ရခိုင်ပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးပြုလုပ်နေတဲ့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းသာမကဘဲ တောင်ပိုင်းမြို့နယ်တွေထဲက စစ်ကောင်စီစခန်းတွေကိုပါ စီးနင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
AA ဟာ “၁၀၂၇” စစ်ဆင်ရေးကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့ပြီး မြို့တွေ၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းတွေ၊ တပ်စခန်းတွေနဲ့ မဟာဗျူဟာကျတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ် တောင်ပိုင်းကိုပါ စီးနင်းလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ AA က တိုက်နေတဲ့ သံတွဲ၊ ဂွ၊ အမ်းနဲ့ တောင်ကုတ် မြို့နယ်တွေဟာ ရခိုင်ပြည်နယ်ထဲက စစ်တပ်အတွက် အဓိက အရေးပါတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ဒီမြို့နယ်တွေကို AA က သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်ပြည်နယ်တခုလုံးကို AA က ထိန်းချုပ်နိုင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် AA ရဲ့ မဟာမိတ်တပ်ဖွဲ့တွေရှိရာ ဒေသတွေကို လွတ်လပ်စွာ သွားလာနိုင်မှာဖြစ်ပြီး ကြံခင်းမြို့ အောက်ဖက်အခြမ်း၊ သာပေါင်း၊ ဟင်္သာတ အပါအဝင် ဧရာဝတီတိုင်းတခွင်မှာပါ လွတ်လပ်စွာ စစ်ရေးလှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













