• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ မြန်မာဘက် ထွက်ပြေး

by ဧရာဝတီ
21 January 2023
in သတင်း
A A
စစ်ကောင်စီက နယ်စပ်မျဉ်းပေါ် ပြန်မောင်းထုတ်ခြင်းခံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ  / Aung Kyaw Moe/FB

စစ်ကောင်စီက နယ်စပ်မျဉ်းပေါ် ပြန်မောင်းထုတ်ခြင်းခံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / Aung Kyaw Moe/FB

4.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ဇီးရိုးလိုင်းပေါ်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်မျဉ်းပေါ်တွင် နေထိုင်သည့် မွတ်စလင်ဒုက္ခသည် များ မြန်မာဘက်သို့ ထွက်ပြေးရကြောင်း သတင်း ရရှိသည်။

မွတ်စလင် လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO အဖွဲ့တို့သည် ဇန်နဝါရီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်တွင်ရှိသည့် ဒုက္ခသည်စခန်းတခုလုံးမှာလည်း မီးရှို့ခံရကာ၊ စခန်းရှိ ထောင်နှင့်ချီသည့် ဒုက္ခသည်များ ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်ရွာသားများက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

ကူတုပါလောင် ဒုက္ခသည်စခန်းမှ မွတ်စလင် လူငယ်တဦးက “ဒုက္ခသည်စခန်းမှာ တိုက်ပွဲ စဖြစ်တယ်ဆိုတာနဲ့ လူတွေက ထွက်ပြေးကြတော့ ဘယ်အဖွဲ့က မီးရှို့တယ်ဆိုတာတော့ မသိကြဘူး။ အဲဒီစခန်းက ဒုက္ခသည်တွေက ပထမတော့ မြန်မာ ဘက်ကို ဝင်ပြေးကြတယ်။ မြန်မာဘက်ကလည်း သူတို့ကို ဘာမှ ထောက်ပံ့တာ မရှိတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန် ဝင်လာနေကြတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်နိမိတ် မျဉ်းပေါ် ဒုက္ခသည်စခန်းရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် RSO နှင့် ARSA တို့ နှစ်ဖွဲ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ARSA အဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သလို RSO အဖွဲ့မှ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၂ ထောင်ခန့်မှာ မြန်မာပြည်ဘက်၊ တောင်ပြိုလက်ယာရွာဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း အမျိုးသား ညီညွတ်ရေးအစိုး (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသော မွတ်ဆလင်ဒုက္ခသည်စခန်း

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ရိုဟင်ဂျာအရေး အကြံပေး ဦးအောင်ကျာ်မိုးက “လူဦးရေတသောင်းခွဲလောက် ရှိတဲ့ ဒုက္ခသည်စခန်း မီးလောင်ခဲ့ပြီး လူဦးရေ နှစ်ထောင်လောက်က မြန်မာပြည်ထဲ ထွက်ပြေးခဲ့ရသလို လူဦးရေရာဂဏန်း က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ခိုလှုံတာတွေ ရှိပါတယ်။ နယ်စပ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်၂၀၀၀ ခန့် မြန်မာ ပြည် ဘက်၊ တောင်ပြိုလက်ယာရွာဘက်ကို ထွက်ပြေး တိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပါတယ်” ဟု ဆိုထားသည်။

လက်ရှိ အခြေအနေတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နယ်စပ်ခြံစည်းရိုးအနီးရှိ ဇီးရိုးလိုင်းအနီးဝန်းကျင်တလျှောက်တွင် မြန်မာဘက်မှ နယ်ခြားစောင့်ရဲတပ်များတပ်လှန့်ထားသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှလည်း နယ်ခြားစောင့်ရဲများ အင်အား အလုံးအရင်းဖြင့် တပ်ချထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များက ပြောသည်။

ARSA နှင့် RSO တို့ တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းကို ရိုဟင်ဂျာအရေးလှုပ်ရှားသူအများစုက သုံးသပ်ကြရာတွင် ARSA အဖွဲ့သည် အဆိုပါ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် ခြေကုပ်ယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် တခြားသော ဒုစရိုက်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အတွက် RSO အဖွဲ့က အင်အားသုံး ရှင်းလင်းဖယ်ရှားခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးသွားသော မွတ်ဆလင်ဒုက္ခသည်စခန်း

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က “အဓိကတော့ ARSA က တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး မဟုတ်မမှန် လုပ်ကိုင်နေတာတွေကို RSO က မနှစ်မြို့တဲ့အတွက် အဲဒီ နယ်မြေထဲက ရှင်းထုတ်တာလို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ARSA နှင့် RSO တိုက်ပွဲတွင် RSO ဘက်မှ၂ ဦးသေဆုံးပြီး RSO အဖွဲ့မှလည်း ဒုက္ခသည်စခန်းရှိ မွတ်စလင် ၂၀ နီးပါးအား ARSA အဖွဲ့ဝင်ဆိုသည် သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း ဘင်္ဂလာဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည်များက ပြောသည်။

ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) သည် မွတ်စလင်ဒုက္ခသည် စခန်းများတွင် ခိုလှုံကာ မူးယစ်ဆေးဝါးလုပ်ငန်း များဖြန့်ဖြူခြင်း၊ ပြန်ပေးဆွဲခြင်း၊ စခန်းရှိ ဒုက္ခသည်များကို လူမှောင်ခိုကူးခြင်းများကို ပြုလုပ်နေသည့်အတွက် မွတ်စလင် များ၏ ထောက်ခံမှုများ ကျဆင်းနေသလို ဘင်္ဂလားဒေ့ရှ်အစိုးရမှလည်း ARSA အဖွဲ့ဝင်များကို ရှာဖွေဖမ်းဆီးမှုများ ရှိနေ ကြောင်းလည်း သိရသည်။

စခန်းတခုလုံး မီးရှို့ခံရသည့် အဆိုပါ ဇီးရိုးလိုင်းပေါ်ရှိ ဒုက္ခသည်စခန်းတွင် လူပေါင်း နှစ်ထောင်နီးပါးရှိကာ ၎င်းတို့သည် ပြီးခဲ့ သော၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလက မြန်မာဘက်ကနေ ထွက်ပြေး တိမ်းရှောင်သွားသူများ ဖြစ်သည်။

You may also like these stories:

မြန်မာသို့ လက်နက်ပစ္စည်း လွှဲပြောင်းပေးရန် ခွင့်ပြုချက် မပေးခဲ့ဟု စင်ကာပူပြော

စစ်ခေါင်းဆောင်နှင့် ထိုင်းကာကွယ်ရေး ဦးစီးချုပ်တို့ ငပလီတွင် တွေ့ဆုံ

Your Thoughts …
Tags: ARSARSOတိုက်ပွဲဒုက္ခသည်ဘင်္ဂလားဒေ့ရှ်နယ်စပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

Next Post
တိုင်းပြည်အခုလိုထပ်ပြီး ရေတိမ်နစ်ရတာ အရည်အချင်းမရှိတဲ့ စစ်ဗိုလ်တွေကြောင့်ပဲ (ရုပ်/သံ)

တိုင်းပြည်အခုလိုထပ်ပြီး ရေတိမ်နစ်ရတာ အရည်အချင်းမရှိတဲ့ စစ်ဗိုလ်တွေကြောင့်ပဲ (ရုပ်/သံ)

ARSA နဲ့ RSO တိုက်ပွဲကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရ (ရုပ်/သံ)

ARSA နဲ့ RSO တိုက်ပွဲကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved