ကမ္ဘာသည် မတည်ငြိမ်ဘဲ နိုင်ငံတကာစနစ်သည် ပြိုကွဲနေသည်မှာ သတင်းဆိုးဖြစ်သည်။ အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရသူ မစ္စတာ ဒေါ်နယ် ထရမ့်သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရာထူလက်ခံမည်ဖြစ်ပြီး အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ထိုကိစ္စသည် ကမ္ဘာတဝန်း စိုးရိမ်ပူပန်မှုများနှင့် မရေရာမှုများကို ဖြစ်စေမည်ဖြစ်သည်။
ယူကရိန်း၊ အရှေ့အလယ်ပိုင်းနှင့် နှိုင်းယှဉ်လျှင် မြန်မာသည် ပြည်တွင်းစစ်ဖြစ်ပြီး ပြီးဆုံးမည့် လက္ခဏာ မတွေ့ရသော်လည်း အာရုံစိုက်ခံရမှု နည်းသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာတွင် သေနင်္ဂဗျူဟာ အကျိုးစီးပွားမရှိဘဲ မြန်မာကို တရုတ်သြဇာခံ အဝန်းအဝိုင်းမှ နိုင်ငံအဖြစ်သာ မြင်သည်။
ဆိုးရွားသော ၂၀၂၄ ခုနှစ်ကုန် ၂၀၂၅ ခုနှစ်တွင် မြန်မာပြည်သူများသည် အဓိပ္ပာယ်ပြည့်ဝသော အပြောင်းအလဲကို မြင်လိုကြသည်။ ထိုသို့ဖြစ်ရန်နှင့် မြန်မာ၏ အခင်းအကျင်းကို ပုံဖော်ရန် အိမ်နီးချင်းနိုင်ငံများ ကြားဝင်ဆောင်ရွက်မှုနှင့် အနောက်တိုင်း၏ နိုင်ငံရေးဖိအားတို့လည်း အရေးပါသည်။
မြန်မာကိစ္စတွင် ကြားဝင်ဆောင်ရွက်မှု ဖြစ်နိုင်ခြေများနှင့် သံတမန်ရေး ကြားခံများသည် အကန့်အသတ် ရှိနေသည်။ သို့သော် အရေးအပါဆုံးမှာ အိမ်နီးချင်းများလည်းမဟုတ်၊ အနောက်တိုင်းလည်း မဟုတ်ဘဲ မြန်မာပြည်သူများနှင့် နေပြည်တော်မှ ရာဇဝတ်ကောင်များကို စိန်ခေါ်သည့် ၎င်းတို့၏ ရည်မှန်းချက် ဖြစ်သည်။ သူတို့သည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်မည့်သူများဖြစ်သည်။
မည်သို့ဖြစ်စေ ၂၀၂၅ ခုနှစ်တွင် အပြောင်းအလဲတခု ဖြစ်လာမည်ဖြစ်သည်။ ထိုအချက်သည် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများထံမှ ကြားနေရသည့်အရာဖြစ်ပြီး စစ်မှန်သော အပြောင်းအလဲ ဖြစ်လာမည်ဟု မိမိတို့ မျှော်လင့်သည်။ ထိုအပြောင်းအလဲသည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်မည်လား၊ ကျဆုံးပြိုကွဲ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော မြန်မာဖြစ်မည်လား။
မည်သို့ဖြစ်စေ ၂၀၂၅ ခုနှစ်တွင် အပြောင်းအလဲတခု ဖြစ်လာမည်ဖြစ်သည်။ ထိုအချက်သည် ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများထံမှ ကြားနေရသည့်အရာဖြစ်ပြီး စစ်မှန်သော အပြောင်းအလဲ ဖြစ်လာမည်ဟု မိမိတို့ မျှော်လင့်သည်။ ထိုအပြောင်းအလဲသည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်မည်လား၊ ကျဆုံးပြိုကွဲ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော မြန်မာဖြစ်မည်လား။
မြန်မာနိုင်ငံ အလယ်ပိုင်းသို့ လက်နက်ကိုင်ပဋိပက္ခ ပျံ့နှံ့ပြီး နိုင်ငံတဝန်း လျှပ်စစ်မီး အချိန်ပြည့်နီးပါး ပြတ်တောက်သောကြောင့် ရရှိလာသည့် အမှောင်ထုနှင့် စီးပွားရေး အကျပ်အတည်းတို့ ထပ်မံ ကျဆင်းမည်မှအပ နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် မည်သည့်နေရာသို့ ဦးတည်နေသည်ကို လက်တွေ့ ခန့်မှန်းရန် ခက်ခဲသည်။
ထို့ကြောင့် မည်သည့် အပြောင်းအလဲများ ဖြစ်လာမည်နည်း။ အဓိကကျသည့် နိုင်ငံရေးဖြစ်ရပ်များ ဖြစ်နိုင်သည်ဟု နိုင်ငံရေးသုတေသီများက ပြောသည်။ မည်သည့်နေရာမှ ရောက်လာသည် မသိရသည့် ဒဏ္ဍာရီဆန်သော မြွေကြီးတကောင်ကဲ့သို့ မမျှော်လင့်ထားသည့် အသစ်အဆန်းတခုကို မိမိတို့မြင်ရမည်လား။
အောက်ပါတို့သည် ယခုနှစ်တွင်း မိမိတို့မြင်ရနိုင်သည့် ဖြစ်ရပ်များဖြစ်သည်။
ရွေးကောက်ပွဲ
ယခုနှစ်တွင် ရွေးကောက်ပွဲဖြစ်လာမည်လား။ သို့မဟုတ် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုလား။ သို့မဟုတ် သွေးချောင်းစီးမှုလား။
တက်ကြွလှုပ်ရှားသူများနှင့် တပ်တွင်း ဖရဲသီးများက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား ဖယ်ရှားသည်ကို တွေ့ရန် မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် မည်သူက ဖယ်ရှားမည်နည်း။
တိုင်းရင်းသား လက်နက်ကိုင် အတိုက်အခံသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန် ကြိုးစားနေသည်။ အင်အားကြီးမားသော တိုင်းရင်းသားတပ်မတော်များနှင့် တော်လှန်ရေး မဟာမိတ် အင်အားစုများက ၎င်းတို့၏ အစီအစဉ်များ တိုးတက်အောင် လှုပ်ရှားနေပြီး လက်ရှိအချိန်တွင် စစ်ရေးအောင်ပွဲ အများအပြားနှင့် နယ်မြေများ ရရှိထားသည်။
မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ မတိုင်မီ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ ကျဆုံးသည်ကို မိမိတို့ တွေ့ရမည်လား။ အောင်ပွဲခံနေသည့် တိုင်းရင်းသားခေါင်းဆောင်များက ရခိုင်၊ ချင်းနှင့် ကချင်ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသများ ကြေညာကြမည်လား။
ထိုသို့ဆိုလျှင် စစ်တပ်ပြိုကွဲပြီး စစ်ကောင်စီကျဆုံးသည်ကို မိမိတို့မြင်ရနိုင်သည်။
ယခုအခါ အသက် ၈၀ အတွင်းသို့ ရောက်နေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ အစိုးရခေါင်းဆောင်များ လွတ်မြောက်ရေး မည်သို့ရှိမည်နည်း။
လွတ်မြောက်ရေး မဟုတ်ပါက မည်သည့်နေရာမှန်း မသိရသည့် နေရာတခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြှုပ်နှံလိုက်သည်ကို မိမိတို့ ကြုံတွေ့ရနိုင်ပါသလား။ သို့မဟုတ် ပိုမိုအကောင်းမြင်ရလျှင် ရွေးကောက်ပွဲ မတိုင်မီ လမ်းပြမြေပုံတခု ရေးဆွဲရန် အဓိကကျသည့် နိုင်ငံရေးညီလာခံတခု ကျင်းပသည်ကို မိမိတို့ မြင်တွေ့နိုင်ပါသလား။
လွတ်မြောက်ရေး မဟုတ်ပါက မည်သည့်နေရာမှန်း မသိရသည့် နေရာတခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြှုပ်နှံလိုက်သည်ကို မိမိတို့ ကြုံတွေ့ရနိုင်ပါသလား။ သို့မဟုတ် ပိုမိုအကောင်းမြင်ရလျှင် ရွေးကောက်ပွဲ မတိုင်မီ လမ်းပြမြေပုံတခု ရေးဆွဲရန် အဓိကကျသည့် နိုင်ငံရေးညီလာခံတခု ကျင်းပသည်ကို မိမိတို့ မြင်တွေ့နိုင်ပါသလား။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ဦးဆောင်ပြီး တရုတ်က ထောက်ခံသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များကဲ့သို့ အိမ်နီးချင်းများ၏ ကြားဝင်ဆောင်ရွက်မှု ရှိမည်လား။
သို့မဟုတ် လုံးဝ မျှော်လင့်မထားသည့် အရာတခု၊ စစ်ကောင်စီကဖြစ်စေ အတိုက်အခံအင်အားစုများကဖြစ်စေ မျှော်လင့်မထားသည့် မကြုံတွေ့လိုသော်လည်း လက်ခံရမည့် နိုင်ငံရေးရလဒ်တခုကို မိမိတို့ တွေ့မြင်ရမည်လား။
စစ်ကောင်စီ၏ အငြင်းပွားဖွယ် အချိန်ဇယားတခုအရ ရွေးကောက်ပွဲကျင်းပမည်ဟု ကြိမ်းဝါးနေပြီး တရုတ်ကလည်း ထိုရွေးကောက်ပွဲကို ထောက်ခံသည်ဟု ပြောသည်။ အတိုက်အခံ အများအပြားက ရွေးကောက်ပွဲကို ပယ်ချပြီး လက်ရှိအခြေအနေများအောက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်ကို ဝေဖန်သူများ သံသယရှိကြသည်။
ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိ၊ အားလုံးပါဝင်မည် မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲကဲ့သို့ပင် စစ်အုပ်ရေး သက်တမ်းရှည်စေရန်သာ ဖြစ်သည်ဟုဆိုကာ အတိုက်အခံများက ရွေးကောက်ပွဲကို ပယ်ချသည်။
ထိုအခြေအနေနှင့် ဆန့်ကျင်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံအင်အားစုများက ၎င်းတို့ ညီညွတ်ကြောင်း ပြသပြီး စစ်ကောင်စီကို အစားထိုးမည့် ယုံကြည်လောက်သော အခြားရွေးချယ်စရာတခု ပေးနိုင်ရေးဖြစ်သည်။
နိုင်ငံရပ်ခြားမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားမည့်အစား NUG သည် တိုင်းရင်းသားမဟာမိတ်များအကြား ထောက်ခံမှုကို ဆက်လက် ခိုင်မာတောင့်တင်းစေပြီး စစ်ကောင်စီကို အစားထိုးမည့် လက်တွေ့ကျသော ရွေးချယ်မှုဖြစ်ကြောင်း ပြသသင့်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင်၊ မကောင်းဆိုးရွားဖြစ်ပြီး နိုင်ငံကို အုပ်ချုပ်နိုင်သည့် စွမ်းရည် လုံးဝ မရှိပေ။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ပုန်ကန်မှုကို မနှိမ်နင်းနိုင်တော့ဘဲ ပြည်တွင်းစစ် ကျယ်ပြန့်လာသည်ကိုသာ ကြုံတွေ့နေရသည်။
စစ်ကောင်စီ အရေးနိမ့်နေ
မြန်မာ့ရေးရာကျွမ်းကျင်သူများက အဆိုးမြင်သည့် သရုပ်ခွဲလေ့လာမှုများ ရှိသည့်တိုင် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်များ အကြီးအကျယ် ရှုံးနိမ့်သည်ကို မိမိတို့တွေ့ရသည်။
တရုတ်နိုင်ငံအနီး ရှမ်းပြည်နယ်မှ စစ်တပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တို့ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ပြီး အဆင့်မြင့် စစ်အရာရှိများနှင့် စစ်သား ထောင်နှင့်ချီ သေဆုံးခြင်း၊ အလွန်များပြားသော လက်နက်ခဲယမ်းများ၊ သံချပ်ကာယာဉ်များ၊ အမြောက်ကြီးများ၊ တင့်ကားများနှင့်အတူ လက်နက်ချခြင်းများ ရှိခဲ့သည်။
ယခင် စစ်အာဏာရှင် နေဝင်းလက်ထက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်များကို တိုက်ခိုက်စဉ်က ကြောက်စရာကောင်းပြီး လေးစားခံရသည့် စစ်တပ်၏ ခြေမြန်တပ်မများသည် လွန်ခဲ့သော ၂ နှစ်အတွင်း ရှမ်း၊ ကချင်၊ ကယားနှင့် ရခိုင်ပြည်နယ်များတွင် သိက္ခာကျဆင်းစရာ ရှုံးနိမ့်မှုများကို ရင်ဆိုင်ရသည်။
ယခင် စစ်အာဏာရှင် နေဝင်းလက်ထက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တပ်များကို တိုက်ခိုက်စဉ်က ကြောက်စရာကောင်းပြီး လေးစားခံရသည့် စစ်တပ်၏ ခြေမြန်တပ်မများသည် လွန်ခဲ့သော ၂ နှစ်အတွင်း ရှမ်း၊ ကချင်၊ ကယားနှင့် ရခိုင်ပြည်နယ်များတွင် သိက္ခာကျဆင်းစရာ ရှုံးနိမ့်မှုများကို ရင်ဆိုင်ရသည်။
ထို့ကြောင့် စစ်ကောင်စီသည် လေတပ်ကို အကြီးအကျယ်မှီခိုရသည်။ ယခုအခါ စစ်ကောင်စီသည် ထိုးစစ်ရပ်ဆိုင်းစေရန်၊ စစ်ပွဲနှင့် တရုတ်-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ထိန်းချုပ်ရန်အတွက် တရုတ်ကို အလွန်အမင်း မှီခိုနေရသည်။
မည်သို့ဆိုစေ သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးမည့် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။ စစ်တပ်သည် မခိုင်မာတော့ဘဲ တပ်အင်အားလည်း နည်းလာနေသည်။ စစ်တပ်သည် တပ်ပြေးမှုများ၊ ရှုံးနိမ့်မှုများနှင့် သိက္ခာကျဆင်းမှု ဂယက်ကို ရင်ဆိုင်နေရသည်။ အောက်ခြေစစ်သားများအကြား မုန်းတီးမှု မြင့်မားနေသောကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် လုပ်ကြံသတ်ဖြတ်မှု သို့မဟုတ် ဖြုတ်ချခံရမည်ဟု အတိုက်အခံ ခေါင်းဆောင်များ ခန့်မှန်းနေကြသည်။
မြန်မာပြည်သူ အများစုသည် တခါက အသိအမှတ်ပြုဖူးသော်လည်း ယခုအခါ စစ်တပ်၏ ဆုံးရှုံးမှုများနှင့် အဓိကကျသည့် ရှုံးနိမ့်မှုများ ရင်ဆိုင်နေရသည်ကို စိတ်မကောင်းခြင်း၊ ဝမ်းနည်းသည့် လက္ခဏာပြသခြင်း မရှိသည်မှာ အရေးပါသည့် မှတ်သားစရာဖြစ်သည်။
ဝမ်းနည်းမည့်အစား ပြည်သူများသည် ဝမ်းသာပီတိဖြစ်နေကြပြီး ထိုအချက်သည် စစ်တပ်၏ ခေတ်သစ်သမိုင်းတွင် ယခင်က မကြုံဖူးသည့်ကိစ္စ ဖြစ်သည်။ စစ်ကောင်စီကို တိုက်ခိုက်နေသော ဗမာဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ အတိုက်အခံများသည် လူထုထောက်ခံမှု ရရှိခံစားနေသည်။ လက်တွေ့တွင် စစ်တပ်အတွက် အရေးပါသော အပြောင်းအလဲကာလ ဖြစ်သည်။
မြန်မာ့စီးပွားရေး အလားအလာမှာလည်း ဆက်လက် သုံးသပ်မရ ဖြစ်နေသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် ၁ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု မျှော်လင့်ရသည်။
ယခင်က တိုးတက်မှု အတန်အသင့်ရှိမည်ဟု ခန့်မှန်းထားရာမှ ပြန်လည် အဆင့်လျှော့ချခြင်း ဖြစ်သည်။ စစ်အာဏာသိမ်းမှုနှင့် အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် လူငယ်အများအပြား နိုင်ငံမှထွက်သွားပြီး မြန်မာနိုင်ငံသည် ဦးနှောက်ယိုစီးမှုကိုလည်း ခံစားနေရသည်။
သဘာဝဘေးအန္တရာယ် (သို့မဟုတ် ကပ်ရောဂါများ) နှင့် ပတ်သက်လျှင် မြန်မာသည် ပိုမိုဆိုးရွားနေသော ရာသီဥတုအတွက် ပြင်ဆင်မှု ညံ့ဖျင်းပြီး ကမ္ဘာတွင် ရာသီဥတုကြောင့် ထိခိုက်နိုင်ခြေ အများဆုံး နိုင်ငံများအနက် တခုဖြစ်သည်။
ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းများ၊ အပူချိန် အလွန်မြင့်မားမှုများ၊ မြေပြိုမှုများ စသည့် သဘာဝဘေးအန္တရာယ်များနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် မြန်မာ့စီးပွားရေးကို အပြင်းအထန် အထိနာစေသည်။
အဝေးရောက် မြန်မာလူမှုအသိုက်အဝန်းများသည် တော်လှန်ရေးကို ထောက်ပံ့ရန် ရန်ပုံငွေ ဆက်လက် ရှာဖွေကြပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထိုသို့ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် နိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့်နှစ် ဖြစ်သည်ဟု ၎င်းတို့မြင်သည်။
အဝေးရောက် မြန်မာလူမှုအသိုက်အဝန်းများသည် တော်လှန်ရေးကို ထောက်ပံ့ရန် ရန်ပုံငွေ ဆက်လက် ရှာဖွေကြပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထိုသို့ ဆက်လက် လုပ်ဆောင်နေမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် နိုင်ငံအတွက် အဆုံးအဖြတ်ပေးမည့်နှစ် ဖြစ်သည်ဟု ၎င်းတို့မြင်သည်။
အလားတူစွာပင် လွတ်လပ်သော အဝေးရောက် မြန်မာ သတင်းမီဒီယာများသည် ရန်ပုံငွေနှင့် ရှေ့လာမည့် စိန်ခေါ်မှုများအတွက် ရုန်းကန်ရင်း မြန်မာနှင့်ပတ်သက်သည့် အရေးပါသော လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေပြီး ယခုနှစ်၏ အဓိကကျသည့် ဖြစ်ရပ်များကို ဖော်ပြနေသည်။
အိမ်နီးချင်းနိုင်ငံများ၏ အိပ်မက်ဆိုး
တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာ၏ ပျက်စီးယိုယွင်းနေသော အခြေအနေနှင့် ပတ်သက်ပြီး စိတ်မချမ်းမမြေ့ ဖြစ်နေသည်။ ထိုင်းနှင့် အခြားအိမ်နီးချင်းများသည် နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးလာခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုများအတွက်သာမက ဒုက္ခသည်များနှင့် ကြီးထွားနေသော ရွှေ့ပြောင်းအခြေချ လူမှုအသိုက်အဝန်းများ ဝင်ရောက်မှုကို အလွန်အမင်း စိုးရိမ်ကြသည်။
စွမ်းဆောင်ရည်ကင်းမဲ့သော အာဆီယံအပြင် မြန်မာ့အကျပ်အတည်းတွင် မည်သူကြားဝင်မည်နည်း။ တရုတ်လား၊ အိန္ဒိယလား၊ ထိုင်းနိုင်ငံလား။ မြန်မာတွင် သြဇာအကြီးမားဆုံး ပြင်ပနိုင်ငံဖြစ်သည့် တရုတ်သည် ရွေးကောက်ပွဲကို တရားဝင် ထောက်ခံပြီး အခြေအနေသည် ဆက်လက် မတည်မငြိမ်ဖြစ်ကာ ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သောကြောင့် ရွေးချယ်စရာလမ်းကြောင်းများ ဖွင့်ထားသည်။
အမေရိကန် ပြည်ထောင်စုနှင့် မတူဘဲ တရုတ်သည် မြန်မာတွင် အရေးပါသည့် ပထဝီနိုင်ငံရေး သေနင်္ဂဗျူဟာ အကျိုးစီးပွား၊ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာသို့ ချဉ်းကပ်လမ်းကို ထိန်းသိမ်းထားရေး အကျိုးစီးပွား ရှိနေသည်။ တရုတ်က မြန်မာအကျပ်အတည်းကို အဆုံးသတ်လိုသော်လည်း သူတို့နည်း သူတို့ဟန်ဖြင့် ထိုအကျိုးစီးပွားများကို အထောက်အကူပြုသော နည်းလမ်းဖြင့် အဆုံးသတ်လိုခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးကို အဆုံးသတ်ရန် စစ်တပ်အတွင်း ခေါင်းဆောင်မှု အပြောင်းအလဲကို တရုတ်က မြင်လိုကြောင်း (သို့သော် စစ်တပ်ပြိုကွဲသည်ကို မမြင်လိုဟု) သုတေသီအချို့က ယူဆသည်။
ရွေးကောက်ပွဲသည် မင်းအောင်လှိုင် နိုင်ငံရေးမှ ထွက်ခွာရန် လမ်းခင်းပေးနိုင်သည်ဟု တရုတ်က မြင်ကောင်းမြင်နိုင်သည်။ သို့သော် ထိုသို့ ထွက်ခွာရန် သူ ပြင်ဆင်နေပါသလား။ မြန်မာစစ်ဗိုလ်ချုပ်များက ၎င်းတို့သည် တိုင်းပြည်ကို စီမံအုပ်ချုပ်သူများ ဖြစ်သင့်သည်ဟု ယူဆကြပြီး ထို့ကြောင့်ပင် ၎င်းတို့သည် အတင်းအကျပ် မောင်းမထုတ်မချင်း၊ ရေရှည်နိုင်ငံရေး အပေးအယူ မတွေ့မချင်း အလွယ်တကူ ထွက်ခွာကြမည် မဟုတ်ပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် မည်သည့် အခွင့်အလမ်းကိုမှ တွေ့ရမည် မဟုတ်ပေ။ ယခုအခါ ရခိုင်ပြည်နယ် တခုလုံးနီးပါးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ကို တန်ပြန်ရန်အတွက် စစ်ကောင်စီက ရိုဟင်ဂျာများကို စစ်သားစုဆောင်းနေသည်။
AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူထောင်ရန် ဆုံးဖြတ်ထားသည်။
ရခိုင်ပြည်နယ်တွင် AA ထိန်းချုပ်လာခြင်းကို ဘင်္ဂလားဒေ့ရှ်က မည်သို့ တုံ့ပြန်မည်နည်း။ မွတ်ဆလင် အစွန်းရောက်များကို မည်သို့ တုံ့ပြန်မည်နည်း။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသည် ထိခိုက်လွယ် နိုင်ငံတော်များဖြစ်ကြပြီး မြန်မာနိုင်ငံပြိုကွဲခြင်းသည် နှစ်နိုင်ငံအကြား တင်းမာမှုနှင့် ပဋိပက္ခကို ပိုမို နက်ရှိုင်းစေမည် ဖြစ်သည်။
နောက်ဆုံးတွင် နိုင်ငံရေးညှိနှိုင်းမှုသည် သော့ချက်ဖြစ်ပုံရသော်လည်း ဗမာ အတိုက်အခံနှင့် တိုင်းရင်းသားတပ်မတော်များက ၎င်းတို့၏ စစ်ရေးအောင်မြင်မှုများ ဆက်လက် ရရှိခြင်းသည် အနာဂတ် စေ့စပ်ညှိနှိုင်းမှုတွင် နိုင်ငံရေးသြဇာ ပိုမိုရရှိစေမည်ကို သိသောကြောင့် တိုက်ပွဲသည် အလျင်အမြန် အဆုံးသတ်သွားမည် မဟုတ်ပေ။ ယခုအချိန်သည် ကြားဝင်စေ့စပ်မည့် အချိန်မရောက်သေးပေ။
မည်သို့ဆိုစေ နောက်ဆုံးတွင် နိုင်ငံရေးညှိနှိုင်းမှုသည် သော့ချက်ဖြစ်ပုံရသော်လည်း ဗမာ အတိုက်အခံနှင့် တိုင်းရင်းသားတပ်မတော်များက ၎င်းတို့၏ စစ်ရေးအောင်မြင်မှုများ ဆက်လက် ရရှိခြင်းသည် အနာဂတ် စေ့စပ်ညှိနှိုင်းမှုတွင် နိုင်ငံရေးသြဇာ ပိုမိုရရှိစေမည်ကို သိသောကြောင့် တိုက်ပွဲသည် အလျင်အမြန် အဆုံးသတ်သွားမည် မဟုတ်ပေ။ ယခုအချိန်သည် ကြားဝင်စေ့စပ်မည့် အချိန်မရောက်သေးပေ။
သို့သော် ယခုအခါ စစ်တပ်သည် အနာဂတ် စေ့စပ်ညှိနှိုင်းမှုများတွင် အဓိက ပါဝင်ပတ်သက်သူ မဖြစ်သင့်ကြောင်းနှင့် ဆွေးနွေးမှုတွင် ပါဝင်သူသက်သက်သာ ဖြစ်သင့်ကြောင်း ဝေဖန်သူများနှင့် အတိုက်အခံများပြောသည်။
မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များ ထိုနေရာတွင် မရှိလျှင် ပိုမိုကောင်းသည်။ ၎င်းတို့အစား သဘောထားအလယ်အလတ်ရှိ စစ်ဝတ်စုံဝတ် လူသစ်များ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်သင့်သည်။ စစ်တပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သောအခန်းကဏ္ဍမှ ပါဝင်သည်ဟု အမွမ်းတင်ထားသော်လည်း ထိုသို့ပါဝင်ခြင်းကြောင့် မကြာသေးမီက ဆယ်စုနှစ်များအတွင်း နိုင်ငံအတွက် ကပ်ဆိုးများသာ ဆောင်ယူလာပြီး ကျဆုံးနိုင်ငံဖြစ်စေသည်။
လက်တွေ့တွင် ၎င်းတို့သည် ယခင်ကကဲ့သို့ ချီးကျူးဂုဏ်ပြုခံရပြီး အင်အား ပြန်လည် တောင့်တင်းရေးအတွက် အလေးအနက်ရှိပါက သမိုင်းတွင် နေရာပြန်လည် ရရှိရေး မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲသင့်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုမြန်မာကို အကျိုးပြုကာ နိုင်ငံရေးမှ ထွက်ခွာရမည်ဖြစ်သည်။
တနည်းအားဖြင့်ဆိုရပါက စစ်တပ်သည် ပြည်သူကို ကာကွယ် အကျိုးပြုသည့် စစ်တပ်ပီသသော စစ်တပ်ဖြစ်သင့်သည်ဟု ဆိုရမည်ဖြစ်သည်။
အလားတူ အရေးပါသောအချက်မှာ မြန်မာပြည်သူများကို ဂုဏ်ပြုခြင်းဖြစ်သည်။ သူတို့သည် ယခု တော်လှန်ရေးခရီး ပဉ္စမနှစ်အတွင်း ဝင်ရောက်လာချိန်အထိ ယုံကြည်မှုနှင့် မျှော်လင့်ချက် ရှင်သန်အောင် ထိန်းသိမ်းထားနိုင်သည့် သူရဲကောင်းများ ဖြစ်သည်။
မိမိတို့ အားလုံးသည် စိတ်ဖိစီးစရာခေတ်တွင် ရှင်သန်နေကြရပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း လူသတ်စစ်ကောင်စီသည် မကြာမီ ပြိုကျတော့မည်၊ လူသတ်စစ်ကောင်စီ ပျောက်ကွယ်သွားစေမည့် ထူးခြားဖြစ်ရပ် ဖြစ်တော့မည်ဟု မြန်မာမှ လူအများအပြား မျှော်လင့်ကြသည်။
မိမိတို့ အားလုံးသည် စိတ်ဖိစီးစရာခေတ်တွင် ရှင်သန်နေကြရပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း လူသတ်စစ်ကောင်စီသည် မကြာမီ ပြိုကျတော့မည်၊ လူသတ်စစ်ကောင်စီ ပျောက်ကွယ်သွားစေမည့် ထူးခြားဖြစ်ရပ် ဖြစ်တော့မည်ဟု မြန်မာမှ လူအများအပြား မျှော်လင့်ကြသည်။
ပျော်ရွှင်စရာ နိဂုံး
ကမ္ဘာကြီး မည်မျှ မတည်ငြိမ်သည်ဖြစ်စေ မြန်မာနိုင်ငံသားများ၏ ဇွဲ၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် တိုက်ပွဲဝင်စိတ်ဓာတ်အတွက် အလေးထား အာရုံစိုက်မှု၊ ချီးကျူးဂုဏ်ပြုမှုနှင့် ထိုက်တန်သည်။ စစ်အုပ်ချုပ်ရေး ပြန်ဖြစ်လာပြီး နောက်ကြောင်းပြန်မည်ကို ပြည်သူတို့ လက်မခံကြပေ။
ငြိမ်းချမ်း ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ What’s in Store for Myanmar in 2025? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
၂၀၂၅ တွင် တွေ့ရမည့် အနောက်ဘက် စစ်မျက်နှာ
တော်လှန်ရေးတပ်များ လက်နက်ချရန် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် တောင်းဆို
၂၀၂၅ မှာ NUG အပြောင်းအလဲက သိပ်အရေးကြီးတယ် (ရုပ်/သံ)
တရုတ်အရေး အဖြေရှာရန် လိုအပ်နေသည့် မြန်မာ့တော်လှန်ရေး
၂၀၂၅ မှာလည်း စစ်ကောင်စီက လူတောတိုးမှာ မဟုတ်ဘူး (ရုပ်/သံ)














