• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

by ဧရာဝတီ
13 November 2024
in ဆောင်းပါး
A A
ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်က အမေရိကန်အစိုးရကို ပြုပြင်ပြောင်းလဲမည်/AFP

1.8k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်သည် ဖက်ဒရယ်ပြည်ထောင်စု အစိုးရ၏ ဖြုန်းတီးမှုများကို လျှော့ချရန် တာဝန်ပေးထားသည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်စောင့်ကြည့်ဌာနကို ဦးဆောင်မည်ဟု ဒေါ်နယ်ထရမ့် အင်္ဂါနေ့တွင် ကြေညာသည်။ ရီပတ်ဗလစ်ကန် သမ္မတအဖြစ် ရွေးကောက်ခံရသူ ထရမ့်သည် ဝါရင့် ခေါင်းဆောင်အများအပြားနှင့် သဘောထားတင်းမာသူများကို သူ၏ လာမည့်အစိုးရတွင် ထည့်သွင်းနေစဉ် ထိုသို့ကြေညာခြင်းဖြစ်သည်။

မတ်စ် သည် ထရမ့်၏ မဲဆွယ်ပွဲအတွင်း အဓိက မဟာမိတ်ဖြစ်လာပြီး ရီပတ်ဗလစ်ကန်များ အနိုင်ရရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့ပြီး ထရမ့်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခြင်းကို သူပိုင် X လူမှုကွန်ရက်တွင် အကြိမ်ကြိမ် အားပေး မဲဆွယ်ခဲ့သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
451
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

မတ်စ်နှင့် အခြား အမာခံ မဟာမိတ် စီးပွားရေးသမား ဗီဗက် ရာမာဆွာမီတို့သည် အင်တာနက်လှောင်ပြောင်မှုနှင့် ခရစ်ပတိုငွေကြေးတွင် နောက်ပြောင်နေကြသည့် ဝေါဟာရဖြစ်သော DOGE အစိုးရစွမ်းဆောင်ရည်ဌာန Department of Government Efficiency ကို ဦးဆောင်မည်ဟု ထရမ့်က အဆိုပြုသည်။

မတ်စ်နှင့် အခြား အမာခံ မဟာမိတ် စီးပွားရေးသမား ဗီဗက် ရာမာဆွာမီတို့သည် အင်တာနက်လှောင်ပြောင်မှုနှင့် ခရစ်ပတိုငွေကြေးတွင် နောက်ပြောင်နေကြသည့် ဝေါဟာရဖြစ်သော DOGE အစိုးရစွမ်းဆောင်ရည်ဌာန Department of Government Efficiency ကို ဦးဆောင်မည်ဟု ထရမ့်က အဆိုပြုသည်။

ထရမ့် အမာခံ မဟာမိတ် စီးပွားရေးသမား ဗီဗက် ရာမာဆွာမီ/AFP

“ဒီ ပြောင်မြောက်တဲ့ အမေရိကန် ၂ ဦးဟာ ကျနော့်အစိုးရမှာ အစိုးရဗျူရိုကရေစီ ဖျက်သိမ်းဖို့၊ လုပ်ထုံးလုပ်နည်း လျှော့ချဖို့၊ ဖြုန်းတီးတဲ့အသုံးစရိတ်တွေ ဖြတ်တောက်ဖို့နဲ့ ဖက်ဒရယ် အေဂျင်စီတွေ ပြန်လည်တည်ဆောက်ဖို့ လမ်းခင်းပေးမှာ ဖြစ်ပါတယ်” ဟု ထရမ့်က ကြေညာချက် တစောင်တွင် ပြောသည်။

သို့သော် ထိုဌာနသည် အစိုးရပြင်ပမှ အကြံဉာဏ်နှင့် လမ်းညွှန်များပေးမည်ဟု သူပြောသောကြောင့် ထိုလုပ်ရပ်သည် မတ်စ်အနေဖြင့် သူ၏ ဘဏ္ဍာရေးပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာရခြင်းမှ ရှောင်ရှားခွင့်ပြုသည့် လုပ်ရပ်ဖြစ်သည်။

X လူမှုကွန်ရက်မှ ပို့စ်တခုတွင် မတ်စ်က ထိုဌာန၏ လုပ်ဆောင်ချက်များကို အွန်လိုင်းတွင် “အမြင့်မားဆုံး ပွင့်လင်းမြင်သာမှုဖြင့်” ထုတ်ဝေမည်ဖြစ်ပြီး “သင်၏ အခွန်ဒေါ်လာများကို အရူးသွပ် အမိုက်မဲဆုံး အသုံးပြုခြင်းအတွက် အမှတ်ပေးစာရင်း” လည်း ပါဝင်မည်ဟုပြောသည်။

“ထိုသို့လုပ်ခြင်းသည် အလွန်အမင်း ကြေကွဲစရာနှင့် အလွန်အမင်း ပျော်စရာဖြစ်သည်” ဟု မတ်စ် ရေးသည်။

အသက် ၇၈ နှစ်ရှိပြီဖြစ်သော ထရမ့်သည် ဗုဒ္ဓဟူးနေ့တွင် ဝါရှင်တန်သို့ ပြန်သွားမည်ဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို ဘဲဥပုံရုံးခန်းတွင် တွေ့ဆုံမည်ဖြစ်သည်။

သူသည် သူ၏ ပါတီ ကျဉ်းမြောင်းစွာ အနိုင်ရသည့် အထက်လွှတ်တော်နှင့် သူ့ပါတီ ထိန်းချုပ်တော့မည့် အောက်လွှတ်တော်သို့လည်း သွားရောက်နိုင်သည်။

ရာထူးလက်ခံရန် ၂ လမျှသာလိုတော့ချိန်တွင် ထရမ့်သည် သူ၏ ထူးခြားသော အပြန်လမ်းအတွက် ခိုင်မာအောင် အလျင်အမြန် လုပ်ဆောင်နေသည်။

ကမ္ဘာတဝန်းမှ အစိုးရများသည် အထီးကျန် နိုင်ငံခြားရေးမူဝါဒ၊ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းကို တင်းကျပ်စွာ ဖြိုခွဲရေးနှင့် ရန်သူအဖြစ် သူ သတ်မှတ်ခံရသူများကို အရေးယူရေး သူ၏ မဲဆွယ်ပွဲကတိများကို လာမည့်အစိုးရက မည်မျှ နီးနီးစပ်စပ် အကောင်အထည်ဖေါ်နိုင်သည်ဆိုသည့် လက္ခဏာများကို ထရမ့်၏ ရွေးချယ်မှုများမှ လေ့လာနေကြသည်။

ကမ္ဘာတဝန်းမှ အစိုးရများသည် အထီးကျန် နိုင်ငံခြားရေးမူဝါဒ၊ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းကို တင်းကျပ်စွာ ဖြိုခွဲရေးနှင့် ရန်သူအဖြစ် သူ သတ်မှတ်ခံရသူများကို အရေးယူရေး သူ၏ မဲဆွယ်ပွဲကတိများကို လာမည့်အစိုးရက မည်မျှ နီးနီးစပ်စပ် အကောင်အထည်ဖေါ်နိုင်သည်ဆိုသည့် လက္ခဏာများကို ထရမ့်၏ ရွေးချယ်မှုများမှ လေ့လာနေကြသည်။

သဘောထားတင်းမာသူများ

ထရမ့်သည် စစ်ပြန်နှင့် Fox News မှသတင်းတင်ဆက်သူ ပိဟက်ဆပ်ကို သူ၏ ကာကွယ်ရေးဝန်ကြီး အဖြစ် အင်္ဂါနေ့နှောင်းပိုင်းတွင် ကြေညာသည်။

“ပိ ဦးဆောင်နေရာမှာ ရှိနေတော့ ကျနော်တို့ စစ်တပ်ဟာ အသစ်တဖန် ပြန်လည် ကြီးကျယ်ခမ်းနားမယ်၊ အမေရိကဟာ ဘယ်တော့မှာ နောက်ဆုတ်မှာမဟုတ်ဘူး ဆိုတာကို အမေရိကရဲ့ရန်သူတွေကို သတိပေးလိုက်တာ ဖြစ်တယ်” ဟု ကြေညာချက်တစောင်တွင် သူပြောသည်။

ထရမ့်သည် စစ်ပြန်နှင့် Fox News မှသတင်းတင်ဆက်သူ ပိဟက်ဆပ်ကို သူ၏ ကာကွယ်ရေးဝန်ကြီး အဖြစ် အင်္ဂါနေ့နှောင်းပိုင်းတွင် ကြေညာသည်/Reuters

တချိန်တည်းတွင် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကို ရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကြေညာမည်ဟု အမေရိကန်မီဒီယာများ ဖေါ်ပြနေသည်။

ယခင်အထူးတပ်ဖွဲ့အရာရှိဟောင်း အောက်လွှတ်တော်အမတ် မိုက်ဝေါ့ဇ်ကို သူ၏ လာမည့် အမျိုးသား လုံခြုံရေးအရာရှိဖြစ်ကြောင်း ထရမ့်က သီးခြားအမည်စာရင်း တင်သွင်းသည်။

ဝေါ့ဇ် သည် တရုတ်နှင့်ပတ်သက်သည့် တင်းမာသည့် အမြင်ရှိသော်လည်း အထီးကျန်နေထိုင်ရေးသမားအဖြစ် မသတ်မှတ်ကြပေ။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြည်ပ ထိတွေ့ဆက်ဆံမှုများမှ နောက်ဆုတ်ပြီး မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ပေးသည့် တာဝန်များကို လျှော့ချရန် ထရမ့်အသိုင်းအဝန်းမှ အချို့ ဆန္ဒရှိသော်လည်း ဝေ့ါဇ်သည် အထီးကျန် နေထိုင်ရေးသမားမဟုတ်ဟု သတ်မှတ်ခြင်း ခံရသည်။

သူ၏ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာဟောင်း ဂျွန် ရက်ကလစ်ဖ်ကို ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ဦးဆောင်ရေးအတွက် ရွေးချယ်သည်ဟုလည်း ထရမ့်ကြေညာသည်။

ပြည်တွင်းမျက်နှာစာတွင် ထရမ့်သည် အလုံးအရင်း ပြည်နှင်ဒဏ်ပေးခြင်းဆီ ဦးတည်ပြီး တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား ဆန့်ကျင်သည့် အကြောက်တရားနှင့် ဒေါသဖြစ်စေရန် ရည်ရွယ်သည့် မဲဆွယ်ပွဲကတိအတိုင်း တကယ်လုပ်မည်ဟု ပြသနေသည်။

ပြည်တွင်းမျက်နှာစာတွင် ထရမ့်သည် အလုံးအရင်း ပြည်နှင်ဒဏ်ပေးခြင်းဆီ ဦးတည်ပြီး တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား ဆန့်ကျင်သည့် အကြောက်တရားနှင့် ဒေါသဖြစ်စေရန် ရည်ရွယ်သည့် မဲဆွယ်ပွဲကတိအတိုင်း တကယ်လုပ်မည်ဟု ပြသနေသည်။

သူ ခန့်အပ်သူများတွင် ပြည်တွင်းလုံခြုံရေးဝန်ကြီးအဖြစ် ဒါကိုတာ အုပ်ချုပ်ရေးမှူး ခရစ္စတီ နိုအမ် ၊ နယ်စပ်တာဝန်ခံ အဖြစ် ခန့်အပ်ခံရသည့် သဘောထားတင်းမာသော ဝါရင့် လူဝင်မှုကြီးကြပ်ရေးအရာရှိ တွမ်ဟိုးမင်းနှင့် သြဇာကြီးမားသော အိမ်ဖြူတော် ဒုတိယအရာရှိချုပ်အဖြစ် ခန့်အပ်ခံရသူ ထရမ့်၏ “မွတ်ဆလင်ပိတ်ပင်ရေး” လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ရေးသားသူ စတီဖင် မေးလားတို့ ပါဝင်သည်။

ထရမ့်သည် ရာသီဥတုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လုပ်ထုံးလုပ်နည်းများ လျှော့ချရန် အခွင့်အာဏာနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီကို ဦးဆောင်ရန် လီဇယ်လ်ဒင်အား ရွေးချယ်သည်။

ထရမ့်၏ အင်အားပြင်းထန်သော မဟာမိတ်နှင့် အစ္စရေးလိုလားသော အမာခံ နယူးယောက် အမျိုးသမီး အောက်လွှတ်တော်အမတ် အဲလိုက်စ် စတက်ဖနစ်ကို ကုလသမဂ္ဂဆိုင်ရာသံအမတ် ခန့်မည်ဟု ထရမ့်၏ အသွင်းကူးပြောင်းရေးအဖွဲ့ကပြောသည်။

အစ္စရေးအပြင်းအထန်လိုလားသည့် နောက်ခေါင်းဆောင်တဦးဖြစ်သည့် အာကန်းဆပ်စ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟတ်ကဘီးကို အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ခန့်သည်။

ဘဲဥပုံရုံးခန်းသို့ အပြန်

ဘိုင်ဒင်က ဘဲဥပုံရုံးခန်းသို့ ဖိတ်ကြားခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သူရှုံးနိမ့်ချိန်က ပယ်ချခဲ့သည့် သမ္မတ အကူးအပြောင်း အစဉ်အလာကို ပြန်လည်ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ ထိုစဉ်က သူသည် ဘိုင်ဒင်နှင့်အတူ ထိုင်ရန် ငြင်းဆန်ပြီး ရာထူးလက်ခံပွဲသို့ပင် တက်ရောက်ခြင်းလည်း မရှိပေ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ထရမ့်အိမ်ဖြူတော်မှ ထွက်ခွာသောအခါ ထရမ့်သည် လူအုပ်ဖြင့် လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ရန် အားပေးခြင်းအတွက် သူ့ပါတီမှ လူအများအပြား၏ ပယ်ချမှုခံရသည်။

သို့သော် ရီပတ်ဗလစ်ကန်များသည် သူ့ကို အာဏာပြန်ရစေသည့် လက်ယာစွန်းလှုပ်ရှားမှုကို ဦးဆောင်သည့် ထရမ့်၏ ထူးခြားသော ရွေးကောက်ပွဲအင်အားကို အသိအမှတ်ပြုပြီး ထရမ့်ဘက်သို့ ပြန်ရောက်သွားကာ ထိုသို့ သိက္ခာကျဆင်းသည့် ကာလသည် မကြာမီ ပျောက်ကွယ်သွားသည်။

သူ၏ အစိုးရအဖွဲ့တွင် ခန့်အပ်မှုများသည် အထက်လွှတ်တော်၏ အတည်ပြုချက်လိုသော်လည်း ထရမ့်သည် အထက်လွှတ်တော် အတည်ပြုချက် ရယူနေစဉ်အတွင်း သမ္မတက ယာယီခန့်အပ်နိုင်သည့် အခွင့်အာဏာကို သုံးပြီး ခန့်အပ်ရန် ဖိအားပေးနေသည်။

သူ၏ အစိုးရအဖွဲ့တွင် ခန့်အပ်မှုများသည် အထက်လွှတ်တော်၏ အတည်ပြုချက်လိုသော်လည်း ထရမ့်သည် အထက်လွှတ်တော် အတည်ပြုချက် ရယူနေစဉ်အတွင်း သမ္မတက ယာယီခန့်အပ်နိုင်သည့် အခွင့်အာဏာကို သုံးပြီး ခန့်အပ်ရန် ဖိအားပေးနေသည်။

( AFP သတင်း Trump Names Musk to ‘Efficiency’ Post as Team Takes Shape ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

ထရမ့် သမ္မတ ပြန်ဖြစ်လာခြင်းက ရာဇဝတ်မှုများ ရပ်ဆိုင်းထားမည်

ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အီလွန်မတ်စ် အကျိုးအမြတ် ကြီးမားလာဖွယ်ရှိ

ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)

ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)

Your Thoughts …
Tags: DOGEထရမ့်သဘောထားတင်းမာသူများအစိုးရစွမ်းဆောင်ရည်အမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14.5k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

Next Post
တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် တိုက်နိုင်မည်မဟုတ် (ရုပ်/သံ)

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် တိုက်နိုင်မည်မဟုတ် (ရုပ်/သံ)

တော်လှန်ရေးကို ဖြိုခွဲရေး တရုတ်ဒရုန်းများကို မင်းအောင်လှိုင် မျက်စိကျ

တော်လှန်ရေးကို ဖြိုခွဲရေး တရုတ်ဒရုန်းများကို မင်းအောင်လှိုင် မျက်စိကျ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved