• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အီလွန်မတ်စ် အကျိုးအမြတ် ကြီးမားလာဖွယ်ရှိ

by ဧရာဝတီ
9 November 2024
in သတင်း
A A
ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အီလွန်မတ်စ် အကျိုးအမြတ် ကြီးမားလာဖွယ်ရှိ

၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်က ပင်ဆယ်လ် ဗေးနီးယား ပြည်နယ် Butler မှာ ထရမ့် နဲ့ ထရမ့်ကို ထောက်ခံ ပြောကြားနေတဲ့ အီလွန်မတ်စ်ကို တွေ့ရစဉ် / Reuters

1.8k
VIEWS
Share on FacebookShare on Twitter

ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် ဟာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အကျိုးအမြတ်များ ရရှိလာနေကြောင်း သိရပါတယ်။

၂၀၂၄ မဲဆွယ် ကာလအတွင်း မတ်စ်ဟာ ထရမ့်ရဲ့ အရေးပါဆုံး ထောက်ပံ့သူတွေထဲက တဦး ဖြစ်လာခဲ့ပါတယ်။

ရွေးကောက်ပွဲ ထရမ့် အနိုင်ရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ အီလွန်မတ်စ် ရဲ့ တက်စ်လာ ရှယ်ယာတွေဟာ ၁၅ ရာခိုင်နှုန်း နီးပါး မြင့်တက်သွားပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး အနေနဲ့လည်း ဒေါ်လာ ၁၂၀ ဘီလီယံ ဝန်းကျင်အထိ ခုန်တက် သွားတယ်လို့ သိရပါတယ်။

မတ်စ် အနေနဲ့ ထရမ့်ရဲ့ ရွေးကောက်ပွဲ ကမ်ပိန်းတွေကို ဒေါ်လာ သန်းနဲ့ချီပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဖက်ဒရယ် အသုံးစရိတ်တွေကို လျှော့ချဖို့ အစိုးရ ထိရောက်ရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး မတ်စ်ကို ဦးဆောင် ခိုင်းမယ် လို့လည်း ထရမ့်က ပြောကြားခဲ့ဖူးပါတယ်။

တက်စ်လာ ကုမ္ပဏီရဲ့ CEO အပြင် စတားလင့် ဂြိုဟ်တု စနစ်ရဲ့ ပိုင်ရှင် အနေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဓိက ကန်ထရိုက်တာ တယောက် အဖြစ်လည်း အတော်အတန် ပါဝါရှိနေသူ ဖြစ်တာကြောင့် မတ်စ် အနေနဲ့ သိသိ သာသာ လွှမ်းမိုးမှုတွေ ရှိလာနိုင်တယ် လို့လည်း ဆိုပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
21
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
21
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
36

၂၀၂၂ မှာ သမ္မတ ဂျိုးဘိုင်ဒန် ပြဌာန်းခဲ့တဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေမှာ ပါဝင်တဲ့ နေရောင်ခြည် စွမ်းအင်နဲ့ EV ခံစားခွင့် အပါအဝင် ထရမ့် မကြိုက်တဲ့ ပေါ်လစီ တချို့ကနေ မတ်စ်ဟာ အကျိုးအမြတ်တွေ ရရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ပင်ဆယ်လ် ဗေးနီးယား ပြည်နယ် Folsom မြို့တော် ခန်းမမှာ ထရမ့်ကို ထောက်ခံပြောကြားနေတဲ့ အီလွန်မတ်စ်ကို တွေ့ရစဉ် / Reuters

EV နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ လျှော့ချကန့်သတ်လိုတဲ့ ထရမ့်ရဲ့ ဆန္ဒဟာ တက်စ်လာရဲ့ ရောင်းအား ပမာဏကြောင့် တက်စ်လာထက် ၎င်းရဲ့ ပြိုင်ဖက်တွေကို ပိုမိုအထိနာ သွားစေနိုင်တယ်လို့ ဆိုပါတယ်။

အရင်သမ္မတ ချမှတ်ခဲ့တဲ့ EV ပေါ်လစီတွေကို ပြောင်းပြန်လှန်ပစ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ထရမ့်နဲ့ အလုပ်အတူ လုပ်သွားဖို့ အသင့်ပဲလို့ EV လောက ကိုယ်စားပြု အဖွဲ့အစည်းတခုကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားကြောင်း သိရပါတယ်။

“မတ်စ်က သူ့ရဲ့ အလောင်းအစားကို ထရမ့်နဲ့ ပတ်သက် ဆက်နွယ်မှုနဲ့ အကာအကွယ် ယူထားခြင်း ဖြစ်ပြီး ထရမ့် အစိုးရရဲ့ အလေးပေး ဖြေရှင်းပေးမှုတွေ ရရှိနိုင်တယ်” လို့ Triple D Trading ကုမ္ပဏီက ကုန်သွယ် စီးပွားသမား တဦး ဖြစ်သူ ဒန်းနစ် ဒစ်ခ်ကလည်း ပြောကြားပါတယ်။

အပြည့်အဝ အလိုအလျောက် မောင်းနှင် စနစ် အတွက် စည်းမျဉ်းပိုင်း ဆိုင်ရာ ခွင့်ပြုချက် ရဖို့ဆိုတာ တက်စ်လာ အတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်လာနိုင်ပေမယ့် ထရမ့်က သူ့ဘက်မှာ ရှိနေတာဆိုတော့ မတ်စ် အနေနဲ့ ဒီခွင့်ပြုချက်ကို မြန်မြန် ဆန်ဆန် ရသွားဖို့ ရှိနေတယ် လို့လည်း ဒစ်ခ် က ဆိုပါတယ်။

EV ကုမ္ပဏီတွေ ဖြစ်တဲ့ Lucid Group နဲ့ Rivian Automotive တို့ရဲ့ ရှယ်ယာတွေကတော့ ၅ ဒသမ ၃ ရာခိုင်နှုန်း နဲ့ ၈ ဒသမ ၃ ရာခိုင်နှုန်းစီ အသီးသီး ကျဆင်းသွားကြကြောင်း သိရပါတယ်။

တရုတ် ကုမ္ပဏီတွေ အပေါ် အထူးသဖြင့် EV နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အခွန်စည်းကြပ်မှုတွေ လုပ်မယ်ဆိုတဲ့ ထရမ့်ရဲ့ ကတိတွေက တက်စ်လာကို ဈေးကွက် ပြိုင်ဆိုင်မှုတွေကနေ အကာအကွယ် ပေးလိမ့်မယ်လို့ သုံးသပ်သူတွေ ကလည်း ပြောကြားထားပါတယ်။

တရုတ် ကုမ္ပဏီ BYD ရဲ့ ရှယ်ယာ တန်ဖိုးတွေဟာလည်း ၂ ဒသမ ၃ ရာခိုင်နှုန်းကို ညတွင်းချင်း ပြုတ်ကျ သွားခဲ့တယ်လို့ ဆိုပါတယ်။

မတ်စ် အနေနဲ့ မော်တော်ကား၊ အာကာသ၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး လုပ်ငန်း နဲ့ ဉာဏ်ရည်တု (AI) လုပ်ငန်းတွေမှာ သူ့ရဲ့ အကျိုးစီးပွား ပွတ်တိုက်မှုတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ဒါမှမဟုတ် မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးတဲ့ ထရမ့်အစိုးရ အဖွဲ့ သက်တမ်းအတွင်းမှာ အကျိုးစီးပွားပိုင်း ဆိုင်ရာ လွှမ်းမိုးမှု ရယူသွားမလား ဆိုတာနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကယ်လီဖိုးနီးယား Costa Mesa ရှိ အီလွန်မတ်စ် ရဲ့ တက်စ်လာ ကားစက်ရုံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် / Reuters

စည်းမျဉ်းစည်းကမ်းနဲ့ အသုံးစရိတ် လျှော့ချမှု ကြီးကြပ်ရေး ကဏ္ဍကနေပြီး အီလွန်မတ်စ် အနေနဲ့ AI ၊ အာကာသ စူးစမ်း လေ့လာရေး၊ EV တွေနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီတွေအပေါ် လွှမ်းမိုးမှု ရှိလာမှာဖြစ်ပြီး ဒါတွေအားလုံးဟာ တက်စ်လာနဲ့ အခြား လုပ်ငန်းတွေကနေ တဆင့် မတ်စ် အတွက် တိုက်ရိုက် အကျိုးအမြတ် ရနေတဲ့ နယ်ပယ်တွေ ဖြစ်တယ် လို့ Quilter Cheviot မှ သုံးစွဲသူ ဆိုင်ရာ လွတ်လပ်စွာ သုံးသပ်သူ တဦးဖြစ်တဲ့ မမ်တာ ဗလက်ချ်ဟာ (Mamta Valechha) က ပြောကြားပါတယ်။

မတ်စ် အနေနဲ့ သူ့ရဲ့လွှမ်းမိုးမှုကို အသုံးချပြီး သူ့စီးပွားရေး လုပ်ငန်းတွေအပေါ် ကြီးကြပ်မှုကို လျှော့ချဖို့ ကြိုးစားဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

မတ်စ် ဟာ သူ့ရဲ့ SpaceX အာကာသ ဒုံးပျံ လုပ်ငန်းအပေါ် အစိုးရရဲ့ ပြန်လည် သုံးသပ်မှုနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့သူ တဦး ဖြစ်ပြီး အလိုအလျောက် မောင်းနှင် နည်းပညာ ခွင့်ပြုချက်ကို မြန်မြန် ဆန်ဆန် ရရှိချင်တယ် လို့လည်း သိရပါတယ်။

တက်စ်လာဟာ ဆိုလာ စွမ်းအင်နဲ့ ဘက်ထရီတွေရဲ့ အဓိက ထုတ်လုပ်ရောင်းချသူ ဖြစ်တာကြောင့် မတ်စ် ဟာ ကာဗွန် ကင်းစင် စွမ်းအင်နဲ့ ပတ်သက်လို့ အကြီးမားဆုံး ထောက်ခံသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ဟာ သမ္မတ ဘိုင်ဒန် လက်မှတ်ထိုး အတည်ပြုထားတဲ့ ရာသီဥတု ဆိုင်ရာ ဥပဒေ၊ တနည်းအားဖြင့် ငွေကြေး ဖောင်းပွမှု လျှော့ချရေး အက်ဥပဒေ အောက်က အသုံး မပြုရသေးတဲ့ ငွေကြေးတွေကို ဖျက်သိမ်းပြီး ကမ်းလွန် လေအား လုပ်ငန်းကိုလည်း ရပ်တန့်ပစ်မယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ ပြည်နယ်တွေဟာ ဒီဥပဒေကနေ အကျိုးအမြတ် ကြီးကြီးမား ရရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီလွန်မတ်စ် အနေနဲ့လည်း တက္ကဆက် ပြည်နယ်မှာ သူ့ရဲ့ ဒုတိယမြောက် အမေရိကန် EV စက်ရုံကို တည်ဆောက် နေတယ်လို့ သိရပါတယ်။

Ref: Reuters

Your Thoughts …
Tags: တက်စ်လာဒေါ်နယ် ထရမ့်ဘာသာပြန်ရွေးကောက်ပွဲအမေရိကန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

"BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ"

စစ်ခေါင်းဆောင်တောင်းဆိုမှု ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်နိုင်လား (ရုပ်/သံ)

စစ်ခေါင်းဆောင်တောင်းဆိုမှု ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်နိုင်လား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved