မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်စည်း(ဇီးရိုးလိုင်း)မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA)နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့ပြီး ဒုက္ခသည်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးဝင်ရောက်နေကြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀၀ ကျော်လောက်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီ ၁၈ ရက်နေ့က မြန်မာနိုင်ငံ၊ မောင်တောမြို့ထဲကို အများအပြား ထွက်ပြေးဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup