• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်၏ သွင်းကုန်ကန့်သတ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

by ဧရာဝတီ
1 August 2023
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်၏ သွင်းကုန်ကန့်သတ်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

စစ်တွေ ရွှမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း (ဓာတ်ပုံ- RSCCI)

1.3k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သွင်းကုန်ကန့်သတ်ချက်များကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဆက်တိုက် ကျဆင်းလာကြောင်း ဒေသတွင်းကုန်သည်များက ဆိုသည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လ ၂၁ ရက်အထိ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၇၄ သန်း ကုန်သွယ်မှု ပြုလုပ်ထားသော်လည်း ယခု ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၄၁ သန်း ပမာဏသာ ကုန်သွယ်မှုရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ချက်များအရ ဆိုလျှင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၄၃၃ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် နယ်စပ်ကုန်သည်ကြီး တဦးက “ရေထွက်ပစ္စည်းတွေကို ဝယ်ယူမှုက မရှိသလောက်ပဲ။ စိုက်ပျိုးရေး ထွက်ကုန် အနည်းအကျည်းလောက်ပဲ တင်ပို့နိုင်တော့ နယ်စပ်ကုန်သွယ်ရေးကတော့ တော်တော်များများ ကျဆင်း သွားတဲ့ သဘောရှိပါတယ်။ အဓိကတော့ ဘင်္ဂလားဒေရှ့် ကနေပြီးတော့ ကျနော်တို့ ပို့လိုက်တဲ့ ပစ္စည်းအတွက် ငွေချေ တဲ့စနစ်ပေါ့ ဒါက ဘဏ်ငွေလွှဲ စာရွက်/စာတမ်းနဲ့ ပြန်ချေပါတယ်။ ဒီဘဏ်ငွေလွှဲစာရွက်ကို သူတို့ ဘက်က ကန့်သတ် ထားတာ။ ဒါပြည်ပက တင်သွင်းတာကို ကန့်သတ်လိုက်တယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။ ရေထွက်ပစ္စည်းတခုထဲ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခုအချိန်တွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေသည့် ကုန်ပစ္စည်းများအတွက် ငွေပေးချေမှုကို ဘင်္ဂလားဒေ့ရှ်အစိုးက တင်းကျပ်နေသည့် အခြေအနေဖြစ်ကြောင်း ကျန်ကုန်သည်များကလည်း ဆိုသည်။

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါး ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တင်ပို့မှုရှိပြီး၊ ကျန် ၃၀ ရာခိုင်နှုန်းမှာ ကုန်ခြောက်နှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေးကတော့ ၂ လပိုင်းလောက်ကနေ စပြီးတော့ တဖြည်းဖြည်း ကျဆင်းလာတာက မိုခါမုန်တိုင်း တိုက်ပြီးတဲ့အချိန်မှာ တော်တော်လေး လုံးဝနီးပါး ရပ်တန့်သွားတယ်။ အခုတော့ ပြန်ပြီး နည်းနည်းဖြစ်ပေမယ့် အရင် လောက်တော့ ပြန်မဖြစ်သေးဘူး။ ရေချိုငါးကိုတော့ ပမာဏ အများကြီး လက်မခံဘူး။ ပမာဏအားဖြင့် တော်တော် နည်းတယ်။ ကုန်ခြောက်နဲ့ စိုက်ပျိုးရေးထွက်ကုန်လောက်ပဲ လည်ပတ်လာနိုင်သေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
2
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
39
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
16

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေရှ့်သို့ တင်ပို့ ရေချိုငါးများကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့မှ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၏ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ကျန်ပို့ကုန်မှာ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်တချို့သာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုချင်သည့် ကုန်ပစ္စည်းကိုသာ ဝယ်ယူခြင်းဖြစ်ပြီး ရခိုင်ဘက်မှ အဓိက တင်ပို့နေသည့် ရေချိုငါးတင်ပို့မှုကို ရပ်တန့်ထားသောကြောင့် ရေချိုငါးမွေးမြူရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်များ၊ လှေပိုင်ရှင်များ၊ ရေလုပ်သားများ အခက်အခဲများ ရှိနေသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သွင်းကုန် စိစစ်နေခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဘက်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပုံမှန် ပြန်လည်ပတ်နိုင်ရန်အတွက် တဖက် နိုင်ငံဘက်သို့လည်း တောင်းဆိုခြင်းများ ရှိသလို စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ညှိနှိုင်းဆွေးနွေးပေးရန် ယခုလဆန်းပိုင်းအတွင်း တင်ပြခြင်းများ ရှိသော်လည်း လက်ရှိအချိန်ထိ တစုံတရာ တုံ့ပြန်ပြောဆိုခြင်းများ မရှိသေးကြောင်း သိရသည်။

You may also like these stories:

ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

Your Thoughts …
Tags: နယ်စပ်ကုန်သွယ်ရေးဘင်္ဂလားဒေ့ရှ်ရခိုင်ပြည်နယ်ရေချိုးငါး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
စစ်တပ်ဖမ်းသွားသည့် သင်းထောက်ဆရာ ၃ ဦး သတ်ဖြတ်ခံလိုက်ရပြီဟုဆို

စစ်တပ်ဖမ်းသွားသည့် သင်းထောက်ဆရာ ၃ ဦး သတ်ဖြတ်ခံလိုက်ရပြီဟုဆို

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

ဗန်းမော်သို့ တက်လာသည့် စစ်ကောင်စီသင်္ဘောများ အတိုက်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved