• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်

by ဧရာဝတီ
20 July 2023
in သတင်း
A A
တိုက်ပွဲများကြောင့် ထားဝယ်နယ်စပ်ကုန်သွယ်ရေးလမ်း ပုံမှန်မလည်ပတ်နိုင်
837
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားမှု ကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပုံမှန်မလည်ပတ်နိုင်ဘဲ မြဝတီ၊ ကော့သောင်း နယ်စပ် ကုန်သွယ်စခန်းများမှ တဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရသည်။

ဇူလိုင် ၁၅ရက်မှ ၁၉ ရက်အထိ တနင်္သာရီမြို့နယ် ထုံခါး- မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကော်သူး လေးတပ် (KTLA ထီးစမယ်ရွာ တပ်ရင်း)၊ ကရင်အမျိုးသားအစည်းအရုံး (KNU တပ်ရင်း-၁၁)၊ နဂါးမင်း ပြည်သူ့ ကာကွယ်ရေး တပ် (PDF) ဒရုန်းအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများအဖွဲ့ (SWDF)၊ ခွတ်ဒေါင်းတမန်စစ်ကြောင်း စသည့် ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော ထားဝယ်-ထီးခီးနှင့် ထုံခါ-မောတောင် လမ်းများကို ဇူလိုင် ၁၆ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အပါအဝင် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ကြေညာခဲ့သည်။

ယနေ့ နံနက် တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်လမ်းပိုင်းကို ပြန်ဖွင့်လိုက်ကြောင်း ကော်သူးလေတပ်မတော် ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့ KTLA-TCJF-Tanintharyi က လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသော်လည်း ကုန်သည်များကမူ ထုံခါ-မောတောင်လမ်း အနီးတဝိုက်ရွာများ၌ တိုက်ပွဲများ ဖြစ်လေ့ရှိရာ မကြာခဏပိတ်သဖြင့် ပုံမှန်သွားလာနိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။

ထီးခီးနယ်စပ်မှ ကုန်သည်ကြီး တဦးက “ထီးခီးဆို နယ်စပ်ကုန်သွယ်ရေးက မရှိသလောက်ပဲ။ တနှစ်လောက်ရှိနေပြီ။ မောတောင်ဘက်ကတော့ ဖွင့်လိုက်ပိတ်လိုက်ပဲ။ နည်းနည်း အခြေအနေကောင်းရင် သွားတယ်၊ မကောင်းရင်မသွား ဘူးပေါ့။ ထိတွေ့တိုက်ပွဲ အမြဲတမ်းဖြစ်တော့ ဖြောင့်ဖြောင့်တန်းတန်း သွားရတဲ့ရက်တွေရှိသလို လမ်းမှာညအိပ်ရတဲ့ရက် တွေလည်း ရှိတယ်။ လမ်းမှာ အသွားအလာတွေက တော်တော်လေးနည်းသွားတယ်” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီတပ်များကလည်း မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်သလို မြိတ်မြို့ တွင်လည်း ဂိုဒေါင်များအား ကုန်သွယ်ရေးနှင့်ပတ်သက်သည့် စာရွက်စာတမ်း၊ ကုန်စည်များကို စစ်ဆေးပြီး အထောက် အထားမပြနိုင်ပါက ပိတ်သိမ်းခြင်း၊ အရေးယူခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “ဒီကနေသွားတာက ရေထွက်ကုန်လည်းရှိတယ်။ ပြီးရင် ကြက်သွန်နီတို့ဘာတို့ ရှိတယ်။ အခုက တော့ အဆင်မပြေလို့ မသွားနိုင်တော့ဘူး။ နယ်မြေတည်ငြိမ်မှုအနေနဲ့ တနင်္သာရီတိုင်းကတော့ မြို့ပေါ်တွေလောက်ပဲ ပဋိပက္ခတွေကနည်းတာ။ ကျန်တဲ့နေရာတွေက တောက်လျှောက်ဖြစ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို တော်လှန်ရေးတပ်ဖွဲ့များက သွားလာခွင့်ပိတ်ထား ချိန်၌ ကုန်ကားတချို့ မောတောင်မြို့တွင် ပိတ်မိနေသလို တချို့ကလည်း လမ်းကြောင်းပြောင်းကာ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေးမှ တဆင့် ပြောင်းလဲတင်ပို့ကြောင်း သိရသည်။

မောတောင်နယ်စပ်မှ ကုန်သည်ကြီးတဦးကလည်း “အဲဒီမှာ တိုက်ပွဲတွေ ကျိုကြားကျိုကြားဖြစ်နေတော့ မသွားရဲသူ က မသွားဘူးပေါ့။ ကုန်သွယ်ရေးက မိုးတွင်းဆိုတော့ အေးတယ်။ မောတောင်ဘက်ကလမ်းမှာ တိုက်ပွဲတွေ ရှိတော့ စောင့်ဆိုင်းနေရတာ၊ အန္တရာယ်ရှိတော့ သိပ်မသွားကြဘူး။ မြဝတီကုန်သွယ်ရေး လမ်းကြောင်းဘက်ကနေ ပတ်သွား ကြတယ်။ သွင်းကုန်ကတော့ ရနောင်းဘက်က အခုပြန်လုပ်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။

ထားဝယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တရားဝင် ပိတ်ထားခြင်းမျိုး မဟုတ်သော်လည်း ကုန်ကားသွားလာမှုမှာ ယခင်အစီးရေ ၅၀ ဖြတ်သန်းလျှင် ထက်ဝက်ကျော် လျော့ကျသွားကြောင်းလည်း ၎င်းက ရှင်းပြသည်။

ထိုကဲ့သို့သောအချိန်မျိုးတွင် ကုန်စည်များအား ရနောင်း၊ မြဝတီလမ်းကြောင်းများမှတဆင့် တင်ပို့ရသဖြင့် လမ်းခရီး ကြန့်ကြာမှုများကြောင့် ကုန်ကျစရိတ် ပိုများကြောင်းလည်း ကုန်သည်များက ဆိုသည်။

ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်သည် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ၊ ကျောက်မီးသွေး၊ ခဲ၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများနှင့် ကြက်သွန်နီတို့ကို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ သွင်းကုန်အနေဖြင့် ဒီဇယ်ဆီ၊ မီးဖိုချောင်သုံးဂတ်(စ်)၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စားသောက်ကုန်များနှင့် စက်နှင့်ဆက်စပ်ပစ္စည်းများကို တင်သွင်းကြောင်း သိရသည်။

ထို့ပြင် မောတောင်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ရေထွက်ကုန်ပစ္စည်းများ၊ အေးခဲထားသော ပင်လယ်ထွက် ကုန်များ၊ ကြက်သွန်နီ စသည့် ကုန်စည်များ တင်ပို့ပြီး ထိုင်းဘက်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းသည်။

လက်ရှိ ငါးအမှုန့် (ကြက်စာ၊ ဘဲစာ)နှင့် ငါးအသားလွှာများကို မြဝတီနယ်စပ်မှတဆင့် ကွန်တိန်နာများဖြင့် တင်ပို့ ခြင်း များရှိသလို ရေထွက်ကုန်ပစ္စည်းတချို့ကိုလည်း ရနောင်းမှတဆင့် လှေဖြင့်တင်ပို့ခြင်းများ ပြောင်းလဲလုပ်ဆောင်နေ ကြောင်းလည်း သိရသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
0
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
829

စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၇ ရက်ထိ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၂၂၈ ဒသမ ၇၇၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၃ ဒသမ ၂၂၈ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

ဒေသခံနယ်စပ်ကုန်သည်ကြီးတဦးကမူ အာဏာသိမ်းမှုနောက်ပိုင်း ထီးခီး၊ မောတောင် နယ်စပ်ကုန်သွယ်ရေး သွားရာ လမ်းတလျှောက် တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုကြောင့် နယ်မြေလုံခြုံမှုမရှိသဖြင့် သွားလာမှုနည်းပါးသလို စစ်ကောင်စီ၏ ကုန်သွယ်ရေးမှုဝါဒများကြောင့်လည်း လုပ်ရကိုင်ရခက်ခဲသည့် အခြေအနေများကြောင့် အထက်ပါ စစ်ကောင်စီ ဖော်ပြသည့်စာရင်းမှာ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ-၄၊ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ယင်းနှစ် ဧပြီလမှနိုဝင်ဘာလအလယ်ထိ စစ်ကောင်စီဘက်က သွားလာခွင့်ပိတ်ပင်ခဲ့ပြီး ဒီဇင်ဘာလ၌ ပြန်ဖွင့်ခဲ့သည်။

အလားတူ ထုံခါ-မောတောင်လမ်းမပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော် (KTLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ယခုနှစ် မတ်လမှဧပြီလထိ နှစ်ဖက်တပ်များက တလခွဲကြာ သွားလာခွင့် ပိတ်ခဲ့ပြီး ဧပြီလကုန်ပိုင်း၌ ပြန်ဖွင့်ပေးခဲ့သည်။

You may also like these stories:

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ

ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ

Your Thoughts …
Tags: KTLAစစ်ကောင်စီတိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အောင်မြေသာစံဖက်ဒရယ်ကျောင်း တာဝန်ခံဆရာမ ထောင်နှစ် ၂၀ ချခံရ

အောင်မြေသာစံဖက်ဒရယ်ကျောင်း တာဝန်ခံဆရာမ ထောင်နှစ် ၂၀ ချခံရ

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved