• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

by ဧရာဝတီ
17 August 2023
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်

ဒါကာရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်

1.9k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်သည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာ နိုင်ငံပိုင် ဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်ထားကြောင်း ဘဏ်၏ အမှုဆောင်အရာရှိချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

BenarNews မှ မြင်တွေ့ရသည့် စာရွက်စာတမ်းများ အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် ဘဏ်သို့ ပေးပို့သည့် အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုက်နာရန် ဒါကာရှိ အမေရိကန် သံရုံးက ဘင်္ဂလားဒေ့ရှ် အစိုးရထံ စာတစောင် ပေးပို့ပြီးနောက် အဆိုပါ အတည်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
7
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
13

သို့သော် Sonali Bank ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ Md. Afzal Karim က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကို အရေးယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာဘဏ်နှစ်ခုသည် Sonali ဘဏ်တွင် စုစုပေါင်း အပ်ငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ထားရှိကြောင်း Karim က ပြောသည်။

“အဲဒီဘဏ်အကောင့်တွေက ဘာငွေလွှဲပြောင်းမှုအတွက်မှ အသုံးမပြုတာ တလကျော်ပြီ” ဟု ၎င်းက ဆိုသည်။

Sonali Bank ၏ အကောင့်များကို ပိတ်လိုက်ပြီးနောက်တွင် မြန်မာစစ်ကောင်စီက ဘင်္ဂလားဒေ့ရှ် အကောင့်များကို ငွေလွှဲပြောင်းမှုအတွက် ဖွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း Karim က ပြောကြားသည်။

Sonali ဘဏ်ကလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်သော မြန်မာဘဏ်နှစ်ခုတွင် အပ်ငွေများစွာ မရှိ၍ စိတ်သက်သာရာရကြောင်း သူက ပြောသည်။

“အဲဒီမှာ ငါတို့ ပိုက်ဆံအများကြီး မရှိဘူး။ ဘဏ်တခုမှာ ယူရို ၁၇၀၀၀၊ အခြားဘဏ်တခုမှာ ဒေါ်လာ ၂၀၀၀၀၀ ရှိတယ်” ဟု ၎င်းက ဆိုသည်။ “သူတို့က ငါတို့ထက် ပို ပိုက်ဆံများတယ်။”

ဇွန်လတွင် ဝါရှင်တန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သော မြန်မာစစ်တပ် ထိန်းချုပ်ထားသည့် ဘဏ်နှစ်ခုအပါအဝင် အဖွဲ့အစည်းသုံးခုအပေါ် ပိတ်ဆို့အရေးယူမှုများ ကြေညာခဲ့သည်။

ဘဏ်နှစ်ခုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အများအပြားကို လွယ်ကူချောမွေ့စေပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတင်သွင်းခြင်းအပါအဝင် စစ်တပ် နှင့် နိုင်ငံခြားဈေးကွက်များကြား ငွေလွှဲပြောင်းမှု ပြုလုပ်နိုင်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က လူထုဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခဲ့ပြီး လူပေါင်း ၄၀၀၀ နီးပါး သေဆုံးကာ ထောင်နဲ့ချီ ဖမ်းဆီးထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၁.၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းလည်း ကုလသမဂ္ဂက အစီရင်ခံထားသည်။

ယခု ဘင်္ဂလားဒေ့ရှ်ဘဏ်က အရေးယူပိတ်ဆို့မှုသည် မြန်မာဘဏ်များများနှင့် စီးပွားရေးလုပ်ငန်းများအား စင်ကာပူရှိ United Overseas Bank (UOB) က ဝန်ဆောင်မှုများ အားလုံးကို ကန့်သတ်ပိတ်ပင်ပြီး နောက်ဆက်တွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုသို့ အမေရိကန်ဒေါ်လာအခြေပြု နိုင်ငံတကာငွေကြေးစနစ်မှ မြန်မာစစ်ကောင်စီကို ကန့်သတ်ပိတ်ပင်သည့် အရေးယူမှုများကြောင့် ဒေါ်လာငွေကြေးအား လက်နက်သဖွယ်အသုံးချလျက်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှနိုင်ငံ မော်စကိုတွင် ကျင်းပသော အစည်းအဝေးသို့ ပေးပို့သည့် ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

မကြာသေးမီရက်များအတွင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထိုင်းဘတ်ငွေအား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့်ငွေကြေးအဖြစ် ဩဂုတ် ၁၄ ရက်မှစတင်ကာ သတ်မှတ်ခွင့်ပြုလိုက်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်သည်။

Sonali ဘဏ်တွင် အကောင့်များရှိသည့် မြန်မာဘဏ်နှစ်ခုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မဖြစ်ကြောင်း Mutual Trust Bank ၏ မန်နေဂျင်းဒါရိုက်တာ Syed Mahbubur Rahman က ပြောသည်။

“ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်း အများအပြား မရှိလို့ တစ်ဆို့စရာတွေ ဖြစ်လာမှာမဟုတ်ဘူး” ဟု ဟု ၎င်းက BenarNews သို့ ပြောကြားခဲ့သည်။ “အဲဒါကို စိတ်ပူစရာ အကြောင်းမရှိပါဘူး။”

ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်မှုက သေးငယ်သည်။ ဘင်္ဂလားဒေ့ရှ်သည် မြန်မာသို့ အာလူး၊ ဘီစကွတ်နှင့် ပလတ်စတစ် ထွက်ကုန်များကို အဓိက တင်ပို့နေပြီး သစ်၊ အေးခဲငါး၊ ဂျင်းနှင့် ကြက်သွန်နီစသည့် ပစ္စည်းများ တင်သွင်းသည်။

ကိုးကား။ ။ BenarNews သတင်းဌာနမှ Bangladesh bank freezes accounts belonging to U.S.-sanctioned Myanmar banks

You may also like these stories:

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

ဘင်္ဂလားဒေ့ရှ်၏ သွင်းကုန်ကန့်သတ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

Hyperinflation ဖြစ်ဖို့ကို ဦးတည်နေတယ်

ဖောင်းပွနေသည့် ကျပ်ငွေနှင့် ပျက်သုဉ်းသွားသည့် ဈေးကွက်စီးပွားရေး

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

Your Thoughts …
Tags: Sonali Bankအမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

စစ်ကောင်စီတပ် ယင်းမာပင်နှင့် ပုလဲဒေသခံ ၁၀ ဦးကို သတ်ဖြတ်

စစ်ကောင်စီတပ် ယင်းမာပင်နှင့် ပုလဲဒေသခံ ၁၀ ဦးကို သတ်ဖြတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved