုသိရ၏။ ကျန်ရှိနေသေးသော မြောက်ဦးအခြေစိုက် အခြားတပ်ရင်း ၂ ရင်းကိုလည်း တပြိုင်နက်တည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ရသေ့တောင်တိုက်ပွဲ

ရသေ့တောင်တွင် နပခ တိုင်းလက်အောက်ခံ ခမရ ၅၃၈၊ စကခ ၁၅ လက်အောက်ခံ ခမရ ၅၃၆၊ ၅၃၇ တို့ အခြေပြုသည်။ ပလက်ဝ ကျပြီးနောက် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရသေ့တောင်နှင့် ဘူးသီးတောင်ကြားရှိ တပ်မ ၂၂ မှ တပ်များ နေရာယူထားသည့် ရေစိုးချောင်းဗျူဟာနှင့် ထီးဆွဲဗျူဟာတို့ကို ရုပ်သိမ်းရာ ရက္ခိုင်တပ်တော်မှ ဖြတ်တောက် တိုက်ခိုက်ခဲ့သဖြင့် အင်အား ၁၀၀ ကျော် လက်နက်ချခဲ့သည်။ ကျန်သောအင်အားများမှ အချို့သည် ရသေ့တောင် အခြေစိုက်တပ်ရင်းများတွင် အင်အားဖြည့်ပြီး အချို့ စစ်တွေသို့ ဆုတ်ခွာသွားသည်။

ထို့နောက် ရက္ခိုင့်တပ်တော်က ရသေ့တောင် အခြေစိုက်တပ်ရင်းများအား ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိ၏။

ရမ်းဗြဲကျွန်းတိုက်ပွဲ

ရမ်းဗြဲကျွန်းပေါ်တွင် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် နှစ်ခုရှိ၏။ ကျောက်ဖြူတွင် နပခ လက်အောက်ခံ ခလရ ၃၄၊ စကခ ၅ လက်အောက်ခံ ခမရ ၅၄၂၊ ခမရ ၅၄၃ နှင့် အမှတ် ၃၂ ရဲတပ်ရင်းတို့ အခြေပြုသည်။ ထို့ပြင် ဓညဝတီ ရေတပ်စခန်းဌာနချုပ် အခြေပြုသည်။ ကျောက်ဖြူတွင် သဘာဝဓာတ်ငွေ့ ပို့လွှတ်သည့် စခန်း၊ တရုတ်သို့ ရေနံပို့လွှတ်သည့် မဒေးကျွန်းတို့ ရှိသည့်အပြင် ကျောက်ဖြူစီးပွားရေး အထူးဇုန်အတွက် စီမံကိန်းများရှိ၏။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရမ်းဗြဲကျွန်းပေါ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ကျောက်ဖြူမြို့နယ်အတွင်းသို့ပါ တိုးချဲ့စစ်ဆင်ခဲ့ပြီး ဓညဝတီ ရေတပ်ဌာနချုပ်စခန်းအား ရက္ခိုင့်တပ်တော်က ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် ရမ်းဗြဲကျွန်းပေါ်ရှိ မြန်မာစစ်တပ်၏ အခြေစိုက်စခန်းများကို ဗျူဟာမြောက် ပိတ်ဆို့မှုများ ပြုလုပ်လာနိုင်ခဲ့ပြီး စစ်ကူများကို ဖြတ်တောက် ချေမှုန်းနိုင်လာကြောင်း တွေ့ရ၏။

ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတဝိုက်နေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရမ်းဗြဲမြို့အား လေကြောင်းတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ အလားတူ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့၏။ ရက္ခိုင့်တပ်တော်သည် ရမ်းဗြဲကျွန်းပေါ်ရှိ မြန်မာစစ်တပ်၏ အခြေစိုက်စခန်းများကို ဗျူဟာမြောက် ပိတ်ဆို့မှုများ ပြုလုပ်လာနိုင်ခဲ့ပြီး စစ်ကူများကို ဖြတ်တောက် ချေမှုန်းနိုင်လာကြောင်း တွေ့ရ၏။

အမ်းတိုက်ပွဲ

အမ်းမြို့နယ်တွင် နပခ စစ်တိုင်းဌာနချုပ် အခြေပြုပြီး တိုင်းလက်ရုံးတပ်များ၊ စစ်ဝန်ထမ်းတပ်များအပြင် စကခ ၅ လက်အောက်ခံ ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ နှင့် အမတ ၃၇၄ တပ်ရင်းများ အခြေစိုက်သည်။ အမ်းတွင် ရက္ခိုင့်တပ်တော် အပြင်းအထန် ထိုးစစ်ဆင်သည်ကို မတွေ့ရပါ။ တိုက်ပွဲအချို့တော့ ရှိသည်။

သို့သော် အမ်းမြို့နယ်အတွင်းရှိ ဒါးလက်ချောင်း၊ ကဇုကိုင်း၊ မညှင်းတောင်တို့မှ စစ်တပ်စခန်းများ ဆုတ်ခွာသွားပြီး အမ်းမြို့နှင့် တောဟိန်းတောင် ဗျူဟာကုန်းတွင်သာ ခံစစ်ဆင်နေ၏။ အမ်းမြို့နှင့် နှစ်မိုင်အကွာတွင် ရက္ခိုင့်တပ်တော်နှင့် သူ၏မဟာမိတ်များ နေရာယူ ရင်ဆိုင်ထားသည်ဟု သိရ၏။

ဘူးသီးတောင်တိုက်ပွဲ

ဘူးသီးတောင်တွင် စကခ ၁၅ ဌာနချုပ် အခြေစိုက်ပြီး လက်အောက်ခံ ခမရ ၃၄၅၊ ခမရ ၃၅၂၊ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၅၅၁၊ ခမရ ၅၆၄၊ ၅၆၅ တို့ အခြေစိုက်သည့်အပြင် ဘူးသီးတောင်မြို့နယ် တောင်ဘဇားတွင် ခမရ ၅၅၂ အခြေစိုက်သည်။ ထို့ပြင် ဘူးသီတောင်၌ နပခ လက်အောက်ခံ ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၂၆၃ တို့ အခြေပြုသည်။

ဘူးသီးတောင်မြောက်ဖက်တွင် ရှိသည့် အကြီးဆုံးဗျူဟာမြောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းဟုသိရ၏။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တောင်ဘဇားမှ စစ်သားနှင့် ရဲများ၊ မိသားစုများအပါ အင်အား ၃၀၀ ခန့် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အလင်းဝင်သည်

ဘူးသီးတောင် မြောက်ပိုင်းရှိ ဝါးနက်ရုံဗျူဟာကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထား၏။ ဘူးသီးတောင်တောင်ပိုင်း ရသေ့တောင်နယ်အစပ်ရှိ ၃၁ ဘုံ ဗျူဟာ (စံဂိုးထောင်) မှ တပ်များသည် ဇန်နဝါရီလ ၂၅ ရက်ညတွင် ဘူးသီးတောင်သို့ ဆုတ်ခွာရာ ရက္ခိုင့်တပ်တော်က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ စိုင်းတင် တံတားအနီးရှိ ကွင်းပြင်တွင် ပိတ်မိပြီး တိုက်ပွဲများဖြစ်ပွားနေရာ ဇန်နဝါရီလကုန်အထိ တိုက်ပွဲများ ဖြစ်ပွားနေ၏။ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ ဌာနချုပ်ကိုမူ ထိုးစစ်ဆင်ခြင်း မရှိသေးပေ။

တောင်ဘဇားတွင် ခမရ ၅၅၂ သာမက နယ်ခြားစောင့်ရဲတပ်ဖွဲ့ပါ ရှိ၏။ ထိုနယ်ခြားစောင့်ရဲစခန်းသည် ဘူးသီးတောင်မြောက်ဖက်တွင် ရှိသည့် အကြီးဆုံးဗျူဟာမြောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းဟုသိရ၏။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တောင်ဘဇားမှ စစ်သားနှင့် ရဲများ၊ မိသားစုများအပါ အင်အား ၃၀၀ ခန့် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အလင်းဝင်သည်ဟု သိရ၏။

မောင်တောတိုက်ပွဲ

မောင်တောနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မော်တာကျည် ၁၃ လုံးနှင့် လက်နက်ငယ်ကျည်များ ဘင်္ဂလားဒေ့ရှ်ပိုက်နက်အတွင်း ကျရောက်သည်ဟု ကောက်ဘဇားအခြေစိုက် အမှတ် ၃၄ ဘင်္ဂလားတပ်ရင်းက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားပြီး စစ်ကောင်စီအား ကန့်ကွက်ထားသည်။

မောင်တောမြို့နယ်တွင် စစ်တပ်အချို့နှင့်အတူ နယ်ခြားစောင့်ရဲတပ်ရင်းများရှိကြသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ဖက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့သည်။ တောင်ပြို ( လက်ယာ) စခန်းအား ညနေ ၆ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရ၏။

တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း အမြောက်အမြားနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀ နီးပါးသည် နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ လက်နက်များဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရ၏။

တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်

ထိုလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါ။ တောင်ကုတ်တွင်မူ ရက္ခိုင့်တပ်တော် ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး မာန်အောင်မှ ရဲအင်အား ၆၀ ခန့် တောင်ကုတ်တွင် ဖြည့်တင်းထားသည်ဟု သိရ၏။

တောင်ကုတ်တွင် စကခ ၅ အခြေပြုပြီး လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၅၄၄ တို့ အခြေပြု၏။ သံတွဲတွင် နပခ လက်အောက်ခံ ခလရ ၅၅ နှင့် စကခ ၅ လက်အောက်ခံ ခမရ ၅၆၆၊ ဂွတွင် စကခ ၅ လက်အောက်ခံ ခမရ ၅၆၂၊ ခမရ ၅၆၃ တို့ အခြေပြုသည်။ မာန်အောင်တွင် အခြေစိုက်တပ်ရင်း မရှိပါ။

စစ်တွေ၊ ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းတွင် နပခ လက်အောက်ခံ ခမရ ၅၅၀ အခြေစိုက်သည်။ စစ်တွေတွင် ဒကစ ဌာနချုပ် အခြေပြုသကဲ့သို့ တိုင်းမှူးနှင့် နပခ လည်း အခြေပြုသည်။ စစ်တွေတွင် နပခ လက်အောက်ခံ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄၊ အမတ ၃၇၃ တို့ အခြေပြုသည့်အပြင် လက်ရုံးတပ် ဝန်ထမ်းတပ်များ ရှိသည်။ ထို့ပြင် အမှတ် ၁၂ ရဲတပ်ရင်းအပါ ရဲတပ်ရင်းများရှိသည်။

ပုဏ္ဏားကျွန်းအတွင်း တိုက်ပွဲငယ်အချို့ ရှိသော်လည်း တိုက်ပွဲကြီးများ မရှိသေးပါ။ ပုဏ္ဏားကျွန်းအ‌ခြေစိုက် တပ်ရင်းကို ဝိုင်းပတ်ထား၏။ ထို့ပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များတွင် ခြေကုပ်ယူထားသော ရက္ခိုင့်တပ်တော်သည် စစ်တွေမြို့ဆီသို့ တဖြည်းဖြည်းတိုး၍ ရင်ဆိုင်လာသဖြင့် မကြာမီ စစ်တွေကို တိုက်ခိုက်လာနိုင်သည်ဟု ယူဆရသည်။ စစ်တွေရှိ စစ်ကောင်စီတပ်များအတွက် ပင်လယ်ပြင် ထွက်ပေါက်သာ ရှိ၏။

ရက္ခိုင့်တပ်တော်တို့၏ ဒုတိယစစ်ရေး ရည်မှန်းချက်

လက်ရှိ ရခိုင်စစ်မျက်နှာမှ အောက်ပါ အချက်များကို တွေ့ရသည်။

၁။ ရက္ခိုင့်တပ်တော်သည် ပလက်ဝ တိုက်ပွဲကြီး ပြီးသည့်နောက် ပေါက်တော၊ ကန်စောက်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲကျွန်း စသည့် ခုနစ်နေရာတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ပေါက်တောမှအပ ကျန်နေရာများသည် အခြေစိုက်တပ်ရင်း နှစ်ရင်းမှ လေးရင်းအထိ ရှိသည့်နေရာဖြစ်သည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များတွင် ခြေကုပ်ယူထားသော ရက္ခိုင့်တပ်တော်သည် စစ်တွေမြို့ဆီသို့ တဖြည်းဖြည်းတိုး၍ ရင်ဆိုင်လာသဖြင့် မကြာမီ စစ်တွေကို တိုက်ခိုက်လာနိုင်သည်

သို့ဖြစ်ရာ ရက္ခိုင့်တပ်တော်သည် အဆိုပါ ခုနစ်နေရာ၌ တနေရာလျှင် စစ်အင်အားအနည်းဆုံး ၁,၅၀၀ နှင့်အထက် အသုံးပြု တိုက်ခိုက်နေသည်ဟု ခန့်မှန်းရ၏။ ထို့ပြင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ တို့တွင်လည်း စစ်တပ်ကို ခြိမ်းခြောက်ရန်၊ ရင်ဆိုင်ရန် လုံလောက်သည့် စစ်အင်အားများ ဖြန့်ခွဲထားနိုင်သည်ကို တွေ့ရသည်။ ရခိုင်စစ်မျက်နှာတွင် ရက္ခိုင့်တပ်တော်အင်အား သောင်းဂဏန်း ရှိနိုင်သည်။

ရှမ်းမြောက်တွင် မြောက်ပိုင်းသုံးဖွဲ့နှင့်တွဲ၍ ပြုလုပ်သည့် တိုက်ပွဲများတွင် ရက္ခိုင်တပ်တော် အင်အား ၃,၀၀၀ ခန့်ရှိသည်ဟုသိရပြီး၊ ကချင် KIA, PDF များနှင့်တွဲ၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနှင့် မဘိန်းတို့တွင်ပါ စစ်ရေးလှုပ်ရှားမှုပြုနေသည့် အင်အား ထောင်ဂဏန်းခန့်ရှိ၏။ သို့ဖြစ်ရာ ရက္ခိုင့်တပ်တော်သည် ၂၀၀၉ ခုနှစ်မှစ၍ တည်ထောင်သည့် ၁၅ နှစ်အတွင်း တိုင်းရင်းသားတပ်ဖွဲ့များအတွင်း၌ UWSA နှင့်နည်းတူ အင်အားတောင့်တင်းသည့် တပ်ဖွဲ့တခုဖြစ်လာသည်။

ရခိုင်ဒေသတွင် စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ၊ ၂၀၂၄ ခုနှစ်၊ ဖန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်ကောင်စီထံမှ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိသော နေရာများ / AA Info Desk

လက်ရှိ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီ၏တပ်များဖြစ်သည့် စကခ ၉ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း၊ နပခ လက်အောက်ခံ တိုင်းတပ်များ၊ အမြောက်တပ်များ၊ စစ်ကူ ဖြည့်တင်းထားသည့် တပ်မ ၂၂ မှ တပ်များအပြင်၊ ရဲတပ်ရင်းများ၊ လေတပ်နှင့် ရေတပ် ပစ်ကူများကို ရက္ခိုင့်တပ်တော်၏ တပ်များက ကောင်းစွာ ရင်ဆိုင်အနိုင်ယူနိုင်သည်ကို တွေ့ရ၏။

၂။ ပလက်ဝတိုက်ပွဲကြီး အပြီးတွင် ရက္ခိုင့်တပ်တော်သည် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ‌ပေါက်တော၊ ရမ်းဗြဲကျွန်းတို့တွင် ထိုးစစ်ဆင်ပြီး ဘူးသီးတောင်၊ မောင်တောနှင့် အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွတို့အား ပိတ်ဆို့ဖြတ်တောက်ထားပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းအား ကောင်းစွာ ခြိမ်းခြောက်ထားသည်။

ထိုးစစ်ဆင်သည့် နေရာများအနက်မှ ပေါက်တောနှင့် ကန်စောက်အား လုံးဝထိန်းချုပ်နိုင်ပြီး ကျန်သည့် နေရာများတွင် တဝက်ခန့် သိမ်းပိုက်နိုင်သည်ကို တွေ့ရကာ စစ်ရေးအရ အသာစီးရနေသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အနည်းဆုံး တပ်ရင်းဌာနချုပ် ငါးခု (အမတ ၃၇၇၊ ခမရ ၅၂၉၊ ခမရ ၃၈၀၊ ခမရ ၃၇၄၊ ခမရ ၅၄၀) အား သိမ်းပိုက်နိုင်ပြီး အများအပြား ချေမှုန်း၍ မြန်မာစစ်တပ် အင်အား ၈၀၀ ခန့် (ပလက်ဝ မပါ) လက်နက်ချ ဖမ်းဆီးထားနိုင်ခဲ့သည်။

သို့ဖြစ်ရာ ပလက်ဝ တိုက်ပွဲကြီးအပြီး ရက္ခိုင့်တပ်တော်သည် မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့ မြစ်ဝှမ်းဖြစ်သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံစသည့် ရခိုင်၏ အချက်အခြာဒေသအား သိမ်းပိုက်ရေးနှင့် ရမ်းဗြဲကျွန်းကို ထိန်းချုပ်နိုင်ရေးကို အဓိကထား၍ ထိုးစစ်ဆင်လာသည်ကို တွေ့ရသည်။ ဤဒေသသည် ရက္ခိုင့်တပ်တော်၏ ဒုတိယ စစ်ရေးရည်မှန်းချက် ဖြစ်ပုံရ၏။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အနည်းဆုံး တပ်ရင်းဌာနချုပ် ငါးခု (အမတ ၃၇၇၊ ခမရ ၅၂၉၊ ခမရ ၃၈၀၊ ခမရ ၃၇၄၊ ခမရ ၅၄၀) အား သိမ်းပိုက်နိုင်ပြီး အများအပြား ချေမှုန်း၍ မြန်မာစစ်တပ် အင်အား ၈၀၀ ခန့် (ပလက်ဝ မပါ) လက်နက်ချ ဖမ်းဆီးထားနိုင်ခဲ့သည်။

၃။ ရခိုင်စစ်မျက်နှာတွင် တွေ့ရသည့် စစ်တပ်၏ အားသာချက်မှာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်မှု ဖြစ်သည်။ သို့သော် ပေါက်တော၊ ‌မင်းပြား၊ ရမ်းဗြဲကျွန်း တိုက်ပွဲများတွင် တွေ့ရသည်မှာ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုသည် ရက္ခိုင့်တပ်တော်၏ အောင်ပွဲကို တားဆီးနိုင်ခြင်း မရှိပေ။

၄။ စစ်တပ်သည် စစ်အင်အား မလုံလောက်သည့်အပြင် တိုက်စိတ်ခိုက်စိတ်ရော တိုက်ရည်ခိုက်ရည်ပါ ကျဆင်းနေသည်ဖြစ်ရာ မူလ အင်အား ၅၀ ခန့်ရှိ စခန်းများအား ဆုတ်ခွာရာမှ အင်အား ရာဂဏန်းရှိသည့် စခန်းများပါ ဆုတ်ခွာပူး‌ပေါင်းရသည်။ ယခုအခါ ဗျူဟာများပင် ဆုတ်ခွာပြီး မြို့လုံခြုံရေးလုပ်သည့်အဆင့် ဖြစ်သွားသည်။ အဓိပ္ပာယ်မှာ စစ်တပ်အင်အား ၁၀၀ ခန့်ရှိသော စခန်းပင်လျှင် ရက္ခိုင့်တပ်တော် ထိုးစစ်ကို ခံနိုင်ခြင်းမရှိဟု မြန်မာစစ်ခေါင်းဆောင်များကိုယ်တိုင် လက်ခံခဲ့ရပြီဖြစ်၏။

မြို့အလိုက် ခံစစ်ယူထားသည့် စစ်တပ်သည် တမြို့နှင့် တမြို့ကြား သွားလာ၍ မရသည့်အပြင် ရခိုင်မြောက်ပိုင်းရှိ မြို့အများစုတွင် စခန်းပြင်သို့ ထွက်မရဘဲ သူတို့ရှိသည့် မြို့ကိုပင် မထိန်းချုပ်နိုင်ပေ။ သို့ဖြစ်ရာ တမြို့နှင့် တမြို့အား စစ်တပ်က ဦးစွာ ပိတ်ဆို့ ဖြတ်တောက်သည် ဆိုသော်လည်း ယခုအခါ စစ်တပ်သည် မြို့အလိုက် စခန်းများအတွင်း ပိတ်မိနေပြီး ပြန်လည် ပိတ်ဆို့ဖြတ်တောက်ခံနေရသည်။ မြေပြင်ဆက်သွယ်ရေးလမ်းကြောင်း ပြတ်နေပြီး လေကြောင်းနှင့် ရေကြောင်းမှသာ အဆက်သွယ်ပြုနိုင်၏။ ရခိုင်ကျေးလက်ဒေသ တခုလုံးကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီး လွတ်လပ်စွာ သွားလာ၍ရ၏။

ရခိုင်စစ်မျက်နှာမှ အိန္ဒိယသို့ အင်အား ၄၀၀ ကျော် ထွက်ပြေးသွားသည့်အပြင် စစ်မြေပြင်တွင်လည်း အကွဲကွဲအပြားပြား ထွက်ပြေးနေသည်ကို တွေ့ရ၏။ ထိုစစ်ပြေးများကို ပြန်လည်ခေါ်ယူပြီး စစ်မြေပြင်သို့ စေလွှတ်နေသည်ဖြစ်ရာ စစ်တပ်၏ တိုက်စိတ်ခိုက်စိတ်နှင့် စစ်စည်းကမ်းက ပို၍လျော့လျဲလာသည်။

၅။ စစ်ကောင်စီသည် အရပ်သားပစ်မှတ်များဖြစ်သည့် မြို့နှင့်ကျေးရွာများအား လေယာဉ်ဖြင့် ဗုံးကြဲဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းများ လက်လှမ်းမီသည့် နေရာအချို့တွင် မြို့များ၊ ရွာများ၊ ဈေးကြီးများအား မီးရှို့ခြင်း၊ မီးလောင်တိုက်သွင်းခြင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ရက်စက်စွာ ပြုလုပ်ခဲ့သည်။ ပေါက်တော၊ မင်းပြား၊ ရမ်းဗြဲမြို့များ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့များလည်း ပျက်စီးဆုံးရှုံးမှုများရှိသည်ကို တွေ့ရ၏။

စစ်ပြေးများကို ပြန်လည်ခေါ်ယူပြီး စစ်မြေပြင်သို့ စေလွှတ်နေသည်ဖြစ်ရာ စစ်တပ်၏ တိုက်စိတ်ခိုက်စိတ်နှင့် စစ်စည်းကမ်းက ပို၍လျော့လျဲလာသည်။

ထို့ပြင် ရခိုင်စစ်ပွဲ ပြန်လည်စတင်ကတည်းက ရခိုင်မြို့ရွာများအား အသွားအလာ ဖြတ်တောက်ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီမှစ၍ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ခဲ့သည်။ ဤကဲ့သို့ စစ်ကောင်စီက ပြင်းထန်စွာ ဖိနှိပ်ခဲ့သော်လည်း လူထုက ကြောက်ရွံ့မသွားပေ။ ဤအကြိမ် စစ်ဆင်ရေးတွင် ဤဒုက္ခ သုက္ခများကို လူထုက ညည်းညူခြင်း မပြုဘဲ ခါးစည်းခံခဲ့သည်။

ရခိုင်လူထုအများစုက စည်းလုံးပြီး အပစ်မရပ်ဘဲ အောင်ပွဲရအောင်တိုက်ဖို့ လိုသည်ဟု ရပ်တည်ကြ၍ လည်းကောင်း၊ စစ်အာဏာရှင်များအား အပြုတ်တိုက်ပြီး ပြာပုံပေါ်မှ ရခိုင်ပြည်ကို ပြန်လည်ထူထောင်မည့် ရခိုင်လူထု၏ စိတ်ဓာတ်ခွန်အားကြောင့် လည်းကောင်း ရက္ခိုင့်တပ်တော်တွင် ခွန်အားအပြည့်ရနေပြီး စစ်ကောင်စီတပ်များအဖို့ စခန်းပြင်ပတွင် ရှိရှိသမျှ လူအားလုံးသည် သူအား ထောက်ခံသူမရှိဘဲ သူ၏ ရန်သူများ ဖြစ်နေ၏။

သို့ဖြစ်ရာ ပလက်ဝတိုက်ပွဲကြီးအပြီး မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်ဝှမ်းဒေသရှိ မြို့များအား ထိုးစစ်ဆင်ခြင်းသည် ရက္ခိုင့်တပ်တော်တို့၏ ဒုတိယစစ်ရေး ရည်မှန်းချက် ဖြစ်ပုံရပြီး မကြာမီ ရည်မှန်းချက် အောင်မြင်လိမ့်မည်ဟု သုံးသပ်ရ၏။ အကယ်၍သာ တရုတ်နှစ်သစ်ကူးအပြီး ရှမ်းပြည်တွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည် မြင့်တက်လာပါက ပိုမိုမြန်ဆန်ပေလိမ့်မည်။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAစစ်ကောင်စီစစ်ပြေးထိုးစစ်နယ်ခြားစောင့်တပ်ပြောက်ကျားစစ်ဘင်္ဂလားဒေ့ရှ်ရက္ခိုင့်တပ်တော်ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှု
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ခွေးခေါ်ဝီစီ နိုင်ငံရေးအကြောင်း သိကောင်းစရာ

ခွေးခေါ်ဝီစီ နိုင်ငံရေးအကြောင်း သိကောင်းစရာ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate