စစ်ကောင်စီက အာဏာသိမ်းပြီးချိန်က စလို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ်ခံခဲ့ရပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တတိယအပတ်မှာတော့ နိုင်ငံကူးလက်မှတ်တွေကို သာမန်ပြည်သူတွေ လျှောက်ထားမရတော့ဘဲ ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားအေဂျင်စီတွေနဲ့၊ ပြည်ပ အလုပ် အကိုင်အေဂျင်စီတွေကိုသာ အထူးကိစ္စရပ်အဖြစ် Green Channel အနေနဲ့ ထုတ်ပေးခဲ့ရာကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေကို ရက်အကန့်အသက်မဲ့ ရပ်နားလိုက်တာ ဖြစ်ပါတယ်။
အခုလို ထုတ်ပေးမှု ရပ်ဆိုင်းမှုကြောင့် MoU စနစ်နဲ့ နိုင်ငံတကာကို သွားရောက်အလုပ်လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ အခက်အခဲတွေရှိနေကြပါတယ်။
အလုပ်သမားတွေဟာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံကူးလက်မှတ် စာအုပ်လုပ်ဖို့ ဌာနဆိုင်ရာကို အကုန် တင်ထားတဲ့အဆင့်ကို ရောက်ရှိနေကြသလို၊ အချို့အလုပ်သမားတွေကတော့ စာအုပ်ထုတ်ဖို့ပဲ ကျန်တဲ့ အဆင့်ကို ရောက်ရှိနေကြပေမယ့် ရုံးပိတ်သွားတဲ့အတွက် ဘာမှ ဆက်လုပ်လို့ မရတော့ဘူးတော့ပဲ အလုပ်အကိုင်တွေပါ ရပ်တန့်သွားတာလည်း ဖြစ်ပါတယ်။
#WhatHappeningInMyanmar
#RejectMilitaryCoup