• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

by ဧရာဝတီ
22 March 2025
in သတင်း
A A
အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

အီလွန်မတ်စ် နဲ့ တက်စ်လာ ကား / msn.com

2.6k
VIEWS
Share on FacebookShare on Twitter

အီလွန်မတ်စ် အနေနဲ့ အစိုးရ တာဝန်တွေကို မစွန့်လွှတ်ဘူး ဆိုရင် တက်စ်လာ (Tesla) ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ အကြံပေးလည်း ဖြစ်သူ အီလွန်မတ်စ် ဟာ နေရာစုံ ပါဝင်နေမှုကြောင့် အာရုံစူးစိုက်မှု ပျောက်ဆုံး နေပြီး အခုချိန်မှာ အမြင်ကွဲလွဲမှုများစွာ ဖြစ်ပေါ်စေတယ်လို့ Ross Gerber ဆိုသူကလည်း Sky News Business Live နဲ့ အင်တာဗျူး တခုမှာ ပြောလိုက်ပါတယ်။

သူဟာ တက်စ်လာ ရဲ့ အစောဆုံးကာလ ရင်းနှီး မြှုပ်နှံသူတွေထဲက တဦး ဖြစ်ကြောင်း သိရပါတယ်။

Ross Gerber က ထရမ့် အစိုးရအဖွဲ့ရဲ့ အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ကို ဦးဆောင်နေတဲ့ မတ်စ်ရဲ့ ရွေးကောက်ပွဲ အပြီး အခန်းကဏ္ဍကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရဝန်ထမ်း အရေအတွက် များစွာကို လျှော့ချမှု အခြေအနေတွေကြောင့် လူထုရဲ့ ဒေါသတွေ၊ ဆန္ဒပြမှုတွေကို ရင်ဆိုင် နေရတယ် လို့လည်း ဆိုပါတယ်။

“တက်စ်လာ က CEO အသစ် လိုနေပြီလို့ ကျနော်ထင်ပါတယ်။ ဒီအကြောင်းကို စပြောဖို့ ဒီနေ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အခု အစီအစဉ်က ဒီအကြောင်းကို ဖွင့်ပြောတဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်…” လို့ Ross Gerber က ပြောဆိုပါတယ်။

“တက်စ်လာ ကို တခြား တယောက် ဦးဆောင်ဖို့ အချိန်ရောက်ပါပြီ။ ကုမ္ပဏီကို လျစ်လျူရှု ခံနေရတာ တော်တော် ကြာနေပါပြီ။ တက်စ်လာ မှာ အရေးကြီးတာတွေ အများကြီး လုပ်နေတာရှိပါတယ်” လို့လည်း သူက ဆက်ပြော ပါသေးတယ်။

ဒါကြောင့် အီလွန်မတ်စ် အနေနဲ့ တခြား အလုပ်တွေကို စွန့်လွှတ်ပြီး တက်စ်လာ မှာ CEO ပြန်လုပ်တာ နဲ့ တက်စ်လာ အတွက် သင့်တော်တဲ့ တခြား CEO ရွေးချယ်ပေးပြီး အခုလုပ်နေတဲ့ အစိုးရ အလုပ်တွေကို အာရုံစိုက်တာထဲက တခုခုကို လုပ်သင့်တယ် လို့လည်း သူက ပြောပါတယ်။

ကုမ္ပဏီက အကြပ်အတည်း ထဲကို လုံးဝ ကျရောက်နေပြီး မတ်စ်ကို အစိုးရအဖွဲ့မှာ တာဝန်ပေးမှုဟာ ပြီးခဲ့တဲ့လတွေ အတွင်း သူပိုင် ရှယ်ယာတွေထဲက တချို့ကို ရောင်းချခဲ့တဲ့ အကြောင်းရင်းတွေထဲက တချက်ဖြစ်တယ်လို့ Ross Gerber က အစီအစဉ် တင်ဆက်သူ Darren McCaffrey ကို ပြောပြပါတယ်။

ထရမ့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲ ခြိမ်းခြောက်မှုတွေကြောင့် အစိုးရအဖွဲ့ မစတင်ခင် ကတည်းက ဈေးကွက်တန်ဖိုး ကျဆင်းမှုက စတင် နေခဲ့တာလို့ ဆိုပါတယ်။

တက်စ်လာ ရဲ့ ဈေးကွက် တန်ဖိုးဟာ ဒီဇင်ဘာလက စရင် ဒေါ်လာ ၈၀၀ ဘီလျံကျော် ကျဆင်းခဲ့ပြီ ဖြစ်ပြီး အင်္ဂါနေ့က (မတ် ၁၈) ဆိုရင် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ် လို့ သိရပါတယ်။

တက်စ်လာ ဟာ နေရာများစွာမှာ ရုန်းကန်နေရတယ် လို့လည်း ဆိုပါတယ်။

ဥရောပရဲ့ အဓိက ဈေးကွက်တွေမှာ ဝယ်သူတွေကို လျှော့ဈေးတွေနဲ့ ဆွဲဆောင် နေပေမယ့်လည်း လျှစ်စစ်ကား ဝယ်လိုအားက အမြင့်ဆုံး အဆင့်ကနေ ပြန်လည် ကျဆင်းလာပြီလို့ သိရပါတယ်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
94
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
41

ဒါ့အပြင် ဈေးသက်သာတဲ့ တရုတ် EV ကားတွေကလည်း တက်စ်လာ ရဲ့ ဈေးကွက်ဝေစုကို တဖြည်းဖြည်းချင်း ဖဲ့ယူနေပါတယ်။

အဆိုပါ အခြေအနေမှာ ထရမ့် ရဲ ကုန်သွယ်မှု စစ်ပွဲကြောင့် ကုန်ကျစရိတ် ကြီးမြင့်လာမှုက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှု မြင့်တက် လာတာဟာ အံ့ဩစရာ မရှိဘူးလို့ ဆိုပါတယ်။

တက်စ်လာ ရဲ့ကားတွေ အကောင်းဆုံး ဖြစ်တာဟာ သံသယဖြစ်စရာ မရှိပေမယ့် မတ်စ်က တရက်မှာ ၂၄ နာရီပဲ ရှိတဲ့ အချိန်ကို ၂၀၂၂ မှာ Twitter (X) ကို ဝယ်ယူပြီးချိန်က စလို့ သူ့ရဲ့အချိန်တွေကို ခွဲဝေပေးနေရတာ ဖြစ်တယ်လို့ Ross Gerber က ဆိုပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်နဲ့ တွဲလုပ်တဲ့ အလုပ်တွေနဲ့ မတ်စ်ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေက တက်စ်လာ ကို အဆိုး မြင်စေတယ်လို့ သူက ပြောပါတယ်။

“ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို မတ်စ် က ဖျက်ဆီးလိုက်ပြီ။ ရောင်းအား ကျဆင်းသွားတယ်။ ဆိုတော့ ဒါက အကြပ်အတည်း ပါပဲ။ CEO က စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေနေရင် အကောင်းဆုံး ထုတ်ကုန်ကို ဈေးကွက်ထဲမှာ ရောင်းနိုင်မှာ မဟုတ်ဘူး” လို့လည်း Ross Gerber က ပြောဆိုသွားပါတယ်။

Ref : Sky News

Your Thoughts …
Tags: CEODOGETeslaတက်စ်လာတရုတ်ထရမ့်ဘာသာပြန်အမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

ကွတ်ခိုင်တွင် လက်နက်ဝယ်လာသော PDF များ ပြန်လွှတ်ပေးပြီးဟု TNLA ပြော

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved